HomeCharacterJustice League အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ Cyborg အကြောင်း စိတ်ဝင်စားစရာများ

Justice League အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ Cyborg အကြောင်း စိတ်ဝင်စားစရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Victor Stone (ခ) Cyborg ဟာ ၁၉၈၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ DC Comics Presents #26 မှာ စတင်ပြီးတော့ DC comics ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ရုပ်ရှင်အဖြစ် ထွက်ခဲ့တဲ့ Justice League ထဲမှာတော့ ပါဝင်ခဲ့ပေမယ့်လည်း သူ့ရဲ့အကြောင်းကိုတော့ သိပ်ပြီး မသိခဲ့ရပါဘူး။ အဲ့ဒါကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့ သူ့ရဲ့အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

သူ့ရဲ့ origin နှစ်မျိုး
photo via screenrant

သူဟာ တစ်ခြားဟီးရိုးတွေတော်တော်များများနဲ့ မတူဘဲ အစကတော့ origin တစ်မျိုးတည်းသာရှိပြီး အပြောင်းအလဲမရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း ၂၀၁၁ ခုနှစ်မှာ DC universe ကြီးတစ်ခုလုံး အသစ်ကပြန်စပြီး New 52 timeline ကို ပြောင်းသွားတဲ့အချိန်မှာတော့ သူ့ရဲ့ origin ကလည်း အနည်းငယ်ကွဲပြားသွားခဲ့ပါတယ်။ သူဟာ အထက်တန်းကျောင်းက ဘောလုံးကစားသမား တစ်ယောက်ဖြစ်ပြီးတော့ ဉာဏ်ရည်လည်းကောင်းသူတစ်ယောက်ပါ။ ဒါ့အပြင် သူ့ရဲ့မိဘတွေကလည်း S.T.A.R. Lab ရဲ့ သိပ္ပံပညာရှင်တွေ ဖြစ်ကြပြီးတော့ သူ့ကို ပိုပြီးဉာဏ်ကောင်းလာစေဖို့အတွက် စမ်းသပ်ခဲ့ပါတယ်။ အဲ့ဒီစမ်းသပ်မှုဟာ အောင်မြင်ခဲ့ပေမယ့်လည်း အဲ့ဒီစမ်းသပ်မှုကြောင့်ပဲ သူ့ရဲ့မိဘတွေနဲ့ သူနဲ့ကြားထဲမှာ ပြဿနာတွေ ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူဟာ မတော်တဆမှုတစ်ခုဖြစ်ပြီးတော့ သေနိုင်လောက်တဲ့ ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့အဖေဟာ သူ့ကို ကယ်ဖို့အတွက် နည်းပညာတွေရဲ့ အကူအညီနဲ့ ကုသနိုင်လိုက်ပြီးတော့ သူ့ကို Cyborg ဖြစ်လာစေတာပါ။ Cyborg ဖြစ်လာတာပြီး ရလာတဲ့ စွမ်းအားတွေကြောင့် မကောင်းမှုတွေကို တိုက်ဖျက်လာနိုင်ပေမယ့်လည်း သူဟာ ဘယ်တုန်းကမှ အခုလိုမျိုး Cyborg ဖြစ်လာတာကို ကြိုက်နှစ်သက်တာမျိုး မရှိဘဲနဲ့ သူ့ရဲ့အဖေကို အဲ့လိုလုပ်ခဲ့တဲ့အတွက် အမြဲနာကျည်းနေခဲ့ပါတယ်။ New 52 timeline ကိုရောက်လာတဲ့အခါမှာတော့ သူဟာ အရင်ကဖြစ်ရပ်တွေအတိုင်းဖြစ်လာခဲ့ပေမယ့် ဒီတစ်ခါမှာတော့ သူ့ရဲ့အဖေဟာ ဂြိုဟ်သားနည်းပညာတွေကို သုံးပြီးကယ်တင်ခဲ့တာကြောင့် Cyborg ဖြစ်လာစေခဲ့ပါတယ်။

သူဟာ အစမ်းသပ်ခံ တစ်ယောက် ဖြစ်ခဲ့ပါတယ်။
photo via screenrant

သူ့ရဲ့ ပထမ origin ကတော့ တော်တော်လေးကို ဆိုးရွားခဲ့ပါတယ်။ သူဟာ ကလေးတစ်ယောက် အရွယ်ပဲ ရှိနေသေးတဲ့ အချိန်မှာတောင် သူ့ရဲ့မိဘတွေရဲ့ စမ်းသပ်မှုတွေမှာ အစမ်းသပ်ခံခဲ့ရပါတယ်။ အဲ့ဒီစမ်းသပ်မှုတွေဟာ သူ့ကို ပုံမှန်ထက်ပိုပြီး ဉာဏ်ကောင်းလာအောင် လုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့လိုအချက်တွေကြောင့်ပဲ သူ့ရဲ့ မိဘတွေနဲ့ သူ့ရဲ့ကြားမှာ ပြဿနာတွေ ဖြစ်လာခဲ့ပါတယ်။

အဲ့နောက်မှာတော့ သူဟာ အထက်ကျောင်းက နာမည်ကြီး ဘောလုံးသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့လိုဖြစ်လာတာကိုလည်း သူ့ရဲ့မိဘတွေက မကြိုက်ကြပေမယ့် အဲ့ဒါဟာ သူသဘောကျတဲ့ အရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲ့လိုနဲ့‌နောက်ပိုင်းမှာ Cyborg ဖြစ်လာတဲ့အချိန်မှာလည်း သူ့ရဲ့အဖေဖြစ်စေချင်တာတွေကို မလုပ်ဘဲ သူ့ရဲ့စိတ်တိုင်းကျသာ နေထိုင်ခဲ့ပါတယ်။

သူဟာ Teen Titan အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။
photo via screenrant

သူဟာ Teen Titan အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကျော်ကြားသူတစ်ယောက်ဖြစ်ပြီး သူဟာ Teen Titan အဖွဲ့ဝင်အဖြစ်နဲ့ comic ထဲမှာ ဆယ်စုနှစ်တွေကြာအောင် ရှိခဲ့ပါတယ်။ သူဟာ Cyborg အဖြစ် ပြောင်းလဲသွားပြီးတဲ့နောက်ပိုင်းမှာ သူ့ရဲ့ခန္ဓာကိုယ်ကြီးကို မကြိုက်တာကြောင့် သူနေခဲ့တဲ့ နေရာကနေ Hell’s Kitchen လို့ခေါ်တဲ့ နေရာကို ပြောင်းသွားခဲ့ပါတယ်။

အဲ့ဒီနေရာမှာပဲ သူဟာ Raven နဲ့တေွ့ခဲ့ပြီးတော့ Teen Titan အဖွဲ့ထဲကို ဝင်ဖို့အတွက် ဖိတ်ကြားခံခဲ့ရပါတယ်။ အဲ့ဒီအဖွဲ့ဟာလည်း သူ့လိုလူမျိုးတွေစုနေတာဖြစ်တာကြောင့် သူဟာလည်း အဲ့ဒီအဖွဲ့ထဲကို ဝင်ပြီးတော့ မိသားစုလို ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အဖွဲ့နဲ့အတူတူ စွန့်စားခန်းတွေ ထွက်ပြီးတော့ မှုခင်းတွေကို တိုက်ဖျက်ကာ ပရိသတ်တွေကြားထဲမှာ တဖြည်းဖြည်းနဲ့ နာမည်ကြီးလာခဲ့ပါတယ်။

New 52 timeline မှာတော့ သူဟာ Justice League အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
photo via screenrant

New 52 timeline ဟာ သူ့ရဲ့ origin ကိုပဲ ပြောင်းလဲသွားစေတာ မဟုတ်ဘဲနဲ့ သူ့ရဲ့ အဖွဲ့ကိုပါ ပြောင်းလဲသွားစေပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုမျိုး Cyborg ဖြစ်လာပြီးတဲ့နောက်မှာတော့ သူဟာ Teen Titan အဖွဲ့ကို မဟုတ်တော့ဘဲ Justice League အဖွဲ့ထဲကို ဝင်သွားခဲ့ပါတယ်။

သူဟာ ငယ်သေးပေမယ့်လည်း သူ့ရဲ့ရင့်ကျက်မှုတွေကြောင့် တစ်ခြားအဖွဲ့ဝင်တွေနဲ့ အတူ တန်းတူရင်ဘောင်တန်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Mother Box ရဲ့ နည်းပညာတွေကြောင့် Darkseid ကမ္ဘာမြေပေါ်ကို ကျူးကျော်ဖို့ကြိုးစားတာကို တားဆီးဖို့အတွက်လည်း အရေးကြီးတဲ့လူတွေထဲ တစ်ယောက်ဖြစ်နေစေတာပါ။ အရင် Teen Titan အဖွဲ့လိုမျိုး Justice League အဖွဲ့ထဲမှာလည်း တစ်ခြားသူတွေရဲ့ ပံ့ပိုးပေးမှုတွေနဲ့ သူကိုယ်တိုင်ရဲ့ ရင့်ကျက်မှုတွေကြောင့် တဖြည်းဖြည်းနဲ့ သူ့ရဲ့အဖေကို ခွင့်လွတ်နိုင်ခဲ့ပါတယ်။

သူဟာ သေရာကနေ ပြန်ရှင်လာခဲ့ဖူးပါတယ်။
photo via screenrant

သူဟာ comic ထဲမှာ တစ်ခြား စူပါဟီးရိုးတွေနဲ့ မတူဘဲနဲ့ သေရာကနေ ပြန်ပြီး ရှင်လာခဲ့ဖူးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကြီး ပျက်စီးသွားရင်တောင်မှ ဖုန်းထဲကို app တစ်ခုသွင်းလိုက်သလိုမျိုး သူ့ရဲ့စိတ်ကို တစ်ခြားခန္ဓာကိုယ်ထဲကို ထည့်ပြီးတော့ ပြန်လည် ရှင်သန်နိုင်ပါတယ်။ တစ်ခါတုန်းကဆိုရင် သူဟာ သေသွားပြီးတဲ့နောက်မှာ ရုရှားသိပ္ပံပညာရှင်တွေဟာ သူ့ကိုအစကနေပြန်တည်ဆောက်ပြီး သူတို့ပေးတဲ့ အမိန့်မှန်သမျှ နာခံတတ်တဲ့ စက်ရုပ်တစ်ရုပ်လို ဖြစ်သွားအောင် Victor ရဲ့ စိတ်ကို ထိန်းချုပ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် သူဟာ သေရာကပြန်ရှင်လာပြီး အရင်တုန်းကမှတ်ဉာဏ်တွေအကုန် ပျောက်သွားခဲ့တဲ့အပြင် အဲ့ဒီသူတွေရဲ့ ကြိုးကိုင်မှုကြောင့် သူဟာ Cyberion ဆိုတဲ့ နာမည်ကို ခံယူပြီးတော့ ဗီလိန်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Teen Titan အဖွဲ့သားတွေဟာ သူ့ကို တားဆီးနိုင်လိုက်ပြီး သူ့ရဲ့စိတ်ကို အရင်ပြန်ဖြစ်အောင် ပြုလုပ်ပြီးတော့ နောက်ထပ်ခန္ဓာကိုယ်တစ်ခုထဲကို သူ့ရဲ့ စိတ်ကို ထည့်သွင်းခဲ့ပါတယ်။ ဘယ်လိုပျက်စီးမှုပဲဖြစ်ဖြစ် သူ့ရဲ့ခန္ဓာကိုယ်ကို အမြဲတမ်း အသစ်ပြန်ဖန်တီးနိုင်ပြီးတော့ သူ့ရဲ့စိတ်ကိုလည်း ခန္ဓာကိုယ်တွေ ပြောင်းလဲပြီး ထည့်လို့ရပါတယ်။

သူ့ရဲ့ စွမ်းအားများ
photo via screenrant

သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး နီးပါးဟာ လက်နက်တွေနဲ့ ပြည့်နေတာ ဖြစ်ပြီး အချိန်မရွေးတိုက်ခိုက်လို့ ရပါတယ်။ ဒါ့အပြင် သူဟာ စက်ပစ္စည်းတွေနဲ့ အင်တာနက်ကွန်ရပ်တစ်ခုလုံးကို လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်ပြီး ဘယ်အရာမဆို hack လို့ရပြီးတော့ သူလိုချင်တဲ့ သတင်းအချက်အလက်တွေကို ရနိုင်ပါတယ်။

လက်နက်အနေနဲ့ သုံးလို့ရတဲ့ အရာတွေကတော့ အများကြီး ရှိပေမယ့် အသံလှိုင်းတွေ ထုတ်လုပ်နိုင်တဲ့ sonic cannon ကိုပဲ အသုံးများပါတယ်။ အဲ့ဒီကထွက်လာတဲ့ အသံတွေက သူ့ရဲ့ရန်သူတွေကို ရပ်တံ့စေပြီးတော့ အတားအဆီးတွေကိုလည်း ဖျက်စီးလို့ရပါတယ်။ အဲ့ဒါအပြင် သူဟာ Transformer လိုမျိုး သူ့ရဲ့ခန္ဓာကိုယ်ကို ပုံစံမျိုးစုံ ပြောင်းလို့ရပါသေးတယ်။ ဥပမာ – ကားအမျိုးအစားမျိုးစုံ ၊ အာကာသယာဉ်နဲ့ တင့်ကားလိုမျိုး ယာဉ်မျိုးစုံရဲ့ ပုံစံကို ပြောင်းလဲလို့ ရပါတယ်။

သူဟာ ရေအောက်ထဲမှာလည်း အသက်ရှုနိုင်ပါတယ်။
photo via screenrant

Justice League အဖွဲ့ထဲမှာ Aquaman တစ်ယောက်တည်း ရေအောက်ထဲမှာ အသက်ရှုနိုင်တာ မဟုတ်ဘဲနဲ့ Cyborg ဟာလည်း ရေအောက်မှာ အသက်ရှုနိုင်ပါတယ်။ သူဟာ စက်ပစ္စည်းတွေအများစုနဲ့ တည်ဆောက်ထားတာကြောင့် အဲ့ဒီစက်ပစ္စည်းတွေကို အဆင့်မြှင့်တင်လို့ ရပါတယ်။

အဲ့လိုလုပ်လိုက်ရင် သူရဲ့ အဆုတ်ကို ဆုံးရှုံးလိုက်ရမှာ ကြောက်တာကြောင့် သူဟာ အစတုန်းကတော့ အဆင့်မြှင့်တင်မှာကို သဘောမတူခဲ့ပါဘူး။ ဒါပေမဲ့လည်း Justice League အဖွဲ့ဝင်တွေ ရေအောက်မှာ အဖမ်းခံထားရတဲ့အချိန်မှာတော့ သူ့ရဲ့သူငယ်ချင်းတွေကို ကယ်ဖို့အတွက် အဲ့လိုအဆင့်မြှင့်မှာကို သဘောတူခဲ့ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကြောင့်ပဲ သူဟာ Mera နဲ့ပူးပေါင်းပြီးတော့ အားလုံးကို ကယ်တင်နိုင်ခဲ့ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Victor Stone (ခ) Cyborg ဟာ ၁၉၈၀ ခုႏွစ္မွာ ထြက္ခဲ့တဲ့ DC Comics Presents #26 မွာ စတင္ၿပီးေတာ့ DC comics ထဲကို ဝင္ေရာက္လာတာ ျဖစ္ပါတယ္။ ႐ုပ္ရွင္အျဖစ္ ထြက္ခဲ့တဲ့ Justice League ထဲမွာေတာ့ ပါဝင္ခဲ့ေပမယ့္လည္း သူ႔ရဲ႕အေၾကာင္းကိုေတာ့ သိပ္ၿပီး မသိခဲ့ရပါဘူး။ အဲ့ဒါေၾကာင့္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ သူ႔ရဲ႕အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူ႔ရဲ႕ origin ႏွစ္မ်ိဳး
photo via screenrant

သူဟာ တစ္ျခားဟီး႐ိုးေတြေတာ္ေတာ္မ်ားမ်ားနဲ႔ မတူဘဲ အစကေတာ့ origin တစ္မ်ိဳးတည္းသာရွိၿပီး အေျပာင္းအလဲမရွိခဲ့ပါဘူး။ ဒါေပမဲ့လည္း ၂၀၁၁ ခုႏွစ္မွာ DC universe ႀကီးတစ္ခုလုံး အသစ္ကျပန္စၿပီး New 52 timeline ကို ေျပာင္းသြားတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕ origin ကလည္း အနည္းငယ္ကြဲျပားသြားခဲ့ပါတယ္။ သူဟာ အထက္တန္းေက်ာင္းက ေဘာလုံးကစားသမား တစ္ေယာက္ျဖစ္ၿပီးေတာ့ ဉာဏ္ရည္လည္းေကာင္းသူတစ္ေယာက္ပါ။ ဒါ့အျပင္ သူ႔ရဲ႕မိဘေတြကလည္း S.T.A.R. Lab ရဲ႕ သိပၸံပညာရွင္ေတြ ျဖစ္ၾကၿပီးေတာ့ သူ႔ကို ပိုၿပီးဉာဏ္ေကာင္းလာေစဖို႔အတြက္ စမ္းသပ္ခဲ့ပါတယ္။ အဲ့ဒီစမ္းသပ္မႈဟာ ေအာင္ျမင္ခဲ့ေပမယ့္လည္း အဲ့ဒီစမ္းသပ္မႈေၾကာင့္ပဲ သူ႔ရဲ႕မိဘေတြနဲ႔ သူနဲ႔ၾကားထဲမွာ ျပႆနာေတြ ျဖစ္လာခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူဟာ မေတာ္တဆမႈတစ္ခုျဖစ္ၿပီးေတာ့ ေသႏိုင္ေလာက္တဲ့ ဒဏ္ရာေတြ ရသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သူ႔ရဲ႕အေဖဟာ သူ႔ကို ကယ္ဖို႔အတြက္ နည္းပညာေတြရဲ႕ အကူအညီနဲ႔ ကုသႏိုင္လိုက္ၿပီးေတာ့ သူ႔ကို Cyborg ျဖစ္လာေစတာပါ။ Cyborg ျဖစ္လာတာၿပီး ရလာတဲ့ စြမ္းအားေတြေၾကာင့္ မေကာင္းမႈေတြကို တိုက္ဖ်က္လာႏိုင္ေပမယ့္လည္း သူဟာ ဘယ္တုန္းကမွ အခုလိုမ်ိဳး Cyborg ျဖစ္လာတာကို ႀကိဳက္ႏွစ္သက္တာမ်ိဳး မရွိဘဲနဲ႔ သူ႔ရဲ႕အေဖကို အဲ့လိုလုပ္ခဲ့တဲ့အတြက္ အၿမဲနာက်ည္းေနခဲ့ပါတယ္။ New 52 timeline ကိုေရာက္လာတဲ့အခါမွာေတာ့ သူဟာ အရင္ကျဖစ္ရပ္ေတြအတိုင္းျဖစ္လာခဲ့ေပမယ့္ ဒီတစ္ခါမွာေတာ့ သူ႔ရဲ႕အေဖဟာ ၿဂိဳဟ္သားနည္းပညာေတြကို သုံးၿပီးကယ္တင္ခဲ့တာေၾကာင့္ Cyborg ျဖစ္လာေစခဲ့ပါတယ္။

သူဟာ အစမ္းသပ္ခံ တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။
photo via screenrant

သူ႔ရဲ႕ ပထမ origin ကေတာ့ ေတာ္ေတာ္ေလးကို ဆိုး႐ြားခဲ့ပါတယ္။ သူဟာ ကေလးတစ္ေယာက္ အ႐ြယ္ပဲ ရွိေနေသးတဲ့ အခ်ိန္မွာေတာင္ သူ႔ရဲ႕မိဘေတြရဲ႕ စမ္းသပ္မႈေတြမွာ အစမ္းသပ္ခံခဲ့ရပါတယ္။ အဲ့ဒီစမ္းသပ္မႈေတြဟာ သူ႔ကို ပုံမွန္ထက္ပိုၿပီး ဉာဏ္ေကာင္းလာေအာင္ လုပ္ခဲ့တာျဖစ္ပါတယ္။ အဲ့လိုအခ်က္ေတြေၾကာင့္ပဲ သူ႔ရဲ႕ မိဘေတြနဲ႔ သူ႔ရဲ႕ၾကားမွာ ျပႆနာေတြ ျဖစ္လာခဲ့ပါတယ္။

အဲ့ေနာက္မွာေတာ့ သူဟာ အထက္ေက်ာင္းက နာမည္ႀကီး ေဘာလုံးသမားတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အဲ့လိုျဖစ္လာတာကိုလည္း သူ႔ရဲ႕မိဘေတြက မႀကိဳက္ၾကေပမယ့္ အဲ့ဒါဟာ သူသေဘာက်တဲ့ အရာတစ္ခု ျဖစ္လာခဲ့ပါတယ္။ အဲ့လိုနဲ႔‌ေနာက္ပိုင္းမွာ Cyborg ျဖစ္လာတဲ့အခ်ိန္မွာလည္း သူ႔ရဲ႕အေဖျဖစ္ေစခ်င္တာေတြကို မလုပ္ဘဲ သူ႔ရဲ႕စိတ္တိုင္းက်သာ ေနထိုင္ခဲ့ပါတယ္။

သူဟာ Teen Titan အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။
photo via screenrant

သူဟာ Teen Titan အဖြဲ႕ဝင္တစ္ေယာက္အေနနဲ႔ ေက်ာ္ၾကားသူတစ္ေယာက္ျဖစ္ၿပီး သူဟာ Teen Titan အဖြဲ႕ဝင္အျဖစ္နဲ႔ comic ထဲမွာ ဆယ္စုႏွစ္ေတြၾကာေအာင္ ရွိခဲ့ပါတယ္။ သူဟာ Cyborg အျဖစ္ ေျပာင္းလဲသြားၿပီးတဲ့ေနာက္ပိုင္းမွာ သူ႔ရဲ႕ခႏၶာကိုယ္ႀကီးကို ရွက္တာေၾကာင့္ သူေနခဲ့တဲ့ ေနရာကေန Hell’s Kitchen လို႔ေခၚတဲ့ ေနရာကို ေျပာင္းသြားခဲ့ပါတယ္။

အဲ့ဒီေနရာမွာပဲ သူဟာ Raven နဲ႔ေတြ႕ခဲ့ၿပီးေတာ့ Teen Titan အဖြဲ႕ထဲကို ဝင္ဖို႔အတြက္ ဖိတ္ၾကားခံခဲ့ရပါတယ္။ အဲ့ဒီအဖြဲ႕ဟာလည္း သူ႔လိုလူမ်ိဳးေတြစုေနတာျဖစ္တာေၾကာင့္ သူဟာလည္း အဲ့ဒီအဖြဲ႕ထဲကို ဝင္ၿပီးေတာ့ မိသားစုလို ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ အဖြဲ႕နဲ႔အတူတူ စြန႔္စားခန္းေတြ ထြက္ၿပီးေတာ့ မႈခင္းေတြကို တိုက္ဖ်က္ကာ ပရိသတ္ေတြၾကားထဲမွာ တျဖည္းျဖည္းနဲ႔ နာမည္ႀကီးလာခဲ့ပါတယ္။

New 52 timeline မွာေတာ့ သူဟာ Justice League အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။
photo via screenrant

New 52 timeline ဟာ သူ႔ရဲ႕ origin ကိုပဲ ေျပာင္းလဲသြားေစတာ မဟုတ္ဘဲနဲ႔ သူ႔ရဲ႕ အဖြဲ႕ကိုပါ ေျပာင္းလဲသြားေစပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့သလိုမ်ိဳး Cyborg ျဖစ္လာၿပီးတဲ့ေနာက္မွာေတာ့ သူဟာ Teen Titan အဖြဲ႕ကို မဟုတ္ေတာ့ဘဲ Justice League အဖြဲ႕ထဲကို ဝင္သြားခဲ့ပါတယ္။

သူဟာ ငယ္ေသးေပမယ့္လည္း သူ႔ရဲ႕ရင့္က်က္မႈေတြေၾကာင့္ တစ္ျခားအဖြဲ႕ဝင္ေတြနဲ႔ အတူ တန္းတူရင္ေဘာင္တန္းႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ Mother Box ရဲ႕ နည္းပညာေတြေၾကာင့္ Darkseid ကမာၻေျမေပၚကို က်ဴးေက်ာ္ဖို႔ႀကိဳးစားတာကို တားဆီးဖို႔အတြက္လည္း အေရးႀကီးတဲ့လူေတြထဲ တစ္ေယာက္ျဖစ္ေနေစတာပါ။ အရင္ Teen Titan အဖြဲ႕လိုမ်ိဳး Justice League အဖြဲ႕ထဲမွာလည္း တစ္ျခားသူေတြရဲ႕ ပံ့ပိုးေပးမႈေတြနဲ႔ သူကိုယ္တိုင္ရဲ႕ ရင့္က်က္မႈေတြေၾကာင့္ တျဖည္းျဖည္းနဲ႔ သူ႔ရဲ႕အေဖကို ခြင့္လြတ္ႏိုင္ခဲ့ပါတယ္။

သူဟာ ေသရာကေန ျပန္ရွင္လာခဲ့ဖူးပါတယ္။
photo via screenrant

သူဟာ comic ထဲမွာ တစ္ျခား စူပါဟီး႐ိုးေတြနဲ႔ မတူဘဲနဲ႔ ေသရာကေန ျပန္ၿပီး ရွင္လာခဲ့ဖူးပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သူ႔ရဲ႕ခႏၶာကိုယ္ႀကီး ပ်က္စီးသြားရင္ေတာင္မွ ဖုန္းထဲကို app တစ္ခုသြင္းလိုက္သလိုမ်ိဳး သူ႔ရဲ႕စိတ္ကို တစ္ျခားခႏၶာကိုယ္ထဲကို ထည့္ၿပီးေတာ့ ျပန္လည္ ရွင္သန္ႏိုင္ပါတယ္။ တစ္ခါတုန္းကဆိုရင္ သူဟာ ေသသြားၿပီးတဲ့ေနာက္မွာ ႐ုရွားသိပၸံပညာရွင္ေတြဟာ သူ႔ကိုအစကေနျပန္တည္ေဆာက္ၿပီး သူတို႔ေပးတဲ့ အမိန႔္မွန္သမွ် နာခံတတ္တဲ့ စက္႐ုပ္တစ္႐ုပ္လို ျဖစ္သြားေအာင္ Victor ရဲ႕ စိတ္ကို ထိန္းခ်ဳပ္ခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ သူဟာ ေသရာကျပန္ရွင္လာၿပီး အရင္တုန္းကမွတ္ဉာဏ္ေတြအကုန္ ေပ်ာက္သြားခဲ့တဲ့အျပင္ အဲ့ဒီသူေတြရဲ႕ ႀကိဳးကိုင္မႈေၾကာင့္ သူဟာ Cyberion ဆိုတဲ့ နာမည္ကို ခံယူၿပီးေတာ့ ဗီလိန္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Teen Titan အဖြဲ႕သားေတြဟာ သူ႔ကို တားဆီးႏိုင္လိုက္ၿပီး သူ႔ရဲ႕စိတ္ကို အရင္ျပန္ျဖစ္ေအာင္ ျပဳလုပ္ၿပီးေတာ့ ေနာက္ထပ္ခႏၶာကိုယ္တစ္ခုထဲကို သူ႔ရဲ႕ စိတ္ကို ထည့္သြင္းခဲ့ပါတယ္။ ဘယ္လိုပ်က္စီးမႈပဲျဖစ္ျဖစ္ သူ႔ရဲ႕ခႏၶာကိုယ္ကို အၿမဲတမ္း အသစ္ျပန္ဖန္တီးႏိုင္ၿပီးေတာ့ သူ႔ရဲ႕စိတ္ကိုလည္း ခႏၶာကိုယ္ေတြ ေျပာင္းလဲၿပီး ထည့္လို႔ရပါတယ္။

သူ႔ရဲ႕ စြမ္းအားမ်ား
photo via screenrant

သူ႔ရဲ႕ ခႏၶာကိုယ္တစ္ခုလုံး နီးပါးဟာ လက္နက္ေတြနဲ႔ ျပည့္ေနတာ ျဖစ္ၿပီး အခ်ိန္မေ႐ြးတိုက္ခိုက္လို႔ ရပါတယ္။ ဒါ့အျပင္ သူဟာ စက္ပစၥည္းေတြနဲ႔ အင္တာနက္ကြန္ရပ္တစ္ခုလုံးကို လြယ္လြယ္ကူကူ ထိန္းခ်ဳပ္ႏိုင္ၿပီး ဘယ္အရာမဆို hack လို႔ရၿပီးေတာ့ သူလိုခ်င္တဲ့ သတင္းအခ်က္အလက္ေတြကို ရႏိုင္ပါတယ္။

လက္နက္အေနနဲ႔ သုံးလို႔ရတဲ့ အရာေတြကေတာ့ အမ်ားႀကီး ရွိေပမယ့္ အသံလႈိင္းေတြ ထုတ္လုပ္ႏိုင္တဲ့ sonic cannon ကိုပဲ အသုံးမ်ားပါတယ္။ အဲ့ဒီကထြက္လာတဲ့ အသံေတြက သူ႔ရဲ႕ရန္သူေတြကို ရပ္တံ့ေစၿပီးေတာ့ အတားအဆီးေတြကိုလည္း ဖ်က္စီးလို႔ရပါတယ္။ အဲ့ဒါအျပင္ သူဟာ Transformer လိုမ်ိဳး သူ႔ရဲ႕ခႏၶာကိုယ္ကို ပုံစံမ်ိဳးစုံ ေျပာင္းလို႔ရပါေသးတယ္။ ဥပမာ – ကားအမ်ိဳးအစားမ်ိဳးစုံ ၊ အာကာသယာဥ္နဲ႔ တင့္ကားလိုမ်ိဳး ယာဥ္မ်ိဳးစုံရဲ႕ ပုံစံကို ေျပာင္းလဲလို႔ ရပါတယ္။

သူဟာ ေရေအာက္ထဲမွာလည္း အသက္ရႈႏိုင္ပါတယ္။
photo via screenrant

Justice League အဖြဲ႕ထဲမွာ Aquaman တစ္ေယာက္တည္း ေရေအာက္ထဲမွာ အသက္ရႈႏိုင္တာ မဟုတ္ဘဲနဲ႔ Cyborg ဟာလည္း ေရေအာက္မွာ အသက္ရႈႏိုင္ပါတယ္။ သူဟာ စက္ပစၥည္းေတြအမ်ားစုနဲ႔ တည္ေဆာက္ထားတာေၾကာင့္ အဲ့ဒီစက္ပစၥည္းေတြကို အဆင့္ျမႇင့္တင္လို႔ ရပါတယ္။

အဲ့လိုလုပ္လိုက္ရင္ သူရဲ႕ အဆုတ္ကို ဆုံးရႈံးလိုက္ရမွာ ေၾကာက္တာေၾကာင့္ သူဟာ အစတုန္းကေတာ့ အဆင့္ျမႇင့္တင္မွာကို သေဘာမတူခဲ့ပါဘူး။ ဒါေပမဲ့လည္း Justice League အဖြဲ႕ဝင္ေတြ ေရေအာက္မွာ အဖမ္းခံထားရတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕သူငယ္ခ်င္းေတြကို ကယ္ဖို႔အတြက္ အဲ့လိုအဆင့္ျမႇင့္မွာကို သေဘာတူခဲ့ပါတယ္။ အဲ့ဒီဆုံးျဖတ္ခ်က္ေၾကာင့္ပဲ သူဟာ Mera နဲ႔ပူးေပါင္းၿပီးေတာ့ အားလုံးကို ကယ္တင္ႏိုင္ခဲ့ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular