HomeCharacterWednesday Addams က Goody လိုမျိူး စုန်းမ တစ်ယောက်လား?

Wednesday Addams က Goody လိုမျိူး စုန်းမ တစ်ယောက်လား?

Netflix ရဲ့ Wednesday ဇာတ်လမ်းတွဲကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပြီး ယခုအချိန်မှာတော့ ပရိသတ်တွေကြားမှာ အလွန်ရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Addams Family ထဲက Wednesday ဆိုတဲ့ ကောင်မလေးကို အဓိကမြင်တွေ့ရမှာ ဖြစ်ပြီး သူမဟာ စိတ်စွမ်းအားတွေ ရကာ Nevermore Academy ကို ကယ်တင်ဖို့ ကြိုးစားတာကို မြင်တွေ့ရမှာပါ။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Goody Addams ဆိုတဲ့ ဇာတ်ကောင်အသစ်လည်း ပါဝင်လာခဲ့ပြီး ဒီဇာတ်ကောင်ကတော့ ယခုဇာတ်လမ်းတွဲအတွက် သီးသန့်ဖန်တီးခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Goody Addams ကတော့ (၁၇)ရာစုနှစ်မှာ Mexico နိုင်ငံကနေ Jericho မြို့ကို ပြောင်းရွေ့နေခဲ့တဲ့ Wednesday ရဲ့ ဘိုးဘေးပဲ ဖြစ်ပါတယ်။ (၁၇)ရာစုမှာတော့ ပစ္စပ္ပုန်ကာလမှာ Jericho မြို့ရဲ့ တည်ထောင်သူအဖြစ် သတ်မှတ်ထားတဲ့ Joseph Crackstone ဟာ Goody တို့ တစ်မိသားစုလုံးကို မီးရှို့သတ်ဖြတ်ပစ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ပြီးဆုံးပြီး နှစ်ပေါင်း (၄၀၀)လောက် ကြာမြင့်သွားတဲ့ အချိန်မှာတော့ Wednesday ဟာ Nevermore Academy ကို ကယ်တင်ဖို့အတွက် Goody ရဲ့ အကူအညီ လိုအပ်လာပါတော့တယ်။ သူတို့နှစ်ယောက်လုံးဟာ စိတ်စွမ်းအား ရှိကြတာချင်း တူညီကြပေမယ့်လည်း ဇာတ်လမ်းထဲမှာတော့ Goody ကို စုန်းမလို့ ဖော်ပြခဲ့ပြီး Wednesday ကိုတော့ စိတ်စွမ်းအားရှင်လို့သာ ဖော်ပြထားပါတယ်။

photo via screenrant

အကြောင်းကတော့ စုန်းမအဖြစ် သတ်မှတ်ဖို့အတွက် အစီအရင်တွေ ကျင့်စဉ်တွေ ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်တတ်ဖို့ လိုအပ်ပြီး Wednesday ကတော့ စိတ်စွမ်းအား ရှိနေရုံပဲ ဖြစ်ပါတယ်။ Goody ဟာ Joseph Crackstone ကို အလွန်စိတ်နာနေတာကြောင့် Joseph ကို သတ်ခဲ့ရုံတင်မဟုတ်ဘဲ သူ့ရဲ့ ဝိဉာဉ်ကိုပါ ကျိန်စာတိုက်ခဲ့ပါတယ်လို့ Laurel Gates က ပြောခဲ့ပါတယ်။ ဒါ့အပြင် Laurel Gates က Joseph ကို ပြန်လည်အသက်သွင်းတဲ့ အစီအရင်ကိုလည်း Goody ရဲ့ စာအုပ်ထဲက ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Wednesday ကတော့ Season 1 တလျှောက်လုံးမှာ Goody ကို ဆက်သွယ်ဖို့ အစီအရင်တစ်ကြိမ်သာ ပြုလုပ်ခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ Wednesday ကိုတော့ စုန်းမလို့ ပြောလို့မရဘဲ စိတ်စွမ်းအားရှင် တစ်ယောက်လို့သာ သတ်မှတ်နိုင်တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular