HomeCharacterသင်သိထားသင့်တဲ့ Winter Soldier အကြောင်း စိတ်ဝင်စားစရာအချက်များ

သင်သိထားသင့်တဲ့ Winter Soldier အကြောင်း စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Bucky Barnes ဟာ ၁၉၄၁ ခုနှစ်ကထွက်ခဲ့တဲ့ Captain America Comics #1 ထဲမှာ စတင်ပြီး ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စတင်ပါဝင်ခဲ့တဲ့အချိန်တုန်းက သာမန်လူတစ်ယောက်ပုံစံနဲ့ပဲ ပါဝင်ခဲ့တာဖြစ်ပြီးတော့ ၂၀၀၅ ခုနှစ်မှာထွက်ခဲ့တဲ့ Captain America #1 ဆိုတဲ့ ကောမစ်ထဲမှာမှ Winter Soldier အဖြစ်နဲ့ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ သူ့ရဲ့ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ သူ့ရဲ့အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

သူဟာ ရုရှားနိုင်ငံရဲ့ လျှို့ဝှက်စပိုင်အဖြစ်နဲ့ရော လုပ်ကြံရေးသမားတစ်ယောက်အနေနဲ့ပါ အလုပ်လုပ်ပေးခဲ့ရပါတယ်။
photo via screenrant

Cap ဟာသူ့ကိုသေသွားပြီလို့ထင်နေတဲ့အချိန်တွေမှာ သူကတော့ Hydra အဖွဲ့အစည်းရဲ့ဖမ်းထားတာကို ခံနေရပြီး Winter Soldier ပရိုဂရမ်အတွက် အစမ်းသပ်ခံနေခဲ့ရပါတယ်။ သူ့ကိုသေမလိုဖြစ်သွားစေတဲ့ မတော်တဆမှုကြောင့်ပဲ သူဟာမှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူဟာ ခံစားချက်တွေမရှိတော့အောင် ဉီးနှောက်ဆေးခံခဲ့ရတဲ့အပြင် ပျက်သွားတဲ့လက်နေရာမှာ သတ္တုလက်တစ်ဖက်ကို တပ်ပေးပြီးတော့ သူ့တို့ရဲ့စိတ်တိုင်းကျ အသုံးချပါတော့တယ်။ အဲ့ဒါတွေကို လုပ်ပြီးသွားတဲ့နောက်မှာတော့ သူဟာ လုပ်ကြံရေးမစ်ရှင်တွေနဲ့ ထောက်လှမ်းရေးလုပ်ပေးရတဲ့မစ်ရှင်တွေအများကြီးကို ဆယ်စုနှစ်နဲ့ချီအောင် လုပ်ပေးခဲ့ရပါတယ်။

သူ့ရဲ့သားဟာ Red Skull ဖြစ်လာခဲ့ပါတယ်။
photo via cbr

ဒီအဖြစ်အပျက်ကတော့ အခုရှိနေတဲ့ universe မှာ ဖြစ်ခဲ့တာမဟုတ်ဘဲနဲ့ တစ်ခြား universe တစ်ခုမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီ universe မှာတော့ Bucky ဟာအခုလိုအန္တရာယ်ရှိတဲ့လူတစ်ယောက် မဖြစ်လာဘဲနဲ့ အဆုတ်ကင်ဆာကို ခံစားနေရတဲ့သာမန်အဘိုးကြီးတစ်ယောက် ဖြစ်ပြီး Gail ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ သာမန်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ထူးခြားတာတစ်ခုကတော့ သူဟာ Steve Rogers ကိုစစ်ပွဲအတွင်းမှာပဲ သေဆုံးသွားပြီလို့ ထင်မှတ်နေခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အခု universe မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့ ပြောင်းပြန်တွေ ဖြစ်နေခဲ့ပါတယ်။

Steve ဟာ မသေခင်တုန်းက Gail နဲ့ချစ်ကြိုက်ကြပြီးတော့ Gail ဟာကိုယ်ဝန်ရသွားခဲ့ပါတယ်။ အစိုးရဟာ Steve မှာသားတစ်ယောက်ရှိတာကို တစ်ခြားလူတွေကိုမသိစေချင်တာကြောင့် အဲ့ဒီကလေးကို စစ်တပ်ထဲက ကလေးထိန်းသိမ်းရေးစခန်းကိုပို့ဖို့အတွက် Gail ကိုခြိမ်းခြောက်တွန်းအားပေးခဲ့ပါတယ်။ Bucky ကလည်းစစ်သားတစ်ယောက်ဖြစ်ခဲ့တာကြောင့် အဲ့ဒီကလေးကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီကလေးဟာ တစ်ခြားသူတွေဖြစ်စေချင်သလို ဖြစ်မလာဘဲနဲ့ Red Skull ဆိုတဲ့ ဗီလိန်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူဟာ Captain America ဖြစ်လာခဲ့ဖူးပါသေးတယ်။
photo via screenrant

Civil War ဆိုတဲ့ကောမစ်စီးရီးထဲမှာ Cap နဲ့ Tony တို့ဟာ သဘောထားကွဲလွဲမှုတွေဖြစ်လာပြီးတော့ အချင်းချင်းတိုက်ပွဲတွေ ဖြစ်ကုန်ကြပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ Cap ဟာ အရှုံးပေးလိုက်တာကြောင့် တရားခွင်မှာ အမှုစစ်ခံရပါတော့တယ်။ ဒါပေမဲ့လည်း ဉီးနှောက်ဆေးခံထားရတဲ့ Sharon Carter နဲ့ Crossbones တို့ဟာ Red Skull ရဲ့အမိန့်ကြောင့် တရားခွင်ထဲမှာတင် Cap ကိုသေနတ်နဲ့ ပစ်သတ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Bucky ဟာအရမ်းကို ဒေါသထွက်သွားပြီး Cap သေသွားရတဲ့အကြောင်းအရင်းဟာ Tony ကြောင့်ဆိုပြီး အပြစ်တင်ပါတော့တယ်။

အဲ့ဒါတွေဖြစ်ပြီးတဲ့နောက်မှာ Cap ရဲ့နေရာဟာလွတ်နေတာကြောင့် နောက်ထပ် Captain America အသစ်တစ်ယောက်ကို ရွေးမယ်ဆိုပြီး S.H.I.E.L.D. အဖွဲ့ရဲ့ဒါရိုက်တာက ကြေငြာလိုက်တဲ့အချိန်မှာတော့ Bucky ဟာပိုပြီးဒေါသထွက်သွားပြီး Cap နေရာကိုဘယ်သူမှ မယူနိုင်အောင် Cap ရဲ့ဒိုင်းကို ခိုးသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Tony ဟာ Cap မသေခင်က ရေးထားတဲ့စာကို Bucky ဆီကိုပေးလိုက်ပြီးတော့ Captain America အသစ်အဖြစ်နဲ့ နေထိုင်ဖို့ကို နားချခဲ့တာကြောင့် သူဟာမကြာခင်မှာပဲ Captain America အသစ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း နှစ်တွေကြာသွားတဲ့အချိန်မှာတော့ Steve ဟာမသေသေးဘဲ ပြန်ပြီးရောက်လာတာအချိန်မှာတော့ သူဟာ Cap နေရာကနေ ဖယ်ပေးခဲ့ပါတယ်။

သူဟာ သေဆုံးခဲ့ဖူးပါသေးတယ်။
photo via cbr

သူဟာ Captain America နေရာကို ယူပြီးသွားတဲ့နောက်မှာတော့ ရာဇဝတ်မှုတွေကို တိုက်ဖျက်ပြီးတော့ ဟီးရိုးတစ်ယောက်အနေနဲ့ နေထိုင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ သူဟာ Red Skull ရဲ့သမီးဖြစ်သူ Sinthea “Sin” Schmidt နဲ့တိုက်ခိုက်ဖို့အတွက် ဖြစ်လာပါတော့တယ်။ အဲ့ဒီတိုက်ပွဲမှာတော့ သူဟာရှုံးနိမ့်သွားပြီး အသတ်ခံလိုက်ရပါတယ်။

နောက်ပိုင်းမှာတော့ S.H.I.E.L.D. အဖွဲ့အစည်းဟာ Infinity Formula နဲ့ အသက်ပြန်ရှင်လာအောင် ပြုလုပ်ခဲ့တဲ့အပြင် အသက်ကြီးတဲ့နှုန်းကိုလည်း နှေးသွားစေခဲ့ပါတယ်။ ဒါပေမဲ့လည်း တစ်ကမ္ဘာလုံးဟာ သူ့ကိုသေသွားပြီလို့ထင်ထားကြတာ ဖြစ်တာကြောင့် သူဟာ အဲ့ဒီအချက်ကိုအခွင့်ကောင်းယူပြီးတော့ သူအသက်ရှင်နေတယ်ဆိုတာကို ဘယ်သူမှမသိအောင်နေထိုင်ရင်း မစ်ရှင်တွေကို တိတ်တဆိတ်လုပ်ဆောင်နေခဲ့ပါတယ်။

သူဟာ Natasha Romanoff နဲ့လည်း ချစ်ကြိုက်ခဲ့ပါသေးတယ်။
photo via screenrant

သူဟာ Department X ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ရုရှားနိုင်ငံအတွက် အလုပ်လုပ်ပေးနေတဲ့အချိန်တုန်းက Natasha ဟာလည်း Department X ရဲ့ပရိုဂရမ်တစ်ခုဖြစ်တဲ့ Black Widow ပရိုဂရမ်မှာ လေ့ကျင့်ရေးတွေ လုပ်နေခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက Natasha ဟာ Bucky ရဲ့လက်အောက်မှာတောင် လေ့ကျင့်ရေးတွေလုပ်ခဲ့ရပြီးတော့ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ ချစ်ကြိုက်သွားခဲ့ပါတယ်။ ဒါ့အပြင် Bucky ဟာသူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်ရပြီးတော့ Avengers တွေနဲ့ S.H.I.E.L.D. အဖွဲ့တို့နဲ့ တွဲပြီးအလုပ်လုပ်တဲ့အချိန်မှာလည်း သူတို့နှစ်ယောက်ဟာ ပြန်တွေ့ခဲ့ကြပြီးတော့ မစ်ရှင်တွေအများကြီးကို အတူတူလုပ်ခဲ့ကြပါသေးတယ်။

သူ့ကိုစတင်ဖန်တီးခဲ့တဲ့အချိန်တုန်းက Cap ရဲ့ sidekick အနေနဲ့ထည့်သွင်းခဲ့ပါတယ်။
photo via cbr

Joe Simon ဟာသူ့ကို ၁၉၄၀ ခုနှစ်လောက်ကစတင်ဖန်တီးခဲ့တာ ဖြစ်ပြီးတော့ Cap ရဲ့ sidekick အနေနဲ့ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက Batman နဲ့ Robin လိုမျိုးဟီးရိုးတွေဟာ အရမ်းကိုအောင်မြင်နေတာကြောင့် သူတို့ဟာလည်း Cap ကိုအဲ့လိုပုံစံမျိုး ဖန်တီးချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Bucky ဆိုတဲ့နာမည်ကိုပေးခဲ့ရတဲ့အကြောင်းကတော့ အဲ့ဒီနာမည်ဟာ ဘတ်စကတ်ဘောကစားသမားတစ်ယောက်နာမည်နဲ့ Simon ရဲ့ငယ်ဘဝကသူငယ်ချင်းတစ်ယောက်ရဲ့ နာမည်ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

သူ့ရဲ့သေဆုံးမှုကြောင့် Marvel မှာဆယ်ကျော်သက် sidekick တွေများများစားစား မရှိတာဖြစ်ပါတယ်။
photo via screenrant

DC ကောမစ်တွေမှာဆိုရင် Batman နဲ့ Robin လိုမျိုး ဟီးရိုးတွေဟာ တော်တော်လေးကို နာမည်ကြီးကြပါတယ်။ Marvel ကလည်း အစကတော့ Cap နဲ့ Bucky ဟာအဲ့လိုမျိုး နာမည်ကြီးတဲ့အတွဲတစ်ခုဖြစ်အောင် ဖန်တီးချင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ကောမစ်တစ်ခုမှာတော့ ဗီလိန်တစ်ယောက်ရဲ့လက်ချက်ကြောင့် Bucky ဟာအသက်ဆုံးရှုံးခဲ့ရပါတယ်။

အဲ့ဒီကောမစ်ထွက်ပြီးနောက်ပိုင်းမှာ Stan Lee ဟာအခုလို ဆယ်ကျော်သက်အရွယ်လူငယ်တစ်ယောက်ကို အသက်အန္တရာယ်ဖြစ်စေမယ့်အလုပ်တွေကိုလုပ်ခိုင်းရတာဟာ အကြင်နာတရားမရှိဘူးလို့ ခံစားခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ အဲ့ဒီနောက်ပိုင်းမှာ Marvel ရဲ့ဟီးရိုးတွေတော်တော်များများမှာ ဆယ်ကျော်သက်အရွယ် sidekick တွေကို မထည့်သွင်းတော့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဟာ sidekick လိုမျိုးမဟုတ်ဘဲနဲ့ ရဲဖော်ရဲဖက်တွေအဖြစ်နဲ့ သက်တူရွယ်တူ Bucky တစ်ယောက်ကိုထပ်မံဖန်တီးလိုက်ပြီးတော့ ကျွန်တော်တို့သိကြတဲ့ Winter Soldier ဆိုတာ ဖြစ်လာခဲ့တာပါ။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Bucky Barnes ဟာ ၁၉၄၁ ခုႏွစ္ကထြက္ခဲ့တဲ့ captain america comics #1 ထဲမွာ စတင္ၿပီး ပါဝင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း စတင္ပါဝင္ခဲ့တဲ့အခ်ိန္တုန္းက သာမန္လူတစ္ေယာက္ပုံစံနဲ႔ပဲ ပါဝင္ခဲ့တာျဖစ္ၿပီးေတာ့ ၂၀၀၅ ခုႏွစ္မွာထြက္ခဲ့တဲ့ captain america #1 ဆိုတဲ့ ေကာမစ္ထဲမွာမွ Winter Soldier ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ သူ႔ရဲ႕ပရိသတ္ေတြအတြက္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ သူ႔ရဲ႕အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူဟာ ႐ုရွားႏိုင္ငံရဲ႕ လွ်ိဳ႕ဝွက္စပိုင္အျဖစ္နဲ႔ေရာ လုပ္ႀကံေရးသမားတစ္ေယာက္အေနနဲ႔ပါ အလုပ္လုပ္ေပးခဲ့ရပါတယ္။
photo via screenrant

Cap ဟာသူ႔ကိုေသသြားၿပီလို႔ထင္ေနတဲ့အခ်ိန္ေတြမွာ သူကေတာ့ Hydra အဖြဲ႕အစည္းရဲ႕ဖမ္းထားတာကို ခံေနရၿပီး Winter Soldier ပ႐ိုဂရမ္အတြက္ အစမ္းသပ္ခံေနခဲ့ရပါတယ္။ သူ႔ကိုေသမလိုျဖစ္သြားေစတဲ့ မေတာ္တဆမႈေၾကာင့္ပဲ သူဟာမွတ္ဉာဏ္ေတြေပ်ာက္ဆုံးသြားခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူဟာ ခံစားခ်က္ေတြမရွိေတာ့ေအာင္ ဉီးေႏွာက္ေဆးခံခဲ့ရတဲ့အျပင္ ပ်က္သြားတဲ့လက္ေနရာမွာ သတၱဳလက္တစ္ဖက္ကို တပ္ေပးၿပီးေတာ့ သူ႔တို႔ရဲ႕စိတ္တိုင္းက် အသုံးခ်ပါေတာ့တယ္။ အဲ့ဒါေတြကို လုပ္ၿပီးသြားတဲ့ေနာက္မွာေတာ့ သူဟာ လုပ္ႀကံေရးမစ္ရွင္ေတြနဲ႔ ေထာက္လွမ္းေရးလုပ္ေပးရတဲ့မစ္ရွင္ေတြအမ်ားႀကီးကို ဆယ္စုႏွစ္နဲ႔ခ်ီေအာင္ လုပ္ေပးခဲ့ရပါတယ္။

သူ႔ရဲ႕သားဟာ Red Skull ျဖစ္လာခဲ့ပါတယ္။
photo via cbr

ဒီအျဖစ္အပ်က္ကေတာ့ အခုရွိေနတဲ့ universe မွာ ျဖစ္ခဲ့တာမဟုတ္ဘဲနဲ႔ တစ္ျခား universe တစ္ခုမွာ ျဖစ္ခဲ့တဲ့အျဖစ္အပ်က္ပဲ ျဖစ္ပါတယ္။ အဲ့ဒီ universe မွာေတာ့ Bucky ဟာအခုလိုအႏၲရာယ္ရွိတဲ့လူတစ္ေယာက္ မျဖစ္လာဘဲနဲ႔ အဆုတ္ကင္ဆာကို ခံစားေနရတဲ့သာမန္အဘိုးႀကီးတစ္ေယာက္ ျဖစ္ၿပီး Gail ဆိုတဲ့အမ်ိဳးသမီးတစ္ေယာက္နဲ႔ သာမန္မိသားစုဘဝေလးကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ ဒါ့အျပင္ ထူးျခားတာတစ္ခုကေတာ့ သူဟာ Steve Rogers ကိုစစ္ပြဲအတြင္းမွာပဲ ေသဆုံးသြားၿပီလို႔ ထင္မွတ္ေနခဲ့ပါတယ္။ ေျပာရမယ္ဆိုရင္ အခု universe မွာျဖစ္ခဲ့တဲ့အျဖစ္အပ်က္ေတြနဲ႔ ေျပာင္းျပန္ေတြ ျဖစ္ေနခဲ့ပါတယ္။

Steve ဟာ မေသခင္တုန္းက Gail နဲ႔ခ်စ္ႀကိဳက္ၾကၿပီးေတာ့ Gail ဟာကိုယ္ဝန္ရသြားခဲ့ပါတယ္။ အစိုးရဟာ Steve မွာသားတစ္ေယာက္ရွိတာကို တစ္ျခားလူေတြကိုမသိေစခ်င္တာေၾကာင့္ အဲ့ဒီကေလးကို စစ္တပ္ထဲက ကေလးထိန္းသိမ္းေရးစခန္းကိုပို႔ဖို႔အတြက္ Gail ကိုၿခိမ္းေျခာက္တြန္းအားေပးခဲ့ပါတယ္။ Bucky ကလည္းစစ္သားတစ္ေယာက္ျဖစ္ခဲ့တာေၾကာင့္ အဲ့ဒီကေလးကို ၾကည့္ရႈေစာင့္ေရွာက္ေပးခဲ့ပါတယ္။ ဒါေပမဲ့လည္း အဲ့ဒီကေလးဟာ တစ္ျခားသူေတြျဖစ္ေစခ်င္သလို ျဖစ္မလာဘဲနဲ႔ Red Skull ဆိုတဲ့ ဗီလိန္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

သူဟာ Captain America ျဖစ္လာခဲ့ဖူးပါေသးတယ္။
photo via screenrant

Civil War ဆိုတဲ့ေကာမစ္စီးရီးထဲမွာ Cap နဲ႔ Tony တို႔ဟာ သေဘာထားကြဲလြဲမႈေတြျဖစ္လာၿပီးေတာ့ အခ်င္းခ်င္းတိုက္ပြဲေတြ ျဖစ္ကုန္ၾကပါတယ္။ ဒါေပမဲ့လည္း ေနာက္ဆုံးမွာေတာ့ Cap ဟာ အရႈံးေပးလိုက္တာေၾကာင့္ တရားခြင္မွာ အမႈစစ္ခံရပါေတာ့တယ္။ ဒါေပမဲ့လည္း ဉီးေႏွာက္ေဆးခံထားရတဲ့ Sharon Carter နဲ႔ Crossbones တို႔ဟာ Red Skull ရဲ႕အမိန႔္ေၾကာင့္ တရားခြင္ထဲမွာတင္ Cap ကိုေသနတ္နဲ႔ ပစ္သတ္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Bucky ဟာအရမ္းကို ေဒါသထြက္သြားၿပီး Cap ေသသြားရတဲ့အေၾကာင္းအရင္းက Tony ေၾကာင့္ဆိုၿပီး အျပစ္တင္ပါေတာ့တယ္။

အဲ့ဒါေတြျဖစ္ၿပီးတဲ့ေနာက္မွာ Cap ရဲ႕ေနရာဟာလြတ္ေနတာေၾကာင့္ ေနာက္ထပ္ Captain America အသစ္တစ္ေယာက္ကို ေ႐ြးမယ္ဆိုၿပီး S.H.I.E.L.D. အဖြဲ႕ရဲ႕ဒါ႐ိုက္တာက ေၾကျငာလိုက္တဲ့အခ်ိန္မွာေတာ့ Bucky ဟာပိုၿပီးေဒါသထြက္သြားၿပီး Cap ေနရာကိုဘယ္သူမွ မယူႏိုင္ေအာင္ Cap ရဲ႕ဒိုင္းကို ခိုးသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Tony ဟာ Cap မေသခင္က ေရးထားတဲ့စာကို Bucky ဆီကိုေပးလိုက္ၿပီးေတာ့ Captain America အသစ္အျဖစ္နဲ႔ ေနထိုင္ဖို႔ကို နားခ်ခဲ့တာေၾကာင့္ သူဟာမၾကာခင္မွာပဲ Captain America အသစ္ျဖစ္လာခဲ့ပါတယ္။ ဒါေပမဲ့လည္း ႏွစ္ေတြၾကာသြားတဲ့အခ်ိန္မွာေတာ့ Steve ဟာမေသေသးဘဲ ျပန္ၿပီးေရာက္လာတာအခ်ိန္မွာေတာ့ သူဟာ Cap ေနရာကေန ဖယ္ေပးခဲ့ပါတယ္။

သူဟာ ေသဆုံးခဲ့ဖူးပါေသးတယ္။
photo via cbr

သူဟာ Captain America ေနရာကို ယူၿပီးသြားတဲ့ေနာက္မွာေတာ့ ရာဇဝတ္မႈေတြကို တိုက္ဖ်က္ၿပီးေတာ့ ဟီး႐ိုးတစ္ေယာက္အေနနဲ႔ ေနထိုင္ခဲ့ပါတယ္။ တစ္ရက္မွာေတာ့ သူဟာ Red Skull ရဲ႕သမီးျဖစ္သူ Sinthea “Sin” Schmidt နဲ႔တိုက္ခိုက္ဖို႔အတြက္ ျဖစ္လာပါေတာ့တယ္။ အဲ့ဒီတိုက္ပြဲမွာေတာ့ သူဟာရႈံးနိမ့္သြားၿပီး အသတ္ခံလိုက္ရပါတယ္။

ေနာက္ပိုင္းမွာေတာ့ S.H.I.E.L.D. အဖြဲ႕အစည္းဟာ Infinity Formula နဲ႔ အသက္ျပန္ရွင္လာေအာင္ ျပဳလုပ္ခဲ့တဲ့အျပင္ အသက္ႀကီးတဲ့ႏႈန္းကိုလည္း ေႏွးသြားေစခဲ့ပါတယ္။ ဒါေပမဲ့လည္း တစ္ကမာၻလုံးဟာ သူ႔ကိုေသသြားၿပီလို႔ထင္ထားၾကတာ ျဖစ္တာေၾကာင့္ သူဟာ အဲ့ဒီအခ်က္ကိုအခြင့္ေကာင္းယူၿပီးေတာ့ သူအသက္ရွင္ေနတယ္ဆိုတာကို ဘယ္သူမွမသိေအာင္ေနထိုင္ရင္း မစ္ရွင္ေတြကို တိတ္တဆိတ္လုပ္ေဆာင္ေနခဲ့ပါတယ္။

သူဟာ Natasha Romanoff နဲ႔လည္း ခ်စ္ႀကိဳက္ခဲ့ပါေသးတယ္။
photo via screenrant

သူဟာ Department X ရဲ႕အစိတ္အပိုင္းတစ္ခုအျဖစ္ ႐ုရွားႏိုင္ငံအတြက္ အလုပ္လုပ္ေပးေနတဲ့အခ်ိန္တုန္းက Natasha ဟာလည္း Department X ရဲ႕ပ႐ိုဂရမ္တစ္ခုျဖစ္တဲ့ Black Widow ပ႐ိုဂရမ္မွာ ေလ့က်င့္ေရးေတြ လုပ္ေနခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Natasha ဟာ Bucky ရဲ႕လက္ေအာက္မွာေတာင္ ေလ့က်င့္ေရးေတြလုပ္ခဲ့ရၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ခ်စ္ႀကိဳက္သြားခဲ့ပါတယ္။ ဒါ့အျပင္ Bucky ဟာသူ႔ရဲ႕မွတ္ဉာဏ္ေတြကိုျပန္ရၿပီးေတာ့ Avengers ေတြနဲ႔ S.H.I.E.L.D. အဖြဲ႕တို႔နဲ႔ တြဲၿပီးအလုပ္လုပ္တဲ့အခ်ိန္မွာလည္း သူတို႔ႏွစ္ေယာက္ဟာ ျပန္ေတြ႕ခဲ့ၾကၿပီးေတာ့ မစ္ရွင္ေတြအမ်ားႀကီးကို အတူတူလုပ္ခဲ့ၾကပါေသးတယ္။

သူ႔ကိုစတင္ဖန္တီးခဲ့တဲ့အခ်ိန္တုန္းက Cap ရဲ႕ sidekick အေနနဲ႔ထည့္သြင္းခဲ့ပါတယ္။
photo via cbr

Joe Simon ဟာသူ႔ကို ၁၉၄၀ ခုႏွစ္ေလာက္ကစတင္ဖန္တီးခဲ့တာ ျဖစ္ၿပီးေတာ့ Cap ရဲ႕ sidekick အေနနဲ႔ ထည့္သြင္းခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Batman နဲ႔ Robin လိုမ်ိဳးဟီး႐ိုးေတြဟာ အရမ္းကိုေအာင္ျမင္ေနတာေၾကာင့္ သူတို႔ဟာလည္း Cap ကိုအဲ့လိုပုံစံမ်ိဳး ဖန္တီးခ်င္ခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ Bucky ဆိုတဲ့နာမည္ကိုေပးခဲ့ရတဲ့အေၾကာင္းကေတာ့ အဲ့ဒီနာမည္ဟာ ဘတ္စကတ္ေဘာကစားသမားတစ္ေယာက္နာမည္နဲ႔ Simon ရဲ႕ငယ္ဘဝကသူငယ္ခ်င္းတစ္ေယာက္ရဲ႕ နာမည္ျဖစ္ပါတယ္လို႔ ေျပာခဲ့ပါတယ္။

သူ႔ရဲ႕ေသဆုံးမႈေၾကာင့္ Marvel မွာဆယ္ေက်ာ္သက္ sidekick ေတြမ်ားမ်ားစားစား မရွိတာျဖစ္ပါတယ္။
photo via screenrant

DC ေကာမစ္ေတြမွာဆိုရင္ Batman နဲ႔ Robin လိုမ်ိဳး ဟီး႐ိုးေတြဟာ ေတာ္ေတာ္ေလးကို နာမည္ႀကီးၾကပါတယ္။ Marvel ကလည္း အစကေတာ့ Cap နဲ႔ Bucky ဟာအဲ့လိုမ်ိဳး နာမည္ႀကီးတဲ့အတြဲတစ္ခုျဖစ္ေအာင္ ဖန္တီးခ်င္ခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ေကာမစ္တစ္ခုမွာေတာ့ ဗီလိန္တစ္ေယာက္ရဲ႕လက္ခ်က္ေၾကာင့္ Bucky ဟာအသက္ဆုံးရႈံးခဲ့ရပါတယ္။

အဲ့ဒီေကာမစ္ထြက္ၿပီးေနာက္ပိုင္းမွာ Stan Lee ဟာအခုလို ဆယ္ေက်ာ္သက္အ႐ြယ္လူငယ္တစ္ေယာက္ကို အသက္အႏၲရာယ္ျဖစ္ေစမယ့္အလုပ္ေတြကိုလုပ္ခိုင္းရတာဟာ အၾကင္နာတရားမရွိဘူးလို႔ ခံစားခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ အဲ့ဒီေနာက္ပိုင္းမွာ Marvel ရဲ႕ဟီး႐ိုးေတြေတာ္ေတာ္မ်ားမ်ားမွာ ဆယ္ေက်ာ္သက္အ႐ြယ္ sidekick ေတြကို မထည့္သြင္းေတာ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ဟာ sidekick လိုမ်ိဳးမဟုတ္ဘဲနဲ႔ ရဲေဖာ္ရဲဖက္ေတြအျဖစ္နဲ႔ သက္တူ႐ြယ္တူ Bucky တစ္ေယာက္ကိုထပ္မံဖန္တီးလိုက္ၿပီးေတာ့ ကြၽန္ေတာ္တို႔သိၾကတဲ့ Winter Soldier ဆိုတာ ျဖစ္လာခဲ့တာပါ။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular