HomeCharacterMarvel Universe မှာ ဂြိုဟ်အမွှေဆုံး Hydra အဖွဲ့ကို တည်ထောင်ခဲ့တဲ့ Isaac Newton 

Marvel Universe မှာ ဂြိုဟ်အမွှေဆုံး Hydra အဖွဲ့ကို တည်ထောင်ခဲ့တဲ့ Isaac Newton 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ရဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Doctor Strange ဟာ မှော်ပညာရှင် အကြီးအကဲတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဲ့ဒီရာထူး ပိုင်ဆိုင်ထားသူကို ဟီးရိုးလို့ မြင်ကြပေမယ့်လည်း အရင်တုန်းကတော့ ဗီလိန်ဆန်တဲ့ မှော်ဆရာတွေကလည်း အဲ့ဒီရာထူးကို ရရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် Loki နဲ့ Ghost Rider တို့ဟာလည်း မှော်ပညာရှင် အကြီးအကဲဆိုတဲ့ ရာထူးကို ရရှိခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှ အင်မတန် ဗီလိန်ဆန်လွန်းတဲ့ မှော်ပညာရှင်အကြီးအကဲကတော့ ဘယ်သူမှ မထင်မှတ်ထားတဲ့ လူတစ်ယောက်ဖြစ်တဲ့ Isaac Newton ပဲ ဖြစ်ပါတယ်။

photo via screenrant

အပြင်လောကမှာတော့ Isaac Newton ဟာ (၁၇)ရာစုက သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ပြီး သင်္ချာနဲ့ ရူပဗေဒတို့ကို တိုးတက်အောင် ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ လူသားတွေကို အကျိူးပြုစေမယ့် တီထွင်မှုတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

Marvel universe ထဲမှာတော့ Newton ကို ဗီလိန်ဆန်လွန်းတဲ့ မှော်ဆရာတစ်ယောက်အဖြစ် ပုံဖော်ဖန်တီးခဲ့ပါတယ်။ အဲ့ဒီ Newton ကတော့ ပိုပြီးစွမ်းအားကြီးသလို အန္တရာယ်လည်းကြီးတဲ့ မှော်ပညာကို လေ့လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အနာဂတ်ကို ခန့်မှန်းနိုင်မယ့် နည်းလမ်းကို သိချင်တာကြောင့် ရှေ့ဖြစ်ဟောတွေနဲ့ သင်္ချာတွေကနေ လေ့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကမ္ဘာကြီးဟာ ဘယ်တော့ပျက်စီးသွားမလည်း ဆိုတာကို ပြသတဲ့ အီကွေးရှင်းဖြစ်တဲ့ Silent Truth ကို ဖန်တီးနိုင်ခဲ့ပါတယ်။

အဲ့ဒီအချက်အလက်ကို အသုံးပြုပြီးတော့ သူဟာ Brotherhood of the Shield ဆိုတဲ့ အဖွဲ့ကို အကျင့်ပျက်စီးအောင် ပြုလုပ်ပါတော့တယ်။ ဒါ့အပြင် ပြင်သစ် နက္ခတ်ဗေဒဆရာဖြစ်တဲ့ Nostradamus ကိုလည်း ထောင်သွင်းအကျဉ်းချပြီး နှိပ်စက်ကာ ရှေ့ဖြစ်ဟောတွေကို ပြောပြစေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့နောက်လိုက်တွေကိုလည်း ကမ္ဘာကြီးပျက်စီးတော့မယ့်အချိန်မှာ ကိုယ်ကျင့်တရားတွေကို စွန့်ပစ်ဖို့အတွက် ပြောခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့အမြင်မှာ အန္တရာယ်ပေးနိုင်တယ်လို့ ယူဆရင် အကုန်လုံးကို သတ်ပစ်ခဲ့ပြီး အီတလီ နက္ခတ်ဗေဒပညာရှင်ဖြစ်တဲ့ Galileo ကိုလည်း သတ်ပစ်ခဲ့ပါတယ်။

photo via screenrant

အဲ့ဒီနောက်မှာတော့ သူဟာ (၁၇)ရာစုရဲ့ မှော်ဆရာအကြီးအကဲ ဖြစ်လာခဲ့ပြီး သမိုင်းတစ်လျှောက် အဆိုးရွားဆုံး မှော်ပညာအကြီးအကဲအဖြစ် လူသိများခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Doctor Strange and the Sorcerers Supreme ဆိုတဲ့ ကောမစ်စီးရီးထဲမှာတော့ မှော်ပညာရှင် Merlin ဟာ World of God လို့ခေါ်တဲ့ reality တစ်ခုလုံးကို ပြောင်းပစ်နိုင်တဲ့ ပစ္စည်းကို ပြန်ယူဖို့အတွက် အချိန်ခရီးသွားခဲ့ပါတယ်။ မှော်ဆရာအကြီးအကဲအဖွဲ့က အဲ့ဒီပစ္စည်းကို ပြန်လည်ရရှိသွားတဲ့အချိန်မှာတော့ Newton ဟာ တစ်ခြားအဖွဲ့ဝင်တွေကို သစ္စာဖောက်ပြီး အဲ့ဒီပစ္စည်းကို ခိုးယူသွားခဲ့ပါတယ်။

အဲ့ဒီ့နောက်မှာတော့ Marvel universe ဟာ Newton ရဲ့ ဆိုးမွေတွေကြောင့် လုံးဝပြောင်းလဲသွားပါတော့တယ်။ အချိန်ခရီးသွားနေတဲ့ Leonardo da Vinci က Brotherhood of the Shield အဖွဲ့ကို ပြန်လာတဲ့အခါမှာတော့ Newton ကိုပါ ခေါ်ဆောင်လာခဲ့ပြီး တရားစီရင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီမှာတင် အဖွဲ့ထဲ ပြန်ရောက်လာတဲ့ Newton ဟာ အဖွဲ့တစ်ခုလုံးကို နှစ်ခြမ်းကွဲစေခဲ့ပါတယ်။

photo via screenrant

ကွဲသွားတဲ့ အဖွဲ့နှစ်ခုမှာ Leonardo da Vinci ဦးဆောင်တဲ့ဘက်ကို လိုက်သွားတဲ့ အဖွဲ့ကတော့ Nick Fury ရဲ့ စပိုင်အေဂျင်စီဖြစ်တဲ့ S.H.I.E.L.D. အဖွဲ့ ဖြစ်လာခဲ့ပြီး Newton ကို ယုံကြည်တဲ့နောက်လိုက်တွေနဲ့ အဖွဲ့ကတော့ Brotherhood of the Spear လို့ အမည်ရကာ S.H.I.E.L.D. အဖွဲ့ရဲ့ ကမ္ဘာ့ရန်သူအဖွဲ့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ခေတ်တွေ ပြောင်းလာတဲ့အခါမှာတော့ Brotherhood of the Spear ဆိုတဲ့ အမည်ကနေ Hydra ဆိုပြီးတော့ အမည်ပြောင်းလဲလာခဲ့ပါတယ်။

ဒါကြောင့် အတိုချုံး ပြောရမယ်ဆိုရင်တော့ Marvel universe ထဲမှာ ဒုက္ခတွေ မျိူးစုံပေးနေတဲ့ Hydra အဖွဲ့ကို တည်ထောင်ခဲ့သူဟာ Isaac Newton လို့ ပြောရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel ရဲ႕ ဇာတ္ေကာင္တစ္ေယာက္ျဖစ္တဲ့ Doctor Strange ဟာ ေမွာ္ပညာရွင္ အႀကီးအကဲတစ္ေယာက္ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ အဲ့ဒီရာထူး ပိုင္ဆိုင္ထားသူကို ဟီး႐ိုးလို႔ ျမင္ၾကေပမယ့္လည္း အရင္တုန္းကေတာ့ ဗီလိန္ဆန္တဲ့ ေမွာ္ဆရာေတြကလည္း အဲ့ဒီရာထူးကို ရရွိခဲ့ဖူးပါတယ္။ ဒါ့အျပင္ Loki နဲ႔ Ghost Rider တို႔ဟာလည္း ေမွာ္ပညာရွင္ အႀကီးအကဲဆိုတဲ့ ရာထူးကို ရရွိခဲ့ဖူးသူေတြ ျဖစ္ပါတယ္။ အဲ့ဒီထဲကမွ အင္မတန္ ဗီလိန္ဆန္လြန္းတဲ့ ေမွာ္ပညာရွင္အႀကီးအကဲကေတာ့ ဘယ္သူမွ မထင္မွတ္ထားတဲ့ လူတစ္ေယာက္ျဖစ္တဲ့ Isaac Newton ပဲ ျဖစ္ပါတယ္။

photo via screenrant

အျပင္ေလာကမွာေတာ့ Isaac Newton ဟာ (၁၇)ရာစုက သိပၸံပညာရွင္တစ္ေယာက္ ျဖစ္ၿပီး သခ်ၤာနဲ႔ ႐ူပေဗဒတို႔ကို တိုးတက္ေအာင္ ျပဳလုပ္ခဲ့သူ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ လူသားေတြကို အက်ိဴးျပဳေစမယ့္ တီထြင္မႈေတြကိုလည္း ျပဳလုပ္ခဲ့ပါေသးတယ္။

Marvel universe ထဲမွာေတာ့ Newton ကို ဗီလိန္ဆန္လြန္းတဲ့ ေမွာ္ဆရာတစ္ေယာက္အျဖစ္ ပုံေဖာ္ဖန္တီးခဲ့ပါတယ္။ အဲ့ဒီ Newton ကေတာ့ ပိုၿပီးစြမ္းအားႀကီးသလို အႏၲရာယ္လည္းႀကီးတဲ့ ေမွာ္ပညာကို ေလ့လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ အနာဂတ္ကို ခန႔္မွန္းႏိုင္မယ့္ နည္းလမ္းကို သိခ်င္တာေၾကာင့္ ေရွ႕ျဖစ္ေဟာေတြနဲ႔ သခ်ၤာေတြကေန ေလ့လာခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ ကမာၻႀကီးဟာ ဘယ္ေတာ့ပ်က္စီးသြားမလည္း ဆိုတာကို ျပသတဲ့ အီေကြးရွင္းျဖစ္တဲ့ Silent Truth ကို ဖန္တီးႏိုင္ခဲ့ပါတယ္။

အဲ့ဒီအခ်က္အလက္ကို အသုံးျပဳၿပီးေတာ့ သူဟာ Brotherhood of the Shield ဆိုတဲ့ အဖြဲ႕ကို အက်င့္ပ်က္စီးေအာင္ ျပဳလုပ္ပါေတာ့တယ္။ ဒါ့အျပင္ ျပင္သစ္ နကၡတ္ေဗဒဆရာျဖစ္တဲ့ Nostradamus ကိုလည္း ေထာင္သြင္းအက်ဥ္းခ်ၿပီး ႏွိပ္စက္ကာ ေရွ႕ျဖစ္ေဟာေတြကို ေျပာျပေစခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူ႔ရဲ႕ေနာက္လိုက္ေတြကိုလည္း ကမာၻႀကီးပ်က္စီးေတာ့မယ့္အခ်ိန္မွာ ကိုယ္က်င့္တရားေတြကို စြန႔္ပစ္ဖို႔အတြက္ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕အျမင္မွာ အႏၲရာယ္ေပးႏိုင္တယ္လို႔ ယူဆရင္ အကုန္လုံးကို သတ္ပစ္ခဲ့ၿပီး အီတလီ နကၡတ္ေဗဒပညာရွင္ျဖစ္တဲ့ Galileo ကိုလည္း သတ္ပစ္ခဲ့ပါတယ္။

photo via screenrant

အဲ့ဒီေနာက္မွာေတာ့ သူဟာ (၁၇)ရာစုရဲ႕ ေမွာ္ဆရာအႀကီးအကဲ ျဖစ္လာခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံး ေမွာ္ပညာအႀကီးအကဲအျဖစ္ လူသိမ်ားခဲ့ပါတယ္။ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Doctor Strange and the Sorcerers Supreme ဆိုတဲ့ ေကာမစ္စီးရီးထဲမွာေတာ့ ေမွာ္ပညာရွင္ Merlin ဟာ World of God လို႔ေခၚတဲ့ reality တစ္ခုလုံးကို ေျပာင္းပစ္ႏိုင္တဲ့ ပစၥည္းကို ျပန္ယူဖို႔အတြက္ အခ်ိန္ခရီးသြားခဲ့ပါတယ္။ ေမွာ္ဆရာအႀကီးအကဲအဖြဲ႕က အဲ့ဒီပစၥည္းကို ျပန္လည္ရရွိသြားတဲ့အခ်ိန္မွာေတာ့ Newton ဟာ တစ္ျခားအဖြဲ႕ဝင္ေတြကို သစၥာေဖာက္ၿပီး အဲ့ဒီပစၥည္းကို ခိုးယူသြားခဲ့ပါတယ္။

အဲ့ဒီ့ေနာက္မွာေတာ့ Marvel universe ဟာ Newton ရဲ႕ ဆိုးေမြေတြေၾကာင့္ လုံးဝေျပာင္းလဲသြားပါေတာ့တယ္။ အခ်ိန္ခရီးသြားေနတဲ့ Leonardo da Vinci က Brotherhood of the Shield အဖြဲ႕ကို ျပန္လာတဲ့အခါမွာေတာ့ Newton ကိုပါ ေခၚေဆာင္လာခဲ့ၿပီး တရားစီရင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒီမွာတင္ အဖြဲ႕ထဲ ျပန္ေရာက္လာတဲ့ Newton ဟာ အဖြဲ႕တစ္ခုလုံးကို ႏွစ္ျခမ္းကြဲေစခဲ့ပါတယ္။

photo via screenrant

ကြဲသြားတဲ့ အဖြဲ႕ႏွစ္ခုမွာ Leonardo da Vinci ဦးေဆာင္တဲ့ဘက္ကို လိုက္သြားတဲ့ အဖြဲ႕ကေတာ့ Nick Fury ရဲ႕ စပိုင္ေအဂ်င္စီျဖစ္တဲ့ S.H.I.E.L.D. အဖြဲ႕ ျဖစ္လာခဲ့ၿပီး Newton ကို ယုံၾကည္တဲ့ေနာက္လိုက္ေတြနဲ႔ အဖြဲ႕ကေတာ့ Brotherhood of the Spear လို႔ အမည္ရကာ S.H.I.E.L.D. အဖြဲ႕ရဲ႕ ကမာၻ႔ရန္သူအဖြဲ႕ ျဖစ္လာခဲ့ပါတယ္။ ဒီလိုနဲ႔ ေခတ္ေတြ ေျပာင္းလာတဲ့အခါမွာေတာ့ Brotherhood of the Spear ဆိုတဲ့ အမည္ကေန Hydra ဆိုၿပီးေတာ့ အမည္ေျပာင္းလဲလာခဲ့ပါတယ္။

ဒါေၾကာင့္ အတိုခ်ဳံး ေျပာရမယ္ဆိုရင္ေတာ့ Marvel universe ထဲမွာ ဒုကၡေတြ မ်ိဴးစုံေပးေနတဲ့ Hydra အဖြဲ႕ကို တည္ေထာင္ခဲ့သူဟာ Isaac Newton လို႔ ေျပာရမွာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular