HomeEntertainmentFilmDoctor Strange 2 ရဲ့ Illuminati ထဲမှာ ပါဝင်လုနီးပါး ဖြစ်ခဲ့တဲ့ Thor ရဲ့အစ်ကို Balder the...

Doctor Strange 2 ရဲ့ Illuminati ထဲမှာ ပါဝင်လုနီးပါး ဖြစ်ခဲ့တဲ့ Thor ရဲ့အစ်ကို Balder the Brave

မကြာခင်က ထွက်ရှိခဲ့တဲ့ Doctor Strange in the Multiverse of Madness ထဲမှာတော့ MCU ရဲ့ Illuminati အဖွဲ့ စတင်ပါဝင်လာခဲ့ပါတယ်။ ဒီအဖွဲ့ထဲမှာတော့ Reed Richard ၊ Captain Marvel ၊ Captain Carter ၊ Black Bolt ၊ Professor X နဲ့ Mordo တို့ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီအဖွဲ့ထဲမှာ ကောမစ်ထဲက Thor ရဲ့အစ်ကိုဖြစ်တဲ့ Balder the Brave လည်း ပါဝင်လုနီးပါး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ကောင်ကို Cut လုပ်လိုက်ရတဲ့ အကြောင်းကို Doctor Strange 2 ရဲ့ Costume Designer ဖြစ်သူ Graham Churchyard က ပြောပြထားပါတယ်။

photo via screenrant

Doctor Strange in the Multiverse of Madness ကတော့ MCU ရဲ့ Multiverse ကို ပထမဆုံးအကြိမ် သေချာပြသခဲ့တဲ့ ရုပ်ရှင်ပဲ ဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာတော့ Doctor Strange Variant တွေနဲ့ Wanda Variant တို့လည်း ပါဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ အကြီးမားဆုံး အံ့ဩစရာကတော့ Illuminati အဖွဲ့ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ဝင်တွေ နေရာမှာတော့ သရုပ်ဆောင်ဟောင်းတွေက ပြန်လည်သရုပ်ဆောင်ထားပြီး Reed Richard နေရာမှာလည်း ပရိသတ်တွေ တောင်းဆိုနေတဲ့ John Krasinski ကို ထည့်သွင်းခဲ့ပါတယ်။

Illuminati အဖွဲ့ရဲ့ ခုနှစ်ယောက်မြောက် အဖွဲ့ဝင်အဖြစ် Thor ရဲ့ အစ်ကိုဖြစ်သူ Balder the Brave လည်း ပါဝင်လာဖို့ နီးစပ်ခဲ့တဲ့အကြောင်းကိုတော့ ဝတ်စုံဒီဇိုင်နာဖြစ်သူ Graham Churchyard က Phase Zero Podcast မှာ ပြောပြခဲ့ပါတယ်။ Graham ရဲ့ ပြောပြချက်အရ သူတို့အဖွဲ့ဟာ ဒီဇာတ်ကောင်အတွက် ဝတ်စုံဒီဇိုင်းကို ဖန်တီးခဲ့ပြီး ဝတ်စုံအတွက် ဘယ်လိုအသားနဲ့ ပြုလုပ်မယ်ဆိုတာတောင် ရွေးချယ်ပြီးပြီလို့ သိရပါတယ်။ တချိန်တည်းမှာပဲ Marvel စတူဒီယိုကလည်း ဒီဇာတ်ကောင်အတွက် သင့်တော်မယ့် သရုပ်ဆောင်ကို ရှာဖွေခဲ့ပေမယ့်လည်း အချိန်မီ ရှာမတွေ့ခဲ့တာကြောင့် ဒီဇာတ်ကောင်ဟာ မပါဝင်တော့တာပါလို့ ဆိုပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာ Illuminati အဖွဲ့ဝင်တွေကို ပြသတဲ့အချိန်မှာတော့ ထိုင်ခုံတစ်ခုံ လွတ်နေတာကို ပရိသတ်အတော်များများက သတိထားမိခဲ့ကြပြီး ဇာတ်ညွှန်းရေးဆရာရဲ့ ပြောစကားအရ ဒီအချက်ဟာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့်လည်း သူဟာ အဲဒီထိုင်ခုံအလွတ်နေရာက ဘယ်သူ့ရဲ့ နေရာလည်း ဆိုတာကိုတော့ မပြောပြခဲ့ပါဘူး။ ပရိသတ်အများစုကတော့ ဒီနေရာဟာ Superior Iron Man ရဲ့နေရာ ဖြစ်မယ်လို့ ဆိုနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်းအရ ဆိုရင်တော့ အဲဒီထိုင်ခုံနေရာဟာ Balder the Brave ရဲ့ နေရာလည်း ဖြစ်နေနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular