HomeCharacterသင်မသိလောက်သေးတဲ့ Daredevil အကြောင်း စိတ်ဝင်စားစရာအချက်များ

သင်မသိလောက်သေးတဲ့ Daredevil အကြောင်း စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Matt Murdock ဟာကလေးဘဝကတည်းက မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံကို ဆုံးရှုံးသွားတဲ့လူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့အမြင်အာရုံကို ဆုံးရှုံးလိုက်ရပေမယ့်လည်း တစ်ခြားအာရုံခံစားမှုတွေကတော့ ပုံမှန်လူတွေထက်ပိုပြီး အားကောင်းလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့အားကောင်းတဲ့အာရုံခံစားမှုတွေကို အသုံးပြုပြီးတော့ Daredevil ဆိုတဲ့ဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် Netflix မှာပြသနေတဲ့ Daredevil စီးရီးဟာလည်း တော်တော်လေးကို အောင်မြင်ပြီးတော့ ကြည့်ရှုသူတွေအများအပြား ရှိနေပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့ပရိသတ်တွေအတွက် မသိလောက်သေးတဲ့ သူ့ရဲ့အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

သူ့ကို စတင်ဖန်တီးခဲ့တုန်းက ပုံစံ
photo via screenrant

Daredevil လို့ပြောလိုက်တာနဲ့ သူ့ရဲ့အနီရောင်ဝတ်စုံနဲ့ ဂျိုပါတဲ့မျက်နှာဖုံးနဲ့ဟီးရိုးကို ပြေးမြင်မိကြမှာပါ။ အဲ့ဒါအပြင် အဲ့ဒီဝတ်စုံကိုမဝတ်ခင်တုန်းက သာမန်အင်္ကျီဘောင်းဘီအမည်းနဲ့ပုံစံကိုလည်း Netflix ရဲ့စီးရီးထဲမှာ ပြသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ကိုစတင်ဖန်တီးခဲ့တုန်းက ပုံစံကအခုပုံနဲ့တော်တော်လေးကို ကွာခြားပါတယ်။ ၁၉၆၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Daredevil #1 ဆိုတဲ့ကောမစ်မှာ ပထမဆုံး Marvel ကောမစ်လောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတုန်းကပုံစံကတော့ အဝါရောင်ခပ်တောက်တောက်နဲ့ အမည်းရောင်ကိုစပ်ထားတဲ့ ကိုယ်ကြပ်ဝတ်စုံကို ဝတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဝတ်စုံရဲ့ရင်ဘတ်နေရာမှာတော့ D ဆိုတဲ့စာလုံးပါပြီးတော့ သူဟာကျွမ်းဘားကစားတာကို ကျွမ်းကျင်တာကြောင့် အဲ့ဒီဝတ်စုံဟာ ကျွမ်းဘားဝတ်စုံလိုပုံစံမျိုး ဖြစ်နေခဲ့ပါတယ်။ Daredevil #7 ကိုထုတ်လုပ်တဲ့အချိန်ကျမှသာ သူ့ရဲ့ဝတ်စုံဟာအနီရောင်အဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီအဝါရောင်ဝတ်စုံကြီးနဲ့ ဟီးရိုးလုပ်နေတာကတော့ အနည်းငယ်တော့ ကြောင်တောင်တောင် နိုင်ပါတယ်။

သူဟာ Natasha နဲ့လည်း တွဲခဲ့ဖူးပါတယ်။
photo via screenrant

Natasha ဟာ Avengers အဖွဲ့ထဲကို မဝင်ခင်အချိန်တုန်းက Matt နဲ့အတူတူ ရာဇဝတ်မှုတွေကို အချိန်အကြာကြီး တိုက်ဖျက်ခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်ဟာ နှစ်ပေါင်း (၄၀) လောက်ကို ကောမစ်ထဲမှာ အတူတူ ပူးပေါင်းခဲ့ကြဖူးပါတယ်။ Natasha ဟာလူသတ်မှုတစ်ခုရဲ့သံသယတရားခံအဖြစ်နဲ့ တရားရုံးကိုရောက်နေတဲ့အချိန်မှာ Matt ဟာရှေ့နေတစ်ယောက်ဖြစ်တာကြောင့် Natasha ဘက်ကနေ ခုခံပေးခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ အဲ့ဒီမှာစတွေ့ခဲ့ကြပြီးတော့ နောက်ပိုင်းမှာတော့ ချစ်ကြိုက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ပူးပေါင်းပြီးတော့ ရာဇဝတ်မှုတွေအများကြီးကို ကာကွယ်ပေးခဲ့ပါတယ်။ အဲ့ဒါအပြင် သူတို့နှစ်ယောက်အတွက် သီးသန့်ထုတ်ထားတဲ့ Daredevil and Black Widow ဆိုတဲ့ကောမစ်တောင် ရှိပါတယ်။ အဲ့ဒါတွေအကုန်လုံးကတော့ ကောမစ်ထဲမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး တစ်ရက်ရက်မှာတော့ Daredevil နဲ့ Black Widow တို့ကို LA ထဲမှာ မြင်တွေ့ရဖို့ မျှော်လင့်မိပါတယ်။

သူဟာ မကောင်းဆိုးဝါး ပူးကပ်တာကို ခံခဲ့ရဖူးပါတယ်။
photo via screenrant

သူဟာ လုံးဝကို ဆိုးဆိုးရွားရွား သောင်းကျန်းခဲ့ဖူးတဲ့အချိန်တွေလည်း ရှိပါတယ်။ ကောမစ်တစ်ခုမှာဆိုရင် သူဟာ မကောင်းဆိုးဝါးပူးကပ်တာကို ခံခဲ့ရပြီးတော့ ဆိုးဝါးတဲ့အရာတွေ အများကြီးကို လုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူဟာ The Hand လို့ခေါ်တဲ့ မကောင်းတဲ့နင်ဂျာအဖွဲ့အစည်းကို ထိန်းချုပ်ထားပြီးတော့ Bullseye ကိုတောင်မှ သတ်ပစ်ခဲ့ပါတယ်။

သူဟာတားလို့မရအောင်ကို ဆိုးသွမ်းနေတာကြောင့် တစ်ခြားဟီးရိုးတွေတော်တော်များများစုစည်းပြီးတော့ သူ့ကိုတားဆီးနိုင်ခဲ့ပါတယ်။ အဲ့လိုဖြစ်ပျက်ခဲ့တာတွေအကုန်လုံးက သူ့ကိုပူးကပ်နေတဲ့မကောင်းဆိုးဝါးရဲ့လက်ချက်ဖြစ်ပြီး သူဟာအပြစ်မရှိတဲ့လူတစ်ယောက်ဖြစ်ပေမယ့်လည်း တစ်ခြားသူတွေရဲ့ယုံကြည်မှုကို ပြန်လည်ရယူဖို့အတွက်တော့ တော်တော်လေးကို အချိန်ကြာခဲ့ပါတယ်။

သူဟာ စိတ်ကျရောဂါကို ခံစားနေရတဲ့သူတစ်ယောက်ပါ။
photo via screenrant

ဟီးရိုးတွေဟာလည်း လူသားတွေပဲဖြစ်တာကြောင့် သူတို့ဟာလည်း ပုံမှန်လူသားတွေခံစားရတဲ့ ဒုက္ခတွေကို ခံစားရပါတယ်။ သူဟာလည်း ပုံမှန်လူတစ်ယောက်လိုပဲ စိတ်ကျရောဂါကို ခံစားနေရတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အလုပ်ကနေရတဲ့ စိတ်ပင်ပန်းမှုတွေနဲ့ ဖိအားတွေရှိတဲ့အပြင် ဟီးရိုးလုပ်တဲ့နေရာကနေလည်း စိတ်ပင်ပန်းမှုတွေအများကြီးကို ရနေတဲ့သူဖြစ်တာကြောင့် သာမန်လူတွေထက်ကိုပိုပြီးတော့ စိတ်ကျရောဂါဖြစ်နိုင်ချေ ပိုပြီးတော့များပါသေးတယ်။

အဲ့လိုစိတ်ပင်ပန်းမှုတွေအပြင် သူချစ်ရတဲ့သူတွေရဲ့သေဆုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းမှုတွေကလည်း ရှိနေပါသေးတယ်။ Netflix ကပြနေတဲ့ စီးရီးထဲမှာလည်း သူဟာ သူ့ရဲ့စိတ်ကျန်းမာရေးထိခိုက်နေတာကို ပြန်လည်ကောင်းမွန်လာအောင် ကြိုးစားရုန်းကန်ခဲ့တာကို ပြသထားခဲ့ပါတယ်။ ဒါ့အပြင် ကောမစ်တစ်ခုထဲမှာဆိုရင် သူ့ရဲ့ချစ်သူဟာသေဆုံးသွားတာကြောင့် ကိုယ့်ကိုယ်ကိုတောင် သတ်သေဖို့အတွက် စဉ်းစားခဲ့ပါတယ်ဆိုပြီး သူကိုယ်တိုင်ပြောခဲ့ဖူးပါသေးတယ်။

သူဟာ တိုက်ခိုက်နည်းပေါင်း (၁၂) မျိုးကို ကျွမ်းကျင်ပါတယ်။
photo via screenrant

သူဟာ Marvel ကောမစ်တွေထဲက ကိုယ်ခံပညာနေရာမှာ အတော်ဆုံးဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့အဖေကိုဆုံးရှုံးလိုက်ရတဲ့အချိန်မှာ မိဘမဲ့တစ်ယောက်ဖြစ်သွားပြီး Stick ဆိုတဲ့ မျက်စိမမြင်တဲ့အဘိုးကြီးတစ်ယောက်ဟာ သူ့ကိုစောင့်ရှောက်ထားခဲ့ပါတယ်။

သူဟာ စောင့်ရှောက်ထားရုံတင်မဟုတ်ဘဲ တိုက်ခိုက်နည်းတွေကို ကျွမ်းကျင်လာအောင် လေ့ကျင့်ပေးခဲ့ပါတယ်။ အဲ့ဒါတွေအပြင် သူဟာသူ့အဖေသင်ပေးဖူးတဲ့ လက်ဝှေ့ထိုးနည်းကို ကျွမ်းကျင်ပြီးတော့ သူတတ်ထားတဲ့တိုက်ခိုက်နည်းတွေကို ရောပြီးတော့တောင် ကျွမ်းကျွမ်းကျင်ကျင် တိုက်ခိုက်တတ်တာကြောင့် သူဟာ ကိုယ်ခံပညာကို အသုံးပြုတဲ့အတော်ဆုံးဇာတ်ကောင်တွေထဲက တစ်ယောက် ဖြစ်နေတာပါ။

သူ့ရဲ့အကြားအာရုံကြောင့် ပတ်ဝန်းကျင်မှာ ရှိသမျှအရာအားလုံးကို သိရှိနိုင်ပါတယ်။
photo via screenrant

ဒါကတော့ သူ့ရဲ့အကောင်းဆုံးအရည်အချင်းတစ်ခုလို့‌ ပြောလို့ရပြီးတော့ သူ့အတွက် မရှိမဖြစ်လိုအပ်တဲ့အရည်အချင်းတစ်ခုလည်း ဖြစ်ပါတယ်။ သူဟာမျက်လုံးမမြင်ရတာကြောင့် ပတ်ဝန်းကျင်ရဲ့အနေအထားကို သိဖို့အတွက် သူ့ရဲ့အကြားအာရုံကို အသုံးပြုပါတယ်။ သူဟာအသံတွေကနေ ထွက်လာတဲ့တုန်ခါတဲ့လှိုင်းတွေကို အသုံးပြုပြီးတော့ သူ့ပတ်ဝန်းကျင်ရဲ့ ၃၆၀ ဒီဂရီလုံးမှာ ဘာတွေရှိနေတယ်ဆိုတာကို သိနိုင်ပါတယ်။

ဒါဟာတော်တော်လေးကို အသုံးဝင်တဲ့အရည်အချင်းတစ်ခုဖြစ်ပေမယ့်လည်း ပြင်းထန်တဲ့အနံ့နဲ့ ကျယ်လောင်တဲ့အသံတွေကို ကြားရတဲ့အချိန်မှာတော့ သူ့ရဲ့အာရုံခံစားမှုတွေဟာ မှားယွင်းကုန်ပါတော့တယ်။ သူ့ရဲ့နားတွေနဲ့ အာရုံခံစားမှုတွေဟာ အရမ်းကိုကောင်းလွန်းတာကြောင့် အဲ့လိုကျယ်လောင်တဲ့အသံတွေကို ကြားရတဲ့အချိန်မှာတော့ သူဟာအာရုံမစိုက်နိုင်တော့ဘဲ လုံးဝကိုအကူအညီမဲ့သွားတာကတော့ သူ့ရဲ့အားနည်းချက်ပဲ ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်လောက်က ထွက်ခဲ့တဲ့ ရုပ်ရှင်
photo via screenrant

အခုချိန်မှာတော့ Daredevil ဟာစီးရီးအဖြစ်နဲ့ Netflix ကနေပြသနေခဲ့ပါတယ်။ ဒီတစ်ခုမတိုင်ခင်တုန်းကတော့ ရုပ်ရှင်တစ်ကားတည်းအဖြစ်နဲ့ Ben Affleck သရုပ်ဆောင်ထားတဲ့ Daredevil ရုပ်ရှင်ထွက်ခဲ့ဖူးပါတယ်။ အဲ့ဒီနှစ်ခုကတော့ တော်တော်များများသိကြပေမယ့် ၁၉၈၉ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်ကိုတော့ သိတဲ့သူသိပ်ပြီးများမယ်လို့မထင်ပါဘူး။ အဲ့ဒီရုပ်ရှင်နာမည်ကတော့ The Trial of the Incredible Hulk ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Hulk ဟာလူသတ်မှုတစ်ခုနဲ့ စွပ်စွဲခံထားရတာကြောင့် သူ့အတွက် Daredevil ကရှေ့နေလိုက်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ပူးပေါင်းပြီးတော့ Kingpin ကိုတိုက်ခိုက်ကြပါတော့တယ်။ ဟိုးအရင်တုန်းက ထွက်ခဲ့တဲ့ရုပ်ရှင်ဖြစ်တာကြောင့် သူတို့နှစ်ယောက်ရဲ့ဒီဇိုင်းတွေကလည်း အနည်းငယ်ရီစရာကောင်းသလို ဖြစ်နေပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Matt Murdock ဟာကေလးဘဝကတည္းက မေတာ္တဆမႈတစ္ခုေၾကာင့္ အျမင္အာ႐ုံကို ဆုံးရႈံးသြားတဲ့လူတစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ရဲ႕အျမင္အာ႐ုံကို ဆုံးရႈံးလိုက္ရေပမယ့္လည္း တစ္ျခားအာ႐ုံခံစားမႈေတြကေတာ့ ပုံမွန္လူေတြထက္ပိုၿပီး အားေကာင္းလာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕အားေကာင္းတဲ့အာ႐ုံခံစားမႈေတြကို အသုံးျပဳၿပီးေတာ့ Daredevil ဆိုတဲ့ဟီး႐ိုးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ Netflix မွာျပသေနတဲ့ Daredevil စီးရီးဟာလည္း ေတာ္ေတာ္ေလးကို ေအာင္ျမင္ၿပီးေတာ့ ၾကည့္ရႈသူေတြအမ်ားအျပား ရွိေနပါတယ္။ အဲ့ဒါေၾကာင့္ သူ႔ရဲ႕ပရိသတ္ေတြအတြက္ မသိေလာက္ေသးတဲ့ သူ႔ရဲ႕အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူ႔ကို စတင္ဖန္တီးခဲ့တုန္းက ပုံစံ
photo via screenrant

Daredevil လို႔ေျပာလိုက္တာနဲ႔ သူ႔ရဲ႕အနီေရာင္ဝတ္စုံနဲ႔ ဂ်ိဳပါတဲ့မ်က္ႏွာဖုံးနဲ႔ဟီး႐ိုးကို ေျပးျမင္မိၾကမွာပါ။ အဲ့ဒါအျပင္ အဲ့ဒီဝတ္စုံကိုမဝတ္ခင္တုန္းက သာမန္အက်ႌေဘာင္းဘီအမည္းနဲ႔ပုံစံကိုလည္း Netflix ရဲ႕စီးရီးထဲမွာ ျပသြားခဲ့ပါတယ္။ ဒါေပမဲ့လည္း သူ႔ကိုစတင္ဖန္တီးခဲ့တုန္းက ပုံစံကအခုပုံနဲ႔ေတာ္ေတာ္ေလးကို ကြာျခားပါတယ္။ ၁၉၆၄ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Daredevil #1 ဆိုတဲ့ေကာမစ္မွာ ပထမဆုံး Marvel ေကာမစ္ေလာကထဲကို ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။

အဲ့ဒီတုန္းကပုံစံကေတာ့ အဝါေရာင္ခပ္ေတာက္ေတာက္နဲ႔ အမည္းေရာင္ကိုစပ္ထားတဲ့ ကိုယ္ၾကပ္ဝတ္စုံကို ဝတ္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီဝတ္စုံရဲ႕ရင္ဘတ္ေနရာမွာေတာ့ D ဆိုတဲ့စာလုံးပါၿပီးေတာ့ သူဟာကြၽမ္းဘားကစားတာကို ကြၽမ္းက်င္တာေၾကာင့္ အဲ့ဒီဝတ္စုံဟာ ကြၽမ္းဘားဝတ္စုံလိုပုံစံမ်ိဳး ျဖစ္ေနခဲ့ပါတယ္။ Daredevil #7 ကိုထုတ္လုပ္တဲ့အခ်ိန္က်မွသာ သူ႔ရဲ႕ဝတ္စုံဟာအနီေရာင္အျဖစ္ ေျပာင္းလဲသြားတာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း အဲ့ဒီအဝါေရာင္ဝတ္စုံႀကီးနဲ႔ ဟီး႐ိုးလုပ္ေနတာကေတာ့ အနည္းငယ္ေတာ့ ေၾကာင္ေတာင္ေတာင္ ႏိုင္ပါတယ္။

သူဟာ Natasha နဲ႔လည္း တြဲခဲ့ဖူးပါတယ္။
photo via screenrant

Natasha ဟာ Avengers အဖြဲ႕ထဲကို မဝင္ခင္အခ်ိန္တုန္းက Matt နဲ႔အတူတူ ရာဇဝတ္မႈေတြကို အခ်ိန္အၾကာႀကီး တိုက္ဖ်က္ခဲ့ဖူးပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ႏွစ္ေပါင္း (၄၀) ေလာက္ကို ေကာမစ္ထဲမွာ အတူတူ ပူးေပါင္းခဲ့ၾကဖူးပါတယ္။ Natasha ဟာလူသတ္မႈတစ္ခုရဲ႕သံသယတရားခံအျဖစ္နဲ႔ တရား႐ုံးကိုေရာက္ေနတဲ့အခ်ိန္မွာ Matt ဟာေရွ႕ေနတစ္ေယာက္ျဖစ္တာေၾကာင့္ Natasha ဘက္ကေန ခုခံေပးခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ အဲ့ဒီမွာစေတြ႕ခဲ့ၾကၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ ခ်စ္ႀကိဳက္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ပူးေပါင္းၿပီးေတာ့ ရာဇဝတ္မႈေတြအမ်ားႀကီးကို ကာကြယ္ေပးခဲ့ပါတယ္။ အဲ့ဒါအျပင္ သူတို႔ႏွစ္ေယာက္အတြက္ သီးသန႔္ထုတ္ထားတဲ့ Daredevil and Black Widow ဆိုတဲ့ေကာမစ္ေတာင္ ရွိပါတယ္။ အဲ့ဒါေတြအကုန္လုံးကေတာ့ ေကာမစ္ထဲမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး တစ္ရက္ရက္မွာေတာ့ Daredevil နဲ႔ Black Widow တို႔ကို LA ထဲမွာ ျမင္ေတြ႕ရဖို႔ ေမွ်ာ္လင့္မိပါတယ္။

သူဟာ မေကာင္းဆိုးဝါး ပူးကပ္တာကို ခံခဲ့ရဖူးပါတယ္။
photo via screenrant

သူဟာ လုံးဝကို ဆိုးဆိုး႐ြား႐ြား ေသာင္းက်န္းခဲ့ဖူးတဲ့အခ်ိန္ေတြလည္း ရွိပါတယ္။ ေကာမစ္တစ္ခုမွာဆိုရင္ သူဟာ မေကာင္းဆိုးဝါးပူးကပ္တာကို ခံခဲ့ရၿပီးေတာ့ ဆိုးဝါးတဲ့အရာေတြ အမ်ားႀကီးကို လုပ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက သူဟာ The Hand လို႔ေခၚတဲ့ မေကာင္းတဲ့နင္ဂ်ာအဖြဲ႕အစည္းကို ထိန္းခ်ဳပ္ထားၿပီးေတာ့ Bullseye ကိုေတာင္မွ သတ္ပစ္ခဲ့ပါတယ္။

သူဟာတားလို႔မရေအာင္ကို ဆိုးသြမ္းေနတာေၾကာင့္ တစ္ျခားဟီး႐ိုးေတြေတာ္ေတာ္မ်ားမ်ားစုစည္းၿပီးေတာ့ သူ႔ကိုတားဆီးႏိုင္ခဲ့ပါတယ္။ အဲ့လိုျဖစ္ပ်က္ခဲ့တာေတြအကုန္လုံးက သူ႔ကိုပူးကပ္ေနတဲ့မေကာင္းဆိုးဝါးရဲ႕လက္ခ်က္ျဖစ္ၿပီး သူဟာအျပစ္မရွိတဲ့လူတစ္ေယာက္ျဖစ္ေပမယ့္လည္း တစ္ျခားသူေတြရဲ႕ယုံၾကည္မႈကို ျပန္လည္ရယူဖို႔အတြက္ေတာ့ ေတာ္ေတာ္ေလးကို အခ်ိန္ၾကာခဲ့ပါတယ္။

သူဟာ စိတ္က်ေရာဂါကို ခံစားေနရတဲ့သူတစ္ေယာက္ပါ။
photo via screenrant

ဟီး႐ိုးေတြဟာလည္း လူသားေတြပဲျဖစ္တာေၾကာင့္ သူတို႔ဟာလည္း ပုံမွန္လူသားေတြခံစားရတဲ့ ဒုကၡေတြကို ခံစားရပါတယ္။ သူဟာလည္း ပုံမွန္လူတစ္ေယာက္လိုပဲ စိတ္က်ေရာဂါကို ခံစားေနရတဲ့ လူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ အလုပ္ကေနရတဲ့ စိတ္ပင္ပန္းမႈေတြနဲ႔ ဖိအားေတြရွိတဲ့အျပင္ ဟီး႐ိုးလုပ္တဲ့ေနရာကေနလည္း စိတ္ပင္ပန္းမႈေတြအမ်ားႀကီးကို ရေနတဲ့သူျဖစ္တာေၾကာင့္ သာမန္လူေတြထက္ကိုပိုၿပီးေတာ့ စိတ္က်ေရာဂါျဖစ္ႏိုင္ေခ် ပိုၿပီးေတာ့မ်ားပါေသးတယ္။

အဲ့လိုစိတ္ပင္ပန္းမႈေတြအျပင္ သူခ်စ္ရတဲ့သူေတြရဲ႕ေသဆုံးမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ ဝမ္းနည္းမႈေတြကလည္း ရွိေနပါေသးတယ္။ Netflix ကျပေနတဲ့ စီးရီးထဲမွာလည္း သူဟာ သူ႔ရဲ႕စိတ္က်န္းမာေရးထိခိုက္ေနတာကို ျပန္လည္ေကာင္းမြန္လာေအာင္ ႀကိဳးစား႐ုန္းကန္ခဲ့တာကို ျပသထားခဲ့ပါတယ္။ ဒါ့အျပင္ ေကာမစ္တစ္ခုထဲမွာဆိုရင္ သူ႔ရဲ႕ခ်စ္သူဟာေသဆုံးသြားတာေၾကာင့္ ကိုယ့္ကိုယ္ကိုေတာင္ သတ္ေသဖို႔အတြက္ စဥ္းစားခဲ့ပါတယ္ဆိုၿပီး သူကိုယ္တိုင္ေျပာခဲ့ဖူးပါေသးတယ္။

သူဟာ တိုက္ခိုက္နည္းေပါင္း (၁၂) မ်ိဳးကို ကြၽမ္းက်င္ပါတယ္။
photo via screenrant

သူဟာ Marvel ေကာမစ္ေတြထဲက ကိုယ္ခံပညာေနရာမွာ အေတာ္ဆုံးဇာတ္ေကာင္ေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။ သူဟာ သူ႔အေဖကိုဆုံးရႈံးလိုက္ရတဲ့အခ်ိန္မွာ မိဘမဲ့တစ္ေယာက္ျဖစ္သြားၿပီး Stick ဆိုတဲ့ မ်က္စိမျမင္တဲ့အဘိုးႀကီးတစ္ေယာက္ဟာ သူ႔ကိုေစာင့္ေရွာက္ထားခဲ့ပါတယ္။

သူဟာ ေစာင့္ေရွာက္ထား႐ုံတင္မဟုတ္ဘဲ တိုက္ခိုက္နည္းေတြကို ကြၽမ္းက်င္လာေအာင္ ေလ့က်င့္ေပးခဲ့ပါတယ္။ အဲ့ဒါေတြအျပင္ သူဟာသူ႔အေဖသင္ေပးဖူးတဲ့ လက္ေဝွ႔ထိုးနည္းကို ကြၽမ္းက်င္ၿပီးေတာ့ သူတတ္ထားတဲ့တိုက္ခိုက္နည္းေတြကို ေရာၿပီးေတာ့ေတာင္ ကြၽမ္းကြၽမ္းက်င္က်င္ တိုက္ခိုက္တတ္တာေၾကာင့္ သူဟာ ကိုယ္ခံပညာကို အသုံးျပဳတဲ့အေတာ္ဆုံးဇာတ္ေကာင္ေတြထဲက တစ္ေယာက္ ျဖစ္ေနတာပါ။

သူ႔ရဲ႕အၾကားအာ႐ုံေၾကာင့္ ပတ္ဝန္းက်င္မွာ ရွိသမွ်အရာအားလုံးကို သိရွိႏိုင္ပါတယ္။
photo via screenrant

ဒါကေတာ့ သူ႔ရဲ႕အေကာင္းဆုံးအရည္အခ်င္းတစ္ခုလို႔‌ ေျပာလို႔ရၿပီးေတာ့ သူ႔အတြက္ မရွိမျဖစ္လိုအပ္တဲ့အရည္အခ်င္းတစ္ခုလည္း ျဖစ္ပါတယ္။ သူဟာမ်က္လုံးမျမင္ရတာေၾကာင့္ ပတ္ဝန္းက်င္ရဲ႕အေနအထားကို သိဖို႔အတြက္ သူ႔ရဲ႕အၾကားအာ႐ုံကို အသုံးျပဳပါတယ္။ သူဟာအသံေတြကေန ထြက္လာတဲ့တုန္ခါတဲ့လႈိင္းေတြကို အသုံးျပဳၿပီးေတာ့ သူ႔ပတ္ဝန္းက်င္ရဲ႕ ၃၆၀ ဒီဂရီလုံးမွာ ဘာေတြရွိေနတယ္ဆိုတာကို သိႏိုင္ပါတယ္။

ဒါဟာေတာ္ေတာ္ေလးကို အသုံးဝင္တဲ့အရည္အခ်င္းတစ္ခုျဖစ္ေပမယ့္လည္း ျပင္းထန္တဲ့အနံ႔နဲ႔ က်ယ္ေလာင္တဲ့အသံေတြကို ၾကားရတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕အာ႐ုံခံစားမႈေတြဟာ မွားယြင္းကုန္ပါေတာ့တယ္။ သူ႔ရဲ႕နားေတြနဲ႔ အာ႐ုံခံစားမႈေတြဟာ အရမ္းကိုေကာင္းလြန္းတာေၾကာင့္ အဲ့လိုက်ယ္ေလာင္တဲ့အသံေတြကို ၾကားရတဲ့အခ်ိန္မွာေတာ့ သူဟာအာ႐ုံမစိုက္ႏိုင္ေတာ့ဘဲ လုံးဝကိုအကူအညီမဲ့သြားတာကေတာ့ သူ႔ရဲ႕အားနည္းခ်က္ပဲ ျဖစ္ပါတယ္။

၁၉၈၉ ခုႏွစ္ေလာက္က ထြက္ခဲ့တဲ့ ႐ုပ္ရွင္
photo via screenrant

အခုခ်ိန္မွာေတာ့ Daredevil ဟာစီးရီးအျဖစ္နဲ႔ Netflix ကေနျပသေနခဲ့ပါတယ္။ ဒီတစ္ခုမတိုင္ခင္တုန္းကေတာ့ ႐ုပ္ရွင္တစ္ကားတည္းအျဖစ္နဲ႔ Ben Affleck သ႐ုပ္ေဆာင္ထားတဲ့ Daredevil ႐ုပ္ရွင္ထြက္ခဲ့ဖူးပါတယ္။ အဲ့ဒီႏွစ္ခုကေတာ့ ေတာ္ေတာ္မ်ားမ်ားသိၾကေပမယ့္ ၁၉၈၉ ခုႏွစ္ကထြက္ခဲ့တဲ့ ႐ုပ္ရွင္ကိုေတာ့ သိတဲ့သူသိပ္ၿပီးမ်ားမယ္လို႔မထင္ပါဘူး။ အဲ့ဒီ႐ုပ္ရွင္နာမည္ကေတာ့ The Trial of the Incredible Hulk ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ Hulk ဟာလူသတ္မႈတစ္ခုနဲ႔ စြပ္စြဲခံထားရတာေၾကာင့္ သူ႔အတြက္ Daredevil ကေရွ႕ေနလိုက္ေပးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ပူးေပါင္းၿပီးေတာ့ Kingpin ကိုတိုက္ခိုက္ၾကပါေတာ့တယ္။ ဟိုးအရင္တုန္းက ထြက္ခဲ့တဲ့႐ုပ္ရွင္ျဖစ္တာေၾကာင့္ သူတို႔ႏွစ္ေယာက္ရဲ႕ဒီဇိုင္းေတြကလည္း အနည္းငယ္ရီစရာေကာင္းသလို ျဖစ္ေနပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular