HomeCharacterDark Phoenix လို့ခေါ်ကြတဲ့ Jean Grey ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်များ

Dark Phoenix လို့ခေါ်ကြတဲ့ Jean Grey ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၁၉၆၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ The X-Men #1 ဆိုတဲ့ကောမစ်ထဲမှာ ပရိသတ်တွေကို Jean Grey နဲ့ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့ပါတယ်။ သူမဟာ omega အဆင့်ရှိတဲ့ သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်တာကြောင့် Marvel ရဲ့ စွမ်းအားအကြီးဆုံးဇာတ်ကောင်တွေထဲ တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ ပရိသတ်တွေ အများအပြားရဲ့ အားပေးမှုကို ရထားတာကြောင့် ဒီတစ်ခါမှတော့ သူမရဲ့အကြောင်း စိတ်ဝင်စားဖို့ကောင်းတာတွေကို ဖော်ပြပေးချင်ပါတယ်။

သူမကို စတင်ဖန်တီးခဲ့တုန်းက Marvel Girl လို့ခေါ်ပါတယ်။
photo via cbr

သူမကို စတင်ဖန်တီးခဲ့တုန်းက အရမ်းကို စွမ်းအားကြီးတဲ့ သန္ဓေပြောင်းလူသားတစ်ယောက်အဖြစ် ဖန်တီးခဲ့တာ မဟုတ်ဘဲ သာမန်ဟီးရိုးတစ်ယောက်အနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ Jean ဟာ telekinetic နဲ့ telepathic စွမ်းအားတွေကို ပိုင်ဆိုင်ထားပေမယ့်လည်း အဲ့ဒီတုန်းတော့ သူမဟာ telekinetic စွမ်းအားတစ်ခုပဲ ပိုင်ဆိုင်ထားကာ Phoenix Force လည်း မရှိပါဘူး။ (telekinetic ကတော့ အရာဝတ္ထုတွေကို စိတ်စွမ်းအားနဲ့ ရွေ့လျားနိုင်တာပြီး telepathic ကတော့ တစ်ခြားသူတွေနဲ့ စိတ်ထဲမှာတွေးနေတာကို သိနိုင်ပြီး စိတ်ချင်းလည်း ဆက်သွယ်နိုင်ပါတယ်။)

သူမဟာ အဲ့ဒီအချိန်တုန်းက Marvel Girl လို့ခေါ်ခဲ့ပြီး X-Men အဖွဲ့ထဲမှာ အားနည်းတဲ့အဖွဲ့ဝင် တစ်ယောက် ဖြစ်ပါတယ်။ ဖန်တီးသူတွေအနေနဲ့ဆို အဲ့ဒီအချိန်တုန်းက သူမကို Phoenix Force ပေးဖို့လည်း အစီအစဉ်မရှိခဲ့သလို အရမ်းကိုစွမ်းအားကြီးတဲ့ ဟီးရိုးတစ်ယောက်အဖြစ် ဖန်တီးဖို့လည်း အစီအစဉ်မရှိခဲ့ပါဘူး။ နောက်ပိုင်းဇာတ်လမ်းတွေမှသာ သူမဟာ Phoenix Force ကိုရရှိသွားပြီး Marvel Girl ဆိုတဲ့နာမည်ကို စွန့်လွှတ်ကာ Jean Grey ဆိုပြီးပဲ နေထိုင်ခဲ့ပါတယ်။ အဲ့လိုတွေ ဖြစ်ပြီးသွားတဲ့နောက်မှာတော့ သူမရဲ့ origin တွေကပါ ပြောင်းလဲသွားပြီး ငယ်ငယ်ကတည်းက စွမ်းအားကြီးတဲ့ သန္ဓေပြောင်းလူသားတစ်ယောက်အဖြစ် ပြောင်းလဲပုံဖော်ခဲ့ပါတယ်။ သူမရဲ့သမီးဖြစ်သူ Rachel ကလည်း နောက်ပိုင်းမှာ Marvel Girl ဖြစ်လာခဲ့ပါတယ်။

သူမဟာ လူတစ်ကိုယ် စိတ်နှစ်မျိူး ဖြစ်နေခဲ့ပါတယ်။
photo via cbr

Live Action ထဲမှာတော့ Jean ဟာ စစချင်းတုန်းက ကြင်နာတတ်ပြီး ကူညီတတ်တဲ့ လူတစ်ယောက်မျိူး ပြသခဲ့ပြီး နောက်ပိုင်းမှာတော့ သူနဲ့အနီးစပ်ဆုံးသူတွေကိုတောင် လက်မတွန့်ဘဲ သတ်ဖြတ်တတ်တဲ့အထိ ကြမ်းတမ်းသွားခဲ့ပါတယ်။ အဲ့လိုမျိူးဖြစ်သွားတာကို တစ်ချိူ့ကတော့ သူမရဲ့စွမ်းအားကို မထိန်းချုပ်နိုင်တာကြောင့်ပါလို့ ပြောကြပေမယ့်လည်း တစ်ကယ်တော့ သူမဟာ လူတစ်ကိုယ် စိတ်နှစ်မျိူး ဖြစ်သွားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

သူမဟာ ငယ်ငယ်ကတည်းက စွမ်းအားကြီးတာကြောင့် အန္တရာယ်မဖြစ်အောင်ဆိုပြီး Professor X ဟာ သူမရဲ့စိတ်ထဲမှာ နံရံလိုမျိူးအရာတွေနဲ့ ပိတ်ထားခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ Phoenix Force ကိုရရှိသွားတဲ့အချိန်မှာ အရင်ကထက် အများကြီးပိုပြီး စွမ်းအားကြီးတဲ့အပြင် သူမအတွက် အဲ့ဒီစွမ်းအားတွေကို ထိန်းချုပ်ဖို့အတွက် အခက်အခဲဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချက်နှစ်ချက်ကပဲ နောက်ပိုင်းမှာတော့ သူမကို လူတစ်ကိုယ် စိတ်နှစ်မျိူး ဖြစ်သွားစေခဲ့ပြီး နောက်ပိုင်းမှာတော့ Logan ကိုယ်တိုင်ဟာ သူမကို သတ်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

Professor X ဟာ သူမကို တစ်ဖက်သတ် ချစ်နေခဲ့ပါတယ်။
photo via cbr

X-Men #4 ဆိုတဲ့ကောမစ်ထဲမှာတော့ Xavier ဟာ Jean ကို ဘယ်လောက်ထိ ချစ်တယ်ဆိုတဲ့အကြောင်းတွေကို စဉ်းစားနေပေမယ့်လည်း သူတစ်ဖက်သတ် ချစ်နေတာကို သူမကို ဖွင့်ပြောလို့ မသင့်တော်ဘူး ဆိုတာကိုလည်း သိနေပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ အဲ့ဒီအတိုင်းပဲ သူတစ်ဖက်သတ်ချစ်နေတာကို မြိုသိပ်ထားခဲ့ပါတယ်။

Jean ငယ်ငယ်လေးကတည်း သူဟာ စောင့်ရှောက်ခဲ့တာ ဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက တစ်ဖက်သတ်ချစ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Jean နဲ့ Cyclops တွဲနေတဲ့အချိန်တုန်းကလည်း သူဟာ Jean ကိုတစ်ဖက်သတ်ချစ်နေတဲ့အကြောင်းကို Cyclops ကိုပြောပြခဲ့ပါတယ်။ Jean ကတော့ Beast ၊ Logan နဲ့ Miles Morales တို့နဲ့ တွဲခဲ့ဖူးပေမယ့်လည်း Xavier ကတော့ တစ်ဖက်သတ်ချစ်နေရုံနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

သူမဟာ ဘယ်တော့မှ မသေသွားနိုင်ပါဘူး။
photo via cbr

သူမဟာ ကောမစ်ထဲမှာဆိုရင် မကြာခဏသေဆုံးခဲ့ပေမယ့်လည်း အမြဲတမ်းပြန်လည်ရှင်သန်လာခဲ့ပါတယ်။ အကြောင်းကတော့ သူမရဲ့ခန္ဓာကိုယ်ထဲမှာ Phoenix Force ရှိနေတာကြောင့် ဖြစ်ပြီး Phoenix Force ဟာ သူမကိုအမြဲကာကွယ်ပေးနေတာကြောင့် သေသွားရင်တောင် ပြန်လည်ရှင်သန်နိုင်ပါတယ်။ Phoenix Force ရဲ့စွမ်းအားဟာ တိုင်းတာလို့မရလောက်အောင် ကြီးမားပြီးတော့ သူမဒဏ်ရာရသွားရင်လည်း ပြန်လည်ကုသပေးနိုင်သလို အသက်အန္တရာယ်ရှိနေတဲ့အချိန်ဆိုရင်လည်း သူမရဲ့အသိစိတ်ကို တစ်ခြား timeline ထဲကို ပို့လို့လည်း ရပါသေးတယ်။

ဗီလိန် Xorn ဟာ သူမရဲ့ခန္ဓာကိုယ်ကို သတ်လိုက်ပြီးတဲ့နောက်မှာတော့ Phoenix Force ဟာ သူမရဲ့အသိစိတ်ကို တစ်ခြား timeline မှာရှိနေတဲ့ Jean ရဲ့ခန္ဓာကိုယ်ထဲကို ထည့်ပေးခဲ့ပါတယ်။ ဒါ့အပြင် Phoenix Force ဟာ ” Jean ဟာ ငါနေထိုင်လို့ရတဲ့ တစ်ခုတည်းသော နေရာပဲ” ဆိုပြီးတော့ Professor X ကိုပြောခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့်ပဲ Phoenix Force ဟာ အမြဲတမ်း Jean ကိုကာကွယ်ပေးနေပြီးတော့ လုံးဝသေဆုံးသွားရင်တောင် အသက်ပြန်သွင်းပေးတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမနဲ့ Phoenix Force နဲ့ လုံးဝကို ပေါင်းစပ်သွားတဲ့အချိန်ဆိုရင် White Phoenix ဖြစ်လာပြီးတော့ အဲ့ဒီအချိန်ဆိုရင် သူမဟာ Phoenix Force ရဲ့စွမ်းအားတွေကို အကုန်လုံးကို အသုံးပြုနိုင်ပါတယ်။

သူမဟာ Cable ရဲ့အမေလို့ ပြောလို့ရပါတယ်။
photo via cbr

Alternate timeline တစ်ခုမှာတော့ သူမဟာ Cyclops နဲ့လက်ထပ်ခဲ့ပြီးတော့ Rachel ဆိုတဲ့ သမီးတစ်ယောက် ရခဲ့ပါတယ်။ Rachel ဟာ Sentinel တွေကြီးစိုးနေတဲ့ အနာဂတ်ကာလတစ်ခုမှာ နေထိုင်ခဲ့ပြီးတော့ သူမဟာ Katy Pryde ကို အတိတ်ကို ပြန်ပြီးပို့ပေးဖို့ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အမှားအယွင်းတွေ ဖြစ်သွားတာကြောင့် သူမကိုယ်တိုင် အတိတ်ကို ရောက်သွားပြီး Phoenix Force နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူမရဲ့ခန္ဓာကိုယ်ထဲကို Phoenix Force ဝင်ရောက်သွားပြီး သူမပြုလုပ်ရမယ့် မစ်ရှင်ကျဆုံးကာ သေဆုံးခါနီးဖြစ်နေတဲ့အချိန်မှာ Phoenix Force ဟာ သူမကို အသစ်စက ပြန်စဖို့အတွက် တစ်ခြား timeline ကို ပို့လိုက်ပါတယ်။ အဲ့ဒီ timeline မှာတော့ Jean ဟာ သေဆုံးသွားပြီ ဖြစ်တာကြောင့် သူမဟာ နောက်ထပ် timeline တစ်ခုကို ထပ်ပြီး သွားခဲ့ပါတယ်။ အဲ့ဒီ timeline ထဲမှာတော့ Cyclops ဟာ Madelyne Pryor ဆိုတဲ့ လူသားအမျိူးသမီးနဲ့ လက်ထပ်ခဲ့ပြီးတော့ Nathan Summers ဆိုတဲ့ သားတစ်ယောက် မွေးဖွားခဲ့ပါတယ်။

တစ်ကယ်တော့ Madelyne Pryor ဟာ စမ်းသပ်ထားတဲ့ Jean ရဲ့ ကလုံးဖြစ်နေခဲ့ပါတယ်။ Cyclops ဟာ သူ့ရဲ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ပေမယ့်လည်း တကယ့် Jean အစစ် ပေါ်လာတဲ့အခါမှာတော့ သူ့ရဲ့မိသားစုကို ပစ်ထားခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာတော့ Madelyne Pryor ဟာ စူပါဗီလိန်တစ်ယောက် ဖြစ်နေပြီး Mr. Sinister က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ စတင်ဖန်တီးခဲ့တဲ့အချိန်တုန်းက အဲ့ဒီကလုံးဟာ ဘာစွမ်းအားမှမရှိတာကြောင့် Mr. Sinister ဟာ သူ့ကိုပစ်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Jean သေဆုံးသွားပြီး Phoenix Force အနည်းငယ်ဟာ အဲ့ဒီကလုံးထဲကို ဝင်သွားတာကြောင့် Mr. Sinister ဟာ အဲ့ဒီကလုံးကို အသုံးပြုပြီးတော့ Cyclops နဲ့ကလေး မွေးစေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Nathan Summers ဆိုတဲ့ ကလေးမွေးလာပြီးတော့ နောက်ပိုင်းမှာတော့ Madelyne Pryor ဟာ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Jean ဟာ Nathan Summers ကို သူမကိုယ်တိုင်စောင့်ရှောက်ခဲ့ပြီး ကြီးပြင်းလာတဲ့အချိန်မှာတော့ သူဟာ Cable ဖြစ်လာခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၁၉၆၃ ခုႏွစ္မွာ ထြက္ခဲ့တဲ့ The X-Men #1 ဆိုတဲ့ေကာမစ္ထဲမွာ ပရိသတ္ေတြကို Jean Grey နဲ႔ ပထမဆုံးအႀကိမ္ မိတ္ဆက္ေပးခဲ့ပါတယ္။ သူမဟာ omega အဆင့္ရွိတဲ့ သေႏၶေျပာင္းလူသားတစ္ေယာက္ ျဖစ္တာေၾကာင့္ Marvel ရဲ႕ စြမ္းအားအႀကီးဆုံးဇာတ္ေကာင္ေတြထဲ တစ္ေယာက္လည္း ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ ပရိသတ္ေတြ အမ်ားအျပားရဲ႕ အားေပးမႈကို ရထားတာေၾကာင့္ ဒီတစ္ခါမွေတာ့ သူမရဲ႕အေၾကာင္း စိတ္ဝင္စားဖို႔ေကာင္းတာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူမကို စတင္ဖန္တီးခဲ့တုန္းက Marvel Girl လို႔ေခၚပါတယ္။
photo via cbr

သူမကို စတင္ဖန္တီးခဲ့တုန္းက အရမ္းကို စြမ္းအားႀကီးတဲ့ သေႏၶေျပာင္းလူသားတစ္ေယာက္အျဖစ္ ဖန္တီးခဲ့တာ မဟုတ္ဘဲ သာမန္ဟီး႐ိုးတစ္ေယာက္အေနနဲ႔ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ Jean ဟာ telekinetic နဲ႔ telepathic စြမ္းအားေတြကို ပိုင္ဆိုင္ထားေပမယ့္လည္း အဲ့ဒီတုန္းေတာ့ သူမဟာ telekinetic စြမ္းအားတစ္ခုပဲ ပိုင္ဆိုင္ထားကာ Phoenix Force လည္း မရွိပါဘူး။ (telekinetic ကေတာ့ အရာဝတၳဳေတြကို စိတ္စြမ္းအားနဲ႔ ေ႐ြ႕လ်ားႏိုင္တာၿပီး telepathic ကေတာ့ တစ္ျခားသူေတြနဲ႔ စိတ္ထဲမွာေတြးေနတာကို သိႏိုင္ၿပီး စိတ္ခ်င္းလည္း ဆက္သြယ္ႏိုင္ပါတယ္။)

သူမဟာ အဲ့ဒီအခ်ိန္တုန္းက Marvel Girl လို႔ေခၚခဲ့ၿပီး X-Men အဖြဲ႕ထဲမွာ အားနည္းတဲ့အဖြဲ႕ဝင္ တစ္ေယာက္ ျဖစ္ပါတယ္။ ဖန္တီးသူေတြအေနနဲ႔ဆို အဲ့ဒီအခ်ိန္တုန္းက သူမကို Phoenix Force ေပးဖို႔လည္း အစီအစဥ္မရွိခဲ့သလို အရမ္းကိုစြမ္းအားႀကီးတဲ့ ဟီး႐ိုးတစ္ေယာက္အျဖစ္ ဖန္တီးဖို႔လည္း အစီအစဥ္မရွိခဲ့ပါဘူး။ ေနာက္ပိုင္းဇာတ္လမ္းေတြမွသာ သူမဟာ Phoenix Force ကိုရရွိသြားၿပီး Marvel Girl ဆိုတဲ့နာမည္ကို စြန႔္လႊတ္ကာ Jean Grey ဆိုၿပီးပဲ ေနထိုင္ခဲ့ပါတယ္။ အဲ့လိုေတြ ျဖစ္ၿပီးသြားတဲ့ေနာက္မွာေတာ့ သူမရဲ႕ origin ေတြကပါ ေျပာင္းလဲသြားၿပီး ငယ္ငယ္ကတည္းက စြမ္းအားႀကီးတဲ့ သေႏၶေျပာင္းလူသားတစ္ေယာက္အျဖစ္ ေျပာင္းလဲပုံေဖာ္ခဲ့ပါတယ္။ သူမရဲ႕သမီးျဖစ္သူ Rachel ကလည္း ေနာက္ပိုင္းမွာ Marvel Girl ျဖစ္လာခဲ့ပါတယ္။

သူမဟာ လူတစ္ကိုယ္ စိတ္ႏွစ္မ်ိဴး ျဖစ္ေနခဲ့ပါတယ္။
photo via cbr

Live Action ထဲမွာေတာ့ Jean ဟာ စစခ်င္းတုန္းက ၾကင္နာတတ္ၿပီး ကူညီတတ္တဲ့ လူတစ္ေယာက္မ်ိဴး ျပသခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ သူနဲ႔အနီးစပ္ဆုံးသူေတြကိုေတာင္ လက္မတြန႔္ဘဲ သတ္ျဖတ္တတ္တဲ့အထိ ၾကမ္းတမ္းသြားခဲ့ပါတယ္။ အဲ့လိုမ်ိဴးျဖစ္သြားတာကို တစ္ခ်ိဴ႕ကေတာ့ သူမရဲ႕စြမ္းအားကို မထိန္းခ်ဳပ္ႏိုင္တာေၾကာင့္ပါလို႔ ေျပာၾကေပမယ့္လည္း တစ္ကယ္ေတာ့ သူမဟာ လူတစ္ကိုယ္ စိတ္ႏွစ္မ်ိဴး ျဖစ္သြားခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။

သူမဟာ ငယ္ငယ္ကတည္းက စြမ္းအားႀကီးတာေၾကာင့္ အႏၲရာယ္မျဖစ္ေအာင္ဆိုၿပီး Professor X ဟာ သူမရဲ႕စိတ္ထဲမွာ နံရံလိုမ်ိဴးအရာေတြနဲ႔ ပိတ္ထားခဲ့ပါတယ္။ ဒါ့အျပင္ သူမဟာ Phoenix Force ကိုရရွိသြားတဲ့အခ်ိန္မွာ အရင္ကထက္ အမ်ားႀကီးပိုၿပီး စြမ္းအားႀကီးတဲ့အျပင္ သူမအတြက္ အဲ့ဒီစြမ္းအားေတြကို ထိန္းခ်ဳပ္ဖို႔အတြက္ အခက္အခဲျဖစ္လာခဲ့ပါတယ္။ အဲ့ဒီအခ်က္ႏွစ္ခ်က္ကပဲ ေနာက္ပိုင္းမွာေတာ့ သူမကို လူတစ္ကိုယ္ စိတ္ႏွစ္မ်ိဴး ျဖစ္သြားေစခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ Logan ကိုယ္တိုင္ဟာ သူမကို သတ္လိုက္ရတဲ့အထိ ျဖစ္သြားခဲ့ပါတယ္။

Professor X ဟာ သူမကို တစ္ဖက္သတ္ ခ်စ္ေနခဲ့ပါတယ္။
photo via cbr

X-Men #4 ဆိုတဲ့ေကာမစ္ထဲမွာေတာ့ Xavier ဟာ Jean ကို ဘယ္ေလာက္ထိ ခ်စ္တယ္ဆိုတဲ့အေၾကာင္းေတြကို စဥ္းစားေနေပမယ့္လည္း သူတစ္ဖက္သတ္ ခ်စ္ေနတာကို သူမကို ဖြင့္ေျပာလို႔ မသင့္ေတာ္ဘူး ဆိုတာကိုလည္း သိေနပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ အဲ့ဒီအတိုင္းပဲ သူတစ္ဖက္သတ္ခ်စ္ေနတာကို ၿမိဳသိပ္ထားခဲ့ပါတယ္။

Jean ငယ္ငယ္ေလးကတည္း သူဟာ ေစာင့္ေရွာက္ခဲ့တာ ျဖစ္ၿပီး အဲ့ဒီအခ်ိန္ကတည္းက တစ္ဖက္သတ္ခ်စ္ေနခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ Jean နဲ႔ Cyclops တြဲေနတဲ့အခ်ိန္တုန္းကလည္း သူဟာ Jean ကိုတစ္ဖက္သတ္ခ်စ္ေနတဲ့အေၾကာင္းကို Cyclops ကိုေျပာျပခဲ့ပါတယ္။ Jean ကေတာ့ Beast ၊ Logan နဲ႔ Miles Morales တို႔နဲ႔ တြဲခဲ့ဖူးေပမယ့္လည္း Xavier ကေတာ့ တစ္ဖက္သတ္ခ်စ္ေန႐ုံနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။

သူမဟာ ဘယ္ေတာ့မွ မေသသြားႏိုင္ပါဘူး။
photo via cbr

သူမဟာ ေကာမစ္ထဲမွာဆိုရင္ မၾကာခဏေသဆုံးခဲ့ေပမယ့္လည္း အၿမဲတမ္းျပန္လည္ရွင္သန္လာခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူမရဲ႕ခႏၶာကိုယ္ထဲမွာ Phoenix Force ရွိေနတာေၾကာင့္ ျဖစ္ၿပီး Phoenix Force ဟာ သူမကိုအၿမဲကာကြယ္ေပးေနတာေၾကာင့္ ေသသြားရင္ေတာင္ ျပန္လည္ရွင္သန္ႏိုင္ပါတယ္။ Phoenix Force ရဲ႕စြမ္းအားဟာ တိုင္းတာလို႔မရေလာက္ေအာင္ ႀကီးမားၿပီးေတာ့ သူမဒဏ္ရာရသြားရင္လည္း ျပန္လည္ကုသေပးႏိုင္သလို အသက္အႏၲရာယ္ရွိေနတဲ့အခ်ိန္ဆိုရင္လည္း သူမရဲ႕အသိစိတ္ကို တစ္ျခား timeline ထဲကို ပို႔လို႔လည္း ရပါေသးတယ္။

ဗီလိန္ Xorn ဟာ သူမရဲ႕ခႏၶာကိုယ္ကို သတ္လိုက္ၿပီးတဲ့ေနာက္မွာေတာ့ Phoenix Force ဟာ သူမရဲ႕အသိစိတ္ကို တစ္ျခား timeline မွာရွိေနတဲ့ Jean ရဲ႕ခႏၶာကိုယ္ထဲကို ထည့္ေပးခဲ့ပါတယ္။ ဒါ့အျပင္ Phoenix Force ဟာ ” Jean ဟာ ငါေနထိုင္လို႔ရတဲ့ တစ္ခုတည္းေသာ ေနရာပဲ” ဆိုၿပီးေတာ့ Professor X ကိုေျပာခဲ့ဖူးပါတယ္။ အဲ့ဒါေၾကာင့္ပဲ Phoenix Force ဟာ အၿမဲတမ္း Jean ကိုကာကြယ္ေပးေနၿပီးေတာ့ လုံးဝေသဆုံးသြားရင္ေတာင္ အသက္ျပန္သြင္းေပးတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမနဲ႔ Phoenix Force နဲ႔ လုံးဝကို ေပါင္းစပ္သြားတဲ့အခ်ိန္ဆိုရင္ White Phoenix ျဖစ္လာၿပီးေတာ့ အဲ့ဒီအခ်ိန္ဆိုရင္ သူမဟာ Phoenix Force ရဲ႕စြမ္းအားေတြကို အကုန္လုံးကို အသုံးျပဳႏိုင္ပါတယ္။

သူမဟာ Cable ရဲ႕အေမလို႔ ေျပာလို႔ရပါတယ္။
photo via cbr

Alternate timeline တစ္ခုမွာေတာ့ သူမဟာ Cyclops နဲ႔လက္ထပ္ခဲ့ၿပီးေတာ့ Rachel ဆိုတဲ့ သမီးတစ္ေယာက္ ရခဲ့ပါတယ္။ Rachel ဟာ Sentinel ေတြႀကီးစိုးေနတဲ့ အနာဂတ္ကာလတစ္ခုမွာ ေနထိုင္ခဲ့ၿပီးေတာ့ သူမဟာ Katy Pryde ကို အတိတ္ကို ျပန္ၿပီးပို႔ေပးဖို႔ ျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အမွားအယြင္းေတြ ျဖစ္သြားတာေၾကာင့္ သူမကိုယ္တိုင္ အတိတ္ကို ေရာက္သြားၿပီး Phoenix Force နဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမရဲ႕ခႏၶာကိုယ္ထဲကို Phoenix Force ဝင္ေရာက္သြားၿပီး သူမျပဳလုပ္ရမယ့္ မစ္ရွင္က်ဆုံးကာ ေသဆုံးခါနီးျဖစ္ေနတဲ့အခ်ိန္မွာ Phoenix Force ဟာ သူမကို အသစ္စက ျပန္စဖို႔အတြက္ တစ္ျခား timeline ကို ပို႔လိုက္ပါတယ္။ အဲ့ဒီ timeline မွာေတာ့ Jean ဟာ ေသဆုံးသြားၿပီ ျဖစ္တာေၾကာင့္ သူမဟာ ေနာက္ထပ္ timeline တစ္ခုကို ထပ္ၿပီး သြားခဲ့ပါတယ္။ အဲ့ဒီ timeline ထဲမွာေတာ့ Cyclops ဟာ Madelyne Pryor ဆိုတဲ့ လူသားအမ်ိဴးသမီးနဲ႔ လက္ထပ္ခဲ့ၿပီးေတာ့ Nathan Summers ဆိုတဲ့ သားတစ္ေယာက္ ေမြးဖြားခဲ့ပါတယ္။

တစ္ကယ္ေတာ့ Madelyne Pryor ဟာ စမ္းသပ္ထားတဲ့ Jean ရဲ႕ ကလုံးျဖစ္ေနခဲ့ပါတယ္။ Cyclops ဟာ သူ႔ရဲ႕မိသားစုနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္ခဲ့ေပမယ့္လည္း တကယ့္ Jean အစစ္ ေပၚလာတဲ့အခါမွာေတာ့ သူ႔ရဲ႕မိသားစုကို ပစ္ထားခဲ့ပါတယ္။ ဒါ့အျပင္ ေနာက္ပိုင္းမွာေတာ့ Madelyne Pryor ဟာ စူပါဗီလိန္တစ္ေယာက္ ျဖစ္ေနၿပီး Mr. Sinister က ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ စတင္ဖန္တီးခဲ့တဲ့အခ်ိန္တုန္းက အဲ့ဒီကလုံးဟာ ဘာစြမ္းအားမွမရွိတာေၾကာင့္ Mr. Sinister ဟာ သူ႔ကိုပစ္ထားခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Jean ေသဆုံးသြားၿပီး Phoenix Force အနည္းငယ္ဟာ အဲ့ဒီကလုံးထဲကို ဝင္သြားတာေၾကာင့္ Mr. Sinister ဟာ အဲ့ဒီကလုံးကို အသုံးျပဳၿပီးေတာ့ Cyclops နဲ႔ကေလး ေမြးေစခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Nathan Summers ဆိုတဲ့ ကေလးေမြးလာၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ Madelyne Pryor ဟာ ေသဆုံးသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Jean ဟာ Nathan Summers ကို သူမကိုယ္တိုင္ေစာင့္ေရွာက္ခဲ့ၿပီး ႀကီးျပင္းလာတဲ့အခ်ိန္မွာေတာ့ သူဟာ Cable ျဖစ္လာခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular