HomeCharacterDoctor Strange အကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များ

Doctor Strange အကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Doctor Strange ဟာ ၁၉၆၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ Strange Tales #110 ဆိုတဲ့ကောမစ်ထဲမှာ စတင်ပြီးတော့ Marvel ကောမစ်လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ သူဟာ Marvel universe ထဲက အတော်ဆုံးမှော်ပညာရှင်တစ်ယောက်လို့တောင် ပြောလို့ရတဲ့အထိ စွမ်းအားကြီးမားပါတယ်။ ဒါ့အပြင် ပရိသတ်အခိုင်အမာရထားတဲ့ စူပါဟီးရိုးတစ်ယောက်ဖြစ်ပြီးတော့ solo ရုပ်ရှင်တစ်ကားလည်း ထွက်ထားပါသေးတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတွေကို သူ့ရဲ့ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။

Wong
photo via cbr

Doctor Strange ရုပ်ရှင်ထဲမှာတော့ Wong ဟာ စွမ်းအားကြီးမားတဲ့ မှော်ပညာရှင်တစ်ယောက်ဖြစ်တာကိုတော့ အားလုံးသိကြမှာပါ။ သူဟာ MCU ထဲမှာတော့ Kamar-Taj မှာ စာကြည့်တိုက်မှုးအဖြစ်နဲ့ ဖော်ပြခဲ့ပြီးတော့ Doctor Strange နဲ့ Wong ရဲ့ဆက်ဆံရေးကတော့ မိတ်ဆွေသူငယ်ချင်းပုံစံပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲမှာတော့ MCU ထဲကပုံစံနဲ့ တော်တော်လေးကို ကွာခြားနေပါတယ်။

အဲ့ဒါကတော့ Wong ဟာကောမစ်ထဲမှာ Doctor Strange ရဲ့ကျေးကျွန်အဖြစ်နဲ့ ပုံဖော်ခဲ့လို့ပဲ ဖြစ်ပါတယ်။ Wong ဟာသူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်လုံးဝမရှိဘဲ Doctor ပေးသမျှအမိန့်တွေကိုပဲ နာခံရပါတယ်။ အဲ့ဒါကြောင့်ပဲ MCU ကရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးဖို့အတွက် စီစဉ်တဲ့အခါမှာတော့ ဒီတစ်ချက်ဟာ လူမျိုးရေးခွဲခြားရာရောက်ပြီး မသင့်တော်ဘူးလို့ယူဆတာကြောင့် အဲ့ဒီအချက်ကို ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

THE ILLUMINATI
photo via cbr

THE ILLUMINATI အဖွဲ့ဟာ Marvel universe ထဲက အတော်ဆုံးလူတွေကို စုစည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ Doctor Strange ဟာလည်း အဲ့ဒီအဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ သဘာဝလွန်စွမ်းအားတွေိပိုင်ဆိုင်ထားတဲ့သူတွေကို လမ်းမှန်ရောက်ဖို့အတွက် တိတ်တဆိတ်လမ်းပြပေးဖို့အတွက်ပဲ ဖြစ်ပါတယ်။

ဒီအဖွဲ့ကိုစတင်တည်ထောင်ခဲ့တဲ့သူတွေကတော့ anti hero တွေကို ကိုယ်စားပြုတဲ့ Namor ၊ Avenger တွေနဲ့ သာမန်လူသားတွေိ ကိုယ်စားပြုတဲ့ Iron Man (Tony Stark) ၊ သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ သိပ္ပံပညာရှင်တွေကို ကိုယ်စားပြုတဲ့ Mr. Fantastic (Reed Richards) ၊ Inhuman တွေကို ကိုယ်စားပြုတဲ့ Black Bolt ၊ မှော်ပညာရှင်တွေိကို ကိုယ်စားပြုတဲ့ Doctor Stephen Strange နဲ့ သန္ဓေပြောင်းလူသားတွေကို ကိုယ်စားပြုတဲ့ Professor Charles Xavier တို့ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့အကြောင်းကိုသာ Live Action အဖြစ်နဲ့မြင်တွေ့ရမယ်ဆိုရင်တော့ တော်တော်လေးကို ကောင်းတဲ့ဇာတ်ကား ဖြစ်မှာပါ။

Doctor Doom ရဲ့ညာလက်ရုံးအဖြစ်လည်း နေထိုင်ခဲ့ဖူးပါတယ်။
photo via cbr

ပုံမှန်ဆိုရင်တော့ Doctor Doom ဟာ လူကောင်းတစ်ယောက် မဟုတ်ဘဲ ဗီလိန်အဖြစ်နဲ့ပဲ နေထိုင်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း Secret Wars ဆိုတဲ့ကောမစ်စီးရီးထဲမှာတော့ သူဟာ Doctor Strange နဲ့ပူးပေါင်းပြီးတော့ multiverse ကြီးကိုတောင် ကယ်တင်ဖို့အတွက် အတူတူ ကြိုးစားခဲ့ကြဖူးပါတယ်။ အဲ့ဒီထဲမှာတော့ Doctor Strange ဟာလည်း ဟီးရိုးတစ်ယောက်ဆိုတာထက် ဗီလိန်တစ်ယောက်ပုံစံနဲ့ ပိုပြီးတော့တူပါတယ်။ ဒါပေမယ့်လည်း သူဟာ Doctor Doom ရဲ့လက်အောက်မှာပဲ တစ်ချိန်လုံးမနေခဲ့ဘဲ နောက်ပိုင်းမှာတော့ ဟီးရိုးစစ်စစ်တစ်ယောက်ပုံစံ ပြန်ပြီးဖြစ်သွားခဲ့ပါတယ်။

Dormammu ရဲ့တူမ
photo via cbr

Doctor Strange ဟာ ကောမစ်ထဲမှာတော့ Clea လို့ခေါ်တဲ့ Dormammu ရဲ့တူမနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ သူမဟာ Dark Dimension ရဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီးတော့ Doctor Strange နဲ့တောင် စွမ်းရည်တူတူလောက် ရှိပါတယ်။ သူတို့နှစ်ယောက်ဟာ လုံးဝကို လိုက်ဖက်တဲ့အတွဲတစ်တွဲဖြစ်ပေမယ့်လည်း သူတို့နှစ်ယောက်ဟာ အတူတူနေထိုင်လို့မရနိုင်ပါဘူး။

အကြောင်းကတော့ Doctor Strange နေထိုင်တဲ့ ပုံမှန် Dimension နဲ့ Clea နေထိုင်တဲ့ Dark Dimension တို့ဟာလည်း ပေါင်းစပ်လို့မရတာကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ကူညီတဲ့အနေနဲ့ သူတို့နှစ်ယောက်ရဲ့ Dimension နှစ်ခုကို ရောမသွားအောင် ထိန်းထားခဲ့ပါတယ်။ သူမကတော့ အခုချိန်ထိ MCU ထဲမှာ မပါဝင်သေးပေမယ့်လည်း နောက်ပိုင်းမှာတော့ ပါဝင်လာနိုင်ပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကိုလည်း မြင်တွေ့ရနိုင်ပါသေးတယ်။

Baron Mordo
photo via cbr

၂၀၁၆ ခုနှစ်မှာ ပထမဆုံးထွက်ခဲ့တဲ့ Doctor Strange ရုပ်ရှင်ထဲမှာတော့ Mordo ဟာ Doctor Strange ကို မှော်ပညာအသုံးပြုတတ်အောင် လေ့ကျင့်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Kaecilius ကိုအနိုင်ယူဖို့အတွက်လည်း သူတို့နှစ်ယောက်လုံးအတူတူ တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဖြစ်ရပ်တွေကတော့ ကောမစ်ထဲမှာ မဖြစ်ပျက်ခဲ့ပါဘူး။

သူဟာကောမစ်ထဲမှာတော့ Doctor Strange ရဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့အပြင် သူတို့ရဲ့ မှော်ပညာရှင်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်လာဖို့အတွက် Ancient One ကိုသတ်ဖို့အတွက်လည်း စီစဉ်ခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ထဲမှာပါတဲ့ post-credits scene မှာလည်း Mordo ဟာ ဗီလိန်တစ်ယောက်ဖြစ်လာမယ့် ပုံစံမျိုး ပြသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ နောက်လာမယ့် ဒုတိယကားထဲမှာ သူဟာ ဗီလိန်တစ်ယောက်အဖြစ်နဲ့ ပြန်လည်ပါဝင်လာဖို့  ဖြစ်နိုင်ချေများပါတယ်။

The Ancient One
photo via cbr

သူကတော့ ကောမစ်ထဲကပုံစံနဲ့ ရုပ်ရှင်ထဲက ပုံစံတွေက တော်တော်လေးကို ကွာခြားနေခဲ့ပါတယ်။ ပထမဆုံးတစ်ခုကတော့ ကောမစ်ထဲက Ancient One ဟာ မိန်းမ,မဟုတ်ဘဲ ယောင်္ကျားတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့သေဆုံးမှုဟာလည်း ရုပ်ရှင်ထဲကပုံစံနဲ့ ကောမစ်ထဲက ပုံစံဟာ တော်တော်လေးကို ကွာခြားပါတယ်။ ရုပ်ရှင်ထဲမှာတော့ သူဟာ Dark Dimension နဲ့အဆက်အသွယ်ရှိတာကြောင့်ပဲ ဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ သူဟာ သူ့ရဲ့ကံကြမ္မာကို လိုက်ခံခဲ့ပါတယ်။

ဒါပေမယ့်လည်း သူ့ရဲ့နောက်ဆုံးအချိန်လေးအတွင်းမှာ Doctor Strange နဲ့အတူတူ ဝိဉာဉ်ပုံစံနဲ့ စကားတွေပြောပြီးတော့မှ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကောမစ်ထဲက သူ့ရဲ့သေဆုံးမှုကတော့ ရုပ်ရှင်ထဲကထက်ကို အများကြီးပိုပြီး ဝမ်းနည်းစရာကောင်းပါတယ်။ အဲ့ဒါကတော့ Shuma-Gorath လို့ခေါ်တဲ့ မကောင်းဆိုးဝါးဟာ သူ့ရဲ့စိတ်ထဲကနေတစ်ဆင့် ကမ္ဘာပေါ်ကို ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Doctor Strange ကို သူ့ကိုသတ်ဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Doctor Strange ဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် ကိုယ့်ရဲ့ဆရာကို ကိုယ်ပြန်သတ်ခဲ့ရပါတယ်။

သူ့ရဲ့ဝတ်ရုံမရှိရင် မှော်ပညာကို အသုံးပြုလို့မရပါဘူး။
photo via cbr

၂၀၁၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ Dr. Strange: Last Days of Magic ဆိုတဲ့ကောမစ်စီးရီးထဲမှာတော့ ပရိသတ်တွေတော်တော်များများအတွက် အံ့အားသင့်စရာတွေ ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ဝတ်ရုံမရှိတော့တဲ့အချိန်မှာ သူ့ရဲ့မှော်ပညာကိုလည်း အသုံးပြုလို့မရတော့ဘဲ ဖြစ်သွားခဲ့ပါတယ်။ သူ့အတွက်တော့‌ မှော်ပညာဟာ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပြီးတော့ ရုပ်ပိုင်းဆိုင်ရာပိုင်းမှာတော့ သူဟာ အားနည်းပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့မှော်ပညာတွေိ ပျောက်ဆုံးသွားတဲ့အချိန်မှာတော့ သူ့အတွက် အရမ်းကိုခက်ခဲသွားခဲ့ပါတယ်။ MCU ကနေ နောက်ထပ်ထွက်လာမယ့် ရုပ်ရှင်ကားတွေထဲမှာတော့ အဲ့လိုအဖြစ်အပျက်တွေကိုလည်း တွေ့နိုင်မလားဆိုတာကတော့…….။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Doctor Strange ဟာ ၁၉၆၃ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Strange Tales #110 ဆိုတဲ့ေကာမစ္ထဲမွာ စတင္ၿပီးေတာ့ Marvel ေကာမစ္ေလာကထဲကို ဝင္ေရာက္လာခဲ့ပါတယ္။ သူဟာ Marvel universe ထဲက အေတာ္ဆုံးေမွာ္ပညာရွင္တစ္ေယာက္လို႔ေတာင္ ေျပာလို႔ရတဲ့အထိ စြမ္းအားႀကီးမားပါတယ္။ ဒါ့အျပင္ ပရိသတ္အခိုင္အမာရထားတဲ့ စူပါဟီး႐ိုးတစ္ေယာက္ျဖစ္ၿပီးေတာ့ solo ႐ုပ္ရွင္တစ္ကားလည္း ထြက္ထားပါေသးတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕စိတ္ဝင္စားဖို႔ေကာင္းတဲ့အေၾကာင္းေတြကို သူ႔ရဲ႕ပရိသတ္ေတြအတြက္ ေဖာ္ျပေပးခ်င္ပါတယ္။

Wong
photo via cbr

Doctor Strange ႐ုပ္ရွင္ထဲမွာေတာ့ Wong ဟာ စြမ္းအားႀကီးမားတဲ့ ေမွာ္ပညာရွင္တစ္ေယာက္ျဖစ္တာကိုေတာ့ အားလုံးသိၾကမွာပါ။ သူဟာ MCU ထဲမွာေတာ့ Kamar-Taj မွာ စာၾကည့္တိုက္မႈးအျဖစ္နဲ႔ ေဖာ္ျပခဲ့ၿပီးေတာ့ Doctor Strange နဲ႔ Wong ရဲ႕ဆက္ဆံေရးကေတာ့ မိတ္ေဆြသူငယ္ခ်င္းပုံစံပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေကာမစ္ထဲမွာေတာ့ MCU ထဲကပုံစံနဲ႔ ေတာ္ေတာ္ေလးကို ကြာျခားေနပါတယ္။

အဲ့ဒါကေတာ့ Wong ဟာေကာမစ္ထဲမွာ Doctor Strange ရဲ႕ေက်းကြၽန္အျဖစ္နဲ႔ ပုံေဖာ္ခဲ့လို႔ပဲ ျဖစ္ပါတယ္။ Wong ဟာသူ႔ရဲ႕ကိုယ္ပိုင္လြတ္လပ္ခြင့္လုံးဝမရွိဘဲ Doctor ေပးသမွ်အမိန႔္ေတြကိုပဲ နာခံရပါတယ္။ အဲ့ဒါေၾကာင့္ပဲ MCU က႐ုပ္ရွင္အျဖစ္ ျပန္လည္႐ိုက္ကူးဖို႔အတြက္ စီစဥ္တဲ့အခါမွာေတာ့ ဒီတစ္ခ်က္ဟာ လူမ်ိဳးေရးခြဲျခားရာေရာက္ၿပီး မသင့္ေတာ္ဘူးလို႔ယူဆတာေၾကာင့္ အဲ့ဒီအခ်က္ကို ျပင္ဆင္ခဲ့တာ ျဖစ္ပါတယ္။

THE ILLUMINATI
photo via cbr

THE ILLUMINATI အဖြဲ႕ဟာ Marvel universe ထဲက အေတာ္ဆုံးလူေတြကို စုစည္းထားတဲ့အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီးေတာ့ Doctor Strange ဟာလည္း အဲ့ဒီအဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ပါတယ္။ သူတို႔အဖြဲ႕ရဲ႕ရည္႐ြယ္ခ်က္ကေတာ့ သဘာဝလြန္စြမ္းအားေတြိပိုင္ဆိုင္ထားတဲ့သူေတြကို လမ္းမွန္ေရာက္ဖို႔အတြက္ တိတ္တဆိတ္လမ္းျပေပးဖို႔အတြက္ပဲ ျဖစ္ပါတယ္။

ဒီအဖြဲ႕ကိုစတင္တည္ေထာင္ခဲ့တဲ့သူေတြကေတာ့ anti hero ေတြကို ကိုယ္စားျပဳတဲ့ Namor ၊ Avenger ေတြနဲ႔ သာမန္လူသားေတြိ ကိုယ္စားျပဳတဲ့ Iron Man (Tony Stark) ၊ သဘာဝလြန္စြမ္းအားေတြကို ပိုင္ဆိုင္ထားတဲ့ သိပၸံပညာရွင္ေတြကို ကိုယ္စားျပဳတဲ့ Mr. Fantastic (Reed Richards) ၊ Inhuman ေတြကို ကိုယ္စားျပဳတဲ့ Black Bolt ၊ ေမွာ္ပညာရွင္ေတြိကို ကိုယ္စားျပဳတဲ့ Doctor Stephen Strange နဲ႔ သေႏၶေျပာင္းလူသားေတြကို ကိုယ္စားျပဳတဲ့ Professor Charles Xavier တို႔ပဲ ျဖစ္ပါတယ္။ ဒီအဖြဲ႕အေၾကာင္းကိုသာ Live Action အျဖစ္နဲ႔ျမင္ေတြ႕ရမယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလးကို ေကာင္းတဲ့ဇာတ္ကား ျဖစ္မွာပါ။

Doctor Doom ရဲ႕ညာလက္႐ုံးအျဖစ္လည္း ေနထိုင္ခဲ့ဖူးပါတယ္။
photo via cbr

ပုံမွန္ဆိုရင္ေတာ့ Doctor Doom ဟာ လူေကာင္းတစ္ေယာက္ မဟုတ္ဘဲ ဗီလိန္အျဖစ္နဲ႔ပဲ ေနထိုင္ေလ့ရွိပါတယ္။ ဒါေပမယ့္လည္း Secret Wars ဆိုတဲ့ေကာမစ္စီးရီးထဲမွာေတာ့ သူဟာ Doctor Strange နဲ႔ပူးေပါင္းၿပီးေတာ့ multiverse ႀကီးကိုေတာင္ ကယ္တင္ဖို႔အတြက္ အတူတူ ႀကိဳးစားခဲ့ၾကဖူးပါတယ္။ အဲ့ဒီထဲမွာေတာ့ Doctor Strange ဟာလည္း ဟီး႐ိုးတစ္ေယာက္ဆိုတာထက္ ဗီလိန္တစ္ေယာက္ပုံစံနဲ႔ ပိုၿပီးေတာ့တူပါတယ္။ ဒါေပမယ့္လည္း သူဟာ Doctor Doom ရဲ႕လက္ေအာက္မွာပဲ တစ္ခ်ိန္လုံးမေနခဲ့ဘဲ ေနာက္ပိုင္းမွာေတာ့ ဟီး႐ိုးစစ္စစ္တစ္ေယာက္ပုံစံ ျပန္ၿပီးျဖစ္သြားခဲ့ပါတယ္။

Dormammu ရဲ႕တူမ
photo via cbr

Doctor Strange ဟာ ေကာမစ္ထဲမွာေတာ့ Clea လို႔ေခၚတဲ့ Dormammu ရဲ႕တူမနဲ႔ ခ်စ္ႀကိဳက္ခဲ့ပါတယ္။ သူမဟာ Dark Dimension ရဲ႕မင္းသမီးတစ္ေယာက္ျဖစ္ၿပီးေတာ့ Doctor Strange နဲ႔ေတာင္ စြမ္းရည္တူတူေလာက္ ရွိပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ လုံးဝကို လိုက္ဖက္တဲ့အတြဲတစ္တြဲျဖစ္ေပမယ့္လည္း သူတို႔ႏွစ္ေယာက္ဟာ အတူတူေနထိုင္လို႔မရႏိုင္ပါဘူး။

အေၾကာင္းကေတာ့ Doctor Strange ေနထိုင္တဲ့ ပုံမွန္ Dimension နဲ႔ Clea ေနထိုင္တဲ့ Dark Dimension တို႔ဟာလည္း ေပါင္းစပ္လို႔မရတာေၾကာင့္ပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ကူညီတဲ့အေနနဲ႔ သူတို႔ႏွစ္ေယာက္ရဲ႕ Dimension ႏွစ္ခုကို ေရာမသြားေအာင္ ထိန္းထားခဲ့ပါတယ္။ သူမကေတာ့ အခုခ်ိန္ထိ MCU ထဲမွာ မပါဝင္ေသးေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ပါဝင္လာႏိုင္ၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးကိုလည္း ျမင္ေတြ႕ရႏိုင္ပါေသးတယ္။

Baron Mordo
photo via cbr

၂၀၁၆ ခုႏွစ္မွာ ပထမဆုံးထြက္ခဲ့တဲ့ Doctor Strange ႐ုပ္ရွင္ထဲမွာေတာ့ Mordo ဟာ Doctor Strange ကို ေမွာ္ပညာအသုံးျပဳတတ္ေအာင္ ေလ့က်င့္ေပးခဲ့သူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Kaecilius ကိုအႏိုင္ယူဖို႔အတြက္လည္း သူတို႔ႏွစ္ေယာက္လုံးအတူတူ တိုက္ခိုက္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီျဖစ္ရပ္ေတြကေတာ့ ေကာမစ္ထဲမွာ မျဖစ္ပ်က္ခဲ့ပါဘူး။

သူဟာေကာမစ္ထဲမွာေတာ့ Doctor Strange ရဲ႕ၿပိဳင္ဘက္တစ္ေယာက္ျဖစ္တဲ့အျပင္ သူတို႔ရဲ႕ ေမွာ္ပညာရွင္အဖြဲ႕အစည္းရဲ႕ ေခါင္းေဆာင္ျဖစ္လာဖို႔အတြက္ Ancient One ကိုသတ္ဖို႔အတြက္လည္း စီစဥ္ခဲ့ပါတယ္။ ဒါ့အျပင္ ႐ုပ္ရွင္ထဲမွာပါတဲ့ post-credits scene မွာလည္း Mordo ဟာ ဗီလိန္တစ္ေယာက္ျဖစ္လာမယ့္ ပုံစံမ်ိဳး ျပသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေနာက္လာမယ့္ ဒုတိယကားထဲမွာ သူဟာ ဗီလိန္တစ္ေယာက္အျဖစ္နဲ႔ ျပန္လည္ပါဝင္လာဖို႔  ျဖစ္ႏိုင္ေခ်မ်ားပါတယ္။

The Ancient One
photo via cbr

သူကေတာ့ ေကာမစ္ထဲကပုံစံနဲ႔ ႐ုပ္ရွင္ထဲက ပုံစံေတြက ေတာ္ေတာ္ေလးကို ကြာျခားေနခဲ့ပါတယ္။ ပထမဆုံးတစ္ခုကေတာ့ ေကာမစ္ထဲက Ancient One ဟာ မိန္းမ,မဟုတ္ဘဲ ေယာက်ၤားတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ေသဆုံးမႈဟာလည္း ႐ုပ္ရွင္ထဲကပုံစံနဲ႔ ေကာမစ္ထဲက ပုံစံဟာ ေတာ္ေတာ္ေလးကို ကြာျခားပါတယ္။ ႐ုပ္ရွင္ထဲမွာေတာ့ သူဟာ Dark Dimension နဲ႔အဆက္အသြယ္ရွိတာေၾကာင့္ပဲ ျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ သူဟာ သူ႔ရဲ႕ကံၾကမၼာကို လိုက္ခံခဲ့ပါတယ္။

ဒါေပမယ့္လည္း သူ႔ရဲ႕ေနာက္ဆုံးအခ်ိန္ေလးအတြင္းမွာ Doctor Strange နဲ႔အတူတူ ဝိဉာဥ္ပုံစံနဲ႔ စကားေတြေျပာၿပီးေတာ့မွ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ ေကာမစ္ထဲက သူ႔ရဲ႕ေသဆုံးမႈကေတာ့ ႐ုပ္ရွင္ထဲကထက္ကို အမ်ားႀကီးပိုၿပီး ဝမ္းနည္းစရာေကာင္းပါတယ္။ အဲ့ဒါကေတာ့ Shuma-Gorath လို႔ေခၚတဲ့ မေကာင္းဆိုးဝါးဟာ သူ႔ရဲ႕စိတ္ထဲကေနတစ္ဆင့္ ကမာၻေပၚကို ဝင္ေရာက္လာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Doctor Strange ကို သူ႔ကိုသတ္ဖို႔အတြက္ ေတာင္းဆိုခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Doctor Strange ဟာ ကမာၻႀကီးကို ကယ္တင္ဖို႔အတြက္ ကိုယ့္ရဲ႕ဆရာကို ကိုယ္ျပန္သတ္ခဲ့ရပါတယ္။

သူ႔ရဲ႕ဝတ္႐ုံမရွိရင္ ေမွာ္ပညာကို အသုံးျပဳလို႔မရပါဘူး။
photo via cbr

၂၀၁၅ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Dr. Strange: Last Days of Magic ဆိုတဲ့ေကာမစ္စီးရီးထဲမွာေတာ့ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားအတြက္ အံ့အားသင့္စရာေတြ ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူ႔ရဲ႕ဝတ္႐ုံမရွိေတာ့တဲ့အခ်ိန္မွာ သူ႔ရဲ႕ေမွာ္ပညာကိုလည္း အသုံးျပဳလို႔မရေတာ့ဘဲ ျဖစ္သြားခဲ့ပါတယ္။ သူ႔အတြက္ေတာ့‌ ေမွာ္ပညာဟာ မရွိမျဖစ္လိုအပ္တဲ့အရာတစ္ခုျဖစ္ၿပီးေတာ့ ႐ုပ္ပိုင္းဆိုင္ရာပိုင္းမွာေတာ့ သူဟာ အားနည္းပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕ေမွာ္ပညာေတြိ ေပ်ာက္ဆုံးသြားတဲ့အခ်ိန္မွာေတာ့ သူ႔အတြက္ အရမ္းကိုခက္ခဲသြားခဲ့ပါတယ္။ MCU ကေန ေနာက္ထပ္ထြက္လာမယ့္ ႐ုပ္ရွင္ကားေတြထဲမွာေတာ့ အဲ့လိုအျဖစ္အပ်က္ေတြကိုလည္း ေတြ႕ႏိုင္မလားဆိုတာကေတာ့…….။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular