HomeEntertainmentFilmMarvel စတူဒီယိုကို ဘဏ်ကနေအပေါင်မဆုံးအောင် ကယ်တင်ပေးခဲ့တဲ့ Iron Man ရုပ်ရှင်

Marvel စတူဒီယိုကို ဘဏ်ကနေအပေါင်မဆုံးအောင် ကယ်တင်ပေးခဲ့တဲ့ Iron Man ရုပ်ရှင်

Marvel စတူဒီယိုဟာ ရုပ်ရှင်လောကမှာ MCU ဆိုပြီး ဖြစ်လာဖို့အတွက် Iron Man ရုပ်ရှင်နဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ Iron Man ရုပ်ရှင်သာ မအောင်မြင်ခဲ့ဘူးဆိုရင်တော့ MCU ဆိုတာလည်း မရှိလာနိုင်တော့ပါဘူး။ ဒါတင်မကသေးဘဲ Marvel စတူဒီယိုဟာ သူတို့ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ဆုံးရှုံးရဦးမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ Comic Book Writer ဖြစ်တဲ့ Brian Michael Bendis က ပြောပြခဲ့တာ ဖြစ်ပါတယ်။

Inverse သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Brian Michael Bendis ဟာ Marvel စတူဒီယိုအနေနဲ့ Iron Man ရုပ်ရှင်အတွက် ဘယ်လောက်တောင် စွန့်စားခဲ့တယ်ဆိုတာကို ပြောပြခဲ့ပါတယ်။

photo credit Marvel Studios

“Marvel က Iron man ရုပ်ရှင်ရိုက်ဖို့အတွက် ဘတ်ဂျက်မရှိလို့ သူတို့စတူဒီယိုတစ်ခုလုံးကို ဘဏ်မှာ အပေါင်ထားခဲ့ရတာဗျ။ ဒီရုပ်ရှင်က အဆင်ပြေသွားရင် ဘာမှမဖြစ်ပေမယ့် Fail သွားရင်တော့ ဘဏ်က Marvel စတူဒီယိုကြီး တစ်ခုလုံးကို ပိုင်သွားမှာလေ။ အဲဒါက Marvel အတွက်တော့ အခက်ခဲဆုံး အချိန်တွေပါပဲ …” လို့ Brian Michael  ကပြောပြခဲ့ပါတယ်။

ယခုအချိန်မှာတော့ MCU Franchise ဟာ ဟောလိဝုဒ်ရဲ့ အကြီးမားဆုံး Franchise တစ်ခု ဖြစ်နေပေမယ့် တကယ်တော့ ဒီလိုဖြစ်လာဖို့ ၂၀၀၈ ခုနှစ်ရဲ့ Iron Man ရုပ်ရှင်တစ်ကားတည်းနဲ့ အစပြုခဲ့တာ ဖြစ်ပါတယ်။ Iron Man ရုပ်ရှင်သာ မအောင်မြင်ခဲ့ရင် MCU ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Marvel စတူဒီယိုဟာ ဒီရုပ်ရှင်အတွက် ကုမ္ပဏီတစ်ခုလုံးကို အပေါင်ခံပြီး ရုပ်ရှင်ရိုက်ခဲ့တဲ့ လုပ်ရပ်ကတော့ အတော်လေး စွန့်စားရာကျပါတယ်။

photo credit Marvel Studios

အကြောင်းကတော့ တကယ်တမ်းမှာ အဲဒီအချိန်တုန်းက Iron Man ဟာ Marvel Comics ရဲ့ B-List ဇာတ်ကောင်တစ်ယောက်သာ ဖြစ်ခဲ့ပြီး ပါဝင်ထားတဲ့ ဇာတ်ကောင်တွေကလည်း အလွန်နာမည်ကြီးလွန်းသူတွေ မဟုတ်ကြပါဘူး။ ဒါ့အပြင် ရိုက်ကူးနေတဲ့အချိန် တလျှောက်လုံးမှာလည်း ဇာတ်ညွှန်းတွေ အကြိမ်ကြိမ် ပြောင်းလဲရေးသားခဲ့ရပြီး အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

သို့သော်လည်း Iron Man ရုပ်ရှင်ဟာ ရုံတင်လိုက်တဲ့အချိန်မှာပဲ ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ Marvel စတူဒီယိုဟာ သူတို့ရဲ့ကုမ္ပဏီကို မဆုံးရှုံးတော့သလို ယခုအချိန်မှာတော့ MCU ရုပ်ရှင်ကားတွေနဲ့ ရုံတင်ဝင်ငွေ ဒေါ်လာ(၂၉)ဘီလျံလောက်ကို ရှာထားနိုင်တဲ့အထိ အောင်မြင်နေပြီ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular