HomeEntertainmentFilmGoT ရဲ့ Iron Throne အကြောင်း ပရိသတ်အများစု မသိလောက်သေးတဲ့အချက်များ

GoT ရဲ့ Iron Throne အကြောင်း ပရိသတ်အများစု မသိလောက်သေးတဲ့အချက်များ

လက်ရှိမှာတော့ Game of Thrones ဇာတ်လမ်းတွဲရဲ့ Prequel ဇာတ်လမ်းတွဲ ဖြစ်တဲ့ House of the Dragon ထွက်ရှိနေပါတယ်။ ဒီဇာတ်လမ်းတွဲ နှစ်ခုလုံးမှာတော့ Iron Throne ဟာ အရေးပါတဲ့ နေရာက ပါဝင်နေပြီး ခုနှစ်ပြည်ထောင်လုံးရဲ့ ဘုရင်ဖြစ်သူကသာ Iron Throne ပေါ်မှာ ထိုင်ခွင့်ရရှိပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ GoT ပရိသတ်တွေအတွက် Iron Throne နဲ့ ပတ်သက်ပြီး လူအများစု မသိလောက်သေးတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) King’s Landing နဲ့ Iron Throne တို့ ဖြစ်ပေါ်လာပုံ

photo via screenrant

Aegon Targaryen ရဲ့ စစ်တပ်ဟာ Blackwater Rush ကို ရောက်လာတဲ့ အချိန်မှာတော့ Aegon ဟာ Westeros ကို စတင်သိမ်းပိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Aegon ဟာ အဲဒီနေရာမှာရှိတဲ့ တံငါသည်ရွာတွေနဲ့ တောင်ကုန်းသုံးခုကို King’s Landing အဖြစ် ပြောင်းလဲခဲ့ပါတယ်။ Aegon ရဲ့ ပထမဆုံးခံတပ်ကတော့ Aegonfort ပဲ ဖြစ်ပြီး High Hill ပေါ်မှာ တည်ရှိပါတယ်။

Aegon ဟာ Westeros ကို သိမ်းပိုက်ပြီးနောက်မှာတော့ သူ့ရဲ့နန်းစိုက်ရာနေရာကို Dragonstone မှာ မပြုလုပ်ဘဲ ပထမဆုံး သူရောက်ရှိခဲ့တဲ့ Blackwater Rush မှာ နန်းစိုက်ခဲ့ပြီး King’s Landing လို့ နာမည်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ကျရှုံးသွားတဲ့ ရန်သူတွေရဲ့ ကျိူးပဲ့နေတဲ့ ဓားတွေနဲ့ Iron Throne ကို ဖန်တီးခဲ့ပါတယ်။ 35 AC မှာတော့ Aegon ဟာ Aegonfort ကို ဖျက်ဆီးပစ်ခဲ့ပြီး Iron Throne ရဲ့ ပတ်ပတ်လည်မှာ Red Keep ရဲတိုက်ကြီးကို တည်ဆောက်ခဲ့ပါတယ်။ အကြောင်းကတော့ Iron Throne ဟာ ကြီးမားလွန်းပြီး လေးလံလွန်းတာကြောင့် နေရာရွှေ့ဖို့ အဆင်မပြေတာကြောင့် ဖြစ်ပါတယ်။

(2) Lord Mooton နဲ့ Lord Darklyn ရဲ့ မဟာမိတ်တပ်စု

photo via screenrant

Aegon ဟာ Westeros ကို သိမ်းပိုက်ပြီးနောက်မှာတော့ Lord Mooton of Maidenpool နဲ့ Lord Darklyn of Duskendale တို့ဟာ ပြန်လည်တော်လှန်ဖို့ မဟာမိတ်ဖွဲ့ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ စစ်သည်အင်အား (၃၀၀၀)ခန့်ရှိတဲ့ စစ်တပ်ကို တည်ထောင်ခဲ့ပြီး Blackwater Rush ကို ချီတက်လာကြပါတယ်။ ဒါပေမယ့်လည်း Aegon ကတော့ သူတို့ကို ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာတော့ Orys Baratheon က မြေပြင်စစ်တပ်ကို ဦးဆောင်ပြီး Aegon ကတော့ သူ့ရဲ့နဂါးဖြစ်တဲ့ Balerion the Black Dread ကို စီးနင်းကာ တိုက်ခိုက်ခဲ့ကြပါတယ်။ Lord Mooton နဲ့ Lord Darklyn တို့ကတော့ အဲဒီစစ်ပွဲအတွင်းမှာပဲ သေဆုံးသွားကြပါတယ်။ စာအုပ်ထဲမှာတော့ Aegon ဟာ သူတို့ရဲ့ဓားတွေကို Iron Throne ထဲ ထည့်သွင်းဖို့ ယူသွားတယ်လို့ မဖော်ပြထားပေမယ့်လည်း Aegon ဟာ သူ့ရန်သူတွေရဲ့ ဓားတွေနဲ့ Iron Throne ကို ဖန်တီးထားတာကြောင့် ယူသွားတယ်လို့တော့ ယူဆနိုင်ပါတယ်။

(3) House Hoare ရဲ့ ကျဆုံးမှု

photo via screenrant

အပေါ်မှာ ဖော်ပြထားတဲ့ တိုက်ပွဲအပြီးမှာတော့ Westeros မှာရှိတဲ့ Lord အများစုဟာ Aegon ဆီမှာ သစ္စာခံခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Lord Harren the Black ကတော့ အာခံနေဆဲ ဖြစ်တာကြောင့် Aegon ဟာ အနောက်မြောက်ဘက်မှာ ရှိတဲ့ God’s Eye နဲ့ Riverlands တို့ဆီကို ထွက်လာခဲ့ပါတယ်။

Lord Harren ကတော့ သူ့ရဲ့ကြီးမားခိုင်ခံ့လွန်းတဲ့ ရဲတိုက်ကြီးအပေါ်မှာ ယုံကြည်မှုရှိတာကြောင့် Aegon ရောက်သွားတဲ့ချိန်အထိ သစ္စာမခံဘဲ အာခံနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Aegon ဟာ Balerion ကို စီးနင်းပြီး အဲဒီရဲတိုက်ကြီးကို မီးမှုတ်ပြာချစေခဲ့ပါတယ်။ Lord Harren နဲ့ သူ့ရဲ့မျိူးဆက်တွေ အပါအဝင် ရဲတိုက်ထဲမှာ ရှိသမျှလူတွေ အားလုံးဟာလည်း အဲဒီမီးထဲမှာပဲ သေဆုံးသွားကြပါတယ်။ House Hoare ကတော့ အဲဒီအချိန်မှာပဲ အမြစ်ပြတ် ရှုံးနိမ့်သွားခဲ့ပြီး Aegon ကတော့ သူတို့ရဲ့ဓားတွေကို လှည်းတွေနဲ့တင်ဆောင်ကာ Aegonfort ဆီကို ယူဆောင်သွားခဲ့ပါတယ်။

(4) The Last Storm

photo via screenrant

Storm’s End ကို အုပ်စိုးတဲ့ Argilac Durrandon သို့မဟုတ် Storm King ကတော့ Lord Harren လိုမျိူး ရဲတိုက်ထဲမှာ အရှင်လတ်လတ် မီးရှို့မခံရလေအောင် သူ့ရဲ့ကြီးမားတဲ့ စစ်တပ်ကို Aegon ရဲ့ စစ်တပ်နဲ့ ကွင်းပြင်ထဲမှာ တိုက်ခိုက်စေခဲ့ပါတယ်။ ဒီစစ်ပွဲကိုတော့ နောက်ပိုင်းမှာ Last Storm လို့ ခေါ်ဆိုခဲ့ကြပါတယ်။

ထုံးစံအတိုင်း Aegon ကပဲ ဒီစစ်ပွဲကို အနိုင်ရရှိခဲ့ပြီး သူ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ Orys Baratheon ကတော့ စစ်ပွဲအတွင်းမှာပဲ Argilac ကို သတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Orys ဟာ Argilac ရဲ့ မိဖုရားဖြစ်တဲ့ Lady Argella ကို လက်ထပ်ခဲ့ပြီး Storm’s End ကိုလည်း သိမ်းပိုက်လိုက်ပါတယ်။ ဒါ့အပြင် House Durrandon ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ သမင်ပုံကိုလည်း သူ့ရဲ့အပိုင်အဖြစ် သိမ်းယူခဲ့ပါတယ်။ ဒီစစ်ပွဲထဲက ဓားတွေဟာလည်း Iron Thorne ထဲမှာ ပါဝင်နေတယ်လို့ ယူဆနိုင်ပါတယ်။

(5) The Field of Fire

photo via screenrant

Aegon ရဲ့ လက်အောက်မှာ မခစားချင်တာကြောင့် နောက်ထပ်ဘုရင်နှစ်ယောက်ကလည်း ပူးပေါင်းခဲ့ကြပါသေးတယ်။ House Gardener ရဲ့ Mern IX နဲ့ House Lannister ရဲ့ Loren I တို့ဟာ အတူပူးပေါင်းပြီး စစ်သည်အင်အား (၅၅၀၀၀)ရှိတဲ့ စစ်တပ်ကို တည်ထောင်ခဲ့ပါတယ်။ ဒီစစ်တပ်ကတော့ Westeros ရဲ့ အကြီးမားဆုံး စစ်တပ်ကြီး ဖြစ်ခဲ့ပါတယ်။ Aegon နဲ့ ဘုရင်နှစ်ယောက်တို့ရဲ့ စစ်ပွဲကတော့ Blackwater ရဲ့ တောင်ဘက်မှာ ဖြစ်ပျက်ခဲ့ပြီး နောက်ပိုင်းမှာတော့ Field of Fire လို့ နာမည်တွင်ခဲ့ပါတယ်။

အဲဒီစစ်ပွဲအတွင်းမှာတော့ Aegon က အနိုင်ရရှိသွားပြီး King Mern IX ကတော့ သေဆုံးသွားပါတယ်။ ဒါကြောင့်ပဲ House Gardener ဟာလည်း မျိူးဆက်ပြတ်သွားပါတော့တယ်။ အဲဒီနောက်မှာတော့ Aegon ဟာ သေဆုံးသွားတဲ့ ရန်သူတွေရဲ့ ဓားတွေကို စုစည်းပြီး Aegonfort ဆီကို ပို့ဆောင်စေခဲ့ပါတယ်။ King Loren I Lannister ကတော့ အဲဒီစစ်ပွဲအတွင်းမှာ စစ်သည်(၁၀၀)လောက် ဆုံးရှုံးခဲ့ပြီး တပ်ဆုတ်သွားပါတယ်။ စစ်ပွဲအပြီး နောက်တစ်ရက်မှာတော့ သူဟာ Aegon ဆီမှာ သစ္စာလာခံခဲ့ပြီး နောက်ပိုင်းမှာတော့ Loren I ဟာ Lord of Casterly Rock နဲ့ Warden of the West ဖြစ်လာခဲ့ပါတယ်။

(6) Iron Throne ဖန်တီးခြင်း

photo via screenrant

စာရေးဆရာကြီး George R.R. Martin ရဲ့ Game of Thrones Universe ကတော့ အလွန်ကျယ်ပြန့်သလို ခေတ်အဆက်ဆက်ကို ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ Aegon the Conqueror ကတော့ ဒီ Universe ထဲက ရှေးခေတ်အချိန်မှာ ဖြစ်ပျက်ခဲ့ပြီး သူ့ရဲ့အကြောင်းတွေကိုတော့ ပေရွက်တွေ၊ သီချင်းတွေကနေတဆင့် ပြန်လည်သိရှိရတာ ဖြစ်ပါတယ်။

အချိန်တွေဟာလည်း အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်တာကြောင့် နှောင်းလူတွေ ဖော်ပြကြတဲ့ Aegon ရဲ့ တချို့အချက်အလက်တွေကတော့ တိကျသေချာမှု မရှိတော့ပါဘူး။ ဒါကြောင့်ပဲ Aegon ရဲ့ Iron Throne ဖန်တီးခဲ့ပုံကို ဖော်ပြထားတာမှာလည်း နှစ်မျိူး ဖြစ်နေပါတယ်။ သီချင်းတွေထဲမှာတော့ Aegon ဟာ သူ့ရဲ့နဂါးဖြစ်တဲ့ Balerion ကို မီးမှုတ်ခိုင်းပြီး ဖန်တီးခဲ့တာလို့ ဖော်ပြကြပေမယ့် ပေစာရွက်တွေထဲမှာတော့ Aegon ဟာ ပန်းပဲသမားတွေကို ဖန်တီးစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(7) ကျရှုံးသူတွေရဲ့ ဓားတွေပဲ ပါဝင်ပါတယ်။

photo via screenrant

Aegon Targaryen ဟာ တိုက်ပွဲအတွင်းမှာ ကျဆုံးသွားတဲ့ သူ့ရန်သူတွေရဲ့ ဓားတွေကိုပဲ ယူပြီး Iron Throne ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Aegon ဆီမှာ သစ္စာခံခဲ့တဲ့ House Stark ၊ House Lannister နဲ့ House Arryn တို့ရဲ့ ဓားတွေဟာ Iron Throne ထဲမှာ မပါဝင်ပါဘူး။ ဒါ့အပြင် Aegon ဟာ လက်နက်ချပြီး သစ္စာခံခဲ့သူတွေကိုလည်း သူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ ရာထူးတွေကို ဆက်လက် ထိန်းသိမ်းထားစေခဲ့ပါတယ်။

(8) Iron Thorne ပေါ်မှာ သက်သက်သာသာ မထိုင်နိုင်ပါဘူး။

photo via screenrant

Aegon ဟာ ခုနှစ်ပြည်ထောင်ကို အုပ်ချုပ်ရတာ လွယ်ကူတဲ့ အလုပ်မဟုတ်ကြောင်း နောင်လာနောက်သားတွေ သိစေဖို့ Iron Thorne ဖန်တီးတဲ့အချိန်မှာ သက်သက်သာသာ မထိုင်နိုင်အောင် တမင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Aegon ဟာ “ဘုရင်တစ်ယောက်က ဘယ်တော့မှ အပန်းဖြေမနေသင့်ဘူး” လို့ ပြောပြီး Iron Thorne ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Iron Throne မှာတော့ ကွေးကောက်နေတဲ့ ဓားတွေလည်း ပါဝင်နေသလို အလွယ်တကူ ဒဏ်ရာရသွားစေနိုင်လောက်အောင် ချွန်ထက်နေပါတယ်။ ကျောမှီတဲ့ နေရာမှာတော့ ချွန်ထက်တဲ့ ဓားသွားတွေ တန်းစီထားပြီး လက်တင်တဲ့ နေရာမှာလည်း အလားတူပဲ ပြုလုပ်ထားပါတယ်။ ဒါကြောင့်ပဲ Iron Throne မှာ ထိုင်သူဟာ ခါးကို မတ်မတ်ထားကာ ထိုင်တယ်ဆိုရုံလေးပဲ ထိုင်နိုင်ပါတယ်။ သတိထားထိုင်နေရင်းနဲ့တောင် Targaryen ဘုရင်တွေဟာ Iron Thorne ကြောင့် ဒဏ်ရာရရှိခဲ့ကြပြီး House of the Dragon ထဲမှာ ပါဝင်တဲ့ King Viserys I ဆိုရင်လည်း လက်ရှသွားတာကြောင့် ပိုးမဝင်အောင် လက်ချောင်းနှစ်ချောင်း ဖြတ်ပစ်ခဲ့ရပါတယ်။

(9) လူသတ်တတ်တဲ့ Iron Throne

photo via screenrant

ပါးစပ်ရာဇဝင်အရ ဆိုရင်တော့ Iron Throne ဟာ သူ့အပေါ်မှာ ထိုင်တဲ့သူတွေကို သတ်ဖြတ်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ King Maegar I Targaryen ကတော့ Iron Throne ပေါ်မှာပဲ ဒဏ်ရာတွေအပြည့်နဲ့ သေဆုံးနေခဲ့ဖူးပါတယ်။ ဘုရင်ကို လုပ်ကြံလောက်တဲ့ တခြားသူတွေလည်း ရှိနေပေမယ့်လည်း အများစုကတော့ Iron Throne ကိုယ်တိုင်ကပဲ King Maegar I ကို သတ်ပစ်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

ဒါကတော့ Game of Thrones နဲ့ House of the Dragon ထဲမှာ ပါဝင်ထားတဲ့ Iron Throne အကြောင်း စိတ်ဝင်စားစရာ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular