HomeEntertainmentFilmAnimated ရုပ်ရှင်အားလုံးရဲ့ စံချိန်ကို ကျော်တက်တော့မယ့် Inside Out 2

Animated ရုပ်ရှင်အားလုံးရဲ့ စံချိန်ကို ကျော်တက်တော့မယ့် Inside Out 2

ဇွန်လ(၁၄)ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသနေတဲ့ Inside Out 2 ကတော့ box office ရုံတင်ဝင်ငွေမှာ သူ့ရဲ့ပထမ မူရင်းဇာတ်ကားကို ကျော်တက်ရုံတင် မဟုတ်ဘဲ animated ရုပ်ရှင်တွေ အားလုံးထဲမှာ အချိန်အမြန်ဆုံးနဲ့ ဒေါ်လာ(၁)ဘီလျံ ရရှိမယ့် ဇာတ်ကားအဖြစ် စံချိန်တင်တော့မှာ ဖြစ်ပါတယ်။

Disney/Pixar က ထုတ်လုပ်လိုက်တဲ့ Inside Out 2 ဟာ ယခုတစ်ပတ်ရဲ့ ကြာသပတေးနေ့အထိ Box-office အပိတ်စာရင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ (၈၆၃.၁)သန်း ရရှိထားပါတယ်။ ဒါဟာ ကြောက်ခမန်းလိလိ ရုံတင်ဝင်ငွေပဲ ဖြစ်ပါတယ်။

ပထမ Inside Out ကားရဲ့ lifetime ရုံတင်ဝင်ငွေကတောင် ဒေါ်လာ(၈၅၉)သန်းကျော် ရှိခဲ့တာပါ။ အခု sequel ထွက်လာတဲ့ Inside Out 2 ကတော့ ပထမကားရဲ့ lifetime ဝင်ငွေကို ရုံတင်ပြီး (၁၆)ရက်တည်းနဲ့ ကျော်တက်သွားတာ ဖြစ်ပါတယ်။

ယခုတစ်ပတ် အစောပိုင်းမှာဆိုရင်လည်း ယူအက်စ်ပြည်တွင်းရဲ့ ရုံတင်ဝင်ငွေအကောင်းဆုံး animated ရုပ်ရှင် (၁၀)ကားစာရင်းမှာ နံပါတ်(၉)ချိတ်နေပြီး ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Frozen ကို ကျော်တက်သွားပြီ ဖြစ်ပါတယ်။

Inside Out 2 အတွက် ပိုပြီးအံ့ဩ ဂုဏ်ယူဖို့ကောင်းတာကတော့ ယခုရရှိထားတဲ့ ဝင်ငွေဟာ ရုရှားနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ရဲ့ ဝင်ငွေတွေ မပါဝင်တာပဲ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ကစလို့ ဟောလိဝုဒ်ဇာတ်ကားတွေဟာ ရုရှားမှာ ရုံမတင်တော့တာကြောင့် ဖြစ်ပြီး ဂျပန်နိုင်ငံမှာကတော့ လာမယ့် ဩဂုတ်လ(၁)ရက်နေ့မှ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

ပထမထွက်ရှိခဲ့တဲ့ Inside Out ကတော့ ရုရှားရော၊ ဂျပန်မှာပါ ပြသခဲ့ပြီး ဒေါ်လာသန်း(၈၀၀)ကျော် ဝင်ငွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ အခု sequel ကားကတော့ ဒီနှစ်နိုင်ငံလုံးက ဝင်ငွေတွေ မပါဝင်တာတောင် animated ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကြမ်းဆုံးဖြစ်ဖို့ တာဆူနေပြီး အခုသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေ ပိတ်ရက်က ဝင်ငွေတွေ ထပ်ပေါင်းလိုက်မယ်ဆိုရင်တော့ ဒေါ်လာ(၁)ဘီလျံကို အသာလေးကျော်တော့မှာ ဖြစ်ပါတယ်။

ဒါဟာ သမိုင်းတလျှောက်မှာတော့ ဒေါ်လာ(၁)ဘီလျံကို အချိန်အမြန်ဆုံးနဲ့ ရရှိနိုင်တဲ့ animated ရုပ်ရှင်အဖြစ် စံချိန်တင်တော့မှာ ဖြစ်ပါတယ်။

Vancouver

Source: deadline

RELATED ARTICLES

Most Popular