HomeCharacterCaptain America ရဲ့ဒိုင်းအကြောင်း သင်မသိသေးတဲ့အချက်များ

Captain America ရဲ့ဒိုင်းအကြောင်း သင်မသိသေးတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Captain America ဟာ Marvel ရဲ့နာမည်အကြီးဆုံးဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဒိုင်းတစ်ခုတည်းကိုပဲ လက်နက်လိုရော အကာအကွယ်လိုရော အသုံးပြုပြီး ကျွမ်းကျွမ်းကျင်ကျင် တိုက်ခိုက်နိုင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူ့အတွက်ကတော့ အဲ့ဒီဒိုင်းဟာ မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပြီး သူအနားယူသွားတဲ့အချိန်မှာလည်း နောက်ထပ် Captain America အသစ်ဖြစ်လာဖို့အတွက်ဆိုရင် အဲ့ဒီဒိုင်းကို လိုအပ်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ သူ့ရဲ့ဒိုင်းအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

သူ့ရဲ့ပထမဦးဆုံးဒိုင်းပုံစံကြောင့် အမှုရင်ဆိုင်ရလုနီးနီးတောင် ဖြစ်ခဲ့ဖူးပါတယ်။
photo via screenrant

သူ့ကိုစတင်ဖန်တီးခဲ့တဲ့အချိန်တုန်းက ဒိုင်းဟာ အခုလိုအဝိုင်းပုံစံမဟုတ်ဘဲနဲ့ တြိဂံပုံစံနဲ့ အနည်းငယ်ဆင်တူပါတယ်။ သူ့ရဲ့ပထမဆုံးကောမစ်ထဲမှာတော့ အဲ့ဒီဒိုင်းကို ကိုင်ခဲ့ပြီး ဒုတိယမြောက်ကောမစ်ထဲမှာတော့ အခုကျွန်တော်တို့အားလုံးသိကြတဲ့ အဝိုင်းပုံစံဒိုင်းအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက Archie Comics ကနေထုတ်လုပ်ခဲ့တဲ့ The Shield ဆိုတဲ့ဟီးရိုးတစ်ယောက် ရှိနေခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ Cap ရဲ့ပထမဆုံးဒိုင်းရဲ့ပုံစံဟာ အဲ့ဒီဟီးရိုးရဲ့ဝတ်စုံနဲ့ သွားပြီးဆင်တူနေခဲ့ပါတယ်။ အဲ့ဒါကြောင့် သူတို့တွေဟာ မူပိုင်ခွင့်ပြဿနာတွေတက်ကြပြီး အမှုရင်ဆိုင်ရလုနီးပါးတောင် ဖြစ်သွားခဲ့ပါတယ်။ အဲ့လိုအဖြစ်အပျက်တွေကြောင့်ပဲ ဒုတိယမြောက်ထွက်တဲ့ကောမစ်ထဲမှာတော့ Cap ဒိုင်းရဲ့ပုံစံကို အဝိုင်းအဖြစ်ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

Cap ရဲ့ဒိုင်းဟာ vibranium တစ်ခုတည်းနဲ့ ပြုလုပ်ခဲ့တာ မဟုတ်ပါဘူး။
photo via screenrant

Vibranium ဟာကမ္ဘာပေါ်မှာ ငါးမျိုးရှိပြီးတော့ Cap ရဲ့ဒိုင်းကတော့ Wakanda က vibranium တစ်ခုတည်းကို အသုံးပြုခဲ့တာ မဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ Dr. Myron MacLain ဟာ တင့်ကားကိုတောင် ခံနိုင်ရည်ရှိတဲ့အထိ မာကျောတဲ့ဒိုင်းတစ်ခုကို တီထွင်ချင်ခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ သူဟာ Wakanda က vibranium  နဲ့တစ်ခြားရှားပါးတဲ့သတ္တုတွေကို အသုံးပြုပြီးတော့ အဲ့ဒီဒိုင်းကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာအလုပ်ကို အလွန်အကျွန်လုပ်လွန်းတာကြောင့် အိပ်ပျော်သွားပြီးတော့ အိပ်ရာကနိူးလာတဲ့အချိန်မှာတော့ ဒိုင်းဟာ တီထွင်လို့ပြီးသွားခဲ့ပြီ။ နောက်ပိုင်းမှာတော့ သူဟာ အဲ့ဒီဖြစ်ရပ်ကို အခြေခံပြီးတော့ vibranium လိုမာကြောတဲ့သတ္တုတစ်မျိုးကို ပုံမှန်အရာဝတ္ထုတွေကိုပဲ အသုံးပြုပြီးတော့ တီထွင်နိုင်ခဲ့ပါတယ်။

အကြိမ်တစ်ခါမက ကျိုးပဲ့ခဲ့ဖူးပါတယ်။
photo via screenrant

Cap ရဲ့ဒိုင်းဟာ အရမ်းကိုအကြမ်းခံပြီးတော့ တော်တော်လေးကို မာကြောတာကိုတော့ အားလုံးသိကြမှာပါ။ ဒါ့အပြင် အမြှောက်နဲ့ပစ်တာကိုခံရရင်တောင်မှ သူ့ဒိုင်းဟာ ဘာမှမဖြစ်တဲ့အထိ မာကျောပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲမှာတော့ သူ့ရဲ့ဒိုင်းဟာ ငါးကြိမ်တောင် ကျိုးပဲ့ခဲ့ဖူးပါတယ်။

ပထမတစ်ခေါက်ကတော့ ၁၉၈၂ ခုနှစ်မှာ ဖြစ်ခဲ့ပြီး Molecule Man ကြောင့် ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယတစ်ခါကတော့ ၁၉၈၅ ခုနှစ်ဖြစ်ပြီး Dr. Doom ကြောင့် ပျက်စီးခဲ့ရပြီး တတိယတစ်ခါကတော့ ၁၉၉၁ ခုနှစ်ဖြစ်ပြီး Thanos ကြောင့် ပျက်စီးခဲ့ပါတယ်။ စတုတ္ထတစ်ခေါက် ပျက်စီးခဲ့ရတာကတော့ Thor ကြောင့်ဖြစ်ပြီး နောက်ဆုံးတစ်ခေါက်ကတော့ Asgardian တွေရဲ့အကြောက်တရားကို ကြီးစိုးတဲ့နတ်ဘုရား Serpent ကြောင့်ပဲ ဖြစ်ပါတယ်။

Magneto ဟာ Cap ရဲ့ဒိုင်းကို မထိန်းချုပ်နိုင်ပါဘူး။
photo via screenrant

Cap နဲ့ Magneto နဲ့တိုက်ခိုက်ကြမယ်ဆိုရင် သူ့ရဲ့ဒိုင်းကို Magneto ဟာအလွယ်တကူထိန်းချုပ်ပြီးတော့ Cap ကိုသူ့ရဲ့ဒိုင်းနဲ့ပဲ ပြန်ပြီးတိုက်ခိုက်မယ်လို့ တော်တော်များများက ထင်မိပါလိမ့်မယ်။ ဒါပေမယ့်လည်း ကောမစ်တစ်ခုထဲမှာတော့ သူတို့နှစ်ယောက်တိုက်ခိုက်ခဲ့ဖူးပြီးတော့ အဲ့ဒီထဲမှာတော့ Magneto ဟာ ဒိုင်းကိုမထိန်းချုပ်နိုင်ခဲ့ပါဘူး။ Magneto နဲ့ Wolverine တို့တိုက်ခိုက်ကြတုန်းကလည်း သူဟာ Wolverine ရဲ့ကိုယ်ထဲက adamantium ကိုထိန်းချုပ်ပြီးတော့ လွယ်လွယ်ကူကူပဲ အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း Cap ရဲ့ဒိုင်းကိုတော့ ဘာဖြစ်လို့မထိန်းချုပ်နိုင်တာလည်းဆိုတာကိုတော့ သေချာရှင်းပြခဲ့တာမျိုး မရှိပါဘူး။

စွမ်းအင်တစ်မျိုးနဲ့ ပြုလုပ်ထားတဲ့ ဒိုင်း
photo via screenrant

Cap ဟာ သူသုံးနေကျဒိုင်းမရှိတဲ့အချိန်တွေဆိုရင် တစ်ခြားဒိုင်းတွေကို အစားထိုးအနေနဲ့ အသုံးပြုခဲ့ရတဲ့အချိန်တွေလည်း ရှိပါတယ်။ အဲ့ဒီထဲကတစ်ခုကတော့ Cap ဟာသူ့ရဲ့လက်အိတ်ထဲမှာထည့်ထားတဲ့ စက်ပစ္စည်းတစ်ခုကနေပြီးတော့ စွမ်းအင်တစ်မျိုးနဲ့လုပ်ထားတဲ့ ဟော်လိုဂရမ်လိုမျိုးဒိုင်းကတော့ သူသုံးခဲ့ဖူးသမျှထဲမှာ အမိုက်ဆုံးလို့တောင် ပြောလို့ရပါတယ်။ အဲ့ဒီဒိုင်းကလည်း အဝိုင်းပုံစံပဲဖြစ်ပြီး vibranium လိုမျိုးမာကြောတဲ့အပြင် အဲ့ဒီဒိုင်းပုံစံကိုထုတ်ပေးတဲ့စက်ကနေ ရောင်ခြည်တွေလည်း ပစ်လို့ရပါတယ်။ Agent of Shield စီးရီးထဲမှာဆိုရင် Agent Coulson ဟာလည်း အဲ့ဒီဒိုင်းကို အသုံးပြုသွားခဲ့ဖူးပါသေးတယ်။

ဆိုင်ကယ်ရဲ့ လေကာမှန်အဖြစ်လည်း အသုံးပြုလို့ရပါတယ်။
photo via screenrant

၁၉၇၉ ခုနှစ်မှာထွက်ခဲ့တဲ့ Cap ရဲ့ Live Action လည်းရှိပြီးတော့ အဲ့ဒီထဲမှာဆိုရင် သူ့ရဲ့ဒိုင်းဟာ မှန်လိုမျိုးဖောက်မြင်နေရပါတယ်။ ဒါ့အပြင် အဲ့ဒီတုန်းက Cap ဟာအခုလိုမဟုတ်ဘဲ ရာဇဝတ်မှုတွေကို သွားဖြေရှင်းတော့မယ်ဆိုရင် ဆိုင်ကယ်စီးပြီးသွားလေ့ရှိပါတယ်။ အဲ့လိုဆိုင်ကယ်စီးနေတဲ့အချိန်မှာဆိုရင်တော့ သူ့ရဲ့ဒိုင်းကို လေကာမှန်အဖြစ်နဲ့ အသုံးပြုပါတယ်။ အဲ့ဒီဇာတ်လမ်းကတော့ ၁၉၇၉ ခုနှစ်မှာ ထွက်ထားပြီးတော့ Google မှာ Captain America 1979 လို့ရှာလိုက်ရင် ဗီဒီယိုအတိုလေးတွေတော့ ကြည့်လို့ရပါသေးတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Captain America ဟာ Marvel ရဲ႕နာမည္အႀကီးဆုံးဇာတ္ေကာင္ေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။ သူဟာ ဒိုင္းတစ္ခုတည္းကိုပဲ လက္နက္လိုေရာ အကာအကြယ္လိုေရာ အသုံးျပဳၿပီး ကြၽမ္းကြၽမ္းက်င္က်င္ တိုက္ခိုက္ႏိုင္တဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ သူ႔အတြက္ကေတာ့ အဲ့ဒီဒိုင္းဟာ မရွိမျဖစ္လိုအပ္တဲ့အရာျဖစ္ၿပီး သူအနားယူသြားတဲ့အခ်ိန္မွာလည္း ေနာက္ထပ္ Captain America အသစ္ျဖစ္လာဖို႔အတြက္ဆိုရင္ အဲ့ဒီဒိုင္းကို လိုအပ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါေတာ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့ သူ႔ရဲ႕ဒိုင္းအေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။

သူ႔ရဲ႕ပထမဦးဆုံးဒိုင္းပုံစံေၾကာင့္ အမႈရင္ဆိုင္ရလုနီးနီးေတာင္ ျဖစ္ခဲ့ဖူးပါတယ္။
photo via screenrant

သူ႔ကိုစတင္ဖန္တီးခဲ့တဲ့အခ်ိန္တုန္းက ဒိုင္းဟာ အခုလိုအဝိုင္းပုံစံမဟုတ္ဘဲနဲ႔ ႀတိဂံပုံစံနဲ႔ အနည္းငယ္ဆင္တူပါတယ္။ သူ႔ရဲ႕ပထမဆုံးေကာမစ္ထဲမွာေတာ့ အဲ့ဒီဒိုင္းကို ကိုင္ခဲ့ၿပီး ဒုတိယေျမာက္ေကာမစ္ထဲမွာေတာ့ အခုကြၽန္ေတာ္တို႔အားလုံးသိၾကတဲ့ အဝိုင္းပုံစံဒိုင္းအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။

အဲ့ဒီအခ်ိန္တုန္းက Archie Comics ကေနထုတ္လုပ္ခဲ့တဲ့ The Shield ဆိုတဲ့ဟီး႐ိုးတစ္ေယာက္ ရွိေနခဲ့ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ Cap ရဲ႕ပထမဆုံးဒိုင္းရဲ႕ပုံစံဟာ အဲ့ဒီဟီး႐ိုးရဲ႕ဝတ္စုံနဲ႔ သြားၿပီးဆင္တူေနခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သူတို႔ေတြဟာ မူပိုင္ခြင့္ျပႆနာေတြတက္ၾကၿပီး အမႈရင္ဆိုင္ရလုနီးပါးေတာင္ ျဖစ္သြားခဲ့ပါတယ္။ အဲ့လိုအျဖစ္အပ်က္ေတြေၾကာင့္ပဲ ဒုတိယေျမာက္ထြက္တဲ့ေကာမစ္ထဲမွာေတာ့ Cap ဒိုင္းရဲ႕ပုံစံကို အဝိုင္းအျဖစ္ေျပာင္းလဲလိုက္တာ ျဖစ္ပါတယ္။

Cap ရဲ႕ဒိုင္းဟာ vibranium တစ္ခုတည္းနဲ႔ ျပဳလုပ္ခဲ့တာ မဟုတ္ပါဘူး။
photo via screenrant

Vibranium ဟာကမာၻေပၚမွာ ငါးမ်ိဳးရွိၿပီးေတာ့ Cap ရဲ႕ဒိုင္းကေတာ့ Wakanda က vibranium တစ္ခုတည္းကို အသုံးျပဳခဲ့တာ မဟုတ္ပါဘူး။ ဒုတိယကမာၻစစ္ကာလအတြင္းမွာ Dr. Myron MacLain ဟာ တင့္ကားကိုေတာင္ ခံႏိုင္ရည္ရွိတဲ့အထိ မာေက်ာတဲ့ဒိုင္းတစ္ခုကို တီထြင္ခ်င္ခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ သူဟာ Wakanda က vibranium  နဲ႔တစ္ျခားရွားပါးတဲ့သတၱဳေတြကို အသုံးျပဳၿပီးေတာ့ အဲ့ဒီဒိုင္းကို ျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာအလုပ္ကို အလြန္အကြၽန္လုပ္လြန္းတာေၾကာင့္ အိပ္ေပ်ာ္သြားၿပီးေတာ့ အိပ္ရာကႏိူးလာတဲ့အခ်ိန္မွာေတာ့ ဒိုင္းဟာ တီထြင္လို႔ၿပီးသြားခဲ့ၿပီ။ ေနာက္ပိုင္းမွာေတာ့ သူဟာ အဲ့ဒီျဖစ္ရပ္ကို အေျခခံၿပီးေတာ့ vibranium လိုမာေၾကာတဲ့သတၱဳတစ္မ်ိဳးကို ပုံမွန္အရာဝတၳဳေတြကိုပဲ အသုံးျပဳၿပီးေတာ့ တီထြင္ႏိုင္ခဲ့ပါတယ္။

အႀကိမ္တစ္ခါမက က်ိဳးပဲ့ခဲ့ဖူးပါတယ္။
photo via screenrant

Cap ရဲ႕ဒိုင္းဟာ အရမ္းကိုအၾကမ္းခံၿပီးေတာ့ ေတာ္ေတာ္ေလးကို မာေၾကာတာကိုေတာ့ အားလုံးသိၾကမွာပါ။ ဒါ့အျပင္ အေျမႇာက္နဲ႔ပစ္တာကိုခံရရင္ေတာင္မွ သူ႔ဒိုင္းဟာ ဘာမွမျဖစ္တဲ့အထိ မာေက်ာပါတယ္။ ဒါေပမယ့္လည္း ေကာမစ္ထဲမွာေတာ့ သူ႔ရဲ႕ဒိုင္းဟာ ငါးႀကိမ္ေတာင္ က်ိဳးပဲ့ခဲ့ဖူးပါတယ္။

ပထမတစ္ေခါက္ကေတာ့ ၁၉၈၂ ခုႏွစ္မွာ ျဖစ္ခဲ့ၿပီး Molecule Man ေၾကာင့္ ပ်က္စီးခဲ့ရတာ ျဖစ္ပါတယ္။ ဒုတိယတစ္ခါကေတာ့ ၁၉၈၅ ခုႏွစ္ျဖစ္ၿပီး Dr. Doom ေၾကာင့္ ပ်က္စီးခဲ့ရၿပီး တတိယတစ္ခါကေတာ့ ၁၉၉၁ ခုႏွစ္ျဖစ္ၿပီး Thanos ေၾကာင့္ ပ်က္စီးခဲ့ပါတယ္။ စတုတၳတစ္ေခါက္ ပ်က္စီးခဲ့ရတာကေတာ့ Thor ေၾကာင့္ျဖစ္ၿပီး ေနာက္ဆုံးတစ္ေခါက္ကေတာ့ Asgardian ေတြရဲ႕အေၾကာက္တရားကို ႀကီးစိုးတဲ့နတ္ဘုရား Serpent ေၾကာင့္ပဲ ျဖစ္ပါတယ္။

Magneto ဟာ Cap ရဲ႕ဒိုင္းကို မထိန္းခ်ဳပ္ႏိုင္ပါဘူး။
photo via screenrant

Cap နဲ႔ Magneto နဲ႔တိုက္ခိုက္ၾကမယ္ဆိုရင္ သူ႔ရဲ႕ဒိုင္းကို Magneto ဟာအလြယ္တကူထိန္းခ်ဳပ္ၿပီးေတာ့ Cap ကိုသူ႔ရဲ႕ဒိုင္းနဲ႔ပဲ ျပန္ၿပီးတိုက္ခိုက္မယ္လို႔ ေတာ္ေတာ္မ်ားမ်ားက ထင္မိပါလိမ့္မယ္။ ဒါေပမယ့္လည္း ေကာမစ္တစ္ခုထဲမွာေတာ့ သူတို႔ႏွစ္ေယာက္တိုက္ခိုက္ခဲ့ဖူးၿပီးေတာ့ အဲ့ဒီထဲမွာေတာ့ Magneto ဟာ ဒိုင္းကိုမထိန္းခ်ဳပ္ႏိုင္ခဲ့ပါဘူး။ Magneto နဲ႔ Wolverine တို႔တိုက္ခိုက္ၾကတုန္းကလည္း သူဟာ Wolverine ရဲ႕ကိုယ္ထဲက adamantium ကိုထိန္းခ်ဳပ္ၿပီးေတာ့ လြယ္လြယ္ကူကူပဲ အႏိုင္ယူခဲ့ပါတယ္။ ဒါေပမယ့္လည္း Cap ရဲ႕ဒိုင္းကိုေတာ့ ဘာျဖစ္လို႔မထိန္းခ်ဳပ္ႏိုင္တာလည္းဆိုတာကိုေတာ့ ေသခ်ာရွင္းျပခဲ့တာမ်ိဳး မရွိပါဘူး။

စြမ္းအင္တစ္မ်ိဳးနဲ႔ ျပဳလုပ္ထားတဲ့ ဒိုင္း
photo via screenrant

Cap ဟာ သူသုံးေနက်ဒိုင္းမရွိတဲ့အခ်ိန္ေတြဆိုရင္ တစ္ျခားဒိုင္းေတြကို အစားထိုးအေနနဲ႔ အသုံးျပဳခဲ့ရတဲ့အခ်ိန္ေတြလည္း ရွိပါတယ္။ အဲ့ဒီထဲကတစ္ခုကေတာ့ Cap ဟာသူ႔ရဲ႕လက္အိတ္ထဲမွာထည့္ထားတဲ့ စက္ပစၥည္းတစ္ခုကေနၿပီးေတာ့ စြမ္းအင္တစ္မ်ိဳးနဲ႔လုပ္ထားတဲ့ ေဟာ္လိုဂရမ္လိုမ်ိဳးဒိုင္းကေတာ့ သူသုံးခဲ့ဖူးသမွ်ထဲမွာ အမိုက္ဆုံးလို႔ေတာင္ ေျပာလို႔ရပါတယ္။ အဲ့ဒီဒိုင္းကလည္း အဝိုင္းပုံစံပဲျဖစ္ၿပီး vibranium လိုမ်ိဳးမာေၾကာတဲ့အျပင္ အဲ့ဒီဒိုင္းပုံစံကိုထုတ္ေပးတဲ့စက္ကေန ေရာင္ျခည္ေတြလည္း ပစ္လို႔ရပါတယ္။ Agent of Shield စီးရီးထဲမွာဆိုရင္ Agent Coulson ဟာလည္း အဲ့ဒီဒိုင္းကို အသုံးျပဳသြားခဲ့ဖူးပါေသးတယ္။

ဆိုင္ကယ္ရဲ႕ ေလကာမွန္အျဖစ္လည္း အသုံးျပဳလို႔ရပါတယ္။
photo via screenrant

၁၉၇၉ ခုႏွစ္မွာထြက္ခဲ့တဲ့ Cap ရဲ႕ Live Action လည္းရွိၿပီးေတာ့ အဲ့ဒီထဲမွာဆိုရင္ သူ႔ရဲ႕ဒိုင္းဟာ မွန္လိုမ်ိဳးေဖာက္ျမင္ေနရပါတယ္။ ဒါ့အျပင္ အဲ့ဒီတုန္းက Cap ဟာအခုလိုမဟုတ္ဘဲ ရာဇဝတ္မႈေတြကို သြားေျဖရွင္းေတာ့မယ္ဆိုရင္ ဆိုင္ကယ္စီးၿပီးသြားေလ့ရွိပါတယ္။ အဲ့လိုဆိုင္ကယ္စီးေနတဲ့အခ်ိန္မွာဆိုရင္ေတာ့ သူ႔ရဲ႕ဒိုင္းကို ေလကာမွန္အျဖစ္နဲ႔ အသုံးျပဳပါတယ္။ အဲ့ဒီဇာတ္လမ္းကေတာ့ ၁၉၇၉ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ Google မွာ Captain America 1979 လို႔ရွာလိုက္ရင္ ဗီဒီယိုအတိုေလးေတြေတာ့ ၾကည့္လို႔ရပါေသးတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular