HomeCharacterAvenger အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Vision အကြောင်း သိကောင်းစရာများ

Avenger အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Vision အကြောင်း သိကောင်းစရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Vision ဟာ ၁၉၆၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ The Avengers #57 ဆိုတဲ့ကောမစ်ထဲမှာ Marvel ကောမစ်လောကထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ သူဟာ အခုဆိုရင် Live Action တွေထဲမှာပါနေမယ့်လည်း သူ့ရဲ့အကြောင်းတွေကို သိပ်ပြီးတော့ ဖော်ပြထားတာမျိုး မရှိပါဘူး။ အဲ့ဒါကြောင့် သူ့ရဲ့ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ သူ့ရဲ့အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

Origin နှစ်ခု ရှိပါတယ်။
photo via screenrant

Stan Lee ဟာကိုယ်ပိုင်အသိဉာဏ်ရှိတဲ့ စက်ရုပ်ဇာတ်ကောင်ကို ဖန်တီးဖို့အတွက် စိတ်အားထက်သန်နေပြီးတော့ သူ့ရဲ့အကြံပေးချက်ကြောင့်ပဲ Roy Thomas က Vision ကိုဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ပထမ origin ကတော့ Avenger တွေကို တိုက်ခိုက်ခိုင်းဖို့အတွက် Ultron ကသူ့ကိုဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီ origin ကတော့ MCU ထဲက Vision ရဲ့ origin နဲ့အနည်းငယ်ဆင်တူပါတယ်။ ဒုတိယ origin ကတော့ Iron Lad ရဲ့အချိန်ခရီးသွားလို့ရတဲ့ ဝတ်စုံနဲ့ အရင် Vision ရဲ့စနစ်တွေကို ပေါင်းစပ်ပြီးတော့ Vision အသစ် ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီ Vision အသစ်ကတော့ Young Avengers ကောမစ်စီးရီးထဲမှာ စတင်ပြီးပါဝင်ခဲ့တာ ဖြစ်ပါတယ်။

တစ်ခြား timeline တစ်ခုမှာ သူဟာ မိန်းမဖြစ်နေပါတယ်။
photo via screenrant

၁၉၉၂ ခုနှစ်တုန်းက Marvel ဟာပုံမှန်မဟုတ်တဲ့ ကောမစ်စီးရီးတစ်ခုကို ထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီကောမစ်ဟာ ၂၀၉၉ ခုနှစ်ဖြစ်တဲ့အနာဂတ်အချိန်ကာလက အကြောင်းတွေကိုပုံဖော်ထားတာ ဖြစ်ပါတယ်။ အဲ့လိုလုပ်ဖို့အတွက် သူတို့ဟာ ဖြစ်နိုင်ချေရှိတဲ့ အနာဂတ်တွေထဲကတစ်ခုကို အခြေခံပြီး ပုံဖော်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Vision ဟာယောင်္ကျားတစ်ယောက်မဟုတ်တော့ဘဲ ငယ်ရွယ်တဲ့မိန်းမပျိုလေးတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အနာဂတ်ကိုလည်း အချိန်အနည်းငယ်လောက် ကြိုမြင်နိုင်တဲ့ စွမ်းအားပါရှိသေးတယ်။ အရင် Vision နဲ့တူတဲ့အချက်ကတော့ သူတို့နှစ်ယောက်လုံးရဲ့နဖူးမှာ Mind Stone ရှိနေတာပဲ ဖြစ်ပါတယ်။

သူ့ရဲ့စွမ်းအားများ
photo via screenrant

သူဟာ ကောမစ်ထဲမှာဆိုရင် သိပ်သည်းဆတွေကို ထိန်းချုပ်နိုင်တာကြောင့် လေပေါ်လည်းပျံလို့ရသလို အရာဝတ္ထုတွေကိုလည်း ဖြတ်သန်းသွားလာလို့ ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ပုံသဏ္ဍာန်ကိုလည်း အမျိုးမျိုးပြောင်းလဲနိုင်တဲ့အပြင် အဝေးကြီးကနေပြီးတော့ နည်းပညာတွေကိုလည်း ထိန်းချုပ်လို့ရပါသေးတယ်။

ထိခိုက်ဒဏ်ရာတွေရသွားရင်လည်း သူ့ကိုယ်သူပြန်လည်ကုသနိုင်တဲ့အပြင် သာမန်လူတွေထက်ပိုတဲ့ ခွန်အား ၊ အလျင်နဲ့ ဉာဏ်ရည်တွေကိုလည်း ပိုင်ဆိုင်ပါတယ်။ သူ့ရဲ့စွမ်းအားအကြီးဆုံးတိုက်ခိုက်မှုကတော့ Mind Stone ကနေ ရောင်ခြည်တွေကို ပစ်ထုတ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါတွေကတော့ ကောမစ်ထဲက Vision လုပ်နိုင်တဲ့အရာတွေဖြစ်ပြီးတော့ MCU ထဲမှာလည်း ဒီစွမ်းအားတွေထဲက တော်တော်များများကို ဖော်ပြခဲ့ဖူးပါတယ်။

သူဟာ လက်ထပ်ခဲ့ဖူးပါတယ်။
photo via screenrant

MCU ထဲမှာလည်း သူနဲ့ Wanda တို့ရဲ့အချစ်ဇာတ်လမ်းကို ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်တည်းအတွက် Wanda and Vision ဆိုပြီး စီးရီးတစ်ခုထွက်ဖို့တောင် ရှိပါသေးတယ်။ သူတို့နှစ်ယောက်ဟာ ကောမစ်ထဲမှာဆိုရင် တကယ်ကို လက်ထပ်ခဲ့ကြပါတယ်။ MCU ထဲမှာတော့ အဲ့လောက်ထိ ပုံဖော်သွားမလားဆိုတာတော့ မသေချာသေးပေမယ့် အဲ့ဒီစီးရီးထဲမှာတော့ သူတို့နှစ်ယောက် လက်ထပ်သွားမယ်လို့တော့ ထင်ပါတယ်။

ဒါ့အပြင် Wanda ဟာ Vision တွဲခဲ့ဖူးတဲ့ တစ်ယောက်တည်းသောသူမဟုတ်ဘဲ တစ်ခြားမိန်းကလေးတွေနဲ့လည်း တွဲခဲ့ဖူးပါသေးတယ်။ သူနဲ့ Wanda တို့ရဲ့ ဇာတ်လမ်းအဆုံးသတ်သွားတဲ့အချိန်မှာတော့ သူဟာ Carol Danvers (Captain Marvel) နဲ့ Mantis တို့နဲ့လည်း တွဲခဲ့ပါသေးတယ်။ အပေါ်မှာဖော်ပြခဲ့သလိုသူ့မှာ origin နှစ်ခုရှိပြီးတော့ ဒုတိယ origin မှာတော့ Vision အသစ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ Vision အသစ်ကလည်း Ant-Man ရဲ့သမီးဖြစ်သူ Cassie Lang နဲ့လည်း တွဲခဲ့ပါသေးတယ်။

သူ့မှာ ကလေးတွေလည်း ရှိခဲ့ပါသေးတယ်။
photo via screenrant

စက်ရုပ်နဲ့ သန္ဓေပြောင်းလူသားတစ်ယောက်ဟာ ဘယ်လိုနည်းမှ ကလေးမရနိုင်ဘူးလို့ တော်တော်များများက ထင်ကြမှာပါ။ အဲ့ဒီအချက်ကလည်း ပုံမှန်ဆိုရင်တော့ မှန်ပေမယ့် သူတို့နှစ်ယောက်ဟာ ကောမစ်ထဲက ဇာတ်ကောင်တွေဖြစ်တာကြောင့် တစ်နည်းနည်းနဲ့ ကလေးရသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Wanda ဟာ သူ့ရဲ့စွမ်းအားနဲ့ Mephisto ရဲ့ဝိဉာဉ်အပိုင်းအစတွေကို အသုံးပြုပြီးတော့ အမြွာကလေးနှစ်ယောက် ရအောင်ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီကလေးနှစ်ယောက်ရဲ့ နာမည်ကတော့ Thomas နဲ့ William ဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ Mephisto ဟာသူ့ရဲ့ဝိဉာဉ်အပိုင်းအစတွေကို ပြန်ပြီးလိုအပ်လာတာကြောင့် အဲ့ဒီကလေးနှစ်ယောက်ကို ပြန်လည်စုပ်ယူပြီးတော့ ဖြစ်တည်မှုကနေ ပယ်ဖျက်လိုက်ပါတယ်။ အဲ့ဒီဖြစ်ရပ်ကြောင့်ပဲ Wanda ဟာအရမ်းကို ကြေကွဲဝမ်းနည်းပြီးတော့ သူနဲ့ Vision ရဲ့ဆက်ဆံရေးဟာလည်း တဖြည်းဖြည်းနဲ့ အဆင်မပြေဖြစ်လာခဲ့ပါတယ်။

သူဟာ Avengers အဖွဲ့ကို ဦးဆောင်ခဲ့ဖူးပါသေးတယ်။
photo via screenrant

Avengers #242 ဆိုတဲ့ကောမစ်ထဲမှာ သူဟာ ကမ္ဘာဆီကိုဦးတည်ပြီးလာနေတဲ့ အန္တရာယ်တွေကို အာရုံခံမိပြီးတော့ လူသားတွေကို ကာကွယ်ပေးဖို့ကြိုးစားပါတော့တယ်။ အဲ့ဒီအချိန်မှာတော့ သူဟာ Avengers အဖွဲ့ကိုဦးဆောင်ပြီးတော့ တစ်ခြားအဖွဲ့ဝင်တွေကိုလည်း အဖွဲ့နှစ်ဖွဲ့ခွဲပြီး ကာကွယ်ဖို့အတွက် ပြောခဲ့ပါတယ်။ Avengers အဖွဲ့ရဲ့ခေါင်းဆောင်ဟာ အဲ့ဒီအချိန်မှာတော့ Wasp ဖြစ်နေပေမယ့်လည်း Vision ရဲ့စီမံခန့်ခွဲမှုတွေကို ကြည့်ပြီးတော့ သူ့ကိုဦးဆောင်ခွင့်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာအောင်မြင်စွာနဲ့ ဖြစ်ပေါ်လာတဲ့အန္တရာယ်တွေကို တားဆီးလိုက်နိုင်ပေမယ့်လည်း သူ့ရဲ့ကလေးတွေအပေါ်ကို ဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် သူ့ရဲ့စိတ်ဟာ အဲ့ဒီအချိန်မှာ ပုံမှန်မဟုတ်ခဲ့ပါဘူး။

အဲ့ဒါကြောင့်ပဲ သူဟာ ထိန်းချုပ်မှုလွတ်သွားပြီးတော့ ကမ္ဘာကြီးကို ကြီးစိုးဖို့ကြိုးစားခဲ့တဲ့အပြင် ကွန်ပြူတာစနစ်ကို အသုံးပြုပြီး တစ်ခြားသူတွေအားလုံးရဲ့အရေးကြီးတဲ့အချက်အလက်တွေကိုလည်း ခိုးယူခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Avengers တွေိဟာ သူ့ကိုအရင်လိုမျိုးပြန်ပြီး ဖြစ်အောင် ကြိုးစားခဲ့ကြပေမယ့်လည်း အရင်လိုဘယ်တော့မှ ပြန်မဖြစ်လာတော့ပါဘူး။ နောက်ပိုင်းမှာတော့ အစိုးရကတောင် ပါဝင်လာပြီးတော့ နောက်ဆုံးမှာတော့ သူ့ကို တစ်စစီဖြုတ်ပစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကတော့ သူ့ရဲ့ဇာတ်သိမ်းဖြစ်ပြီး နောက်ပိုင်းကျမှသာ Iron Lad ရဲ့ဝတ်စုံနဲ့ပေါင်းစပ်ပြီးတော့ Vision အသစ်ဖြစ်ပေါ်လာခဲ့ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Vision ဟာ ၁၉၆၈ ခုႏွစ္မွာ ထြက္ခဲ့တဲ့ The Avengers #57 ဆိုတဲ့ေကာမစ္ထဲမွာ Marvel ေကာမစ္ေလာကထဲကို စတင္ဝင္ေရာက္လာခဲ့ပါတယ္။ သူဟာ အခုဆိုရင္ Live Action ေတြထဲမွာပါေနမယ့္လည္း သူ႔ရဲ႕အေၾကာင္းေတြကို သိပ္ၿပီးေတာ့ ေဖာ္ျပထားတာမ်ိဳး မရွိပါဘူး။ အဲ့ဒါေၾကာင့္ သူ႔ရဲ႕ပရိသတ္ေတြအတြက္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ သူ႔ရဲ႕အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Origin ႏွစ္ခု ရွိပါတယ္။
photo via screenrant

Stan Lee ဟာကိုယ္ပိုင္အသိဉာဏ္ရွိတဲ့ စက္႐ုပ္ဇာတ္ေကာင္ကို ဖန္တီးဖို႔အတြက္ စိတ္အားထက္သန္ေနၿပီးေတာ့ သူ႔ရဲ႕အႀကံေပးခ်က္ေၾကာင့္ပဲ Roy Thomas က Vision ကိုဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ပထမ origin ကေတာ့ Avenger ေတြကို တိုက္ခိုက္ခိုင္းဖို႔အတြက္ Ultron ကသူ႔ကိုဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဒီ origin ကေတာ့ MCU ထဲက Vision ရဲ႕ origin နဲ႔အနည္းငယ္ဆင္တူပါတယ္။ ဒုတိယ origin ကေတာ့ Iron Lad ရဲ႕အခ်ိန္ခရီးသြားလို႔ရတဲ့ ဝတ္စုံနဲ႔ အရင္ Vision ရဲ႕စနစ္ေတြကို ေပါင္းစပ္ၿပီးေတာ့ Vision အသစ္ ျဖစ္ေပၚလာခဲ့ပါတယ္။ ဒီ Vision အသစ္ကေတာ့ Young Avengers ေကာမစ္စီးရီးထဲမွာ စတင္ၿပီးပါဝင္ခဲ့တာ ျဖစ္ပါတယ္။

တစ္ျခား timeline တစ္ခုမွာ သူဟာ မိန္းမျဖစ္ေနပါတယ္။
photo via screenrant

၁၉၉၂ ခုႏွစ္တုန္းက Marvel ဟာပုံမွန္မဟုတ္တဲ့ ေကာမစ္စီးရီးတစ္ခုကို ထုတ္ေဝခဲ့ပါတယ္။ အဲ့ဒီေကာမစ္ဟာ ၂၀၉၉ ခုႏွစ္ျဖစ္တဲ့အနာဂတ္အခ်ိန္ကာလက အေၾကာင္းေတြကိုပုံေဖာ္ထားတာ ျဖစ္ပါတယ္။ အဲ့လိုလုပ္ဖို႔အတြက္ သူတို႔ဟာ ျဖစ္ႏိုင္ေခ်ရွိတဲ့ အနာဂတ္ေတြထဲကတစ္ခုကို အေျခခံၿပီး ပုံေဖာ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Vision ဟာေယာက်ၤားတစ္ေယာက္မဟုတ္ေတာ့ဘဲ ငယ္႐ြယ္တဲ့မိန္းမပ်ိဳေလးတစ္ေယာက္ ျဖစ္ေနခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ အနာဂတ္ကိုလည္း အခ်ိန္အနည္းငယ္ေလာက္ ႀကိဳျမင္ႏိုင္တဲ့ စြမ္းအားပါရွိေသးတယ္။ အရင္ Vision နဲ႔တူတဲ့အခ်က္ကေတာ့ သူတို႔ႏွစ္ေယာက္လုံးရဲ႕နဖူးမွာ Mind Stone ရွိေနတာပဲ ျဖစ္ပါတယ္။

သူ႔ရဲ႕စြမ္းအားမ်ား
photo via screenrant

သူဟာ ေကာမစ္ထဲမွာဆိုရင္ သိပ္သည္းဆေတြကို ထိန္းခ်ဳပ္ႏိုင္တာေၾကာင့္ ေလေပၚလည္းပ်ံလို႔ရသလို အရာဝတၳဳေတြကိုလည္း ျဖတ္သန္းသြားလာလို႔ ရပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ပုံသ႑ာန္ကိုလည္း အမ်ိဳးမ်ိဳးေျပာင္းလဲႏိုင္တဲ့အျပင္ အေဝးႀကီးကေနၿပီးေတာ့ နည္းပညာေတြကိုလည္း ထိန္းခ်ဳပ္လို႔ရပါေသးတယ္။

ထိခိုက္ဒဏ္ရာေတြရသြားရင္လည္း သူ႔ကိုယ္သူျပန္လည္ကုသႏိုင္တဲ့အျပင္ သာမန္လူေတြထက္ပိုတဲ့ ခြန္အား ၊ အလ်င္နဲ႔ ဉာဏ္ရည္ေတြကိုလည္း ပိုင္ဆိုင္ပါတယ္။ သူ႔ရဲ႕စြမ္းအားအႀကီးဆုံးတိုက္ခိုက္မႈကေတာ့ Mind Stone ကေန ေရာင္ျခည္ေတြကို ပစ္ထုတ္ႏိုင္တာပဲ ျဖစ္ပါတယ္။ ဒါေတြကေတာ့ ေကာမစ္ထဲက Vision လုပ္ႏိုင္တဲ့အရာေတြျဖစ္ၿပီးေတာ့ MCU ထဲမွာလည္း ဒီစြမ္းအားေတြထဲက ေတာ္ေတာ္မ်ားမ်ားကို ေဖာ္ျပခဲ့ဖူးပါတယ္။

သူဟာ လက္ထပ္ခဲ့ဖူးပါတယ္။
photo via screenrant

MCU ထဲမွာလည္း သူနဲ႔ Wanda တို႔ရဲ႕အခ်စ္ဇာတ္လမ္းကို ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္ေယာက္တည္းအတြက္ Wanda and Vision ဆိုၿပီး စီးရီးတစ္ခုထြက္ဖို႔ေတာင္ ရွိပါေသးတယ္။ သူတို႔ႏွစ္ေယာက္ဟာ ေကာမစ္ထဲမွာဆိုရင္ တကယ္ကို လက္ထပ္ခဲ့ၾကပါတယ္။ MCU ထဲမွာေတာ့ အဲ့ေလာက္ထိ ပုံေဖာ္သြားမလားဆိုတာေတာ့ မေသခ်ာေသးေပမယ့္ အဲ့ဒီစီးရီးထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ လက္ထပ္သြားမယ္လို႔ေတာ့ ထင္ပါတယ္။

ဒါ့အျပင္ Wanda ဟာ Vision တြဲခဲ့ဖူးတဲ့ တစ္ေယာက္တည္းေသာသူမဟုတ္ဘဲ တစ္ျခားမိန္းကေလးေတြနဲ႔လည္း တြဲခဲ့ဖူးပါေသးတယ္။ သူနဲ႔ Wanda တို႔ရဲ႕ ဇာတ္လမ္းအဆုံးသတ္သြားတဲ့အခ်ိန္မွာေတာ့ သူဟာ Carol Danvers (Captain Marvel) နဲ႔ Mantis တို႔နဲ႔လည္း တြဲခဲ့ပါေသးတယ္။ အေပၚမွာေဖာ္ျပခဲ့သလိုသူ႔မွာ origin ႏွစ္ခုရွိၿပီးေတာ့ ဒုတိယ origin မွာေတာ့ Vision အသစ္တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီ Vision အသစ္ကလည္း Ant-Man ရဲ႕သမီးျဖစ္သူ Cassie Lang နဲ႔လည္း တြဲခဲ့ပါေသးတယ္။

သူ႔မွာ ကေလးေတြလည္း ရွိခဲ့ပါေသးတယ္။
photo via screenrant

စက္႐ုပ္နဲ႔ သေႏၶေျပာင္းလူသားတစ္ေယာက္ဟာ ဘယ္လိုနည္းမွ ကေလးမရႏိုင္ဘူးလို႔ ေတာ္ေတာ္မ်ားမ်ားက ထင္ၾကမွာပါ။ အဲ့ဒီအခ်က္ကလည္း ပုံမွန္ဆိုရင္ေတာ့ မွန္ေပမယ့္ သူတို႔ႏွစ္ေယာက္ဟာ ေကာမစ္ထဲက ဇာတ္ေကာင္ေတြျဖစ္တာေၾကာင့္ တစ္နည္းနည္းနဲ႔ ကေလးရသြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Wanda ဟာ သူ႔ရဲ႕စြမ္းအားနဲ႔ Mephisto ရဲ႕ဝိဉာဥ္အပိုင္းအစေတြကို အသုံးျပဳၿပီးေတာ့ အႁမြာကေလးႏွစ္ေယာက္ ရေအာင္ျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီကေလးႏွစ္ေယာက္ရဲ႕ နာမည္ကေတာ့ Thomas နဲ႔ William ျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ Mephisto ဟာသူ႔ရဲ႕ဝိဉာဥ္အပိုင္းအစေတြကို ျပန္ၿပီးလိုအပ္လာတာေၾကာင့္ အဲ့ဒီကေလးႏွစ္ေယာက္ကို ျပန္လည္စုပ္ယူၿပီးေတာ့ ျဖစ္တည္မႈကေန ပယ္ဖ်က္လိုက္ပါတယ္။ အဲ့ဒီျဖစ္ရပ္ေၾကာင့္ပဲ Wanda ဟာအရမ္းကို ေၾကကြဲဝမ္းနည္းၿပီးေတာ့ သူနဲ႔ Vision ရဲ႕ဆက္ဆံေရးဟာလည္း တျဖည္းျဖည္းနဲ႔ အဆင္မေျပျဖစ္လာခဲ့ပါတယ္။

သူဟာ Avengers အဖြဲ႕ကို ဦးေဆာင္ခဲ့ဖူးပါေသးတယ္။
photo via screenrant

Avengers #242 ဆိုတဲ့ေကာမစ္ထဲမွာ သူဟာ ကမာၻဆီကိုဦးတည္ၿပီးလာေနတဲ့ အႏၲရာယ္ေတြကို အာ႐ုံခံမိၿပီးေတာ့ လူသားေတြကို ကာကြယ္ေပးဖို႔ႀကိဳးစားပါေတာ့တယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူဟာ Avengers အဖြဲ႕ကိုဦးေဆာင္ၿပီးေတာ့ တစ္ျခားအဖြဲ႕ဝင္ေတြကိုလည္း အဖြဲ႕ႏွစ္ဖြဲ႕ခြဲၿပီး ကာကြယ္ဖို႔အတြက္ ေျပာခဲ့ပါတယ္။ Avengers အဖြဲ႕ရဲ႕ေခါင္းေဆာင္ဟာ အဲ့ဒီအခ်ိန္မွာေတာ့ Wasp ျဖစ္ေနေပမယ့္လည္း Vision ရဲ႕စီမံခန႔္ခြဲမႈေတြကို ၾကည့္ၿပီးေတာ့ သူ႔ကိုဦးေဆာင္ခြင့္ေပးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာေအာင္ျမင္စြာနဲ႔ ျဖစ္ေပၚလာတဲ့အႏၲရာယ္ေတြကို တားဆီးလိုက္ႏိုင္ေပမယ့္လည္း သူ႔ရဲ႕ကေလးေတြအေပၚကို ျဖစ္ခဲ့တဲ့ျဖစ္ရပ္ေၾကာင့္ သူ႔ရဲ႕စိတ္ဟာ အဲ့ဒီအခ်ိန္မွာ ပုံမွန္မဟုတ္ခဲ့ပါဘူး။

အဲ့ဒါေၾကာင့္ပဲ သူဟာ ထိန္းခ်ဳပ္မႈလြတ္သြားၿပီးေတာ့ ကမာၻႀကီးကို ႀကီးစိုးဖို႔ႀကိဳးစားခဲ့တဲ့အျပင္ ကြန္ျပဴတာစနစ္ကို အသုံးျပဳၿပီး တစ္ျခားသူေတြအားလုံးရဲ႕အေရးႀကီးတဲ့အခ်က္အလက္ေတြကိုလည္း ခိုးယူခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Avengers ေတြိဟာ သူ႔ကိုအရင္လိုမ်ိဳးျပန္ၿပီး ျဖစ္ေအာင္ ႀကိဳးစားခဲ့ၾကေပမယ့္လည္း အရင္လိုဘယ္ေတာ့မွ ျပန္မျဖစ္လာေတာ့ပါဘူး။ ေနာက္ပိုင္းမွာေတာ့ အစိုးရကေတာင္ ပါဝင္လာၿပီးေတာ့ ေနာက္ဆုံးမွာေတာ့ သူ႔ကို တစ္စစီျဖဳတ္ပစ္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ကေတာ့ သူ႔ရဲ႕ဇာတ္သိမ္းျဖစ္ၿပီး ေနာက္ပိုင္းက်မွသာ Iron Lad ရဲ႕ဝတ္စုံနဲ႔ေပါင္းစပ္ၿပီးေတာ့ Vision အသစ္ျဖစ္ေပၚလာခဲ့ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular