HomeCelebs Update NewsInternationalJennifer Lawrence တစ္ေယာက္ တိတ္တဆိတ္ လက္ထပ္သြားၿပီလား

Jennifer Lawrence တစ္ေယာက္ တိတ္တဆိတ္ လက္ထပ္သြားၿပီလား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

မင္းသမီး Jennifer Lawrence နဲ႔ ခ်စ္သူ Cooke Maroney တို႔ လက္ထပ္သြားၾကၿပီလားဆိုတဲ့ ေကာလာဟလေတြကေတာ့ ပရိသတ္ေတြၾကားမွာ လတ္တေလာ ပ်ံ႕ႏွံ႕ေနပါတယ္။ အေၾကာင္းကေတာ့ သူတို႔ႏွစ္ဦးကို နယူးေယာ့ခ္ၿမိဳ႕ တရားရုံးနားမွာ ေတြ႕လိုက္ရၿပီးတည္းက ဒီလိုယူဆခ်က္ေတြ ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္။

အသက္(၂၉)ႏွစ္အရြယ္ Jennifer Lawrence နဲ႔ အသက္(၃၄)ႏွစ္အရြယ္ Cooke Maroney တို႔ကို စက္တင္ဘာလ(၁၇)ရက္ေန႔က နယူးေယာ့ခ္ၿမိဳ႕ရဲ႕ လက္ထပ္စာရင္းသြင္းရာ ရုံးနားမွာ အတူတြဲၿပီး ေတြ႕လိုက္ရတယ္လို႔ hollywoodlife ၀က္ဘ္ဆိုဒ္ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ မင္းသမီးေခ်ာ J. Law နဲ႔ art dealer တစ္ေယာက္ျဖစ္တဲ့ ခ်စ္သူ Cooke Maroney တို႔ကို ေဘာ္ဒီဂတ္ႏွစ္ေယာက္၊ ဓာတ္ပုံဆရာတစ္ေယာက္၊ သူငယ္ခ်င္းတစ္ေယာက္နဲ႔အတူ ေတြ႕လိုက္ရတယ္လို႔ ဆိုပါတယ္။

Photo: flickr

J. Law တို႔နဲ႔အတူ ပါလာတဲ့ ဓာတ္ပုံဆရာ Mark Seliger ဟာ Vanity Fair ၊ GQ တို႔လို နာမည္ႀကီးမဂၢဇင္းေတြအတြက္ ဓာတ္ပုံရိုက္ေပးေနတဲ့လူျဖစ္ၿပီး အရင္က J. Law နဲ႔လည္း အလုပ္တြဲလုပ္ဖူးသူလို႔ သိရပါတယ္။ တရားရုံးရဲ႕အျပင္ဘက္မွာ ေတြ႕လိုက္ရတဲ့ပုံစံအရ J. Law ဟာ ရုံးကနားေတြ တက္ေရာက္မယ့္ပုံစံမ်ိဳး ၀တ္စားထားၿပီး Cooke Maroney ကေတာ့ သူ႔ရဲ႕ဘယ္ဘက္လက္ကို ကြယ္၀ွက္ထားတဲ့ပုံစံ ရိွတယ္လို႔ ဆိုပါတယ္။

ဒီအေျခအေနကို ၾကည့္ျခင္းအားျဖင့္ J. Law တို႔ႏွစ္ေယာက္ဟာ တရားရုံးမွာ လက္ထပ္ခြင့္ ေလွ်ာက္လႊာေတြ သြားေရာက္ေလွ်ာက္ထားၾကတာျဖစ္တယ္လို႔ အမ်ားစုက ယူဆေနၾကပါတယ္။ ခ်စ္သူႏွစ္ဦးဟာ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလတုန္းက ေစ့စပ္ထားခဲ့ၾကၿပီး လာမယ့္လမွာလည္း မဂၤလာပြဲအႀကီးအက်ယ္ က်င္းပဖို႔ ရိွေနတယ္လို႔လည္း ေျပာဆိုသံေတြ ၾကားေနရပါတယ္။ ဒါ့အျပင္ Catt Sadler ရဲ႕ podcast ျဖစ္တဲ့ Naked With Catt Sadler အစီအစဥ္ရဲ႕ ဇြန္လ(၁၃)ရက္ေန႔ အပိုင္းမွာ “ကၽြန္မ ႀကိဳက္တဲ့ဂါ၀န္ေလးတစ္ထည္ကို ေတြ႕လိုက္တာနဲ႔ အိုး … ဟုတ္ၿပီ။ ဒါေလးကို ေရြးမယ္။ ခန္းမကို ေတြ႕လိုက္တာနဲ႔ အိုး ေကာင္းၿပီ.. ဒါေလးကို ေရြးမယ္ဆိုတာမ်ိဳးပဲ ျဖစ္ေနတာ” လို႔ J. Law ကိုယ္တိုင္က ေျပာခဲ့ဖူးပါေသးတယ္။

Photo: flickr

Cooke Maroney နဲ႔ သူမရဲ႕ေစ့စပ္ေၾကာင္းလမ္းမႈကိုေတာ့ အခုလို ေျပာျပဖူးပါတယ္။ “ကၽြန္မက လက္ထပ္ဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ အဲ့ဒီ့အခ်ိန္မွာ Cooke နဲ႔ ေတြ႕ခဲ့တာပဲ။ သူ႔ကို ကၽြန္မ လက္ထပ္ခ်င္တယ္။ ႏွစ္ေယာက္စလုံးကိုက လက္ထပ္ခ်င္တာ။ တစ္ေယာက္နဲ႔တစ္ေယာက္လည္း အျပည့္အ၀ ကတိက၀တ္ေပးၿပီး လက္တြဲခ်င္တယ္။ သူက ကၽြန္မအတြက္ အေကာင္းဆံုး သူငယ္ခ်င္းလည္းျဖစ္တယ္။ အဲ့ဒါေၾကာင့္ ဒီလိုလူမ်ိဳးကို တရား၀င္ ခ်ည္ေႏွာင္ထားခ်င္တယ္။ အဲ့ဒါအတြက္ကလည္း စာရြက္စာတမ္းေတြနဲ႔ လုပ္စရာရိွတာ လုပ္လိုက္ရုံပဲေလ။ ကမာၻေပၚက ကိုယ့္ရဲ႕အႀကိဳက္ဆုံး လူပုဂၢိဳလ္တစ္ေယာက္ကို ေတြ႕သြားေတာ့ … သိတယ္မွတ္လား။ ေက်ာ္မသြားႏိုင္ဘူး။ အဆံုးရႈံးမခံႏိုင္ဘူး။ အဲ့ဒီ့အခြင့္အေရးကို အမိအရ ယူခ်င္ေနတယ္။ ကၽြန္မေတြ႕ဖူးသမွ် လူေတြထဲမွာ အေကာင္းဆုံးေသာ လူတစ္ေယာက္ပဲ” လို႔  သူမရဲ႕ အရူးအမူး ခ်စ္စိတ္ေတြကို J. Law က ေျပာျပခဲ့ဖူးပါတယ္။

အမ်ားထင္သလိုပဲ J. Law တစ္ေယာက္ သူ႔အိပ္မက္ထဲက လက္တြဲေဖာ္နဲ႔ တကယ္လက္တြဲလိုက္ၿပီလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

မင်းသမီး Jennifer Lawrence နဲ့ ချစ်သူ Cooke Maroney တို့ လက်ထပ်သွားကြပြီလားဆိုတဲ့ ကောလာဟလတွေကတော့ ပရိသတ်တွေကြားမှာ လတ်တလော ပျံ့နှံ့နေပါတယ်။ အကြောင်းကတော့ သူတို့နှစ်ဦးကို နယူးယော့ခ်မြို့ တရားရုံးနားမှာ တွေ့လိုက်ရပြီးတည်းက ဒီလိုယူဆချက်တွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

အသက်(၂၉)နှစ်အရွယ် Jennifer Lawrence နဲ့ အသက်(၃၄)နှစ်အရွယ် Cooke Maroney တို့ကို စက်တင်ဘာလ(၁၇)ရက်နေ့က နယူးယော့ခ်မြို့ရဲ့ လက်ထပ်စာရင်းသွင်းရာ ရုံးနားမှာ အတူတွဲပြီး တွေ့လိုက်ရတယ်လို့ hollywoodlife ဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မင်းသမီးချော J. Law နဲ့ art dealer တစ်ယောက်ဖြစ်တဲ့ ချစ်သူ Cooke Maroney တို့ကို ဘော်ဒီဂတ်နှစ်ယောက်၊ ဓာတ်ပုံဆရာတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်နဲ့အတူ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။

Photo: flickr

J. Law တို့နဲ့အတူ ပါလာတဲ့ ဓာတ်ပုံဆရာ Mark Seliger ဟာ Vanity Fair ၊ GQ တို့လို နာမည်ကြီးမဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ပေးနေတဲ့လူဖြစ်ပြီး အရင်က J. Law နဲ့လည်း အလုပ်တွဲလုပ်ဖူးသူလို့ သိရပါတယ်။ တရားရုံးရဲ့အပြင်ဘက်မှာ တွေ့လိုက်ရတဲ့ပုံစံအရ J. Law ဟာ ရုံးကနားတွေ တက်ရောက်မယ့်ပုံစံမျိုး ဝတ်စားထားပြီး Cooke Maroney ကတော့ သူ့ရဲ့ဘယ်ဘက်လက်ကို ကွယ်ဝှက်ထားတဲ့ပုံစံ ရှိတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် J. Law တို့နှစ်ယောက်ဟာ တရားရုံးမှာ လက်ထပ်ခွင့် လျှောက်လွှာတွေ သွားရောက်လျှောက်ထားကြတာဖြစ်တယ်လို့ အများစုက ယူဆနေကြပါတယ်။ ချစ်သူနှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက စေ့စပ်ထားခဲ့ကြပြီး လာမယ့်လမှာလည်း မင်္ဂလာပွဲအကြီးအကျယ် ကျင်းပဖို့ ရှိနေတယ်လို့လည်း ပြောဆိုသံတွေ ကြားနေရပါတယ်။ ဒါ့အပြင် Catt Sadler ရဲ့ podcast ဖြစ်တဲ့ Naked With Catt Sadler အစီအစဉ်ရဲ့ ဇွန်လ(၁၃)ရက်နေ့ အပိုင်းမှာ “ကျွန်မ ကြိုက်တဲ့ဂါဝန်လေးတစ်ထည်ကို တွေ့လိုက်တာနဲ့ အိုး … ဟုတ်ပြီ။ ဒါလေးကို ရွေးမယ်။ ခန်းမကို တွေ့လိုက်တာနဲ့ အိုး ကောင်းပြီ.. ဒါလေးကို ရွေးမယ်ဆိုတာမျိုးပဲ ဖြစ်နေတာ” လို့ J. Law ကိုယ်တိုင်က ပြောခဲ့ဖူးပါသေးတယ်။Cooke Maroney နဲ့ သူမရဲ့စေ့စပ်ကြောင်းလမ်းမှုကိုတော့ အခုလို ပြောပြဖူးပါတယ်။

Photo: flickr

“ကျွန်မက လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အဲ့ဒီ့အချိန်မှာ Cooke နဲ့ တွေ့ခဲ့တာပဲ။ သူ့ကို ကျွန်မ လက်ထပ်ချင်တယ်။ နှစ်ယောက်စလုံးကိုက လက်ထပ်ချင်တာ။ တစ်ယောက်နဲ့တစ်ယောက်လည်း အပြည့်အ၀ ကတိကဝတ်ပေးပြီး လက်တွဲချင်တယ်။ သူက ကျွန်မအတွက် အကောင်းဆုံး သူငယ်ချင်းလည်းဖြစ်တယ်။ အဲ့ဒါကြောင့် ဒီလိုလူမျိုးကို တရားဝင် ချည်နှောင်ထားချင်တယ်။ အဲ့ဒါအတွက်ကလည်း စာရွက်စာတမ်းတွေနဲ့ လုပ်စရာရှိတာ လုပ်လိုက်ရုံပဲလေ။ ကမ္ဘာပေါ်က ကိုယ့်ရဲ့အကြိုက်ဆုံး လူပုဂ္ဂိုလ်တစ်ယောက်ကို တွေ့သွားတော့ … သိတယ်မှတ်လား။ ကျော်မသွားနိုင်ဘူး။ အဆုံးရှုံးမခံနိုင်ဘူး။ အဲ့ဒီ့အခွင့်အရေးကို အမိအရ ယူချင်နေတယ်။ ကျွန်မတွေ့ဖူးသမျှ လူတွေထဲမှာ အကောင်းဆုံးသော လူတစ်ယောက်ပဲ” လို့  သူမရဲ့ အရူးအမူး ချစ်စိတ်တွေကို J. Law က ပြောပြခဲ့ဖူးပါတယ်။

အများထင်သလိုပဲ J. Law တစ်ယောက် သူ့အိပ်မက်ထဲက လက်တွဲဖော်နဲ့ တကယ်လက်တွဲလိုက်ပြီလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular