HomeCelebs Update NewsInternationalSansa Stark ကို ဖျက်ဆီးရတဲ့ ဇာတ်ဝင်ခန်းဟာ သူ့ဘဝရဲ့အဆိုးဆုံးနေ့လို့ ပြောလာတဲ့ Iwan Rheon

Sansa Stark ကို ဖျက်ဆီးရတဲ့ ဇာတ်ဝင်ခန်းဟာ သူ့ဘဝရဲ့အဆိုးဆုံးနေ့လို့ ပြောလာတဲ့ Iwan Rheon

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Game of Thrones ဇာတ်လမ်းတွဲထဲမှာ Ramsay Bolton အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Iwan Rheon ဟာ Sansa Stark ကို ဖျက်ဆီးရတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးရတဲ့နေ့ဟာ သူ့သရုပ်ဆောင်ဘဝတစ်လျှောက် အဆိုးဝါးဆုံး နေ့တစ်နေ့ပါလို့ ပြောပြလာပါတယ်။

HBO ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ Game of Thrones စီးရီးထဲမှာ Ramsay Bolton ဟာ Sansa Stark နဲ့ ပထမဆုံး အတူရှိတဲ့ညမှာ အဓမ္မပြုကျင့်ခဲ့ပါတယ်။ အဆိုပါ ဇာတ်ဝင်ခန်းဟာ ရက်စက်ကြမ်းကြုတ်ပြီး GoT ပရိသတ်တွေကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီ့ဇာတ်ဝင်ခန်းဟာ တကယ်တမ်း မလိုအပ်ဘဲနဲ့ ထည့်သွင်းထားတယ် ဆိုပြီးတော့လည်း ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။ လူအများစုကတော့ ဒီဇာတ်ဝင်ခန်းဟာ စီးရီးထဲက အလိုမတူဘဲ သားမယားပြုကျင့်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေထဲက တစ်ခုပါပဲလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

Photo via IMDb

Ramsay Bolton နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Welsh သရုပ်ဆောင် Iwan Rheon ကတော့ ဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး မကြာသေးခင်က Metro သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရင်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

“အဲ့ဒီ့အခန်းကတော့ တကယ် ဆိုးဆိုးဝါးဝါးပါပဲ။ ဘယ်သူမှ အဲ့လိုမဖြစ်ချင်ကြပါဘူး။ ဘယ်သူမှလည်း အဲ့လိုမလုပ်ချင်ကြပါဘူး။ ဒါပေမယ့် ဇာတ်လမ်းတစ်ခုကို ပြောပြရတော့မယ်ဆိုရင်တော့ အမှန်အတိုင်း ပြောပြတာပဲ ကောင်းတယ်လေ။ အဲ့လိုပေါ့ဗျာ … ” လို့ Iwan က ဆိုပါတယ်။

Photo via IMDb

Iwan ဟာ ဒီဇာတ်ဝင်ခန်း ရိုက်ကူးခဲ့ရတာကို မနှစ်မြို့ပေမယ့် လိုအပ်တာထက်ပိုပြီး ရှော့ခ်ရအောင် မလုပ်ခဲ့ပါဘူးလို့ စီးရီးရဲ့ ဖန်တီးသူတွေဘက်ကနေ ခုခံချေပ ပြောဆိုခဲ့ပါတယ်။

“အဲ့ဒါက တကယ်ဆိုးဝါးတဲ့ အဖြစ်အပျက်တစ်ခုပါပဲ။ ဖြစ်လည်း မဖြစ်သင့်ပါဘူး။ အဲ့ဒီ့နေ့က ကျွန်တော့် သရုပ်ဆောင်ဘဝတစ်လျှောက် အဆိုးဝါးဆုံးနေ့ပါပဲ။ ကိုယ် တကယ်မမြင်ရတဲ့ လက်ချောင်းတွေကို ခုတ်ဖြတ်ပစ်ရတဲ့ အခန်းမျိုးကို ရိုက်ကူးရသလိုပါပဲ။ တကယ်တမ်း အနီးကပ် ကြည့်လိုက်ရင် ပလတ်စတစ် လက်ချောင်းတွေဆိုတာ သိရလိမ့်မယ်။ ကျွန်တော်တို့က သရုပ်ဆောင်ရုံတင်ပါ။ တကယ်ဖြစ်တာ မဟုတ်ပါဘူးဗျာ။ ဒါပေမယ့် အဲ့လိုအခြေအနေမျိုးမှာ တကယ် လက်တွေ့ သရုပ်ဆောင်ခဲ့ရတာကတော့ ရင်ဆိုင်ရတာ အရမ်းခက်ခဲပါတယ်။ အဲ့ဒီ့နေ့က သိပ်ကို ဆိုးဝါးတဲ့ နေ့ပါပဲ … ” လို့ ဆိုထားပါတယ်။

Glasgow

Source: indian express

(Zawgyi Version)

Game of Thrones ဇာတ္လမ္းတြဲထဲမွာ Ramsay Bolton အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ သ႐ုပ္ေဆာင္ Iwan Rheon ဟာ Sansa Stark ကို ဖ်က္ဆီးရတဲ့ ဇာတ္ဝင္ခန္းကို ႐ိုက္ကူးရတဲ့ေန႔ဟာ သူ႔သ႐ုပ္ေဆာင္ဘဝတစ္ေလွ်ာက္ အဆိုးဝါးဆုံး ေန႔တစ္ေန႔ပါလို႔ ေျပာျပလာပါတယ္။

HBO ႐ုပ္သံလိုင္းက ထုတ္လႊင့္ခဲ့တဲ့ Game of Thrones စီးရီးထဲမွာ Ramsay Bolton ဟာ Sansa Stark နဲ႔ ပထမဆုံး အတူရွိတဲ့ညမွာ အဓမၼျပဳက်င့္ခဲ့ပါတယ္။ အဆိုပါ ဇာတ္ဝင္ခန္းဟာ ရက္စက္ၾကမ္းၾကဳတ္ၿပီး GoT ပရိသတ္ေတြၾကားမွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့တာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အဲ့ဒီ့ဇာတ္ဝင္ခန္းဟာ တကယ္တမ္း မလိုအပ္ဘဲနဲ႔ ထည့္သြင္းထားတယ္ ဆိုၿပီးေတာ့လည္း ေဝဖန္မႈေတြ ခံခဲ့ရပါေသးတယ္။ လူအမ်ားစုကေတာ့ ဒီဇာတ္ဝင္ခန္းဟာ စီးရီးထဲက အလိုမတူဘဲ သားမယားျပဳက်င့္ခဲ့တဲ့ ဇာတ္ဝင္ခန္းေတြထဲက တစ္ခုပါပဲလို႔ မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။

Photo via IMDb

Ramsay Bolton ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Welsh သ႐ုပ္ေဆာင္ Iwan Rheon ကေတာ့ ဒီဇာတ္ဝင္ခန္းနဲ႔ ပတ္သက္ၿပီး မၾကာေသးခင္က Metro သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ရင္ဖြင့္ခဲ့တာ ျဖစ္ပါတယ္။

“အဲ့ဒီ့အခန္းကေတာ့ တကယ္ ဆိုးဆိုးဝါးဝါးပါပဲ။ ဘယ္သူမွ အဲ့လိုမျဖစ္ခ်င္ၾကပါဘူး။ ဘယ္သူမွလည္း အဲ့လိုမလုပ္ခ်င္ၾကပါဘူး။ ဒါေပမယ့္ ဇာတ္လမ္းတစ္ခုကို ေျပာျပရေတာ့မယ္ဆိုရင္ေတာ့ အမွန္အတိုင္း ေျပာျပတာပဲ ေကာင္းတယ္ေလ။ အဲ့လိုေပါ့ဗ်ာ … ” လို႔ Iwan က ဆိုပါတယ္။

Photo via IMDb

Iwan ဟာ ဒီဇာတ္ဝင္ခန္း ႐ိုက္ကူးခဲ့ရတာကို မႏွစ္ၿမိဳ႕ေပမယ့္ လိုအပ္တာထက္ပိုၿပီး ေရွာ့ခ္ရေအာင္ မလုပ္ခဲ့ပါဘူးလို႔ စီးရီးရဲ႕ ဖန္တီးသူေတြဘက္ကေန ခုခံေခ်ပ ေျပာဆိုခဲ့ပါတယ္။

“အဲ့ဒါက တကယ္ဆိုးဝါးတဲ့ အျဖစ္အပ်က္တစ္ခုပါပဲ။ ျဖစ္လည္း မျဖစ္သင့္ပါဘူး။ အဲ့ဒီ့ေန႔က ကြၽန္ေတာ့္ သ႐ုပ္ေဆာင္ဘဝတစ္ေလွ်ာက္ အဆိုးဝါးဆုံးေန႔ပါပဲ။ ကိုယ္ တကယ္မျမင္ရတဲ့ လက္ေခ်ာင္းေတြကို ခုတ္ျဖတ္ပစ္ရတဲ့ အခန္းမ်ိဳးကို ႐ိုက္ကူးရသလိုပါပဲ။ တကယ္တမ္း အနီးကပ္ ၾကည့္လိုက္ရင္ ပလတ္စတစ္ လက္ေခ်ာင္းေတြဆိုတာ သိရလိမ့္မယ္။ ကြၽန္ေတာ္တို႔က သ႐ုပ္ေဆာင္႐ုံတင္ပါ။ တကယ္ျဖစ္တာ မဟုတ္ပါဘူးဗ်ာ။ ဒါေပမယ့္ အဲ့လိုအေျခအေနမ်ိဳးမွာ တကယ္ လက္ေတြ႕ သ႐ုပ္ေဆာင္ခဲ့ရတာကေတာ့ ရင္ဆိုင္ရတာ အရမ္းခက္ခဲပါတယ္။ အဲ့ဒီ့ေန႔က သိပ္ကို ဆိုးဝါးတဲ့ ေန႔ပါပဲ … ” လို႔ ဆိုထားပါတယ္။

Glasgow

Source: indian express

 

RELATED ARTICLES

Most Popular