HomeEntertainmentFilmInvisible Meme တွေကို ရပ်တန့်ဖို့ GOTG 3 ကို အမြန်ရိုက်ကူးသွားမယ့် James Gunn

Invisible Meme တွေကို ရပ်တန့်ဖို့ GOTG 3 ကို အမြန်ရိုက်ကူးသွားမယ့် James Gunn

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒါရိုက်တာ James Gunn ဟာ Drax ကိုယ်ပျောက်နေတဲ့ အကြောင်းကို meme တွေ ပြုလုပ်နေတာ ရပ်တန့်ဖို့ Guardians of the Galaxy 3 ကို မြန်မြန်ရိုက်ကူးသွားမယ်လို့ နောက်ပြောင်ခဲ့ပါတယ်။ James Gunn ဟာ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Guardians of the Galaxy ကို ရိုက်ကူးအပြီးမှာတော့ အတော်လေးကို အောင်မြင်လာခဲ့ပါတယ်။

James Gunn ဟာ စကားပြောတဲ့ racoon နဲ့ အသိစိတ်ရှိတဲ့ သစ်ပင်ကြီးကိုလည်း ပရိသတ်တွေ ကြိုက်နှစ်သက်အောင် လုပ်နိုင်ရုံတင်မကဘဲ ဇာတ်လမ်းနဲ့ လိုက်ဖက်တဲ့ ဇာတ်ဝင်သီချင်းတွေကိုလည်း အသုံးပြုခဲ့ပါတယ်။ James Gunn ဟာ Guardians of the Galaxy 3 ကနေ ခဏတာ အထုတ်ခံလိုက်ရပေမယ့် သရုပ်ဆောင်တွေရဲ့ ပံ့ပိုးမှုတွေကြောင့် Marvel ဟာ သူ့ကို ပြန်လည်ခန့်အပ်ခဲ့ရပါတယ်။

photo via screenrant

တကယ်တော့ Drax ကိုယ်ပျောက်တဲ့ ဟာသဟာ James Gunn ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ထဲမှာ ပါဝင်တာမဟုတ်ဘဲ Avengers: Infinity War ထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Star-Lord နဲ့ Gamora တို့ရဲ့ ကိုယ်ရေးကိုယ်တာ အချိန်လေးမှာ Drax က အနောက်ကနေ ရပ်ကြည့်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Drax ကတော့ သူ့ကိုယ်သူ ကိုယ်ပျောက်နေပါတယ်လို့ ပြောခဲ့ပါတယ်။ ” ငါက မယုံနိုင်စရာ ကောင်းလောက်အောင် ငြိမ်ငြိမ်လေးရပ်နေနိုင်တယ်။ ဒါကြောင့် ငါ့ကို မမြင်နိုင်ဘူး ” ဆိုပြီးတော့ ပြောခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး Drax ကိုယ်ပျောက်တဲ့ meme တွေဟာ ပရိသတ်တွေကြားထဲမှာ အလွန်ရေပန်းစားခဲ့ပြီး Dave Bautista ကိုယ်တိုင်တောင် စိတ်အနှောင့်အယှက် ဖြစ်ရတဲ့အထိ ရေပန်းစားခဲ့ပါတယ်။

photo via screenrant

မနေ့တုန်းကတော့ တွစ်တာပေါ်မှာ ပရိသတ်တစ်ယောက်ဟာ ” Guardians of the Galaxy 3 ကို မြန်မြန်ရိုက်ကူးသင့်ပါတယ်။ ဒါမှ ကိုယ်ပျောက်ဟာသတွေကလည်း အတိတ်မှာ ကျန်ခဲ့မှာ ” ဆိုပြီးတော့ James Gunn ကို နောက်ပြောင်ခဲ့ပါတယ်။ James Gunn ကတော့ ” အလုပ်ကို မြန်မြန်လုပ်ခိုင်းတဲ့ စကားတွေထဲမှာ ဒီစကားက ဆွဲဆောင်မှုအရှိဆုံးပဲ ” ဆိုပြီးတော့ ပြန်လည်နောက်ပြောင်ခဲ့ပါတယ်။

ဒါတွေကတော့ James Gunn ဟာ Dave Bautista ကို မွေးနေ့ဆုတောင်း ပေးပြီးမှ ဖြစ်ခဲ့ကြတာပါ။ ဒါကြောင့်ပဲ ကိုယ်ပျောက်ဟာသတွေကို ဖျောက်ဖျက်ပေးလိုက်တာဟာ Dave Bautista အတွက် James Gunn ရဲ့ မွေးနေ့လက်ဆောင် ဖြစ်နေနိုင်ပါတယ်။ GOTG 3 ကတော့ ဘယ်နေ့ရက်မှာ ထွက်ရှိလာမှာလည်း ဆိုတာကို မသိရသေးပါဘူး။ ဒါပေမယ့်လည်း ၂၀၂၃ ခုနှစ်လောက် ဆိုရင်တော့ ကြည့်ရှုနိုင်မယ်လို့ ယူဆလို့ ရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

ဒါ႐ိုက္တာ James Gunn ဟာ Drax ကိုယ္ေပ်ာက္ေနတဲ့ အေၾကာင္းကို meme ေတြ ျပဳလုပ္ေနတာ ရပ္တန႔္ဖို႔ Guardians of the Galaxy 3 ကို ျမန္ျမန္႐ိုက္ကူးသြားမယ္လို႔ ေနာက္ေျပာင္ခဲ့ပါတယ္။ James Gunn ဟာ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Guardians of the Galaxy ကို ႐ိုက္ကူးအၿပီးမွာေတာ့ အေတာ္ေလးကို ေအာင္ျမင္လာခဲ့ပါတယ္။

James Gunn ဟာ စကားေျပာတဲ့ racoon နဲ႔ အသိစိတ္ရွိတဲ့ သစ္ပင္ႀကီးကိုလည္း ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ေအာင္ လုပ္ႏိုင္႐ုံတင္မကဘဲ ဇာတ္လမ္းနဲ႔ လိုက္ဖက္တဲ့ ဇာတ္ဝင္သီခ်င္းေတြကိုလည္း အသုံးျပဳခဲ့ပါတယ္။ James Gunn ဟာ Guardians of the Galaxy 3 ကေန ခဏတာ အထုတ္ခံလိုက္ရေပမယ့္ သ႐ုပ္ေဆာင္ေတြရဲ႕ ပံ့ပိုးမႈေတြေၾကာင့္ Marvel ဟာ သူ႔ကို ျပန္လည္ခန႔္အပ္ခဲ့ရပါတယ္။

photo via screenrant

တကယ္ေတာ့ Drax ကိုယ္ေပ်ာက္တဲ့ ဟာသဟာ James Gunn ႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္ထဲမွာ ပါဝင္တာမဟုတ္ဘဲ Avengers: Infinity War ထဲမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Star-Lord နဲ႔ Gamora တို႔ရဲ႕ ကိုယ္ေရးကိုယ္တာ အခ်ိန္ေလးမွာ Drax က အေနာက္ကေန ရပ္ၾကည့္ေနခဲ့တာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း Drax ကေတာ့ သူ႔ကိုယ္သူ ကိုယ္ေပ်ာက္ေနပါတယ္လို႔ ေျပာခဲ့ပါတယ္။ ” ငါက မယုံႏိုင္စရာ ေကာင္းေလာက္ေအာင္ ၿငိမ္ၿငိမ္ေလးရပ္ေနႏိုင္တယ္။ ဒါေၾကာင့္ ငါ့ကို မျမင္ႏိုင္ဘူး ” ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကစၿပီး Drax ကိုယ္ေပ်ာက္တဲ့ meme ေတြဟာ ပရိသတ္ေတြၾကားထဲမွာ အလြန္ေရပန္းစားခဲ့ၿပီး Dave Bautista ကိုယ္တိုင္ေတာင္ စိတ္အေႏွာင့္အယွက္ ျဖစ္ရတဲ့အထိ ေရပန္းစားခဲ့ပါတယ္။

photo via screenrant

မေန႔တုန္းကေတာ့ တြစ္တာေပၚမွာ ပရိသတ္တစ္ေယာက္ဟာ ” Guardians of the Galaxy 3 ကို ျမန္ျမန္႐ိုက္ကူးသင့္ပါတယ္။ ဒါမွ ကိုယ္ေပ်ာက္ဟာသေတြကလည္း အတိတ္မွာ က်န္ခဲ့မွာ ” ဆိုၿပီးေတာ့ James Gunn ကို ေနာက္ေျပာင္ခဲ့ပါတယ္။ James Gunn ကေတာ့ ” အလုပ္ကို ျမန္ျမန္လုပ္ခိုင္းတဲ့ စကားေတြထဲမွာ ဒီစကားက ဆြဲေဆာင္မႈအရွိဆုံးပဲ ” ဆိုၿပီးေတာ့ ျပန္လည္ေနာက္ေျပာင္ခဲ့ပါတယ္။

ဒါေတြကေတာ့ James Gunn ဟာ Dave Bautista ကို ေမြးေန႔ဆုေတာင္း ေပးၿပီးမွ ျဖစ္ခဲ့ၾကတာပါ။ ဒါေၾကာင့္ပဲ ကိုယ္ေပ်ာက္ဟာသေတြကို ေဖ်ာက္ဖ်က္ေပးလိုက္တာဟာ Dave Bautista အတြက္ James Gunn ရဲ႕ ေမြးေန႔လက္ေဆာင္ ျဖစ္ေနႏိုင္ပါတယ္။ GOTG 3 ကေတာ့ ဘယ္ေန႔ရက္မွာ ထြက္ရွိလာမွာလည္း ဆိုတာကို မသိရေသးပါဘူး။ ဒါေပမယ့္လည္း ၂၀၂၃ ခုႏွစ္ေလာက္ ဆိုရင္ေတာ့ ၾကည့္ရႈႏိုင္မယ္လို႔ ယူဆလို႔ ရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular