HomeEntertainmentFilmStephen King ရဲ့ IT ကို Season (၇)ခုလောက်ရှိတဲ့ ဇာတ်လမ်းတွဲအဖြစ် မြင်ရနိုင်ချေရှိ

Stephen King ရဲ့ IT ကို Season (၇)ခုလောက်ရှိတဲ့ ဇာတ်လမ်းတွဲအဖြစ် မြင်ရနိုင်ချေရှိ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lovecraft Country ဇာတ်လမ်းတွဲကို ဖန်တီးသူဖြစ်တဲ့ Misha Green ဟာ Stephen King ရဲ့ IT ကို season (၇)ခုလောက်ရှည်တဲ့ ဇာတ်လမ်းတွဲအဖြစ် ဖန်တီးသွားဖို့ အစီအစဉ်ရှိတယ်လို့ ပြောလိုက်ပါတယ်။

Lovecraft Country ဇာတ်လမ်းကလည်း ၁၉၅၀ခုနှစ်လောက်မှာ ဇာတ်အိမ်တည်ထားပြီး‌တော့ အမေရိကန်နိုင်ငံအနှံ့ကို ခရီးထွက်နေရင်း ကြောက်ဖို့ကောင်းတဲ့ မွန်းစတားကြီးနဲ့ တွေ့ဆုံကြတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဲ့ဒီဇာတ်လမ်းတွဲဟာ season တစ်ခုပဲ ထွက်ထားသေးပြီးတော့ rating ကောင်းကောင်းတွေလည်း ရထားပါတယ်။

photo via screenrant

Stephen King ရဲ့ IT ဝတ္ထုကတော့ အလွန်အောင်မြင်ခဲ့ပြီး ၁၉၉၀ကျော်လောက်ကလည်း Live Action တစ်ကား ထွက်ထားပါသေးတယ်။ အခုခေတ်ကို ရောက်လာတဲ့အချိန်မှာတော့ ၂၀၁၇ခုနှစ်နဲ့ ၂၀၁၉ခုနှစ်တို့မှာ IT နဲ့ IT: Chapter Two ဆိုပြီးတော့ ထပ်ထွက်ထားပါတယ်။ ဒီလို ဇာတ်ကားနှစ်ကား ထပ်ထွက်ထားပေမယ့်လည်း Misha Green ကတော့ IT ဝတ္ထုကို ဇာတ်လမ်းတွဲအနေနဲ့ ထပ်မံပြီးတော့ ပုံဖော်သွားဖို့ အစီအစဉ်ရှိတယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

Misha ဟာ THR သတင်းဌာနနဲ့ အင်တာဗျူးမှာ Lovecraft Country season 2 အတွက် ပြောနေရင်းနဲ့ Stephen King ရဲ့ IT ကိုလည်း အလွန်ကြိုက်နှစ်သက်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ၁၉၇၀ကျော်လောက်က ထွက်ရှိခဲ့တဲ့ Cleopatra Jones ဆိုတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးမယ့်အကြောင်း ပြောနေရင်း သူမဟာ IT ကို season (၇)ခုလောက်ရှည်တဲ့ ဇာတ်လမ်းတွဲတစ်ခုအဖြစ် ပြန်လည်ဖန်တီးသွားချင်တယ် ဆိုပြီးတော့လည်း ပြောသွားပါတယ်။

©Brooke Palmer/ Warner Bros.

သူမ ပြောသွားတဲ့ စကားတွေကတော့ “Cleopatra Jones ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးရမှာ သိပ်ကို စိတ်လှုပ်ရှားနေမိပါတယ်။ ဒါပေမယ့် Stephen King ရဲ့ IT ဝတ္ထုကိုလည်း limited series အဖြစ်နဲ့ ဖန်တီးချင်ပါသေးတယ်။ IT ဝတ္ထုဟာ ကျွန်မရဲ့ အကြိုက်ဆုံး ဝတ္ထုစာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစာအုပ်ရဲ့ ဇာတ်အိမ်ဟာ သိပ်ကိုကျယ်ပြန့်ပြီးတော့ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ အကြောက်တရားတွေကို ကိုယ်တိုင်က ခံစားနေရသလိုပါပဲ။ အဲ့လိုမျိူး ဇာတ်လမ်းကို နှစ်နာရီကြာတဲ့ ရုပ်ရှင်အဖြစ် ရိုက်ကူးထားပေမယ့်လည်း season (၇)ခုလောက်ရှိတဲ့ ဇာတ်လမ်းတွဲဆိုရင် ဘယ်လိုနေမလည်းဆိုတာ စဉ်းစားကြည့်လိုက်ပါ။ ပြီးတော့ ဒီဇာတ်လမ်းထဲမှာ သွေးစုပ်ဖုတ်ကောင်တွေလည်း ပါဝင်ဖို့ လိုအပ်ပါတယ်… ” ဆိုပြီးတော့ ပြောထားတာ ဖြစ်ပါတယ်။

photo via screenrant

Stephen King ရဲ့ဝတ္ထုအများစုဟာ စာအုပ်အဖြစ်နဲ့ နာမည်ကျော်ရုံတင် မဟုတ်ဘဲ ရုပ်ရှင်ဇာတ်ကားတွေအဖြစ်နဲ့ပါပြန်လည်ဖန်တီးခဲ့ကြရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ IT ကတော့ Stephen King ရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒါ့အပြင် Misha ဟာ သူမ ပြောသလိုမျိုး season (၇)ခုလောက်ရှိတဲ့ ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးမယ်ဆိုရင်တော့ ရုပ်ရှင်တွေထက် ပိုပြီး ဇာတ်လမ်းကို အသေးစိတ်မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း IT: Chapter Two တောင်မှ ပြီးခဲ့နှစ်က ထွက်ထားတာ ဖြစ်တာကြောင့် သူမရဲ့ IT ဇာတ်လမ်းတွဲကို မြင်ရဖို့ကတော့ အချိန်အတော်ကြာ စောင့်ရဦးမှာ ဖြစ်ပါတယ်။

Legos

Source: screenrant

(Zawgyi Version)

Lovecraft Country ဇာတ္လမ္းတြဲကို ဖန္တီးသူျဖစ္တဲ့ Misha Green ဟာ Stephen King ရဲ႕ IT ကို season (၇)ခုေလာက္ရွည္တဲ့ ဇာတ္လမ္းတြဲအျဖစ္ ဖန္တီးသြားဖို႔ အစီအစဥ္ရွိတယ္လို႔ ေျပာလိုက္ပါတယ္။

Lovecraft Country ဇာတ္လမ္းကလည္း ၁၉၅၀ခုႏွစ္ေလာက္မွာ ဇာတ္အိမ္တည္ထားၿပီး‌ေတာ့ အေမရိကန္ႏိုင္ငံအႏွံ႔ကို ခရီးထြက္ေနရင္း ေၾကာက္ဖို႔ေကာင္းတဲ့ မြန္းစတားႀကီးနဲ႔ ေတြ႕ဆုံၾကတာကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ အဲ့ဒီဇာတ္လမ္းတြဲဟာ season တစ္ခုပဲ ထြက္ထားေသးၿပီးေတာ့ rating ေကာင္းေကာင္းေတြလည္း ရထားပါတယ္။

photo via screenrant

Stephen King ရဲ႕ IT ဝတၳဳကေတာ့ အလြန္ေအာင္ျမင္ခဲ့ၿပီး ၁၉၉၀ေက်ာ္ေလာက္ကလည္း Live Action တစ္ကား ထြက္ထားပါေသးတယ္။ အခုေခတ္ကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ ၂၀၁၇ခုႏွစ္နဲ႔ ၂၀၁၉ခုႏွစ္တို႔မွာ IT နဲ႔ IT: Chapter Two ဆိုၿပီးေတာ့ ထပ္ထြက္ထားပါတယ္။ ဒီလို ဇာတ္ကားႏွစ္ကား ထပ္ထြက္ထားေပမယ့္လည္း Misha Green ကေတာ့ IT ဝတၳဳကို ဇာတ္လမ္းတြဲအေနနဲ႔ ထပ္မံၿပီးေတာ့ ပုံေဖာ္သြားဖို႔ အစီအစဥ္ရွိတယ္လို႔ ေျပာလိုက္တာ ျဖစ္ပါတယ္။

Misha ဟာ THR သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ Lovecraft Country season 2 အတြက္ ေျပာေနရင္းနဲ႔ Stephen King ရဲ႕ IT ကိုလည္း အလြန္ႀကိဳက္ႏွစ္သက္တဲ့အေၾကာင္း ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ၁၉၇၀ေက်ာ္ေလာက္က ထြက္ရွိခဲ့တဲ့ Cleopatra Jones ဆိုတဲ့ ဇာတ္လမ္းကို ျပန္လည္႐ိုက္ကူးမယ့္အေၾကာင္း ေျပာေနရင္း သူမဟာ IT ကို season (၇)ခုေလာက္ရွည္တဲ့ ဇာတ္လမ္းတြဲတစ္ခုအျဖစ္ ျပန္လည္ဖန္တီးသြားခ်င္တယ္ ဆိုၿပီးေတာ့လည္း ေျပာသြားပါတယ္။

©Brooke Palmer/ Warner Bros.

သူမ ေျပာသြားတဲ့ စကားေတြကေတာ့ “Cleopatra Jones ဇာတ္လမ္းကို ျပန္လည္႐ိုက္ကူးရမွာ သိပ္ကို စိတ္လႈပ္ရွားေနမိပါတယ္။ ဒါေပမယ့္ Stephen King ရဲ႕ IT ဝတၳဳကိုလည္း limited series အျဖစ္နဲ႔ ဖန္တီးခ်င္ပါေသးတယ္။ IT ဝတၳဳဟာ ကြၽန္မရဲ႕ အႀကိဳက္ဆုံး ဝတၳဳစာအုပ္တစ္အုပ္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီစာအုပ္ရဲ႕ ဇာတ္အိမ္ဟာ သိပ္ကိုက်ယ္ျပန႔္ၿပီးေတာ့ ဇာတ္ေကာင္တစ္ေယာက္ခ်င္းစီရဲ႕ အေၾကာက္တရားေတြကို ကိုယ္တိုင္က ခံစားေနရသလိုပါပဲ။ အဲ့လိုမ်ိဴး ဇာတ္လမ္းကို ႏွစ္နာရီၾကာတဲ့ ႐ုပ္ရွင္အျဖစ္ ႐ိုက္ကူးထားေပမယ့္လည္း season (၇)ခုေလာက္ရွိတဲ့ ဇာတ္လမ္းတြဲဆိုရင္ ဘယ္လိုေနမလည္းဆိုတာ စဥ္းစားၾကည့္လိုက္ပါ။ ၿပီးေတာ့ ဒီဇာတ္လမ္းထဲမွာ ေသြးစုပ္ဖုတ္ေကာင္ေတြလည္း ပါဝင္ဖို႔ လိုအပ္ပါတယ္… ” ဆိုၿပီးေတာ့ ေျပာထားတာ ျဖစ္ပါတယ္။

photo via screenrant

Stephen King ရဲ႕ဝတၳဳအမ်ားစုဟာ စာအုပ္အျဖစ္နဲ႔ နာမည္ေက်ာ္႐ုံတင္ မဟုတ္ဘဲ ႐ုပ္ရွင္ဇာတ္ကားေတြအျဖစ္နဲ႔ပါျပန္လည္ဖန္တီးခဲ့ၾကရတဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။ IT ကေတာ့ Stephen King ရဲ႕ အေအာင္ျမင္ဆုံး ႐ုပ္ရွင္ေတြထဲက တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒါ့အျပင္ Misha ဟာ သူမ ေျပာသလိုမ်ိဳး season (၇)ခုေလာက္ရွိတဲ့ ဇာတ္လမ္းတြဲအျဖစ္ ႐ိုက္ကူးမယ္ဆိုရင္ေတာ့ ႐ုပ္ရွင္ေတြထက္ ပိုၿပီး ဇာတ္လမ္းကို အေသးစိတ္ျမင္ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း IT: Chapter Two ေတာင္မွ ၿပီးခဲ့ႏွစ္က ထြက္ထားတာ ျဖစ္တာေၾကာင့္ သူမရဲ႕ IT ဇာတ္လမ္းတြဲကို ျမင္ရဖို႔ကေတာ့ အခ်ိန္အေတာ္ၾကာ ေစာင့္ရဦးမွာ ျဖစ္ပါတယ္။

Legos

Source: screenrant

RELATED ARTICLES

Most Popular