HomeCharacterMCU ထဲမှာ Tony Stark ဝတ်ဆင်ခဲ့ဖူးတဲ့ Iron Man ဝတ်စုံများအကြောင်း

MCU ထဲမှာ Tony Stark ဝတ်ဆင်ခဲ့ဖူးတဲ့ Iron Man ဝတ်စုံများအကြောင်း

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Tony Stark ဟာ အအောင်မြင်ဆုံး Marvel ဇာတ်ကောင်တွေထဲက တစ်ယောက်ပါဆိုရင် ငြင်းမယ့်လူ ရှိမယ်မထင်ပါဘူး။ သူဟာ Iron Man ကနေစပြီးတော့ ခုနောက်ဆုံးထွက်ခဲ့တဲ့ Endgame အထိ ဝတ်စုံပုံစံမျိုးစုံကို ဝတ်ခဲ့ပြီးတော့ တဖြည်းဖြည်းနဲ့ ပြောင်းလဲ အဆင့်မြင့်လာခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ပရိသတ်တွေအတွက် သူဝတ်ခဲ့ဖူးတဲ့ ဝတ်စုံတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Mark 1 – Iron Man
photo via screenrant

ဒီဟာကတော့ သူတီထွင်ခဲ့တဲ့ ပထမဆုံး ဝတ်စုံတစ်ခုဖြစ်ပြီးတော့ သူ့ရဲ့သေရေးရှင်ရေးအခြေအနေတစ်ခုမှာ တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေဟာ သူ့ကို ပြန်ပေးဆွဲခြိမ်းခြောက်ပြီးတော့ လက်နက်တစ်ခုကို တည်ဆောက်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း သူဟာ နောက်ထပ်ဓားစာခံတစ်ယောက်နဲ့အတူ ဒီဝတ်စုံကို တည်ဆောက်ခဲ့ပြီးတော့ Mark 1 လို့နာမည်ပေးခဲ့ပါတယ်။ လက်နက်အနေနဲ့ဆိုရင် အဲ့ဒီဝတ်စုံရဲ့ လက်ထဲမှာ မီးတွေ မှုတ်ထုတ်လို့ရတဲ့ လက်နက်ပါပြီးတော့ လောင်ချာတွေလည်း ပါပါတယ်။

ဒါ့အပြင် ဝတ်စုံကြီးတစ်ခုလုံးကို ကျည်မတိုးနိုင်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အချိန်သိပ်မရဘဲနဲ့ ခပ်မြန်မြန်တည်ဆောက်ထားရတာကြောင့် အားနည်းချက်တွေတော့ ရှိနေပါတယ်။ အဲ့ဒါတွေကတော့ အဆစ်နေရာတွေနဲ့ မျက်လုံးနေရာတွေကတော့ အကာအကွယ်မဲ့နေခဲ့ပါတယ်။ ဘယ်လိုပဲပြောပြော ဒီဝတ်စုံဟာ သူ့ကို Iron Man ဖြစ်လာဖို့အတွက် ပထမဆုံး လမ်းစဖြစ်ခဲ့ပါတယ်။

Mark 2 – Iron Man
photo via screenrant

အဲ့ဒီအဖြစ်အပျက်တွေ ပြီးသွားတဲ့ နောက်ပိုင်းမှာတော့ သူဟာ အဲ့လိုဝတ်စုံမျိုးကို အဆင့်မြှင့်တင်ပြီးတော့ ထပ်မံတည်ဆောက်ချင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့ နည်းပညာတွေကို အသုံးပြုပြီးတော့ အဆင့်မြှင့်တင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဝတ်စုံဟာ JARVIS စနစ်ကို ပထမဦးဆုံး ထည့်သွင်းခဲ့တဲ့ ဝတ်စုံဖြစ်ပြီးတော့ မျက်နှာဖုံးရဲ့ အတွင်းပိုင်းမှာ မြင်နေရတဲ့ ဟော်လိုဂရမ်စနစ်ကိုလည်း ပထမဆုံး ထည့်သွင်းခဲ့တဲ့ ဝတ်စုံဖြစ်ပါတယ်။

Mark 1 နဲ့ယှဉ်ရင်တော့ ဒီဝတ်စုံဟာ တော်တော်လေးကို အဆင့်မြင့်နေပြီးတော့ လေပေါ်မှာပါ ပျံလို့ရနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အားနည်းချက်တစ်ခုကတော့ လေပေါ်ပျံလို့ရပေမယ့်လည်း အရမ်းမြင့်သွားရင်တော့ ဝတ်စုံဟာ အလုပ်မလုပ်တော့ဘဲ အေးခဲသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီဝတ်စုံဟာ James Rhodes ဆီကို ရောက်သွားပြီးတော့ War Machine ဖြစ်လာခဲ့ပါတယ်။

Mark 3 – Iron Man
photo via screenrant

ဒီဝတ်စုံရဲ့ဒီဇိုင်းက Mark 2 နဲ့ ပုံစံသိပ်ပြီးတော့ ကွာခြားမှုမရှိပေမယ့် ပိုပြီးတော့ အဆင့်မြင့်လာခဲ့ပါတယ်။ အသိသာဆုံးပြောင်းလဲသွားတာကတော့ သူ့ရဲ့ဇိမ်ခံကားတွေထဲက တစ်စီးရဲ့ပုံစံကို အခြေခံပြီး အနီရောင်နဲ့ရွှေရောင်ကိုရောပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဝတ်စုံက စစ်မြေပြင်တစ်ခုမှာ တိုက်ခိုက်နိုင်ဖို့အတွက်ကို ဖန်တီးထားတာလို့ကို ပြောလို့ရပါတယ်။

လက်နက်အနေနဲ့ ဆိုရင် တင့်ကားကိုတောင် ဖျက်စီးပစ်နိုင်တဲ့ လက်နက် ၊ ပုခုံးနေရာမှာထည့်ထားတဲ့ စက်သေနတ်တွေအပြင်ကို သူ့ရဲ့လက်ဖဝါးနဲ့ ရင်ဘက်ကနေ ဖျက်အားပြင်းတဲ့ ရောင်ချည်တွေကိုလည်း ပစ်ထုတ်နိုင်ပါတယ်။ Mark 2 ရဲ့အားနည်းချက်ဖြစ်တဲ့ အမြင့်ကြီးပျံလို့မရတာကို ဒီဝတ်စုံမှာတော့ ရွှေနဲ့တိုက်တေနီယမ်တို့ကို ရောစပ်ပြီးဖန်တီးထားတာကြောင့် ဝတ်စုံကအလုပ်မလုပ်တော့ဘဲ အေးခဲသွားတာမျိုး မဖြစ်တော့တဲ့အပြင် ဒီဝတ်စုံကိုဝတ်လိုက်တဲ့အချိန်မှာ သူ့ရဲ့ခွန်အားနဲ့ ခံနိုင်ရည်တွေကို တိုးမြှင့်ပေးပါသေးတယ်။

Mark 4 – Iron Man 2
photo via screenrant

obadiah stane နဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာ Mark 3 ဟာ တော်တော်လေးကို ပျက်စီးသွားတာကြောင့် အစားထိုးဖို့အတွက် Mark 4 ကို တီထွင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူဟာ ဒီဝတ်စုံကို ဇိမ်ခံပစ္စည်းပုံစံမျိုးကိုသာ အသုံးပြုခဲ့တာကြောင့် Mark 3 နဲ့သိပ်ပြီး ကွာခြားချက်တွေ မရှိပါဘူး။

ဒီဝတ်စုံမှာတော့ ပိုပြီးပေါ့ပါးအောင် ပြုလုပ်ထားပြီး ပိုပြီးတောက်ပတဲ့ အနီရောင်ကို သုံးထားတာလောက်ပဲ ပြောင်းလဲသွားတာ ရှိပါတယ်။ ဒါ့အပြင် နောက်ဆုံးတစ်ခုကတော့ အထူးဆန်းဆုံးအချက်လို့ပြောလို့ရပြီးတော့ ဒီဝတ်စုံကို ဝတ်ထားတဲ့အချိန်မှာ အပေါ့တွေအလေးတွေသွားဖို့အတွက် အိမ်သာကိုသွားစရာမလိုဘဲ အဲ့ဒီဝတ်စုံထဲမှာပဲ ကိစ္စရှင်းလို့ရတဲ့ စနစ်ကို ထည့်ထားခဲ့ပါတယ်။

Mark 5 – Iron Man 2
photo via screenrant

ဒီဝတ်စုံကို Mark 5 အပြင်ကို Suitcase Suit ဆိုပြီးလည်း ခေါ်ပါသေးတယ်။ ဒီဝတ်စုံဟာ အရင်ဝတ်စုံတွေထက်ကို အတော်လေး အဆင့်မြှင့်ထားပြီးတော့ ပုံစံလည်း တော်တော်လေးကို ပြောင်းလဲသွားခဲ့ပါတယ်။ Suitcase Suit လို့ခေါ်ရတဲ့အကြောင်းအရင်းကလည်း ဒီဝတ်စုံဟာ လက်ဆွဲသေတ္တာလိုပုံစံမျိုး ဖြစ်အောင် ဖန်တီးထားတာကြောင့် ဖြစ်ပါတယ်။

လက်ဆွဲသေတ္တာအဖြစ် ကိုင်ပြီးသွားလာလို့ရတာကြောင့် အကယ်၍အရေးပေါ်လိုအပ်လာရင် ထုတ်သုံးလို့ရအောင် ဖန်တီးထားခဲ့ပါတယ်။ ဒါ့အပြင် ဒီဝတ်စုံဟာ အလေးချိန်အရမ်းကို ပေါ့အောင်လုပ်ထားပြီးတော့ အချိန်တိုအတွင်းမှာ အမြန်ဆုံး ဝတ်ဆင်နိုင်အောင်လည်း ပြုလုပ်ထားပါတယ်။ Iron Man 2 ထဲမှာလည်း Whiplash ရဲ့တိုက်ခိုက်မှုကနေ ကာကွယ်နိုင်ခဲ့တာကလည်း ဒီဝတ်စုံရဲ့ မြန်ဆန်တဲ့ ဝတ်ဆင်နိုင်စွမ်းကြောင့်ပဲ ဖြစ်ပါတယ်။

Mark 6 – Iron Man 2 And The Avengers
photo via screenrant

သူ့ရဲ့ရင်ဘတ်မှာ ရှိတဲ့ arc reactor ကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်လာစေတဲ့ အခါမှာတော့ သူဟာ အဆိပ်အတောက်မဖြစ်စေဘဲနဲ့ ပိုပြီးစွမ်းအားများများပေးနိုင်တဲ့ arc reactor အသစ်ကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒီ arc reactor အသစ်ဟာ ပိုပြီးစွမ်းအားများများ ပေးနိုင်တာကြောင့် သူ့ရဲ့ဝတ်စုံထဲကို လက်နက်တွေနဲ့ ကာကွယ်ရေးစနစ်တွေကို ပိုပြီး ထည့်သွင်းနိုင်ခဲ့ပါတယ်။

လက်နက်တွေအနေနဲ့ကတော့ စွမ်းအားပြင်းတဲ့လေဆာလက်နက်နဲ့ လက်ကောက်ဝတ်မှာ ဒုံးကျည်အသေးစားလေးတွေကို ထပ်ပြီး ထည့်သွင်းခဲ့ပါတယ်။ ကာကွယ်ရေးအနေနဲ့ကတော့ Whiplash နဲ့တိုက်ခိုက်ခဲ့တုန်းက လျှပ်စစ်ဓာတ်ကြောင့် သူ့ရဲ့ဝတ်စုံဟာ တော်တော်လေးကို ထိခိုက်သွားတာကြောင့် လျှပ်စစ်ဓာတ်ကို ခံနိုင်ရည်ရှိအောင်နဲ့ ရေအောက်ထဲမှာပါ ကောင်းကောင်းမွန်မွန် လှုပ်ရှားနိုင်အောင်လို့ စနစ်အသစ်တွေကို ထည့်သွင်းခဲ့ပါတယ်။

Mark 7 – The Avengers
photo via screenrant

ဒီဝတ်စုံကတော့ Loki ကသူ့ကို Stark တာဝါပေါ်ကနေ ပစ်ချတုန်းက ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံဖြစ်ပါတယ်။ ဒီဝတ်စုံကို ဝတ်ဆင်တဲ့ ပုံစံကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး ဝတ်စုံရဲ့အစိတ်အပိုင်းတွေ တစ်ခုချင်းဆီက ဒုံးကျည်တစ်ခုလို ပျံလာပြီးတော့ သူ့ခန္ဓာကိုယ်ရဲ့ပတ်ပတ်လည်မှာ တစ်ခုချင်းဆီ ဝတ်ဆင်သွားတာ ဖြစ်ပါတယ်။

ဒီဝတ်စုံမှာတော့ စက်ဝိုင်းပုံစံ arc reactor ပြန်ဖြစ်သွားပြီး လက်နက်တွေလည်း ပိုပြီး များလာခဲ့ပါတယ်။ ဒါ့အပြင် ဒီဝတ်စုံဟာ ထိခိုက်မှုတွေတော်တော်များများကို ခံနိုင်ရည်ရှိပြီးတော့ Leviathan လို့ခေါ်တဲ့ လေပေါ်မှာပျံနေတဲ့ အကောင်အကြီးကြီးကိုတောင် အနိုင်ယူပစ်နိုင်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီဝတ်စုံကတော့ အာကာသထဲအထိကို ပျံသန်းနိုင်တဲ့အထိတော့ မလုပ်ဆောင်နိုင်ခဲ့ပါဘူးဆိုတာကို The Avengers ထဲမှာ တွေ့ခဲ့ကြမှာပါ။

Mark 42 – Iron Man 3
photo via screenrant

Iron Legion ဝတ်စုံတွေမှာ ဖြစ်ခဲ့တာတွေပြီးတဲ့နောက်မှာတော့ သူဟာ ဒီဝတ်စုံကို တော်တော်လေးကို အဆင့်မြှင့်ခဲ့ပြီးတော့ အဝေးကနေ ထိန်းချုပ်လို့ရအောင်ပါ ပြုလုပ်ခဲ့ပါသေးတယ်။ အဝေးကနေထိန်းချုပ်တဲ့ စနစ်ဟာ သူ့ကိုယ်သူတင်မဟုတ်ဘဲနဲ့ တစ်ခြားသူတစ်ယောက်မှာပါ အဲ့ဒီဝတ်စုံကို ဝတ်ဆင်ပေးဖို့အတွက် နားကြပ်နဲ့ အဝေးကနေ ထိန်းချုပ်နိုင်ပါသေးတယ်။

ဒီဇိုင်းပုံစံကတော့ ရွှေရောင် ခပ်ဖျော့ဖျော့အရောင်ကို သုံးထားပြီးတော့ အရင်ကသုံးခဲ့တဲ့ လက်နက်တွေအကုန်လုံးတပ်ဆင်ထားပါတယ်။ ဒါပေမဲ့လည်း တိုက်ခိုက်တဲ့အခါမှာတော့ အဲ့ဒီလက်နက်တွေထက်ကို သူ့ရဲ့လက်ဖဝါးမှာရှိတဲ့ ရောင်ချည်တွေပစ်ထုတ်နိုင်တဲ့ လက်နက်ကို ပိုပြီးတော့ အသုံးများခဲ့ပါတယ်။

The Iron Legion Armors – Iron Man 3
photo via screenrant

Mark 33 (Silver Centurion) – ဒီဝတ်စုံကတော့ comic ကိုအခြေခံထားတာ ဖြစ်ပြီး လက်တစ်ဖက်ဆီမှာ မြှုပ်ထားတဲ့ ဓားတစ်ချောင်းစီ ရှိပါတယ်။ သူဟာ Aldrich Killian နဲ့တိုက်ခိုက်ဖို့အတွက် Iron Legion ကိုခေါ်ပြီးတဲ့နောက်မှာ ပထမဆုံး ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံဖြစ်ပြီးတော့ Aldrich Killian ကြောင့်ပဲ ပျက်စီးခဲ့ရတဲ့ ပထမဆုံး ဝတ်စုံလည်း ဖြစ်ပါတယ်။

Mark 16 (Nightclub) – ဒီဝတ်စုံကတော့ ကိုယ်ယောင်ဖျောက်ပြီး ရန်သူကို ချဉ်းကပ်လို့ရအောင် တီထွင်ထားတဲ့ ဝတ်စုံတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့နည်းပညာတွေကို သုံးပြီး ကိုယ်ယောင်ဖျောက်လို့ရအောင် တီထွင်ထားတာ ဖြစ်ပြီး အဲ့ဒီဝတ်စုံဟာ ပုတ်သင်ညိုတစ်ကောင်လိုမျိုး သူ့ရဲ့အရောင်နဲ့ ပတ်ဝန်းကျင်ကအရောင်ကို တစ်သားထဲကျအောင် ပြုလုပ်ပြီး ကိုယ်ယောင်ဖျောက်တာ ဖြစ်ပါတယ်။ ဒီဝတ်စုံကတော့ Killian ကိုတိုက်ခိုက်ဖို့အတွက် ဝတ်ဆင်ခဲ့တဲ့ ဒုတိယမြောက် ဝတ်စုံဖြစ်ပါတယ်။

Mark 40 (Shotgun) – ဒီဝတ်စုံကတော့ သူတီထွင်ခဲ့ဖူးတဲ့ အမြန်ဆုံး ဝတ်စုံတွေထဲက တစ်ခု ဖြစ်ပြီးတော့ Pepper Potts သေသွားပြီလို့ ထင်ခဲ့တဲ့အချိန်မှာ သူဟာ ဒီဝတ်စုံကို ဝတ်ပြီးတော့ Killian နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဝတ်စုံဟာ ပျံသန်းနေရင်းနဲ့ အဆင်ပြေပြေ တိုက်ခိုက်လို့ရအောင် ကျောဘက်မှာ ထိန်းညှိုပေးတဲ့ ကိရိယာလည်း ပါပါတယ်။

Mark 15 (Sneaky) – ဒီဝတ်စုံဟာ ကိုယ်ယောင်ဖျောက်ပြီး ရန်သူကို ချဉ်းကပ်လို့ရအောင် တီထွင်ထားတဲ့ ပထမဆုံး ဝတ်စုံတစ်ခုဖြစ်ပြီး Iron Legion ထဲမှာ နာမည်ပြောင်ရခဲ့တဲ့ ပထမဆုံးဝတ်စုံလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Killian နဲ့တိုက်ခိုက်ဖို့အတွက် နောက်ဆုံးဝတ်ခဲ့တဲ့ ဝတ်စုံတစ်ခုဖြစ်ပြီးတော့ တစ်ခြားထူးထူးခြားခြားတော့ ပြောစရာမရှိပါဘူး။

Mark 43 – Avengers: Age Of Ultron
photo via screenrant

ဒီဝတ်စုံကတော့ Age Of Ultron ထဲမှာ ဝတ်ခဲ့တာဖြစ်ပြီးတော့ ဒီဝတ်စုံထဲမှာတော့ Mark 7 နဲ့ Mark 42 တို့ရဲ့အကောင်းဆုံး စနစ်တွေကို ထည့်ထားပြီးတော့ ဝတ်စုံကို အစိတ်အပိုင်းတွေ တစ်ခုချင်းစီခွဲထုတ်လို့ရပေမယ့် ထိခိုက်မှုတွေအများကြီးကို ခံနိုင်ရည် ရှိအောင် တီထွင်ထားခဲ့ပါတယ်။ ဒါ့အပြင် အနီအောက်ရောင်ခြည်နဲ့ စကန်ဖတ်လို့ရတဲ့ စနစ်အပြင် Sentry Mode ကိုလည်း ပြောင်းလဲလို့ရပါတယ်။

Mark 44 – Avengers: Age Of Ultron
photo via screenrant

ဒီဝတ်စုံဟာ Mark 44 အပြင်ကို Hulkbuster လို့လည်း ခေါ်ကြပြီးတော့ Tony Stark နဲ့ Bruce Banner တို့နှစ်ယောက် ပူးပေါင်းပြီး တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကိုတီထွင်ရတဲ့ ရည်ရွယ်ချက်ကတော့ Hulk အသိစိတ်လွတ်သွားပြီး သောင်းကျန်းတဲ့အချိန်ကျရင် ထိန်းချုပ်နိုင်အောင် တီထွင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဝတ်စုံအတွက် arc reactor တွေအများကြီးနဲ့ စွမ်းအင်ပေးထားရပြီးတော့ သူ့ရဲ့ပုံမှန် Iron Man ဝတ်စုံပေါ်မှာ ထပ်ပြီးတော့ ဝတ်ဆင်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဝတ်စုံမှာ တပ်ဆင်ထားတဲ့ လက်နက်တွေကလည်း သူတို့နှစ်ယောက်စိတ်ကြိုက်တပ်ဆင်ထားတာ ဖြစ်ပြီးတော့ တိုက်ခိုက်နေရင်းနဲ့ ဝတ်စုံရဲ့မကောင်းတော့တဲ့ အစိတ်အပိုင်းတွေကို အသစ်လဲဖို့အတွက်လည်း အစိတ်အပိုင်းအပိုတွေကို အဝေးကနေ ထိန်းချုပ်ပြီး ပြောင်းလဲတပ်ဆင်နိုင်ပါတယ်။

Mark 45 – Avengers: Age Of Ultron
photo via screenrant

ဒီဝတ်စုံကတော့ Mark 43 ရဲ့ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်တွေ အကုန်ပါဝင်ပြီးတော့ ပိုပြီးအကြမ်းခံအောင်နဲ့ ပိုပြီးတောက်ပြောင်နေအောင် ပြုလုပ်ထားပါတယ်။ Ultron ဟာ Vision ကိုဖန်တီးဖို့အတွက် JARVIS ကို အသုံးပြုခဲ့တာကြောင့် ဒီဝတ်စုံဟာ JARVIS ကိုအစားထိုးဖို့အတွက် FRIDAY ကိုအသုံးပြုခဲ့တဲ့ ပထမဦးဆုံး ဝတ်စုံလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဝတ်စုံဟာ Ultron နဲ့ယှဉ်ပြီးတိုက်ခိုက်နိုင်တဲ့အထိတောင် အကြမ်းခံခဲ့ပါတယ်။

Mark 46 – Captain America: Civil War
photo via screenrant

ဒီဝတ်စုံက Civil War ထဲမှာ Captain America နဲ့ Winter Soldier တို့ကို တိုက်ခိုက်တဲ့အချိန်မှာ သုံးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဝတ်စုံဟာ Comic ထဲက Bleeding Edge ဆိုတဲ့ ဝတ်စုံကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပြီးတော့ Infinity War ထဲမှာ သူဝတ်ခဲ့တဲ့ နာနိုနည်းပညာနဲ့ လုပ်ထားတဲ့ ဝတ်စုံမတိုင်ခင်မှာ တီထွင်ခဲ့တာပါ။ ဒါ့အပြင် ဝတ်စုံကို ဝတ်ဖို့အတွက် အရင်လိုအများကြီး စောင့်စရာမလိုဘဲနဲ့ ခဏလေးအတွင်းမှာတင် ဝတ်ဆင်လို့ရပါတယ်။ Winter Soldier နဲ့တိုက်ခိုက်တဲ့အခန်းမှာဆိုရင် နာရီထဲမှာ အဲ့ဒီဝတ်စုံရဲ့လက်အိတ်ကို ထည့်ထားပြီးတော့ ဝတ်စုံရဲ့တစ်ခြားအစိတ်အပိုင်းတွေ မပါဘဲနဲ့တောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။

Mark 47 – Spider-Man: Homecoming
photo via screenrant

ဒီဝတ်စုံကတော့ Ultimate Marvel comics ထဲကဝတ်စုံကို တိုက်ရိုက်အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇိုင်းကတော့ Mark 46 နဲ့အတူတူပဲ ဖြစ်ပြီးတော့ အရောင်ကတော့ အနည်းငယ်ကွာခြားမှု ရှိပါတယ်။ ဒီဝတ်စုံရဲ့ အဓိကပြောင်းလဲသွားတဲ့အချက်ကတော့ wifi ရှိနေရုံနဲ့တင် အဲ့ဒီဝတ်စုံကို ထိန်းချုပ်နေလို့ရပြီးတော့ တစ်ခြားလိုအပ်မှုမှ မရှိပါဘူး။ ထိန်းချုပ်တာကလည်း Tony ကိုယ်တိုင် ထိန်းချုပ်စရာမလိုဘဲနဲ့ Friday ကထိန်းချုပ်ပေးတာ ဖြစ်ပါတယ်။

Mark 50 – Avengers: Infinity War
photo via screenrant

ဒီဝတ်စုံကတော့ နာနိုနည်းပညာနဲ့ ပြုလုပ်ထားတဲ့ ပထမဦးဆုံး ဝတ်စုံဖြစ်ပြီးတော့ ဝတ်စုံကို ဝတ်ဖို့အတွက် အရင်လို လက်ဆွဲသေတ္တာတွေ နာရီတွေ သယ်သွားနေဖို့ မလိုတော့ပါဘူး။ ရင်ဘတ်က arc reactor လေးကို ထိလိုက်ရုံနဲ့တင် ဝတ်စုံကို ဝတ်ပြီးသား ဖြစ်သွားပြီးတော့ ဒီဝတ်စုံရဲ့လုပ်နိုင်စွမ်းတွေကတော့ အဆုံးမရှိဘဲ Tony ရဲ့ တီထွင်နိုင်စွမ်းပေါ်ကို မူတည်ပြီးတော့ တိုက်ခိုက်မှုပုံစံမျိုးစုံကို လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဒီဝတ်စုံဟာ ခဏလေးအတွင်းမှာ သူ့ရဲ့ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်ပြီး လက်နက်တွေအဖြစ် ပြောင်းလဲပြီး တိုက်ခိုက်နိုင်တာကို Infinity War မှာ တွေ့ခဲ့ကြမှာပါ။

Mark 85 – Avengers: Endgame
photo via screenrant

Infinity War ပြီးသွားတဲ့အချိန်မှာ သူ့ရဲ့ဝတ်စုံကို အရင်ကထက်ပိုပြီး အဆင့်မြှင့်အောင် ပြုလုပ်နေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Mark 85 ဖြစ်လာပြီးတော့ ဒီဇိုင်းကတော့ အရင် ဝတ်စုံနဲ့ သိပ်ပြီး ကွာခြားမှု မရှိခဲ့ပါဘူး။ အရင် Mark 50 ရဲ့လုပ်ဆောင်နိုင်စွမ်းတွေအကုန်လုံးပါတဲ့အပြင်ကို Thanos ကိုတိုက်ခိုက်ပြီး အနိုင်ယူနိုင်ဖို့အတွက် Infinity Stone ခြောက်လုံးရဲ့ စွမ်းအားကိုတောင် ခံနိုင်ရည်ရှိအောင် ဖန်တီးခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ကျွန်တော်တို့ရဲ့ Iron Man ဟာ ဒီဝတ်စုံကို နောက်ဆုံးအနေနဲ့ ဝတ်ဆင်ခဲ့ပြီးတော့ ဂုဏ်ယူစွာနဲ့ပဲ Marvel Cinematic Universe ကနေ ထွက်ခွာသွားခဲ့ပါတယ်။

Lego Les
(Zawgyi version)

Tony Stark ဟာ အေအာင္ျမင္ဆုံး Marvel ဇာတ္ေကာင္ေတြထဲက တစ္ေယာက္ပါဆိုရင္ ျငင္းမယ့္လူ ရွိမယ္မထင္ပါဘူး။ သူဟာ Iron Man ကေနစၿပီးေတာ့ ခုေနာက္ဆုံးထြက္ခဲ့တဲ့ Endgame အထိ ဝတ္စုံပုံစံမ်ိဳးစုံကို ဝတ္ခဲ့ၿပီးေတာ့ တျဖည္းျဖည္းနဲ႔ ေျပာင္းလဲ အဆင့္ျမင့္လာခဲ့ပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ပရိသတ္ေတြအတြက္ သူဝတ္ခဲ့ဖူးတဲ့ ဝတ္စုံေတြအေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။

Mark 1 – Iron Man
photo via screenrant

ဒီဟာကေတာ့ သူတီထြင္ခဲ့တဲ့ ပထမဆုံး ဝတ္စုံတစ္ခုျဖစ္ၿပီးေတာ့ သူ႔ရဲ႕ေသေရးရွင္ေရးအေျခအေနတစ္ခုမွာ တီထြင္ခဲ့တာ ျဖစ္ပါတယ္။ အၾကမ္းဖက္သမားေတြဟာ သူ႔ကို ျပန္ေပးဆြဲၿခိမ္းေျခာက္ၿပီးေတာ့ လက္နက္တစ္ခုကို တည္ေဆာက္ခိုင္းခဲ့ပါတယ္။ ဒါေပမဲ့လည္း သူဟာ ေနာက္ထပ္ဓားစာခံတစ္ေယာက္နဲ႔အတူ ဒီဝတ္စုံကို တည္ေဆာက္ခဲ့ၿပီးေတာ့ Mark 1 လို႔နာမည္ေပးခဲ့ပါတယ္။ လက္နက္အေနနဲ႔ဆိုရင္ အဲ့ဒီဝတ္စုံရဲ႕ လက္ထဲမွာ မီးေတြ မႈတ္ထုတ္လို႔ရတဲ့ လက္နက္ပါၿပီးေတာ့ ေလာင္ခ်ာေတြလည္း ပါပါတယ္။

ဒါ့အျပင္ ဝတ္စုံႀကီးတစ္ခုလုံးကို က်ည္မတိုးႏိုင္ေအာင္ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း အခ်ိန္သိပ္မရဘဲနဲ႔ ခပ္ျမန္ျမန္တည္ေဆာက္ထားရတာေၾကာင့္ အားနည္းခ်က္ေတြေတာ့ ရွိေနပါတယ္။ အဲ့ဒါေတြကေတာ့ အဆစ္ေနရာေတြနဲ႔ မ်က္လုံးေနရာေတြကေတာ့ အကာအကြယ္မဲ့ေနခဲ့ပါတယ္။ ဘယ္လိုပဲေျပာေျပာ ဒီဝတ္စုံဟာ သူ႔ကို Iron Man ျဖစ္လာဖို႔အတြက္ ပထမဆုံး လမ္းစျဖစ္ခဲ့ပါတယ္။

Mark 2 – Iron Man
photo via screenrant

အဲ့ဒီအျဖစ္အပ်က္ေတြ ၿပီးသြားတဲ့ ေနာက္ပိုင္းမွာေတာ့ သူဟာ အဲ့လိုဝတ္စုံမ်ိဳးကို အဆင့္ျမႇင့္တင္ၿပီးေတာ့ ထပ္မံတည္ေဆာက္ခ်င္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕ နည္းပညာေတြကို အသုံးျပဳၿပီးေတာ့ အဆင့္ျမႇင့္တင္ခဲ့ပါတယ္။ ဒါ့အျပင္ ဒီဝတ္စုံဟာ JARVIS စနစ္ကို ပထမဦးဆုံး ထည့္သြင္းခဲ့တဲ့ ဝတ္စုံျဖစ္ၿပီးေတာ့ မ်က္ႏွာဖုံးရဲ႕ အတြင္းပိုင္းမွာ ျမင္ေနရတဲ့ ေဟာ္လိုဂရမ္စနစ္ကိုလည္း ပထမဆုံး ထည့္သြင္းခဲ့တဲ့ ဝတ္စုံျဖစ္ပါတယ္။

Mark 1 နဲ႔ယွဥ္ရင္ေတာ့ ဒီဝတ္စုံဟာ ေတာ္ေတာ္ေလးကို အဆင့္ျမင့္ေနၿပီးေတာ့ ေလေပၚမွာပါ ပ်ံလို႔ရေနၿပီ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း အားနည္းခ်က္တစ္ခုကေတာ့ ေလေပၚပ်ံလို႔ရေပမယ့္လည္း အရမ္းျမင့္သြားရင္ေတာ့ ဝတ္စုံဟာ အလုပ္မလုပ္ေတာ့ဘဲ ေအးခဲသြားခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အဲ့ဒီဝတ္စုံဟာ James Rhodes ဆီကို ေရာက္သြားၿပီးေတာ့ War Machine ျဖစ္လာခဲ့ပါတယ္။

Mark 3 – Iron Man
photo via screenrant

ဒီဝတ္စုံရဲ႕ဒီဇိုင္းက Mark 2 နဲ႔ ပုံစံသိပ္ၿပီးေတာ့ ကြာျခားမႈမရွိေပမယ့္ ပိုၿပီးေတာ့ အဆင့္ျမင့္လာခဲ့ပါတယ္။ အသိသာဆုံးေျပာင္းလဲသြားတာကေတာ့ သူ႔ရဲ႕ဇိမ္ခံကားေတြထဲက တစ္စီးရဲ႕ပုံစံကို အေျခခံၿပီး အနီေရာင္နဲ႔ေ႐ႊေရာင္ကိုေရာၿပီး ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဝတ္စုံက စစ္ေျမျပင္တစ္ခုမွာ တိုက္ခိုက္ႏိုင္ဖို႔အတြက္ကို ဖန္တီးထားတာလို႔ကို ေျပာလို႔ရပါတယ္။

လက္နက္အေနနဲ႔ ဆိုရင္ တင့္ကားကိုေတာင္ ဖ်က္စီးပစ္ႏိုင္တဲ့ လက္နက္ ၊ ပုခုံးေနရာမွာထည့္ထားတဲ့ စက္ေသနတ္ေတြအျပင္ကို သူ႔ရဲ႕လက္ဖဝါးနဲ႔ ရင္ဘက္ကေန ဖ်က္အားျပင္းတဲ့ ေရာင္ခ်ည္ေတြကိုလည္း ပစ္ထုတ္ႏိုင္ပါတယ္။ Mark 2 ရဲ႕အားနည္းခ်က္ျဖစ္တဲ့ အျမင့္ႀကီးပ်ံလို႔မရတာကို ဒီဝတ္စုံမွာေတာ့ ေ႐ႊနဲ႔တိုက္ေတနီယမ္တို႔ကို ေရာစပ္ၿပီးဖန္တီးထားတာေၾကာင့္ ဝတ္စုံကအလုပ္မလုပ္ေတာ့ဘဲ ေအးခဲသြားတာမ်ိဳး မျဖစ္ေတာ့တဲ့အျပင္ ဒီဝတ္စုံကိုဝတ္လိုက္တဲ့အခ်ိန္မွာ သူ႔ရဲ႕ခြန္အားနဲ႔ ခံႏိုင္ရည္ေတြကို တိုးျမႇင့္ေပးပါေသးတယ္။

Mark 4 – Iron Man 2
photo via screenrant

obadiah stane နဲ႔ တိုက္ခိုက္ၿပီးတဲ့ေနာက္မွာ Mark 3 ဟာ ေတာ္ေတာ္ေလးကို ပ်က္စီးသြားတာေၾကာင့္ အစားထိုးဖို႔အတြက္ Mark 4 ကို တီထြင္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူဟာ ဒီဝတ္စုံကို ဇိမ္ခံပစၥည္းပုံစံမ်ိဳးကိုသာ အသုံးျပဳခဲ့တာေၾကာင့္ Mark 3 နဲ႔သိပ္ၿပီး ကြာျခားခ်က္ေတြ မရွိပါဘူး။

ဒီဝတ္စုံမွာေတာ့ ပိုၿပီးေပါ့ပါးေအာင္ ျပဳလုပ္ထားၿပီး ပိုၿပီးေတာက္ပတဲ့ အနီေရာင္ကို သုံးထားတာေလာက္ပဲ ေျပာင္းလဲသြားတာ ရွိပါတယ္။ ဒါ့အျပင္ ေနာက္ဆုံးတစ္ခုကေတာ့ အထူးဆန္းဆုံးအခ်က္လို႔ေျပာလို႔ရၿပီးေတာ့ ဒီဝတ္စုံကို ဝတ္ထားတဲ့အခ်ိန္မွာ အေပါ့ေတြအေလးေတြသြားဖို႔အတြက္ အိမ္သာကိုသြားစရာမလိုဘဲ အဲ့ဒီဝတ္စုံထဲမွာပဲ ကိစၥရွင္းလို႔ရတဲ့ စနစ္ကို ထည့္ထားခဲ့ပါတယ္။

Mark 5 – Iron Man 2
photo via screenrant

ဒီဝတ္စုံကို Mark 5 အျပင္ကို Suitcase Suit ဆိုၿပီးလည္း ေခၚပါေသးတယ္။ ဒီဝတ္စုံဟာ အရင္ဝတ္စုံေတြထက္ကို အဆင့္ျမႇင့္ထားၿပီးေတာ့ ပုံစံလည္း ေတာ္ေတာ္ေလးကို ေျပာင္းလဲသြားခဲ့ပါတယ္။ Suitcase Suit လို႔ေခၚရတဲ့အေၾကာင္းအရင္းကလည္း ဒီဝတ္စုံဟာ လက္ဆြဲေသတၱာလိုပုံစံမ်ိဳး ျဖစ္ေအာင္ ဖန္တီးထားတာေၾကာင့္ ျဖစ္ပါတယ္။

လက္ဆြဲေသတၱာအျဖစ္ ကိုင္ၿပီးသြားလာလို႔ရတာေၾကာင့္ အကယ္၍အေရးေပၚလိုအပ္လာရင္ ထုတ္သုံးလို႔ရေအာင္ ဖန္တီးထားခဲ့ပါတယ္။ ဒါ့အျပင္ ဒီဝတ္စုံဟာ အေလးခ်ိန္အရမ္းကို ေပါ့ေအာင္လုပ္ထားၿပီးေတာ့ အခ်ိန္တိုအတြင္းမွာ အျမန္ဆုံး ဝတ္ဆင္ႏိုင္ေအာင္လည္း ျပဳလုပ္ထားပါတယ္။ Iron Man 2 ထဲမွာလည္း Whiplash ရဲ႕တိုက္ခိုက္မႈကေန ကာကြယ္ႏိုင္ခဲ့တာကလည္း ဒီဝတ္စုံရဲ႕ ျမန္ဆန္တဲ့ ဝတ္ဆင္ႏိုင္စြမ္းေၾကာင့္ပဲ ျဖစ္ပါတယ္။

Mark 6 – Iron Man 2 And The Avengers
photo via screenrant

သူ႔ရဲ႕ရင္ဘတ္မွာ ရွိတဲ့ arc reactor ေၾကာင့္ သူ႔ရဲ႕ခႏၶာကိုယ္ကို အဆိပ္အေတာက္ျဖစ္လာေစတဲ့ အခါမွာေတာ့ သူဟာ အဆိပ္အေတာက္မျဖစ္ေစဘဲနဲ႔ ပိုၿပီးစြမ္းအားမ်ားမ်ားေပးႏိုင္တဲ့ arc reactor အသစ္ကို ဖန္တီးခဲ့ပါတယ္။ အဲ့ဒီ arc reactor အသစ္ဟာ ပိုၿပီးစြမ္းအားမ်ားမ်ား ေပးႏိုင္တာေၾကာင့္ သူ႔ရဲ႕ဝတ္စုံထဲကို လက္နက္ေတြနဲ႔ ကာကြယ္ေရးစနစ္ေတြကို ပိုၿပီး ထည့္သြင္းႏိုင္ခဲ့ပါတယ္။

လက္နက္ေတြအေနနဲ႔ကေတာ့ စြမ္းအားျပင္းတဲ့ေလဆာလက္နက္နဲ႔ လက္ေကာက္ဝတ္မွာ ဒုံးက်ည္အေသးစားေလးေတြကို ထပ္ၿပီး ထည့္သြင္းခဲ့ပါတယ္။ ကာကြယ္ေရးအေနနဲ႔ကေတာ့ Whiplash နဲ႔တိုက္ခိုက္ခဲ့တုန္းက လွ်ပ္စစ္ဓာတ္ေၾကာင့္ သူ႔ရဲ႕ဝတ္စုံဟာ ေတာ္ေတာ္ေလးကို ထိခိုက္သြားတာေၾကာင့္ လွ်ပ္စစ္ဓာတ္ကို ခံႏိုင္ရည္ရွိေအာင္နဲ႔ ေရေအာက္ထဲမွာပါ ေကာင္းေကာင္းမြန္မြန္ လႈပ္ရွားႏိုင္ေအာင္လို႔ စနစ္အသစ္ေတြကို ထည့္သြင္းခဲ့ပါတယ္။

Mark 7 – The Avengers
photo via screenrant

ဒီဝတ္စုံကေတာ့ Loki ကသူ႔ကို Stark တာဝါေပၚကေန ပစ္ခ်တုန္းက ဝတ္ဆင္ခဲ့တဲ့ ဝတ္စုံျဖစ္ပါတယ္။ ဒီဝတ္စုံကို ဝတ္ဆင္တဲ့ ပုံစံကေတာ့ ေတာ္ေတာ္ေလးကို လူႀကိဳက္မ်ားခဲ့ၿပီး ဝတ္စုံရဲ႕အစိတ္အပိုင္းေတြ တစ္ခုခ်င္းဆီက ဒုံးက်ည္တစ္ခုလို ပ်ံလာၿပီးေတာ့ သူ႔ခႏၶာကိုယ္ရဲ႕ပတ္ပတ္လည္မွာ တစ္ခုခ်င္းဆီ ဝတ္ဆင္သြားတာ ျဖစ္ပါတယ္။

ဒီဝတ္စုံမွာေတာ့ စက္ဝိုင္းပုံစံ arc reactor ျပန္ျဖစ္သြားၿပီး လက္နက္ေတြလည္း ပိုၿပီး မ်ားလာခဲ့ပါတယ္။ ဒါ့အျပင္ ဒီဝတ္စုံဟာ ထိခိုက္မႈေတြေတာ္ေတာ္မ်ားမ်ားကို ခံႏိုင္ရည္ရွိၿပီးေတာ့ Leviathan လို႔ေခၚတဲ့ ေလေပၚမွာပ်ံေနတဲ့ အေကာင္အႀကီးႀကီးကိုေတာင္ အႏိုင္ယူပစ္ႏိုင္တဲ့အထိ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ဒီဝတ္စုံကေတာ့ အာကာသထဲအထိကို ပ်ံသန္းႏိုင္တဲ့အထိေတာ့ မလုပ္ေဆာင္ႏိုင္ခဲ့ပါဘူးဆိုတာကို The Avengers ထဲမွာ ေတြ႕ခဲ့ၾကမွာပါ။

Mark 42 – Iron Man 3
photo via screenrant

Iron Legion ဝတ္စုံေတြမွာ ျဖစ္ခဲ့တာေတြၿပီးတဲ့ေနာက္မွာေတာ့ သူဟာ ဒီဝတ္စုံကို ေတာ္ေတာ္ေလးကို အဆင့္ျမႇင့္ခဲ့ၿပီးေတာ့ အေဝးကေန ထိန္းခ်ဳပ္လို႔ရေအာင္ပါ ျပဳလုပ္ခဲ့ပါေသးတယ္။ အေဝးကေနထိန္းခ်ဳပ္တဲ့ စနစ္ဟာ သူ႔ကိုယ္သူတင္မဟုတ္ဘဲနဲ႔ တစ္ျခားသူတစ္ေယာက္မွာပါ အဲ့ဒီဝတ္စုံကို ဝတ္ဆင္ေပးဖို႔အတြက္ နားၾကပ္နဲ႔ အေဝးကေန ထိန္းခ်ဳပ္ႏိုင္ပါေသးတယ္။

ဒီဇိုင္းပုံစံကေတာ့ ေ႐ႊေရာင္ ခပ္ေဖ်ာ့ေဖ်ာ့အေရာင္ကို သုံးထားၿပီးေတာ့ အရင္ကသုံးခဲ့တဲ့ လက္နက္ေတြအကုန္လုံးတပ္ဆင္ထားပါတယ္။ ဒါေပမဲ့လည္း တိုက္ခိုက္တဲ့အခါမွာေတာ့ အဲ့ဒီလက္နက္ေတြထက္ကို သူ႔ရဲ႕လက္ဖဝါးမွာရွိတဲ့ ေရာင္ခ်ည္ေတြပစ္ထုတ္ႏိုင္တဲ့ လက္နက္ကို ပိုၿပီးေတာ့ အသုံးမ်ားခဲ့ပါတယ္။

The Iron Legion Armors – Iron Man 3
photo via screenrant

Mark 33 (Silver Centurion) – ဒီဝတ္စုံကေတာ့ comic ကိုအေျခခံထားတာ ျဖစ္ၿပီး လက္တစ္ဖက္ဆီမွာ ျမႇဳပ္ထားတဲ့ ဓားတစ္ေခ်ာင္းစီ ရွိပါတယ္။ သူဟာ Aldrich Killian နဲ႔တိုက္ခိုက္ဖို႔အတြက္ Iron Legion ကိုေခၚၿပီးတဲ့ေနာက္မွာ ပထမဆုံး ဝတ္ဆင္ခဲ့တဲ့ ဝတ္စုံျဖစ္ၿပီးေတာ့ Aldrich Killian ေၾကာင့္ပဲ ပ်က္စီးခဲ့ရတဲ့ ပထမဆုံး ဝတ္စုံလည္း ျဖစ္ပါတယ္။

Mark 16 (Nightclub) – ဒီဝတ္စုံကေတာ့ ကိုယ္ေယာင္ေဖ်ာက္ၿပီး ရန္သူကို ခ်ဥ္းကပ္လို႔ရေအာင္ တီထြင္ထားတဲ့ ဝတ္စုံတစ္ခု ျဖစ္ပါတယ္။ သူ႔ရဲ႕နည္းပညာေတြကို သုံးၿပီး ကိုယ္ေယာင္ေဖ်ာက္လို႔ရေအာင္ တီထြင္ထားတာ ျဖစ္ၿပီး အဲ့ဒီဝတ္စုံဟာ ပုတ္သင္ညိဳတစ္ေကာင္လိုမ်ိဳး သူ႔ရဲ႕အေရာင္နဲ႔ ပတ္ဝန္းက်င္ကအေရာင္ကို တစ္သားထဲက်ေအာင္ ျပဳလုပ္ၿပီး ကိုယ္ေယာင္ေဖ်ာက္တာ ျဖစ္ပါတယ္။ ဒီဝတ္စုံကေတာ့ Killian ကိုတိုက္ခိုက္ဖို႔အတြက္ ဝတ္ဆင္ခဲ့တဲ့ ဒုတိယေျမာက္ ဝတ္စုံျဖစ္ပါတယ္။

Mark 40 (Shotgun) – ဒီဝတ္စုံကေတာ့ သူတီထြင္ခဲ့ဖူးတဲ့ အျမန္ဆုံး ဝတ္စုံေတြထဲက တစ္ခု ျဖစ္ၿပီးေတာ့ Pepper Potts ေသသြားၿပီလို႔ ထင္ခဲ့တဲ့အခ်ိန္မွာ သူဟာ ဒီဝတ္စုံကို ဝတ္ၿပီးေတာ့ Killian နဲ႔ တိုက္ခိုက္ခဲ့ပါတယ္။ ဒါ့အျပင္ ဒီဝတ္စုံဟာ ပ်ံသန္းေနရင္းနဲ႔ အဆင္ေျပေျပ တိုက္ခိုက္လို႔ရေအာင္ ေက်ာဘက္မွာ ထိန္းညႇိဳေပးတဲ့ ကိရိယာလည္း ပါပါတယ္။

Mark 15 (Sneaky) – ဒီဝတ္စုံဟာ ကိုယ္ေယာင္ေဖ်ာက္ၿပီး ရန္သူကို ခ်ဥ္းကပ္လို႔ရေအာင္ တီထြင္ထားတဲ့ ပထမဆုံး ဝတ္စုံတစ္ခုျဖစ္ၿပီး Iron Legion ထဲမွာ နာမည္ေျပာင္ရခဲ့တဲ့ ပထမဆုံးဝတ္စုံလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Killian နဲ႔တိုက္ခိုက္ဖို႔အတြက္ ေနာက္ဆုံးဝတ္ခဲ့တဲ့ ဝတ္စုံတစ္ခုျဖစ္ၿပီးေတာ့ တစ္ျခားထူးထူးျခားျခားေတာ့ ေျပာစရာမရွိပါဘူး။

Mark 43 – Avengers: Age Of Ultron
photo via screenrant

ဒီဝတ္စုံကေတာ့ Age Of Ultron ထဲမွာ ဝတ္ခဲ့တာျဖစ္ၿပီးေတာ့ ဒီဝတ္စုံထဲမွာေတာ့ Mark 7 နဲ႔ Mark 42 တို႔ရဲ႕အေကာင္းဆုံး စနစ္ေတြကို ထည့္ထားၿပီးေတာ့ ဝတ္စုံကို အစိတ္အပိုင္းေတြ တစ္ခုခ်င္းစီခြဲထုတ္လို႔ရေပမယ့္ ထိခိုက္မႈေတြအမ်ားႀကီးကို ခံႏိုင္ရည္ ရွိေအာင္ တီထြင္ထားခဲ့ပါတယ္။ ဒါ့အျပင္ အနီေအာက္ေရာင္ျခည္နဲ႔ စကန္ဖတ္လို႔ရတဲ့ စနစ္အျပင္ Sentry Mode ကိုလည္း ေျပာင္းလဲလို႔ရပါတယ္။

Mark 44 – Avengers: Age Of Ultron
photo via screenrant

ဒီဝတ္စုံဟာ Mark 44 အျပင္ကို Hulkbuster လို႔လည္း ေခၚၾကၿပီးေတာ့ Tony Stark နဲ႔ Bruce Banner တို႔ႏွစ္ေယာက္ ပူးေပါင္းၿပီး တီထြင္ခဲ့တာ ျဖစ္ပါတယ္။ ဒါကိုတီထြင္ရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ Hulk အသိစိတ္လြတ္သြားၿပီး ေသာင္းက်န္းတဲ့အခ်ိန္က်ရင္ ထိန္းခ်ဳပ္ႏိုင္ေအာင္ တီထြင္ခဲ့တာ ျဖစ္ပါတယ္။

ဒီဝတ္စုံအတြက္ arc reactor ေတြအမ်ားႀကီးနဲ႔ စြမ္းအင္ေပးထားရၿပီးေတာ့ သူ႔ရဲ႕ပုံမွန္ Iron Man ဝတ္စုံေပၚမွာ ထပ္ၿပီးေတာ့ ဝတ္ဆင္ရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဝတ္စုံမွာ တပ္ဆင္ထားတဲ့ လက္နက္ေတြကလည္း သူတို႔ႏွစ္ေယာက္စိတ္ႀကိဳက္တပ္ဆင္ထားတာ ျဖစ္ၿပီးေတာ့ တိုက္ခိုက္ေနရင္းနဲ႔ ဝတ္စုံရဲ႕မေကာင္းေတာ့တဲ့ အစိတ္အပိုင္းေတြကို အသစ္လဲဖို႔အတြက္လည္း အစိတ္အပိုင္းအပိုေတြကို အေဝးကေန ထိန္းခ်ဳပ္ၿပီး ေျပာင္းလဲတပ္ဆင္ႏိုင္ပါတယ္။

Mark 45 – Avengers: Age Of Ultron
photo via screenrant

ဒီဝတ္စုံကေတာ့ Mark 43 ရဲ႕ လုပ္ေဆာင္ႏိုင္တဲ့ စြမ္းရည္ေတြ အကုန္ပါဝင္ၿပီးေတာ့ ပိုၿပီးအၾကမ္းခံေအာင္နဲ႔ ပိုၿပီးေတာက္ေျပာင္ေနေအာင္ ျပဳလုပ္ထားပါတယ္။ Ultron ဟာ Vision ကိုဖန္တီးဖို႔အတြက္ JARVIS ကို အသုံးျပဳခဲ့တာေၾကာင့္ ဒီဝတ္စုံဟာ JARVIS ကိုအစားထိုးဖို႔အတြက္ FRIDAY ကိုအသုံးျပဳခဲ့တဲ့ ပထမဦးဆုံး ဝတ္စုံလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဝတ္စုံဟာ Ultron နဲ႔ယွဥ္ၿပီးတိုက္ခိုက္ႏိုင္တဲ့အထိေတာင္ အၾကမ္းခံခဲ့ပါတယ္။

Mark 46 – Captain America: Civil War
photo via screenrant

ဒီဝတ္စုံက Civil War ထဲမွာ Captain America နဲ႔ Winter Soldier တို႔ကို တိုက္ခိုက္တဲ့အခ်ိန္မွာ သုံးခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဝတ္စုံဟာ Comic ထဲက Bleeding Edge ဆိုတဲ့ ဝတ္စုံကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ၿပီးေတာ့ Infinity War ထဲမွာ သူဝတ္ခဲ့တဲ့ နာႏိုနည္းပညာနဲ႔ လုပ္ထားတဲ့ ဝတ္စုံမတိုင္ခင္မွာ တီထြင္ခဲ့တာပါ။ ဒါ့အျပင္ ဝတ္စုံကို ဝတ္ဖို႔အတြက္ အရင္လိုအမ်ားႀကီး ေစာင့္စရာမလိုဘဲနဲ႔ ခဏေလးအတြင္းမွာတင္ ဝတ္ဆင္လို႔ရပါတယ္။ Winter Soldier နဲ႔တိုက္ခိုက္တဲ့အခန္းမွာဆိုရင္ နာရီထဲမွာ အဲ့ဒီဝတ္စုံရဲ႕လက္အိတ္ကို ထည့္ထားၿပီးေတာ့ ဝတ္စုံရဲ႕တစ္ျခားအစိတ္အပိုင္းေတြ မပါဘဲနဲ႔ေတာင္ တိုက္ခိုက္ႏိုင္ခဲ့ပါတယ္။

Mark 47 – Spider-Man: Homecoming
photo via screenrant

ဒီဝတ္စုံကေတာ့ Ultimate Marvel comics ထဲကဝတ္စုံကို တိုက္႐ိုက္အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒီဇိုင္းကေတာ့ Mark 46 နဲ႔အတူတူပဲ ျဖစ္ၿပီးေတာ့ အေရာင္ကေတာ့ အနည္းငယ္ကြာျခားမႈ ရွိပါတယ္။ ဒီဝတ္စုံရဲ႕ အဓိကေျပာင္းလဲသြားတဲ့အခ်က္ကေတာ့ wifi ရွိေန႐ုံနဲ႔တင္ အဲ့ဒီဝတ္စုံကို ထိန္းခ်ဳပ္ေနလို႔ရၿပီးေတာ့ တစ္ျခားလိုအပ္မႈမွ မရွိပါဘူး။ ထိန္းခ်ဳပ္တာကလည္း Tony ကိုယ္တိုင္ ထိန္းခ်ဳပ္စရာမလိုဘဲနဲ႔ Friday ကထိန္းခ်ဳပ္ေပးတာ ျဖစ္ပါတယ္။

Mark 50 – Avengers: Infinity War
photo via screenrant

ဒီဝတ္စုံကေတာ့ နာႏိုနည္းပညာနဲ႔ ျပဳလုပ္ထားတဲ့ ပထမဦးဆုံး ဝတ္စုံျဖစ္ၿပီးေတာ့ ဝတ္စုံကို ဝတ္ဖို႔အတြက္ အရင္လို လက္ဆြဲေသတၱာေတြ နာရီေတြ သယ္သြားေနဖို႔ မလိုေတာ့ပါဘူး။ ရင္ဘတ္က arc reactor ေလးကို ထိလိုက္႐ုံနဲ႔တင္ ဝတ္စုံကို ဝတ္ၿပီးသား ျဖစ္သြားၿပီးေတာ့ ဒီဝတ္စုံရဲ႕လုပ္ႏိုင္စြမ္းေတြကေတာ့ အဆုံးမရွိဘဲ Tony ရဲ႕ တီထြင္ႏိုင္စြမ္းေပၚကို မူတည္ၿပီးေတာ့ တိုက္ခိုက္မႈပုံစံမ်ိဳးစုံကို လုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ ဒီဝတ္စုံဟာ ခဏေလးအတြင္းမွာ သူ႔ရဲ႕ပုံသ႑ာန္ကို ေျပာင္းလဲႏိုင္ၿပီး လက္နက္ေတြအျဖစ္ ေျပာင္းလဲၿပီး တိုက္ခိုက္ႏိုင္တာကို Infinity War မွာ ေတြ႕ခဲ့ၾကမွာပါ။

Mark 85 – Avengers: Endgame
photo via screenrant

Infinity War ၿပီးသြားတဲ့အခ်ိန္မွာ သူ႔ရဲ႕ဝတ္စုံကို အရင္ကထက္ပိုၿပီး အဆင့္ျမႇင့္ေအာင္ ျပဳလုပ္ေနခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Mark 85 ျဖစ္လာၿပီးေတာ့ ဒီဇိုင္းကေတာ့ အရင္ ဝတ္စုံနဲ႔ သိပ္ၿပီး ကြာျခားမႈ မရွိခဲ့ပါဘူး။ အရင္ Mark 50 ရဲ႕လုပ္ေဆာင္ႏိုင္စြမ္းေတြအကုန္လုံးပါတဲ့အျပင္ကို Thanos ကိုတိုက္ခိုက္ၿပီး အႏိုင္ယူႏိုင္ဖို႔အတြက္ Infinity Stone ေျခာက္လုံးရဲ႕ စြမ္းအားကိုေတာင္ ခံႏိုင္ရည္ရွိေအာင္ ဖန္တီးခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ကြၽန္ေတာ္တို႔ရဲ႕ Iron Man ဟာ ဒီဝတ္စုံကို ေနာက္ဆုံးအေနနဲ႔ ဝတ္ဆင္ခဲ့ၿပီးေတာ့ ဂုဏ္ယူစြာနဲ႔ပဲ Marvel Cinematic Universe ကေန ထြက္ခြာသြားခဲ့ပါတယ္။

Lego Les
RELATED ARTICLES

Most Popular