HomeCharacterDeathstroke ရဲ့ လူသိနည်းသေးတဲ့ စိတ်ဝင်စားစရာအချက်များ

Deathstroke ရဲ့ လူသိနည်းသေးတဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Deathstroke ရဲ့နာမည်အရင်းကတော့ Slade Joseph Wilson ဖြစ်ပြီးတော့ ၁၉၈၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ The New Teen Titans #2 ထဲမှာ ပထမဆုံး DC comic လောကထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူဟာအရမ်းကို ကျွမ်းကျင်တဲ့ ကြေးစားလူသတ်သမားတစ်ယောက် ဖြစ်ပြီးတော့ သင်သာ သူ့ရဲ့ပစ်မှတ်တစ်ခု ဖြစ်သွားရင်တော့ လွတ်မြောက်ဖို့အတွက် တော်တော်လေးကို မဖြစ်နိုင်သလောက်ပါပဲ။ သူဟာ Titans စီးရီးတို့လောက်မှာသာ LA အနေနဲ့ ပါဝင်ထားပေမယ့်လည်း သူ့ရဲ့ပရိသတ်တွေကတော့ တော်တော်လေးကို များပြားတာကြောင့် သူ့အကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

ဝမ်းနည်းစရာကောင်းတဲ့ origin
photo via cbr

သူရဲ့အသက် (၁၆) နှစ်မှာ စစ်တပ်ထဲကို အသက်လိမ်ပြီး ဝင်ရောက်ခဲ့တဲ့အပြင် ကိုရီးယားမှာပါ စစ်တိုက်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ ဝါရှင်းတန်မှာရှိတဲ့ တပ်ခွဲကို တာဝန်ကျပြီးတဲ့နောက်မှာ သူ့ရဲ့ဇနီးဖြစ်လာမယ့် Adeline Kane နဲ့ စတင်ပြီး တွေ့ခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ သူတို့ဟာ လက်ထပ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ အရာရှိတစ်ယောက်ဟာ သူ့ကို အမှန်ပြောစေတဲ့ဆေးရည်ကို ခံနိုင်ရည်ရှိအောင် စမ်းသပ်မှုလုပ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ အဲ့ဒါကို သူဟာ မကြိုက်နှစ်သက်ပေမယ့် လက်ခံခဲ့ပါတယ်။ အမှန်တကယ်တော့ အဲ့ဒီစမ်းသပ်ချက်ဟာ super soldier ပရိုဂရမ်တစ်ခုဖြစ်ပြီး စမ်းသပ်မှုတွေ လုပ်နေတဲ့အချိန်မှာ အမှားအယွင်းတွေ ဖြစ်သွားပြီး Slade ဟာ ကိုမာ ဝင်သွားခဲ့ပါတယ်။

ကိုမာကနေ ပြန်ပြီး နိူးလာတဲ့အချိန်မှာတော့ သူဟာ သာမန်လူတွေထက် သာလွန်ထက် စွမ်းရည်တွေကို ရရှိသွားခဲ့ပါတယ်။ အချိန်တွေကြာလာတဲ့အခါမှာတော့ သူဟာ စစ်တပ်ကထွက်လိုက်ပြီး ကြေးစားလူသတ်သမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါတွေကြောင့်ပဲ Slade အိမ်မှာ မရှိတဲ့အချိန်မှာ သူ့ရဲ့ရန်သူတွေက သူ့ရဲ့သားဖြစ်သူ Jericho ရဲ့လည်ပင်းကို ဓားနဲ့လှီးသွားခဲ့ပါတယ်။ သူ့ရဲ့သားဟာ အသက်တော့ မဆုံးရှုံးခဲ့ပေမယ့် စကားမပြောနိုင်တော့ပါဘူး။ အဲ့ဒီနောက်မှာတော့ Adeline ဟာ Slade နဲ့အတူရှိနေရင် သူတို့မိသားစုတစ်စုလုံးဟာ ဘယ်တော့မှ လုံခြုံမှာ မဟုတ်ဘူးလို့ ယူဆပြီးတော့ Slade ကိုသတ်ဖို့အတွက် မျက်နှာကို သေနတ်နဲ့ ပစ်ခဲ့ပါတယ်။ သာမန်လူဆိုရင် အသက်ဆုံးရှုံးသွားနိုင်ပေမယ့် သူကတော့ သာမန်လူထက်ထူးခြားနေပြီးတော့ ဒဏ်ရာတွေကို ပြန်ကုသနိုင်စွမ်းရှိတာကြောင့် အသက်မဆုံးရှုံးဘဲ ညာဘက်မျက်လုံးတစ်လုံးပဲ ဆုံးရှုံးသွားခဲ့ပါတယ်။

သူ့ရဲ့သန်မာမှုဟာ လူဆယ်ယောက်စာလောက်နဲ့ ညီမျှပြီးတော့ ဉီးနှောက်ရဲ့ ၉၀ ရာခိုင်နှုန်းကို အသုံးချနိုင်ပါတယ်။
photo via screenrant

သူ့ကို ပြောင်းလဲသွားစေတဲ့ စမ်းသပ်မှုတွေ အပြီးမှာတော့ သူဟာ သာမန်လူတွေထက်သာလွန်တဲ့ အရည်အချင်းတွေကို ရရှိသွားခဲ့ပါတယ်။ သူ့ရဲ့သန်မာမှုဟာလည်း လူဆယ်ယောက်လောက်နဲ့ ညီမျှပြီးတော့ အလေးချိန် ငါးတန်လောက်ထိကို မ,နိုင်ပါတယ်။ ဒါ့အပြင် ဉီးနှောက်ရဲ့ ၉၀ ရာခိုင်နှုန်းကို အသုံးချနိုင်တာကြောင့်လည်း သူဟာ သာမန်လူတွေထက် အများကြီးပိုပြီး ဉာဏ်ကောင်းပါတယ်။ အဲ့ဒါတွေကြောင့်ပဲ သူဟာ ဘာသာစကားအတော်တော်များများကို ပြောနိုင်ပြီးတော့ တိုက်ခိုက်တဲ့နေရာမှာလည်း တိုက်ခိုက်နည်းပေါင်းစုံနဲ့ တိုက်ခိုက်နိုင်ပါတယ်။

သူ့ရဲ့ဉီးနှောက်ထဲမှာ သာမန်ထက်သာလွန်တဲ့ သွေးကြောတွေ ထည့်သွင်းထားတာကြောင့်လည်း သူရဲ့အမြင်အာရုံဟာ သာမန်လူတွေထက် ဆယ်ဆလောက် သာလွန်ပြီးတော့ သူ့ရန်သူရဲ့ နောက်ထပ်လှုပ်ရှားမှုတွေကိုလည်း ကြိုတင်ပြီး ခန့်မှန်းနိုင်ပါတယ်။ သာမန်လူတွေထက် သာလွန်တဲ့ ခွန်အားတွေ ၊ ဉာဏ်ရည်တွေ ရှိနေတဲ့အပြင် သူဟာ တိုက်ခိုက်တဲ့နေရာမှာလည်း လက်နက်တော်တော်များများကို ကျွမ်းကျင်ပြီးတော့ အသုံးအများဆုံးကတော့ ဓားရှည်ပဲ ဖြစ်ပါတယ်။ သူဟာ အဲ့ဒီဓားကို သုံးပြီး ဂျက်လေယာဉ်တစ်စီးရဲ့ တောင်ပံကိုတောင် တစ်ချက်တည်းနဲ့ ခုတ်ဖြတ်ခဲ့ဖူးပါတယ်။

Justice League အဖွဲ့တစ်ဖွဲ့လုံးကိုတောင် အနိုင်ယူနိုင်လုနီးနီးထိဖြစ်အောင် တိုက်ခိုက်ခဲ့ဖူးပါတယ်။
photo via cbr

Identity Crisis ဆိုတဲ့ comic စီးရီးထဲမှာရင် သူဟာ Justice League တစ်ဖွဲ့လုံးနီးပါးကို ရင်ဆိုင်ပြီး တိုက်ခိုက်ခဲ့ဖူးပါတယ်။ အဲ့ဒီတိုက်ပွဲထဲမှာ သူဟာ Flash ကို ဓားနဲ့ထိုးပြီး အနိုင်ယူခဲ့ပြီး Zatanna ရဲ့ကိုယ်တွင်းအင်္ဂါထဲထိတောင် ထိခိုက်သွားအောင် ထိုးကြိတ်ကာ အနိုင်ယူခဲ့ပါတယ်။ ဒါ့အပြင် Hawkman ရဲ့အတောင်ပံတွေကို ခုတ်ဖြတ်ခဲ့ပြီး Green Arrow ရဲ့ မြားတွေကိုလည်း ချိုးပစ်ခဲ့ပါတယ်။ Black Canary ကိုလည်း မအော်နိုင်အောင် အပေါက်မပါတဲ့ ရော်ဘာခေါင်းစွပ်ကို စွပ်ပေးလိုက်ပြီး ကြိုးတုပ်ထားခဲ့ပါတယ်။ Elongated Man ကိုလည်း သတိလစ်သွားတဲ့အထိ ထိုးကြိတ်ခဲ့ပြီးတော့ Atom ကိုလည်း လေဆာနဲ့ ပစ်ခဲ့ပါတယ်။

ဒါ့အပြင် Green Lantern ရဲ့လက်ချောင်းတွေအကုန်လုံးကိုလည်း ချိုးပစ်ခဲ့ပြီး Green Lantern လက်စွပ်ကိုလုယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ သူဟာ တားဆီးလို့မရနိုင်လောက်အောင် သောင်းကြမ်းနေခဲ့တာ ဖြစ်ပြီး နောက်ဆုံးမှာတော့ Green Arrow ဟာ မြားတံကိုလက်ထဲမှာကိုင်ပြီး အနောက်ကနေ ခုန်အုပ်ကာ Slade ရဲ့ညာဖက်မျက်လုံးကို ထိုးစိုက်ပြီး အနိုင်ယူခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲထဲမှာ Bat Man ၊ Superman နဲ့ Wonder Woman တို့တော့ မပါဝင်ခဲ့ပါဘူး။ ဒါပေမဲ့လည်း သူဟာ အဲ့ဒီသုံးယောက်လုံးနဲ့ အရင်တုန်းက တိုက်ခိုက်ခဲ့ဖူးပြီး Deathstroke (1991) နဲ့ Gods of War ဆိုတဲ့ comic တွေထဲမှာ သူဟာ Bat Man ကိုအနိုင်ယူနိုင်ခဲ့ပြီး သတ်လုနီးနီးတောင် ဖြစ်ခဲ့ပါတယ်။ Deathstroke ဆိုတဲ့ comic ထဲမှာလည်း Superman နဲ့ Wonder Woman တို့ကို ကောင်းကောင်းကြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။

သူဟာ ပင်လယ်ဓားပြ ဖြစ်နေတဲ့ timeline တစ်ခုလည်း ရှိပါတယ်။
photo via screenrant

Flashpoint: Deathstroke and The Curse of the Ravager ဆိုတဲ့ comic ထဲမှာ Barry Allen ဟာ ပျက်စီးမှုတွေ ဖြစ်နေတဲ့ တစ်ခြား timeline တစ်ခုမှာ နိုးလာခဲ့ပါတယ်။ အဲ့ဒီ timeline မှာတော့ Slade ဟာ ပင်လယ်ဓားပြတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ သူဟာ Ravager ဆိုတဲ့ သင်္ဘောပေါ်မှာ ကပ်ပတိန်တစ်ယောက် ဖြစ်ပြီးတော့ သူနဲ့သူ့အဖွဲ့သားတွေဟာ သွေးအေးလူသတ်သမားတွေအဖြစ်နဲ့လူသိများပြီး ပင်လယ်ပြင်တစ်ခုလုံးဟာ ကြောက်ရွံ့နေရတဲ့ ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

သူတို့အားလုံး ရည်ရွယ်ချက်က‌တော့ တစ်ခုပဲ ဖြစ်ပြီး Slade ရဲ့သမီးဖြစ်သူ Rose ကို ရှာဖွေဖို့နဲ့ Rose ကိုပြန်ပေးဆွဲသွားတဲ့သူတွေကို လက်စားချေဖို့အတွက်ပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ တဖြည်းဖြည်းနဲ့ အင်အားကြီးမားလာပြီးတော့ နောက်ပိုင်းမှာ Aquaman နဲ့တောင် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပါသေးတယ်။

သူဟာ အရက်မမူးနိုင်ပါဘူး။
photo via screenrant

Slade ဟာ အရက်ဘားမှာ မူးပြီးမှောက်နေတာမျိုးနဲ့ အိပ်ရာထဲမှာ အရက်နာကျနေတာကို သင်ဘယ်တုန်းကမှ မြင်တွေ့ခဲ့ဖူးမှာ မဟုတ်ပါဘူး။ အကြောင်းကတော့ သူ့မှာ ဒဏ်ရာမျိုးစုံကို ကုသနိုင်တဲ့ စွမ်းရည်ရှိနေပြီးတော့ အဲ့ဒီစွမ်းရည်ဟာ သူ့ကို အရက်မူးခြင်းကနေ ကာကွယ်ပေးပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ အရက်ကို ဘယ်လောက်ပဲများများသောက်နေပါစေ သူဟာဘယ်တော့မှ အရက်မမူးနိုင်ပါဘူး။

ဒါ့အပြင် Gods of War ဆိုတဲ့ comic ထဲမှာ သူ့ရဲ့သားဖြစ်သူ Jericho ဟာ သူ့ရဲ့ခေါင်းထဲကို ဝင်ပြီးကြည့်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Jericho ဟာ Slade ရဲ့ခေါင်းထဲကို ဝင်ရတာဟာ ငရဲကိုရောက်သွားနဲ့ တူပြီးတော့ တစ်ခါမှ မခံစားခဲ့ဖူးလောက်အောင် ပြင်းထန်တဲ့ အရက်နာကျတဲ့ ဝေဒနာကိုတောင် ခံစားခဲ့ရပါတယ်လို့‌ ပြောခဲ့ပါတယ်။

သူဟာ speed force ကို ခိုးယူခဲ့ဖူးပါတယ်။
photo via cbr

DC ရဲ့ universe တစ်ခုလုံး အသစ်ကနေ ပြန်ပြီး စတဲ့အခါမှာတော့ တော်တော်များများဟာ ပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Slade မှာ Grant ဆိုတဲ့ သားမရှိတော့ပါဘူး။ တစ်ရက်မှာတော့ Slade ဟာ အရင် timeline မှာ ရှိခဲ့တဲ့ သူ့ရဲ့သားအကြောင်းကို သတိရသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Wally West ကိုဖမ်းခဲ့ပြီးတော့ အရင် timeline မှာ သူ့ရဲ့သား ဘာဖြစ်သွားတာလည်းဆိုတာကို မေးခဲ့ပါတယ်။ အဲ့ဒါကြောင့် Wally West ဟာ သူ့ရဲ့သားဟာ ဘယ်လိုသေဆုံးသွားတာလည်းဆိုတာကို ပြောပြခဲ့ပါတယ်။

Wally West ရဲ့စကားတွေကြောင့်ပဲ သူဟာ စိတ်ကို မထိန်းနိုင်တော့ဘဲ အတိတ်ကို ပြန်သွားပြီး သူ့ရဲ့သားကို ကယ်တင်ပေးဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း Wally West ဟာ ငြင်းပယ်ခဲ့တာကြောင့် Slade ဟာ သူကိုယ်တိုင်သွားပြီး ကယ်တင်ဖို့အတွက် Wally West ရဲ့ speed force ကိုခိုးယူခဲ့ပါတယ်။ အဲ့ဒီ speed force ကိုခိုးယူပြီး အတိတ်ကို ပြန်သွားကာ သူ့ရဲ့သားကယ်တင်ဖို့အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အခေါက်တိုင်းမှာ ကျရှုံးခဲ့ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Deadstroke ရဲ႕နာမည္အရင္းကေတာ့ Slade Joseph Wilson ျဖစ္ၿပီးေတာ့ ၁၉၈၀ ခုႏွစ္မွာ ထြက္ခဲ့တဲ့ The New Teen Titans #2 ထဲမွာ ပထမဆုံး DC comic ေလာကထဲကို ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ သူဟာအရမ္းကို ကြၽမ္းက်င္တဲ့ ေၾကးစားလူသတ္သမားတစ္ေယာက္ ျဖစ္ၿပီးေတာ့ သင္သာ သူ႔ရဲ႕ပစ္မွတ္တစ္ခု ျဖစ္သြားရင္ေတာ့ လြတ္ေျမာက္ဖို႔အတြက္ ေတာ္ေတာ္ေလးကို မျဖစ္ႏိုင္သေလာက္ပါပဲ။ သူဟာ Titans စီးရီးတို႔ေလာက္မွာသာ LA အေနနဲ႔ ပါဝင္ထားေပမယ့္လည္း သူ႔ရဲ႕ပရိသတ္ေတြကေတာ့ ေတာ္ေတာ္ေလးကို မ်ားျပားတာေၾကာင့္ သူ႔အေၾကာင္း စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ဝမ္းနည္းစရာေကာင္းတဲ့ origin
photo via cbr

သူရဲ႕အသက္ (၁၆) ႏွစ္မွာ စစ္တပ္ထဲကို အသက္လိမ္ၿပီး ဝင္ေရာက္ခဲ့တဲ့အျပင္ ကိုရီးယားမွာပါ စစ္တိုက္ခဲ့ပါေသးတယ္။ အဲ့ဒီေနာက္မွာေတာ့ ဝါရွင္းတန္မွာရွိတဲ့ တပ္ခြဲကို တာဝန္က်ၿပီးတဲ့ေနာက္မွာ သူ႔ရဲ႕ဇနီးျဖစ္လာမယ့္ Adeline Kane နဲ႔ စတင္ၿပီး ေတြ႕ခဲ့ပါတယ္။ သိပ္မၾကာခင္မွာေတာ့ သူတို႔ဟာ လက္ထပ္ခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ အရာရွိတစ္ေယာက္ဟာ သူ႔ကို အမွန္ေျပာေစတဲ့ေဆးရည္ကို ခံႏိုင္ရည္ရွိေအာင္ စမ္းသပ္မႈလုပ္ေပးမယ္ဆိုၿပီး ကမ္းလွမ္းခဲ့ပါတယ္။ အဲ့ဒါကို သူဟာ မႀကိဳက္ႏွစ္သက္ေပမယ့္ လက္ခံခဲ့ပါတယ္။ အမွန္တကယ္ေတာ့ အဲ့ဒီစမ္းသပ္ခ်က္ဟာ super soldier ပ႐ိုဂရမ္တစ္ခုျဖစ္ၿပီး စမ္းသပ္မႈေတြ လုပ္ေနတဲ့အခ်ိန္မွာ အမွားအယြင္းေတြ ျဖစ္သြားၿပီး Slade ဟာ ကိုမာ ဝင္သြားခဲ့ပါတယ္။

ကိုမာကေန ျပန္ၿပီး ႏိူးလာတဲ့အခ်ိန္မွာေတာ့ သူဟာ သာမန္လူေတြထက္ သာလြန္ထက္ စြမ္းရည္ေတြကို ရရွိသြားခဲ့ပါတယ္။ အခ်ိန္ေတြၾကာလာတဲ့အခါမွာေတာ့ သူဟာ စစ္တပ္ကထြက္လိုက္ၿပီး ေၾကးစားလူသတ္သမား တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒါေတြေၾကာင့္ပဲ Slade အိမ္မွာ မရွိတဲ့အခ်ိန္မွာ သူ႔ရဲ႕ရန္သူေတြက သူ႔ရဲ႕သားျဖစ္သူ Jericho ရဲ႕လည္ပင္းကို ဓားနဲ႔လွီးသြားခဲ့ပါတယ္။ သူ႔ရဲ႕သားဟာ အသက္ေတာ့ မဆုံးရႈံးခဲ့ေပမယ့္ စကားမေျပာႏိုင္ေတာ့ပါဘူး။ အဲ့ဒီေနာက္မွာေတာ့ Adeline ဟာ Slade နဲ႔အတူရွိေနရင္ သူတို႔မိသားစုတစ္စုလုံးဟာ ဘယ္ေတာ့မွ လုံၿခဳံမွာ မဟုတ္ဘူးလို႔ ယူဆၿပီးေတာ့ Slade ကိုသတ္ဖို႔အတြက္ မ်က္ႏွာကို ေသနတ္နဲ႔ ပစ္ခဲ့ပါတယ္။ သာမန္လူဆိုရင္ အသက္ဆုံးရႈံးသြားႏိုင္ေပမယ့္ သူကေတာ့ သာမန္လူထက္ထူးျခားေနၿပီးေတာ့ ဒဏ္ရာေတြကို ျပန္ကုသႏိုင္စြမ္းရွိတာေၾကာင့္ အသက္မဆုံးရႈံးဘဲ ညာဘက္မ်က္လုံးတစ္လုံးပဲ ဆုံးရႈံးသြားခဲ့ပါတယ္။

သူ႔ရဲ႕သန္မာမႈဟာ လူဆယ္ေယာက္စာေလာက္နဲ႔ ညီမွ်ၿပီးေတာ့ ဉီးေႏွာက္ရဲ႕ ၉၀ ရာခိုင္ႏႈန္းကို အသုံးခ်ႏိုင္ပါတယ္။
photo via screenrant

သူ႔ကို ေျပာင္းလဲသြားေစတဲ့ စမ္းသပ္မႈေတြ အၿပီးမွာေတာ့ သူဟာ သာမန္လူေတြထက္သာလြန္တဲ့ အရည္အခ်င္းေတြကို ရရွိသြားခဲ့ပါတယ္။ သူ႔ရဲ႕သန္မာမႈဟာလည္း လူဆယ္ေယာက္ေလာက္နဲ႔ ညီမွ်ၿပီးေတာ့ အေလးခ်ိန္ ငါးတန္ေလာက္ထိကို မ,ႏိုင္ပါတယ္။ ဒါ့အျပင္ ဉီးေႏွာက္ရဲ႕ ၉၀ ရာခိုင္ႏႈန္းကို အသုံးခ်ႏိုင္တာေၾကာင့္လည္း သူဟာ သာမန္လူေတြထက္ အမ်ားႀကီးပိုၿပီး ဉာဏ္ေကာင္းပါတယ္။ အဲ့ဒါေတြေၾကာင့္ပဲ သူဟာ ဘာသာစကားအေတာ္ေတာ္မ်ားမ်ားကို ေျပာႏိုင္ၿပီးေတာ့ တိုက္ခိုက္တဲ့ေနရာမွာလည္း တိုက္ခိုက္နည္းေပါင္းစုံနဲ႔ တိုက္ခိုက္ႏိုင္ပါတယ္။

သူ႔ရဲ႕ဉီးေႏွာက္ထဲမွာ သာမန္ထက္သာလြန္တဲ့ ေသြးေၾကာေတြ ထည့္သြင္းထားတာေၾကာင့္လည္း သူရဲ႕အျမင္အာ႐ုံဟာ သာမန္လူေတြထက္ ဆယ္ဆေလာက္ သာလြန္ၿပီးေတာ့ သူ႔ရန္သူရဲ႕ ေနာက္ထပ္လႈပ္ရွားမႈေတြကိုလည္း ႀကိဳတင္ၿပီး ခန႔္မွန္းႏိုင္ပါတယ္။ သာမန္လူေတြထက္ သာလြန္တဲ့ ခြန္အားေတြ ၊ ဉာဏ္ရည္ေတြ ရွိေနတဲ့အျပင္ သူဟာ တိုက္ခိုက္တဲ့ေနရာမွာလည္း လက္နက္ေတာ္ေတာ္မ်ားမ်ားကို ကြၽမ္းက်င္ၿပီးေတာ့ အသုံးအမ်ားဆုံးကေတာ့ ဓားရွည္ပဲ ျဖစ္ပါတယ္။ သူဟာ အဲ့ဒီဓားကို သုံးၿပီး ဂ်က္ေလယာဥ္တစ္စီးရဲ႕ ေတာင္ပံကိုေတာင္ တစ္ခ်က္တည္းနဲ႔ ခုတ္ျဖတ္ခဲ့ဖူးပါတယ္။

Justice League အဖြဲ႕တစ္ဖြဲ႕လုံးကိုေတာင္ အႏိုင္ယူႏိုင္လုနီးနီးထိျဖစ္ေအာင္ တိုက္ခိုက္ခဲ့ဖူးပါတယ္။
photo via cbr

Identity Crisis ဆိုတဲ့ comic စီးရီးထဲမွာရင္ သူဟာ Justice League တစ္ဖြဲ႕လုံးနီးပါးကို ရင္ဆိုင္ၿပီး တိုက္ခိုက္ခဲ့ဖူးပါတယ္။ အဲ့ဒီတိုက္ပြဲထဲမွာ သူဟာ Flash ကို ဓားနဲ႔ထိုးၿပီး အႏိုင္ယူခဲ့ၿပီး Zatanna ရဲ႕ကိုယ္တြင္းအဂၤါထဲထိေတာင္ ထိခိုက္သြားေအာင္ ထိုးႀကိတ္ကာ အႏိုင္ယူခဲ့ပါတယ္။ ဒါ့အျပင္ Hawkman ရဲ႕အေတာင္ပံေတြကို ခုတ္ျဖတ္ခဲ့ၿပီး Green Arrow ရဲ႕ ျမားေတြကိုလည္း ခ်ိဳးပစ္ခဲ့ပါတယ္။ Black Canary ကိုလည္း မေအာ္ႏိုင္ေအာင္ အေပါက္မပါတဲ့ ေရာ္ဘာေခါင္းစြပ္ကို စြပ္ေပးလိုက္ၿပီး ႀကိဳးတုပ္ထားခဲ့ပါတယ္။ Elongated Man ကိုလည္း သတိလစ္သြားတဲ့အထိ ထိုးႀကိတ္ခဲ့ၿပီးေတာ့ Atom ကိုလည္း ေလဆာနဲ႔ ပစ္ခဲ့ပါတယ္။

ဒါ့အျပင္ Green Lantern ရဲ႕လက္ေခ်ာင္းေတြအကုန္လုံးကိုလည္း ခ်ိဳးပစ္ခဲ့ၿပီး Green Lantern လက္စြပ္ကိုလုယူဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ သူဟာ တားဆီးလို႔မရႏိုင္ေလာက္ေအာင္ ေသာင္းၾကမ္းေနခဲ့တာ ျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ Green Arrow ဟာ ျမားတံကိုလက္ထဲမွာကိုင္ၿပီး အေနာက္ကေန ခုန္အုပ္ကာ Slade ရဲ႕ညာဖက္မ်က္လုံးကို ထိုးစိုက္ၿပီး အႏိုင္ယူခဲ့ပါတယ္။ အဲ့ဒီတိုက္ပြဲထဲမွာ Bat Man ၊ Superman နဲ႔ Wonder Woman တို႔ေတာ့ မပါဝင္ခဲ့ပါဘူး။ ဒါေပမဲ့လည္း သူဟာ အဲ့ဒီသုံးေယာက္လုံးနဲ႔ အရင္တုန္းက တိုက္ခိုက္ခဲ့ဖူးၿပီး Deathstroke (1991) နဲ႔ Gods of War ဆိုတဲ့ comic ေတြထဲမွာ သူဟာ Bat Man ကိုအႏိုင္ယူႏိုင္ခဲ့ၿပီး သတ္လုနီးနီးေတာင္ ျဖစ္ခဲ့ပါတယ္။ Deathstroke ဆိုတဲ့ comic ထဲမွာလည္း Superman နဲ႔ Wonder Woman တို႔ကို ေကာင္းေကာင္းႀကီး တိုက္ခိုက္ႏိုင္ခဲ့ပါတယ္။

သူဟာ ပင္လယ္ဓားျပ ျဖစ္ေနတဲ့ timeline တစ္ခုလည္း ရွိပါတယ္။
photo via screenrant

Flashpoint: Deathstroke and The Curse of the Ravager ဆိုတဲ့ comic ထဲမွာ Barry Allen ဟာ ပ်က္စီးမႈေတြ ျဖစ္ေနတဲ့ တစ္ျခား timeline တစ္ခုမွာ ႏိုးလာခဲ့ပါတယ္။ အဲ့ဒီ timeline မွာေတာ့ Slade ဟာ ပင္လယ္ဓားျပတစ္ေယာက္ ျဖစ္ေနခဲ့ပါတယ္။ သူဟာ Ravager ဆိုတဲ့ သေဘၤာေပၚမွာ ကပ္ပတိန္တစ္ေယာက္ ျဖစ္ၿပီးေတာ့ သူနဲ႔သူ႔အဖြဲ႕သားေတြဟာ ေသြးေအးလူသတ္သမားေတြအျဖစ္နဲ႔လူသိမ်ားၿပီး ပင္လယ္ျပင္တစ္ခုလုံးဟာ ေၾကာက္႐ြံ႕ေနရတဲ့ ပင္လယ္ဓားျပအဖြဲ႕တစ္ဖြဲ႕ ျဖစ္ပါတယ္။

သူတို႔အားလုံး ရည္႐ြယ္ခ်က္က‌ေတာ့ တစ္ခုပဲ ျဖစ္ၿပီး Slade ရဲ႕သမီးျဖစ္သူ Rose ကို ရွာေဖြဖို႔နဲ႔ Rose ကိုျပန္ေပးဆြဲသြားတဲ့သူေတြကို လက္စားေခ်ဖို႔အတြက္ပဲ ျဖစ္ပါတယ္။ သူတို႔အဖြဲ႕ဟာ တျဖည္းျဖည္းနဲ႔ အင္အားႀကီးမားလာၿပီးေတာ့ ေနာက္ပိုင္းမွာ Aquaman နဲ႔ေတာင္ ထိပ္တိုက္ရင္ဆိုင္ခဲ့ၾကပါေသးတယ္။

သူဟာ အရက္မမူးႏိုင္ပါဘူး။
photo via screenrant

Slade ဟာ အရက္ဘားမွာ မူးၿပီးေမွာက္ေနတာမ်ိဳးနဲ႔ အိပ္ရာထဲမွာ အရက္နာက်ေနတာကို သင္ဘယ္တုန္းကမွ ျမင္ေတြ႕ခဲ့ဖူးမွာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ သူ႔မွာ ဒဏ္ရာမ်ိဳးစုံကို ကုသႏိုင္တဲ့ စြမ္းရည္ရွိေနၿပီးေတာ့ အဲ့ဒီစြမ္းရည္ဟာ သူ႔ကို အရက္မူးျခင္းကေန ကာကြယ္ေပးပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ အရက္ကို ဘယ္ေလာက္ပဲမ်ားမ်ားေသာက္ေနပါေစ သူဟာဘယ္ေတာ့မွ အရက္မမူးႏိုင္ပါဘူး။

ဒါ့အျပင္ Gods of War ဆိုတဲ့ comic ထဲမွာ သူ႔ရဲ႕သားျဖစ္သူ Jericho ဟာ သူ႔ရဲ႕ေခါင္းထဲကို ဝင္ၿပီးၾကည့္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Jericho ဟာ Slade ရဲ႕ေခါင္းထဲကို ဝင္ရတာဟာ ငရဲကိုေရာက္သြားနဲ႔ တူၿပီးေတာ့ တစ္ခါမွ မခံစားခဲ့ဖူးေလာက္ေအာင္ ျပင္းထန္တဲ့ အရက္နာက်တဲ့ ေဝဒနာကိုေတာင္ ခံစားခဲ့ရပါတယ္လို႔‌ ေျပာခဲ့ပါတယ္။

သူဟာ speed force ကို ခိုးယူခဲ့ဖူးပါတယ္။
photo via cbr

DC ရဲ႕ universe တစ္ခုလုံး အသစ္ကေန ျပန္ၿပီး စတဲ့အခါမွာေတာ့ ေတာ္ေတာ္မ်ားမ်ားဟာ ေျပာင္းလဲသြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Slade မွာ Grant ဆိုတဲ့ သားမရွိေတာ့ပါဘူး။ တစ္ရက္မွာေတာ့ Slade ဟာ အရင္ timeline မွာ ရွိခဲ့တဲ့ သူ႔ရဲ႕သားအေၾကာင္းကို သတိရသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Wally West ကိုဖမ္းခဲ့ၿပီးေတာ့ အရင္ timeline မွာ သူ႔ရဲ႕သား ဘာျဖစ္သြားတာလည္းဆိုတာကို ေမးခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ Wally West ဟာ သူ႔ရဲ႕သားဟာ ဘယ္လိုေသဆုံးသြားတာလည္းဆိုတာကို ေျပာျပခဲ့ပါတယ္။

Wally West ရဲ႕စကားေတြေၾကာင့္ပဲ သူဟာ စိတ္ကို မထိန္းႏိုင္ေတာ့ဘဲ အတိတ္ကို ျပန္သြားၿပီး သူ႔ရဲ႕သားကို ကယ္တင္ေပးဖို႔အတြက္ ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမဲ့လည္း Wally West ဟာ ျငင္းပယ္ခဲ့တာေၾကာင့္ Slade ဟာ သူကိုယ္တိုင္သြားၿပီး ကယ္တင္ဖို႔အတြက္ Wally West ရဲ႕ speed force ကိုခိုးယူခဲ့ပါတယ္။ အဲ့ဒီ speed force ကိုခိုးယူၿပီး အတိတ္ကို ျပန္သြားကာ သူ႔ရဲ႕သားကယ္တင္ဖို႔အတြက္ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေပမယ့္ အေခါက္တိုင္းမွာ က်ရႈံးခဲ့ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular