HomeCharacterIt ဇာတ်လမ်းထဲက Pennywise ဟာ ဘယ်လိုသတ္တဝါကြီးလဲ? (Origin Explained)

It ဇာတ်လမ်းထဲက Pennywise ဟာ ဘယ်လိုသတ္တဝါကြီးလဲ? (Origin Explained)

စာရေးဆရာကြီး Stephen King ရဲ့ It ဝတ္ထုဟာ ပရိသတ်တွေကြားမှာ အလွန်အောင်မြင်ခဲ့ပြီး Live Action အဖြစ်လည်း နှစ်ကြိမ်တိုင်တိုင် ဖန်တီးခံခဲ့ရပါတယ်။ ပထမတစ်ခုကတော့ ၁၉၉၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒုတိယရုပ်ရှင်ကိုတော့ ၂၀၁၇ ခုနှစ်မှာတော့ Reboot အနေနဲ့ ပြန်လည်ဖန်တီးခဲ့ပါတယ်။ လူအများစုဟာ ဒီရုပ်ရှင်ကို ကြည့်ဖူးကြပေမယ့် Pennywise ဟာ ဘယ်လိုသတ္တဝါကြီးလည်း ဆိုတာကိုတော့ မသိကြပါဘူး။ ဒါကြောင့်ပဲ ယခုတစ်ခါမှာတော့ It ထဲက Pennywise ရဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Origin

photo via screenrant

တကယ်တော့ Pennywise ဟာ Clown တစ်ယောက် လုံးဝမဟုတ်ပါဘူး။ သူဟာ စကြဝဠာကြီးလောက်ကို ရှေးကျတဲ့ Evil Being တစ်ခု ဖြစ်ပါတယ်။ ဝတ္ထုထဲမှာတော့ သူ့ရဲ့နာမည်အစစ် ရှိပြီး Bob Gray လို့ ဖော်ပြထားပါတယ်။ သူ့ရဲ့နာမည်ကသာ လူနာမည် ဖြစ်နေပေမယ့် လူတစ်ယောက်လည်း လုံးဝမဟုတ်ပါဘူး။ အခြားဝတ္ထုဇာတ်လမ်းတွေထဲမှာတော့ ဒီလို Being တွေကို အသံထွက်ရခက်ခဲတဲ့ နာမည်တွေ ပေးလေ့ရှိပေမယ့် ဆရာကြီး Stephen King ကတော့ အဲဒီနည်းလမ်းကို မသုံးချင်တာကြောင့် အခုလိုလွယ်ကူတဲ့နာမည်ကို ပေးထားတာ ဖြစ်ပါတယ်။

ဝတ္ထုထဲမှာတော့ ကျွန်တော်တို့ နေထိုင်တဲ့ Reality အပါအဝင် အခြား Dimension တွေ ပါဝင်နေတဲ့ Void ကြီးကို Macroverse လို့ ခေါ်ပါတယ်။ Pennywise နေထိုင်တဲ့ Dimension အတိအကျကိုတော့ Deadlights လို့ ခေါ်ပါတယ်။ တစ်ချိန်မှာတော့ သူဟာ Deadlights က ထွက်လာပြီး Macroverse ထဲမှာ သွားလာရင်း ကျွန်တော်တို့ရဲ့ Universe ထဲကို ရောက်လာခဲ့ပါတယ်။

photo via screenrant

Pennywise ဟာ ကမ္ဘာပေါ်ကို လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတည်းက ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူရောက်လာတဲ့ နေရာကတော့ နောက်ပိုင်းမှာ North America ဖြစ်လာခဲ့ပြီး အတိအကျ ပြောရရင်တော့ Derry မြို့တည်မယ့်နေရာကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သူဟာ ကမ္ဘာမြေအောက်ထဲမှာ နှစ်သန်းနဲ့ချီပြီး အိပ်ပျော်နေခဲ့ပါတယ်။ ၁၇၁၅ ခုနှစ်မှာတော့ Derry မြို့ကို စတင်တည်ထောင်ခဲ့ပြီး ဒီဖြစ်ရပ်ဟာ Pennywise ကို နိုးသွားစေခဲ့တာကြောင့် Derry မြို့မှာ နေထိုင်သူတွေရဲ့ အကြောက်တရားတွေကို စတင်စားသုံးပါတော့တယ်။

ဒါကတော့ It ဇာတ်လမ်းထဲက Pennywise ရဲ့ Origin နဲ့ သူက ဘယ်လိုသတ္တဝါလည်း ဆိုတာကို ရှင်းပြထားတာပဲ ဖြစ်ပါတယ်။ It ဝတ္ထုထဲမှာတော့ ရုပ်ရှင်ထဲမှာ မပါဝင်တဲ့ အချက်အလက်တွေများစွာ ပါဝင်ပြီး Pennywise အကြောင်းကို အကျယ်တဝံ့ ရှင်းပြထားပါတယ်။ နောက်ရက်တွေမှာလည်း Pennywise ရဲ့ စိတ်ဝင်စားစရာအကြောင်းတွေကို ထပ်မံတင်ဆက်ပေးသွားပါဦးမယ်။ ဒါကြောင့်ပဲ ယခုဖော်ပြထားတဲ့ Pennywise ရဲ့အကြောင်းကို စိတ်ဝင်စားတယ် ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ပေ့ချ်ကို Like & Follow လုပ်ပြီး စောင့်ကြည့်ပေးကြပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular