HomeEntertainmentFilmအိန္ဒိယမှာ ဇာတ်အိမ်တည်သွားမယ့် Disney ရဲ့ Princess Live-Action အသစ်

အိန္ဒိယမှာ ဇာတ်အိမ်တည်သွားမယ့် Disney ရဲ့ Princess Live-Action အသစ်

ယခုအချိန်မှာတော့ ဒါရိုက်တာ Gurinder Chadha ဟာ အိန္ဒိယနိုင်ငံမှာ ဇာတ်အိမ်တည်ထားတဲ့ Disney Princess Live-Action အသစ်ကို ဖန်တီးနေတယ်လို့ သိရပါတယ်။ Disney စတူဒီယိုရဲ့ Princess ဇာတ်လမ်းတွေဟာ ခုနောက်ပိုင်းမှာတော့ နေရာပေါင်းစုံက လူမျိူးပေါင်းစုံတို့ကို ဖန်တီးလာနေပါတယ်။ Mulan နဲ့ Raya တို့ဆိုရင် အာရှသူလေးတွေ ဖြစ်ကြပြီး Moana ဆိုရင်လည်း Polynesian လူမျိူး ဖြစ်ပါတယ်။

photo via screenrant

Disney ဟာ များသောအားဖြင့် Princess အသစ်တွေကို Animation ကနေ မိတ်ဆက်လေ့ရှိပေမယ့်လည်း ယခုလိုမျိူး Live Action နဲ့ မိတ်ဆက်သွားမှာကတော့ ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ Enchanted ရုပ်ရှင်နဲ့ Sequel ရုပ်ရှင်ဖြစ်တဲ့ Disenchanted တို့ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Giselle ဟာလည်း Disney ရဲ့ Princess တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်တုန်းကတော့ Disney ဟာ Sade ဆိုတဲ့ Princess Live Action ကို ထုတ်လုပ်သွားမယ်လို့ ကြေညာခဲ့ပါသေးတယ်။

Disney ကတော့ မကြာခင်ကပဲ Princess အသစ်တစ်ယောက်ကို Live-Action အနေနဲ့ မိတ်ဆက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ Live Action ကိုတော့ Musical အမျိုးအစားအဖြစ် ဖန်တီးသွားမှာ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ ဇာတ်အိမ်တည်ထားတယ်လို့ Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ လောလောဆယ်မှာတော့ ဇာတ်လမ်းအကျဉ်းကို မသိရသေးဘဲ အိန္ဒိယသမိုင်းထဲက မင်းသမီးတစ်ယောက်ကို အခြေခံပြီး ဖန်တီးသွားမယ်လို့ ဆိုပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကတော့ အိန္ဒိယမှာ ဇာတ်အိမ်တည်ထားတာကြောင့် အိန္ဒိယရဲ့ ယဉ်ကျေးမှုတွေကို မြင်တွေ့ရမှာ ဖြစ်သလို ဘောလိဝုဒ်ရုပ်ရှင်တွေရဲ့ ပုံစံကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ Disney ဟာ ယခုနောက်ပိုင်းမှာတော့ အရင်တုန်းက ဖန်တီးခဲ့တဲ့ Princess ဇာတ်လမ်းပုံစံတွေနဲ့ မတူအောင် ကြိုးစားနေတာကို မြင်တွေ့ရတာကြောင့် ဒီရုပ်ရှင်ဟာလည်း သေချာပေါက် ထူးခြားတဲ့ Disney Princess ရုပ်ရှင်တစ်ကား ဖြစ်လာမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular