HomeCharacterကောမစ်ထဲက Illuminati အဖွဲ့ရဲ့ နာမည်အကြီးဆုံး အဖွဲ့ဝင်များ

ကောမစ်ထဲက Illuminati အဖွဲ့ရဲ့ နာမည်အကြီးဆုံး အဖွဲ့ဝင်များ

ယခုနှစ်တည်းမှာပဲ ထွက်ရှိခဲ့တဲ့ Doctor Strange in the Multiverse of Madness ရုပ်ရှင်ထဲမှာတော့ MCU ရဲ့ Illuminati အဖွဲ့ကို ပထမဆုံး စတင်မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီအဖွဲ့ဟာ MCU ရဲ့ အဓိက Timeline ဖြစ်တဲ့ Earth-616 ရဲ့အဖွဲ့ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ကောမစ်ထဲက Illuminati အဖွဲ့ရဲ့ နာမည်အကြီးဆုံး အဖွဲ့ဝင်တွေကို ဖော်ပြပေးချင်ပါတယ်။ ဒီစာရင်းထဲက ဘယ်သူတွေက MCU ရဲ့ Illuminati အဖွဲ့ထဲမှာ ပါဝင်သွားမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Namor

photo via screenrant

Illuminati အဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်တွေထဲမှာတော့ Namor လည်း ပါဝင်ပါတယ်။ Namor ကတော့ Atlantean တွေရဲ့ ဘုရင်ဖြစ်ပြီး သူ့ရဲ့လူမျိူးကို ကာကွယ်ဖို့အတွက် လိုအပ်တာကို ပြုလုပ်မယ့်သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Namor ဟာ သူ့အတွက် အကျိူးရှိမယ်ဆိုရင် ဗီလိန်တွေနဲ့ ပူးပေါင်းခဲ့ဖူးပြီး မှန်တယ်ထင်တာကို လုပ်တတ်တဲ့ Anti-Hero တစ်ယောက်ပဲ ဖြစ်ပါတယ်။ Namor ကတော့ ဒီအဖွဲ့ထဲမှာ Atlantean တွေကို ကိုယ်စားပြုပါတယ်။ မကြာခင်မှာ ထွက်ရှိတော့မယ့် Black Panther: Wakanda Forever ထဲမှာတော့ Namor ရဲ့ Live Action ဗားရှင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Professor X

photo via screenrant

Professor Xavier ကတော့ ကမ္ဘာပေါ်က ဉာဏ်ရည်အကောင်းဆုံးနဲ့ အသိပညာအကြွယ်ဝဆုံး ဟီးရိုးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Professor X ကတော့ Mutant တွေကို ကိုယ်စားပြုတာ ဖြစ်ပြီး Doctor Strange in the Multiverse of Madness ထဲမှာလည်း Illuminati အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Hugh Jackman ရဲ့ Wolverine ကလည်း MCU ထဲမှာ ပါဝင်လာတော့မှာ ဖြစ်တာကြောင့် Professor X ကိုလည်း ပြန်လည်မြင်တွေ့ရနိုင်ချေ ရှိပါသေးတယ်။

Iron Man

photo via screenrant

Iron Man ကတော့ လူသားတွေကို ကိုယ်စားပြုပြီး Avengers အဖွဲ့အတွက် လိုအပ်တဲ့ ရန်ပုံငွေကို ထုတ်ပေးသလို Illuminati အဖွဲ့အတွက်လည်း လိုအပ်တဲ့ ငွေကြေးနဲ့ စွမ်းအားအရင်းအမြစ်တွေကို ထောက်ပံ့ပေးပါတယ်။ MCU ထဲမှာတော့ Iron Man မရှိတော့ပေမယ့်လည်း ယခုအချိန်မှာတော့ Multiverse Saga ကို ဖန်တီးနေတာကြောင့် Robert Downey Jr. ရဲ့ Iron Man မဟုတ်တောင် တခြားဗားရှင်းတစ်ခုခုကို မြင်ရနိုင်ချေ ရှိပါသေးတယ်။

Captain America

photo via screenrant

အားလုံးသိကြတဲ့အတိုင်း Captain America ကတော့ လူမှန်ကြီးတစ်ယောက် ဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေကို ကာကွယ်ဖို့နဲ့ အမှန်တရားဘက်က ရပ်တည်ဖို့သာ သူ့အတွက် အရေးကြီးပါတယ်။ Illuminati ထဲမှာလည်း သူဟာ Professor X လို စွမ်းအားတွေ ရှိမနေသလို Iron Man လိုလည်း နည်းပညာ၊ အသိဉာဏ်တွေ မရှိပေမယ့်လည်း Cap ဟာ ဒီအဖွဲ့ရဲ့ ရပ်တည်ချက်ကနေ လမ်းလွဲမသွားအောင် ပဲ့ကိုင်ပေးနေသူ ဖြစ်ပါတယ်။ MCU က အနားယူသွားတဲ့ Old Cap ကလည်း ဒီနေရာမှာ ပြန်လည်ပါဝင်လာနိုင်ပါတယ်။

Doctor Doom

photo via screenrant

Doctor Doom ကတော့ အလွန်ကိုနားလည်ရခက်တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး မှော်ပညာနဲ့ သိပ္ပံပညာနှစ်ခုလုံးကို ကျွမ်းကျင်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Latveria နိုင်ငံရဲ့ ဘုရင်လည်း ဖြစ်တာကြောင့် ကိစ္စတစ်ခုခုဆိုရင် သူ့ရဲ့နောက်မှာ အကူအညီပေးမယ့် နိုင်ငံတစ်နိုင်ငံလုံး ရှိနေပါသေးတယ်။ သူဟာလည်း Illuminati ခဏတာ အဖွဲ့ဝင် ဖြစ်ခဲ့ဖူးပါသေးတယ်။

Mister Fantastic

photo via screenrant

Reed Richard ကတော့ ကမ္ဘာပေါ်က ဉာဏ်အကောင်းဆုံး လူတွေထဲကတစ်ယောက် ဖြစ်ပြီး Fantastic Four အဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူဟာ သိပ္ပံပညာနဲ့ ပတ်သက်ပြီး အလွန်ကျွမ်းကျင်သလို ပိုမိုကောင်းမွန်တဲ့ နေ့ရက်တွေကို ဖန်တီးချင်သူ ဖြစ်တာကြောင့် Illuminati အဖွဲ့ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပါတယ်။ Doctor Strange in the Multiverse of Madness ထဲမှာလည်း Mister Fantastic ကို မြင်တွေ့ခဲ့ရပြီး Earth-616 ရဲ့ Illuminati ထဲမှာလည်း ပြန်လည်ပါဝင်လာနိုင်ပါတယ်။

Black Panther

photo via screenrant

King T’Challa ကတော့ ကမ္ဘာပေါ်က အချမ်းသာဆုံးနိုင်ငံဖြစ်တဲ့ Wakanda ရဲ့ခေါင်းဆောင် ဖြစ်သလို Illuminati ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ တည်ငြိမ်ပြီး မျှတမှုလည်း ရှိသလို ပညာဂုဏ်မောက်တာမျိူးလည်း မရှိတာကြောင့် ဒီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်တဲ့အချိန်မှာ အရေးပါသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း King T’Challa ဟာ တခြားအဖွဲ့ဝင်တွေနဲ့တော့ သိပ်အဆင်မပြေပါဘူး။ အကြောင်းကတော့ King T’Challa ဟာ လွယ်လွယ်နဲ့ လှည့်စားလို့ရနိုင်တဲ့သူ မဟုတ်သလို သူ့ကိုထိန်းချုပ်လို့ မရနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

Doctor Strange

photo via screenrant

Illuminati အဖွဲ့ကတော့ အန္တရာယ်ပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့အဖွဲ့ ဖြစ်ပြီး သဘာဝလွန်အရာတွေနဲ့လည်း ရင်ဆိုင်ရလေ့ ရှိပါတယ်။ ဒါကြောင့်ပဲ Sorcerer Supreme ဖြစ်တဲ့ Doctor Strange က‌တော့ ဒီနယ်ပယ်မှာ အစားထိုးလို့မရနိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Doctor Strange ဟာ သူရင်ဆိုင်နေရတဲ့ အရာပေါ်မူတည်ပြီး စွန့်စားမှုတွေ အလွန်ပြုလုပ်လွန်းတာကြောင့် တစ်ခါတစ်ရံမှာ သူ့ရဲ့ဆုံးဖြတ်ချက်တွေက မှားယွင်းသွားတာမျိူးလည်း ရှိတတ်ပါတယ်။

Black Bolt

photo via screenrant

Inhuman တွေကတော့ ကောမစ်ထဲမှာ Mutant တွေလိုပဲ အရေးပါတဲ့နေရာက ပါဝင်နေပြီး Black Bolt ကလည်း Inhuman တွေရဲ့ ကိုယ်စားပြုအနေနဲ့ Illuminati အဖွဲ့ထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် သူဟာ စကားမပြောနိုင်တာကြောင့် သူ့အစား စကားပြောပေးဖို့ စွမ်းအားကြီး Inhuman တစ်ယောက်ဖြစ်တဲ့ Medusa ကလည်း ဒီအဖွဲ့ထဲမှာ ပါဝင်နေပါတယ်။

Captain Britain

photo via screenrant

Captain Britain Corps ကတော့ Multiverse တစ်ခုလုံးမှာရှိတဲ့ Captain Britain တွေရဲ့ အဖွဲ့တစ်ခုပဲ ဖြစ်ပြီး သူတို့တွေဟာ သူတို့ရဲ့ Reality ကို ကျရောက်လာသမျှ အန္တရာယ်တွေကနေ ကာကွယ်ပေးနေပါတယ်။ ဒါ့အပြင် Captain Britain တစ်ယောက်ချင်းစီတိုင်းကလည်း စွမ်းအားတွေ ပိုင်ဆိုင်ထားကြပါတယ်။ ကောမစ်ထဲမှာတော့ Illuminati အဖွဲ့ရဲ့ အနာဂတ်ဗားရှင်းတစ်ခုမှာ Captain Britain လည်း ပါဝင်ခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular