HomeCharacterVenom အကြောင်း သင်မသိသေးတဲ့ စိတ်ဝင်စားစရာအချက်များ

Venom အကြောင်း သင်မသိသေးတဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Venom ဟာ The Amazing Spider-Man #299 ဆိုတဲ့ကောမစ်မှာ ပထမဦးဆုံးအကြိမ်အဖြစ် Marvel ကောမစ်လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ဆိုလိုရုပ်ရှင်ထွက်ပြီးသွားတဲ့နောက်မှာလည်း တော်တော်လေးကို အောင်မြင်လာခဲ့ပြီးတော့ ပရိသတ်တွေလည်း အများအပြားပိုင်ဆိုင်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် သူ့အကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတွေကို သူ့ရဲ့ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။

Venom ကိုဖန်တီးဖို့အတွက် အကြံကို ပရိသတ်တစ်ယောက်ဆီက ရခဲ့တာဖြစ်ပါတယ်။
photo via screenrant

ပရိသတ်တစ်ယောက်က ပေးပို့ခဲ့တဲ့စာတစ်စောင်ထဲမှာ Venom ကိုဖန်တီးဖို့အတွက် အကြံပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်နှောင်းပိုင်းလောက်မှာ Marvel ဟာပရိသတ်တွေထဲက ဇာတ်ကောင်အသစ်တွေကို ဖန်တီးဖို့အတွက် ပြိုင်ပွဲတစ်ခုလုပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် အသက် (၂၂) နှစ်အရွယ်ရှိတဲ့ Randy Schueller ဟာ စာတစ်စောင်ကို ပေးပို့ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Spider-Man ဟာ Fantastic Four အဖွဲ့ထဲမှာရှိနေတာကြောင့် သူဟာ Spider-Man အတွက် မတည်ငြိမ်တဲ့မော်လီကျူးတွေနဲ့ပြုလုပ်ထားတဲ့ အနက်ရောင်ဝတ်စုံအကြောင်းကို အဲ့ဒီစာထဲမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Venom ဟာလည်း စတင်ဖန်တီးခဲ့တုန်းက အခုလိုအကောင်ကြီးမဟုတ်သေးဘဲ ဂြိုဟ်သားဝတ်စုံတစ်ခုအနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဝတ်စုံဟာ Spider-Man ရဲ့စွမ်းရည်တွေကို (၂၅) ရာခိုင်နှုန်းပိုပြီး တိုးစေပါတယ်။ အဲ့ဒီအကြံကိုပေးပြီး လအနည်းငယ်ကြာတဲ့အချိန်မှာတော့ Marvel ကသူ့ကိုစာပြန်ပေးပို့ခဲ့ပြီး သူ့ရဲ့အကြံဉာဏ်နဲ့ အဲ့ဒီဇာတ်ကောင်ရဲ့မူပိုင်ခွင့်တွေအတွက်ပါ ဒေါ်လာ (၂၂၀) ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Marvel ဟာသူ့ပေးခဲ့တဲ့အကြံအတိုင်း ဂြိုဟ်သားဝတ်စုံပုံစံနဲ့ စတင်ဖန်တီးခဲ့ပြီး နောက်ပိုင်းမှာတော့ ကျွန်တော်တို့အခုသိကြတဲ့ Venom ဖြစ်လာခဲ့ပါတယ်။

သူဟာ ချောကလက်ကိုလည်း ကြိုက်ပါတယ်။
photo via cbr

Venom ဟာ အသက်ရှင်သန်ဖို့အတွက် တစ်ခြားသတ္တဝါတွေကို စားသုံးရပြီးတော့ အထူးသဖြင့် လူတွေရဲ့ဉီးနှောက်တွေကို အရမ်းကို ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့်လည်း သူဟာ Eddie ကိုပူးကပ်ပြီးနေတဲ့အချိန်မှာတော့ ဦးနှောက်တွေကိုစားမယ့်အစား တစ်ခြားအစားထိုးစရာတစ်ခုကို ရှာတွေ့ခဲ့ရပါတယ်။

အဲ့ဒါကတော့ ချောကလက်တွေပဲဖြစ်ပြီးတော့ Venom ဗိုက်ဆာနေတဲ့အချိန်မှာတောင်ချောကလက်စားလိုက်ရရင် တစ်ခြားသတ္တဝါတွေကို စားချင်စိတ်မရှိတော့ဘူး။ အဲ့ဒါကြောင့်ပဲ သူဟာ လူတွေရဲ့ဦးနှောက်ကိုစားချင်လာတဲ့အချိန်ဆိုရင် ချောကလက်စားကာ ဗိုက်ဆာတာကို ဖြေဖျောက်လို့ရပါတယ်။

Eddie ရဲ့ကင်ဆာရောဂါ
photo via screenrant

Eddie ဟာကင်ဆာရောဂါတစ်ခုကို ခံစားနေရပြီးတော့ အဲ့ဒါကြောင့်ပဲ adrenaline ဟော်မုန်းတွေိအများအပြားကို ထုတ်လုပ်ပေးပါတယ်။ အဲ့ဒီဟော်မုန်းတွေဟာ သွေးလည်ပတ်နှုန်းတွေ ၊ အသက်ရှုနှုန်းတွေနဲ့ နှလုံးခုန်နှုန်းတွေိကို ပုံမှန်ထက်ပိုပြီး မြန်ဆန်စေတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ အဲ့ဒီဟော်မုန်းတွေများလာတဲ့အချိန်ဆိုရင် ပူပန်မှုတွေနဲ့ စိတ်ဖိအားတွေကိုလည်း ပိုပြီးများလာစေပါတယ်။ ဒါပေမယ့်လည်း Venom ဟာအဲ့ဒီဟော်မုန်းတွေကို စားသုံးနေတာကြောင့် Eddie ကင်ဆာရောဂါဟာ အရမ်းကြီးမဆိုးရွားလာဘဲ ကင်ဆာဆဲလ်တွေဟာလည်း ရပ်တန့်နေခဲ့ပါတယ်။

တစ်ရက်မှာတော့ Venom ဟာသူနဲ့ကွဲထွက်သွားတာကြောင့် သူ့ရဲ့ကင်ဆာရောဂါဟာ အခြေအနေဆိုးရွားလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Li လို့ခေါ်တဲ့သူတစ်ယောက်ဟာ သူ့ရဲ့မှော်အစွမ်းနဲ့ Eddie ရဲ့ကင်ဆာရောဂါကို ကုသပေးခဲ့ပါတယ်။ သူ့ရဲ့ကုသပေးမှုကြောင့်ပဲ Eddie ရဲ့ခန္ဓာကိုယ်ထဲမှာကျန်ရှိနေတဲ့ Venom ရဲ့အကြွင်းအကျန်တွေနဲ့ Eddie ရဲ့သွေးဖြူဉတွေနဲ့ ပေါင်းစပ်သွားပြီးတော့ Anti-Venom ဆိုပြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ Anti-Venom ဟာ Venom ရဲ့အစွမ်းတွေအကုန်လုံးကို ပိုင်ဆိုင်တဲ့အပြင် လူတိုင်းမှာဖြစ်နေတဲ့ ရောဂါတွေကိုလည်း ကုသပေးနိုင်တဲ့အစွမ်းကိုပါ ပိုင်ဆိုင်ထားပါတယ်။

သူဟာ အိမ်ခြေရာမဲ့တွေကို ကာကွယ်ပေးခဲ့ပါတယ်။
photo via cbr

Eddie ဟာ Spider-Man နဲ့သဘောတူညီမှုပြုလုပ်ပြီးတဲ့နောက်မှာတော့ San Francisco ကိုပြောင်းရွေ့လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အိမ်မြေအကျိုးဆောင်ကုမ္ပဏီအကြီးကြီးတစ်ခုက San Francisco မြို့မှာရှိနေတဲ့ အိမ်ခြေရာမဲ့တွေနေထိုင်တဲ့နေရာကို ဖျက်စီးပစ်ပြီး အသစ်ကပြန်တည်ဆောက်ဖို့အတွက် ကြံစည်နေခဲ့ပါတယ်။ သူဟာအဲ့ဒါကိုသိသွားတဲ့အချိန်မှာတော့ ရပ်ကြည့်မနေနိုင်တော့ဘဲ အဲ့ဒီအိမ်ခြေရာမဲ့တွေကို ကာကွယ်ပေးဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။

အဲ့ဒီနောက်မှာတော့ သူဟာ အိမ်ခြေရာမဲ့တွေကို အန္တရာယ်ပေးဖို့လာတဲ့ ဘယ်သူမဆိုကို သူတစ်ယောက်တည်း တိုက်ခိုက်ပြီးတော့ ကာကွယ်ပေးခဲ့ပါတယ်။ အဲ့ဒီထဲမှာ စွမ်းအားရှိတဲ့လူတွေလည်းပါတဲ့အပြင် အဆင့်မြင့်နည်းပညာတွေကို အသုံးပြုတဲ့စစ်သားတွေပါ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့အားလုံးဟာ Venom နဲ့ရင်ဆိုင်ပြီးတဲ့နောက်မှာတော့ ကံကောင်းတဲ့သူတွေဟာ အဖွဲ့ပျက်သွားပြီး ကံမကောင်းတဲ့သူတွေကတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်။

Venom ဟာ Spider-Man ကိုချစ်ကြိုက်ခဲ့ပါတယ်။
photo via screenrant

Venom ဟာ Spider-Man ကိုပူးကပ်ခဲ့ရုံသာမကဘဲ ချစ်ပါချစ်ကြိုက်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ Venom ဟာဂြိုဟ်သားဝတ်စုံလိုပုံစံမျိုးပဲ ရှိသေးပြီး Spider-Man ဟာလည်း အဲ့ဒီဝတ်စုံကို အချိန်အတော်ကြာအောင် ဝတ်ဆင်ခဲ့ပါတယ်။ ဒါပေမယ့်လည်းနောက်ပိုင်းမှာတော့ သူဟာ တဖြည်းဖြည်းနဲ့ ထိန်းချုပ်လို့မရတော့ဘဲ မကောင်းတာတွေ ဖြစ်လာတာကြောင့် အဲ့ဒီဝတ်စုံကို ချွတ်ပစ်ခဲ့ပါတယ်။

“အချစ်ကြီးရင် အမြက်ကြီးတယ်” လို့ဆိုသလို Venom ဟာလည်း အဲ့ဒီအချိန်ကစပြီးတော့ Spider-Man ကို မုန်းတီးသွားပြီးတော့ သူ့ရဲ့ဗီလိန်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Spider-Man ရဲ့ spider sense ကို အားပျော့သွားအောင် ပြုလုပ်နိုင်တဲ့ တစ်ဦးတည်းသော ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။

Venom ဟာ တီဗီကြည့်ရတာကို ကြိုက်နှစ်သက်ပါတယ်။
photo via cbr

လူတိုင်းနီးပါးဟာ တီဗီကြည့်ရတာကို ကြိုက်နှစ်သက်ကြသလိုပဲ Venom ဟာလည်း တီဗီကြည့်ရတာကို ကြည့်နှစ်သက်ပါတယ်။ တစ်ခါတစ်လေကျရင် Eddie အိပ်ပျော်နေတဲ့အချိန်မှာတောင် သူဟာ တစ်ယောက်တည်း တီဗီကြည့်နေတတ်ပါတယ်။ သူ့ရဲ့အကြိုက်ဆုံးတီဗီအစီအစဉ်ကတော့ ဆေးပညာဆိုင်ရာအစီအစဉ်ဖြစ်ပြီးတော့ အိပ်ပျော်နေတဲ့ Eddie ရဲ့ကျောရိုးကိုတောင် ဘယ်လိုထိန်းချုပ်ရမလည်းဆိုတာကို အဲ့ဒီအစီအစဉ်ကနေ သင်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ သတင်းတွေကို ကြည့်ရတာကိုတော့ မကြိုက်ပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Venom ဟာ The Amazing Spider-Man #299 ဆိုတဲ့ေကာမစ္မွာ ပထမဦးဆုံးအႀကိမ္အျဖစ္ Marvel ေကာမစ္ေလာကထဲကို ဝင္ေရာက္လာခဲ့ပါတယ္။ သူ႔ရဲ႕ဆိုလို႐ုပ္ရွင္ထြက္ၿပီးသြားတဲ့ေနာက္မွာလည္း ေတာ္ေတာ္ေလးကို ေအာင္ျမင္လာခဲ့ၿပီးေတာ့ ပရိသတ္ေတြလည္း အမ်ားအျပားပိုင္ဆိုင္လာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သူ႔အေၾကာင္း စိတ္ဝင္စားဖို႔ေကာင္းတဲ့အေၾကာင္းေတြကို သူ႔ရဲ႕ပရိသတ္ေတြအတြက္ ေဖာ္ျပေပးခ်င္ပါတယ္။

Venom ကိုဖန္တီးဖို႔အတြက္ အႀကံကို ပရိသတ္တစ္ေယာက္ဆီက ရခဲ့တာျဖစ္ပါတယ္။
photo via screenrant

ပရိသတ္တစ္ေယာက္က ေပးပို႔ခဲ့တဲ့စာတစ္ေစာင္ထဲမွာ Venom ကိုဖန္တီးဖို႔အတြက္ အႀကံေပးခဲ့တာ ျဖစ္ပါတယ္။ ၁၉၈၀ ခုႏွစ္ေႏွာင္းပိုင္းေလာက္မွာ Marvel ဟာပရိသတ္ေတြထဲက ဇာတ္ေကာင္အသစ္ေတြကို ဖန္တီးဖို႔အတြက္ ၿပိဳင္ပြဲတစ္ခုလုပ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ အသက္ (၂၂) ႏွစ္အ႐ြယ္ရွိတဲ့ Randy Schueller ဟာ စာတစ္ေစာင္ကို ေပးပို႔ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Spider-Man ဟာ Fantastic Four အဖြဲ႕ထဲမွာရွိေနတာေၾကာင့္ သူဟာ Spider-Man အတြက္ မတည္ၿငိမ္တဲ့ေမာ္လီက်ဴးေတြနဲ႔ျပဳလုပ္ထားတဲ့ အနက္ေရာင္ဝတ္စုံအေၾကာင္းကို အဲ့ဒီစာထဲမွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။

Venom ဟာလည္း စတင္ဖန္တီးခဲ့တုန္းက အခုလိုအေကာင္ႀကီးမဟုတ္ေသးဘဲ ၿဂိဳဟ္သားဝတ္စုံတစ္ခုအေနနဲ႔ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီဝတ္စုံဟာ Spider-Man ရဲ႕စြမ္းရည္ေတြကို (၂၅) ရာခိုင္ႏႈန္းပိုၿပီး တိုးေစပါတယ္။ အဲ့ဒီအႀကံကိုေပးၿပီး လအနည္းငယ္ၾကာတဲ့အခ်ိန္မွာေတာ့ Marvel ကသူ႔ကိုစာျပန္ေပးပို႔ခဲ့ၿပီး သူ႔ရဲ႕အႀကံဉာဏ္နဲ႔ အဲ့ဒီဇာတ္ေကာင္ရဲ႕မူပိုင္ခြင့္ေတြအတြက္ပါ ေဒၚလာ (၂၂၀) ေပးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Marvel ဟာသူ႔ေပးခဲ့တဲ့အႀကံအတိုင္း ၿဂိဳဟ္သားဝတ္စုံပုံစံနဲ႔ စတင္ဖန္တီးခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ကြၽန္ေတာ္တို႔အခုသိၾကတဲ့ Venom ျဖစ္လာခဲ့ပါတယ္။

သူဟာ ေခ်ာကလက္ကိုလည္း ႀကိဳက္ပါတယ္။
photo via cbr

Venom ဟာ အသက္ရွင္သန္ဖို႔အတြက္ တစ္ျခားသတၱဝါေတြကို စားသုံးရၿပီးေတာ့ အထူးသျဖင့္ လူေတြရဲ႕ဉီးေႏွာက္ေတြကို အရမ္းကို ႀကိဳက္ႏွစ္သက္ပါတယ္။ ဒါေပမယ့္လည္း သူဟာ Eddie ကိုပူးကပ္ၿပီးေနတဲ့အခ်ိန္မွာေတာ့ ဦးေႏွာက္ေတြကိုစားမယ့္အစား တစ္ျခားအစားထိုးစရာတစ္ခုကို ရွာေတြ႕ခဲ့ရပါတယ္။

အဲ့ဒါကေတာ့ ေခ်ာကလက္ေတြပဲျဖစ္ၿပီးေတာ့ Venom ဗိုက္ဆာေနတဲ့အခ်ိန္မွာေတာင္ေခ်ာကလက္စားလိုက္ရရင္ တစ္ျခားသတၱဝါေတြကို စားခ်င္စိတ္မရွိေတာ့ဘူး။ အဲ့ဒါေၾကာင့္ပဲ သူဟာ လူေတြရဲ႕ဦးေႏွာက္ကိုစားခ်င္လာတဲ့အခ်ိန္ဆိုရင္ ေခ်ာကလက္စားကာ ဗိုက္ဆာတာကို ေျဖေဖ်ာက္လို႔ရပါတယ္။

Eddie ရဲ႕ကင္ဆာေရာဂါ
photo via screenrant

Eddie ဟာကင္ဆာေရာဂါတစ္ခုကို ခံစားေနရၿပီးေတာ့ အဲ့ဒါေၾကာင့္ပဲ adrenaline ေဟာ္မုန္းေတြိအမ်ားအျပားကို ထုတ္လုပ္ေပးပါတယ္။ အဲ့ဒီေဟာ္မုန္းေတြဟာ ေသြးလည္ပတ္ႏႈန္းေတြ ၊ အသက္ရႈႏႈန္းေတြနဲ႔ ႏွလုံးခုန္ႏႈန္းေတြိကို ပုံမွန္ထက္ပိုၿပီး ျမန္ဆန္ေစတဲ့ ေဟာ္မုန္းတစ္မ်ိဳး ျဖစ္ပါတယ္။ အဲ့ဒီေဟာ္မုန္းေတြမ်ားလာတဲ့အခ်ိန္ဆိုရင္ ပူပန္မႈေတြနဲ႔ စိတ္ဖိအားေတြကိုလည္း ပိုၿပီးမ်ားလာေစပါတယ္။ ဒါေပမယ့္လည္း Venom ဟာအဲ့ဒီေဟာ္မုန္းေတြကို စားသုံးေနတာေၾကာင့္ Eddie ကင္ဆာေရာဂါဟာ အရမ္းႀကီးမဆိုး႐ြားလာဘဲ ကင္ဆာဆဲလ္ေတြဟာလည္း ရပ္တန႔္ေနခဲ့ပါတယ္။

တစ္ရက္မွာေတာ့ Venom ဟာသူနဲ႔ကြဲထြက္သြားတာေၾကာင့္ သူ႔ရဲ႕ကင္ဆာေရာဂါဟာ အေျခအေနဆိုး႐ြားလာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Li လို႔ေခၚတဲ့သူတစ္ေယာက္ဟာ သူ႔ရဲ႕ေမွာ္အစြမ္းနဲ႔ Eddie ရဲ႕ကင္ဆာေရာဂါကို ကုသေပးခဲ့ပါတယ္။ သူ႔ရဲ႕ကုသေပးမႈေၾကာင့္ပဲ Eddie ရဲ႕ခႏၶာကိုယ္ထဲမွာက်န္ရွိေနတဲ့ Venom ရဲ႕အႂကြင္းအက်န္ေတြနဲ႔ Eddie ရဲ႕ေသြးျဖဴဉေတြနဲ႔ ေပါင္းစပ္သြားၿပီးေတာ့ Anti-Venom ဆိုၿပီး ျဖစ္ေပၚလာခဲ့ပါတယ္။ Anti-Venom ဟာ Venom ရဲ႕အစြမ္းေတြအကုန္လုံးကို ပိုင္ဆိုင္တဲ့အျပင္ လူတိုင္းမွာျဖစ္ေနတဲ့ ေရာဂါေတြကိုလည္း ကုသေပးႏိုင္တဲ့အစြမ္းကိုပါ ပိုင္ဆိုင္ထားပါတယ္။

သူဟာ အိမ္ေျခရာမဲ့ေတြကို ကာကြယ္ေပးခဲ့ပါတယ္။
photo via cbr

Eddie ဟာ Spider-Man နဲ႔သေဘာတူညီမႈျပဳလုပ္ၿပီးတဲ့ေနာက္မွာေတာ့ San Francisco ကိုေျပာင္းေ႐ြ႕လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အိမ္ေျမအက်ိဳးေဆာင္ကုမၸဏီအႀကီးႀကီးတစ္ခုက San Francisco ၿမိဳ႕မွာရွိေနတဲ့ အိမ္ေျခရာမဲ့ေတြေနထိုင္တဲ့ေနရာကို ဖ်က္စီးပစ္ၿပီး အသစ္ကျပန္တည္ေဆာက္ဖို႔အတြက္ ႀကံစည္ေနခဲ့ပါတယ္။ သူဟာအဲ့ဒါကိုသိသြားတဲ့အခ်ိန္မွာေတာ့ ရပ္ၾကည့္မေနႏိုင္ေတာ့ဘဲ အဲ့ဒီအိမ္ေျခရာမဲ့ေတြကို ကာကြယ္ေပးဖို႔အတြက္ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါေတာ့တယ္။

အဲ့ဒီေနာက္မွာေတာ့ သူဟာ အိမ္ေျခရာမဲ့ေတြကို အႏၲရာယ္ေပးဖို႔လာတဲ့ ဘယ္သူမဆိုကို သူတစ္ေယာက္တည္း တိုက္ခိုက္ၿပီးေတာ့ ကာကြယ္ေပးခဲ့ပါတယ္။ အဲ့ဒီထဲမွာ စြမ္းအားရွိတဲ့လူေတြလည္းပါတဲ့အျပင္ အဆင့္ျမင့္နည္းပညာေတြကို အသုံးျပဳတဲ့စစ္သားေတြပါ ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတို႔အားလုံးဟာ Venom နဲ႔ရင္ဆိုင္ၿပီးတဲ့ေနာက္မွာေတာ့ ကံေကာင္းတဲ့သူေတြဟာ အဖြဲ႕ပ်က္သြားၿပီး ကံမေကာင္းတဲ့သူေတြကေတာ့ အသက္ဆုံးရႈံးခဲ့ရပါတယ္။

Venom ဟာ Spider-Man ကိုခ်စ္ႀကိဳက္ခဲ့ပါတယ္။
photo via screenrant

Venom ဟာ Spider-Man ကိုပူးကပ္ခဲ့႐ုံသာမကဘဲ ခ်စ္ပါခ်စ္ႀကိဳက္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ Venom ဟာၿဂိဳဟ္သားဝတ္စုံလိုပုံစံမ်ိဳးပဲ ရွိေသးၿပီး Spider-Man ဟာလည္း အဲ့ဒီဝတ္စုံကို အခ်ိန္အေတာ္ၾကာေအာင္ ဝတ္ဆင္ခဲ့ပါတယ္။ ဒါေပမယ့္လည္းေနာက္ပိုင္းမွာေတာ့ သူဟာ တျဖည္းျဖည္းနဲ႔ ထိန္းခ်ဳပ္လို႔မရေတာ့ဘဲ မေကာင္းတာေတြ ျဖစ္လာတာေၾကာင့္ အဲ့ဒီဝတ္စုံကို ခြၽတ္ပစ္ခဲ့ပါတယ္။

“အခ်စ္ႀကီးရင္ အျမက္ႀကီးတယ္” လို႔ဆိုသလို Venom ဟာလည္း အဲ့ဒီအခ်ိန္ကစၿပီးေတာ့ Spider-Man ကို မုန္းတီးသြားၿပီးေတာ့ သူ႔ရဲ႕ဗီလိန္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ Spider-Man ရဲ႕ spider sense ကို အားေပ်ာ့သြားေအာင္ ျပဳလုပ္ႏိုင္တဲ့ တစ္ဦးတည္းေသာ ဗီလိန္တစ္ေယာက္ ျဖစ္ပါတယ္။

Venom ဟာ တီဗီၾကည့္ရတာကို ႀကိဳက္ႏွစ္သက္ပါတယ္။
photo via cbr

လူတိုင္းနီးပါးဟာ တီဗီၾကည့္ရတာကို ႀကိဳက္ႏွစ္သက္ၾကသလိုပဲ Venom ဟာလည္း တီဗီၾကည့္ရတာကို ၾကည့္ႏွစ္သက္ပါတယ္။ တစ္ခါတစ္ေလက်ရင္ Eddie အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာေတာင္ သူဟာ တစ္ေယာက္တည္း တီဗီၾကည့္ေနတတ္ပါတယ္။ သူ႔ရဲ႕အႀကိဳက္ဆုံးတီဗီအစီအစဥ္ကေတာ့ ေဆးပညာဆိုင္ရာအစီအစဥ္ျဖစ္ၿပီးေတာ့ အိပ္ေပ်ာ္ေနတဲ့ Eddie ရဲ႕ေက်ာ႐ိုးကိုေတာင္ ဘယ္လိုထိန္းခ်ဳပ္ရမလည္းဆိုတာကို အဲ့ဒီအစီအစဥ္ကေန သင္ယူခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ သတင္းေတြကို ၾကည့္ရတာကိုေတာ့ မႀကိဳက္ပါဘူး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular