HomeCelebs Update NewsInternationalအဖော်အချွတ်နဲ့ ပိုက်ဆံရှာစားဖို့လမ်းကို မရွေးခဲ့ဘူးဆိုတဲ့ J. Lo

အဖော်အချွတ်နဲ့ ပိုက်ဆံရှာစားဖို့လမ်းကို မရွေးခဲ့ဘူးဆိုတဲ့ J. Lo

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဘဝမှာ တစ်ချိန်တစ်ခါတော့ ရွေးချယ်မှုတစ်ခုကို လူတိုင်း ပြုလုပ်ကြရပါတယ်။ အဲ့ဒီ့ရွေးချယ်မှုပေါ်မူတည်ပြီး ကိုယ့်တစ်ဘဝလုံးဟာလည်း အကြီးအကျယ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီဥပဒေသဟာ ဟောလိဝုဒ်က အကျော်အမော်တစ်ယောက်အတွက်လည်း အလားတူ သက်ရောက်မှု ရှိခဲ့ပါတယ်။ အဆိုတော်၊ သရုပ်ဆောင် Jennifer Lopez ဟာ နာမည်မကြီးသေးခင် သူမရဲ့ဘဝ အစောပိုင်းမှာ ပြတ်သားတဲ့ ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့ရပါတယ်။ တကယ်လို့သာ သူမ ရွေးချယ်မှု မှားယွင်းခဲ့ရင် ယနေ့ သူမကို အခုလိုအခြေအနေနဲ့ မြင်ချင်မှ မြင်ကြရမှာလည်း ဖြစ်ပါတယ်။

J. Lo ဟာ သူမ မအောင်မြင်သေးခင် ဘဝတုန်းက အဖော်အချွတ် ဗန်းပြပြီး ပိုက်ဆံရှာစားတဲ့ တိုင်ပတ်အကမယ်အဖြစ် ရပ်တည်ဖို့ စဉ်းစားခဲ့ဖူးသေးတယ်လို့ ယခုလ W မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

“ဘဝမှာ တစ်ကြိမ်တစ်ခါတော့ တိုင်ပတ်အကမယ်အလုပ်နဲ့ ပိုက်ဆံရှာဖို့ ရွေးချယ်ရတော့မလို ဖြစ်ဖူးခဲ့ပါတယ်။ ကျွန်မရဲ့သူငယ်ချင်းတွေကလည်း အဲ့လို အကမယ်တွေလေ။ နယူးဂျာစီပြည်နယ်က ကလပ်တွေမှာ အဲ့လိုလိုက်ကပြီး ဒေါ်လာထောင်နဲ့ချီ ဝင်ငွေရနိုင်တယ်လို့ သူတို့က ပြောကြတယ်။ သူတို့ကလည်း ကနေကြတော့ ကျွန်မကို တိုက်တွန်းကြတာပေါ့။ ပြီးတော့ အင်္ကျီတောင် ချွတ်စရာမလိုဘူးလို့လည်း ပြောတယ်။ အဲ့ဒီ့အချိန်က မွဲတေနေပြီး နေ့တိုင်း ပီဇာတွေပဲ စားနေရတဲ့ ကျွန်မအတွက်တော့ တကယ် မက်လောက်စရာကြီးပဲ။ ဒါပေမယ့် ကျွန်မ အဲ့ဒီ့လမ်းကို တစ်ခါမှ မရွေးခဲ့ပါဘူး” လို့ ဆိုပါတယ်။

Photo: jlo/ Instagram

သူမရဲ့ ရွေးချယ်မှုက မှန်ကန်ခဲ့တယ်လို့ ပြောရမှာပါ။ သတ္တိရှိရှိနဲ့ တောင့်ခံပြီး ကိုယ်ရူးသွပ်တာကိုပဲ တောက်လျှောက်လုပ်ခဲ့လို့ အခုဆိုရင်တော့ ၁၉၉၈ခုနှစ်က ထွက်ရှိခဲ့တဲ့ Selena ရုပ်ရှင်နဲ့တစ်ခါ၊ မနှစ်က ထွက်ရှိခဲ့တဲ့ Hustlers ရုပ်ရှင်နဲ့တစ်ခါ ရွှေကမ္ဘာလုံးဆုကို နှစ်ကြိမ်တိုင်တိုင် စံကာတင်စာရင်းဝင်ထားတဲ့ သရုပ်ဆောင်မင်းသမီး ဖြစ်လာခဲ့ပါပြီ။

အဖော်အချွတ်နဲ့ ပိုက်ဆံရှာရတာနဲ့ ဆက်စပ်ပြီး မနှစ်ကထွက်ရှိခဲ့တဲ့ သူမရဲ့ရုပ်ရှင် Hustlers ထဲက ဇာတ်ကောင်နဲ့ ပတ်သက်တာတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။ J. Lo ဟာ အဆိုပါရုပ်ရှင်ထဲမှာ ဝေါလ်စထရိက ဖောက်သည်တွေဆီက ပိုက်ဆံတွေ ပြန်ခိုးရာကနေ တကယ့်ပွပေါက်ကြီးကို ကြံမိသွားတဲ့ အဖော်အချွတ်အကမယ် ရာမိုနာအဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

“ဒီရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ကိုတော့ နည်းနည်းစိတ်ပူခဲ့မိတယ်။ အရင်က အဲ့လောက်ကြမ်းတဲ့ ကာရိုက်တာမျိုးကို သရုပ်မဆောင်ခဲ့ဖူးဘူးလေ။ အဲ့ဒီ့ ရာမိုနာဆိုတဲ့ ဇာတ်ကောင်လေးက ကျွန်မတို့အားလုံးမှာ တစ်ကြိမ်တစ်ခါတော့ ရှိဖူးမယ့် သူငယ်ချင်းမလေးတစ်ယောက်လိုပါပဲ။ သူနဲ့တွေ့ရင် စိတ်လှုပ်ရှားစရာကောင်းတယ်။ ပြီးရင် သူ့ကြောင့် ဒုက္ခတွေလည်း ရောက်မယ်။ သူ မရှိတော့ပြန်ရင်လည်း လွမ်းနေရပြန်ရော။ အဲ … အတူတူရှိနေမိပြန်ရင်လည်း ဘယ်အချိန် ကိုယ်ကပါ သူ့ရဲ့အရှုပ်တော်ပုံထဲမှာ ညပ်ပါနေဦးမလည်းလို့ တွေးပြီး ရင်ပူရတဲ့ ကောင်မလေးမျိုးပေါ့” လို့ ပြောပြပါတယ်။

Photo: jlo/ Instagram

ဒါ့အပြင် ဘဝရဲ့အိပ်မက်တွေနဲ့ ပတ်သက်ပြီး “အိပ်မက်တွေဟာ တကယ်ဖြစ်လာနိုင်ပါတယ်။ ဖြစ်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ရှင့်ရဲ့အိပ်မက်ကို အမြဲတမ်းတော့ ကြိုးစားပြီး အကောင်အထည်ဖော်နေမှ ရမယ်။ ပြီးတော့ အရှုံးပေးလိုက်လို့လည်း မရဘူး။ အိပ်မက်တစ်ခု တကယ်ဖြစ်လာဖို့ အရေးကြီးဆုံးသော့ချက်က အရှုံးမပေးတာပဲ။ ကျွန်မဆိုရင်တော့ တစ်ခြား ရွေးချယ်စရာကို ပေးမထားဘူး။ မရပ်မနားကို လုပ်တာပဲ” လို့ သူမရဲ့ အောင်မြင်ခြင်းလျှို့ဝှက်ချက်ကို ပြောပြသွားပါသေးတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ဘဝမွာ တစ္ခ်ိန္တစ္ခါေတာ့ ေ႐ြးခ်ယ္မႈတစ္ခုကို လူတိုင္း ျပဳလုပ္ၾကရပါတယ္။ အဲ့ဒီ့ေ႐ြးခ်ယ္မႈေပၚမူတည္ၿပီး ကိုယ့္တစ္ဘဝလုံးဟာလည္း အႀကီးအက်ယ္ ေျပာင္းလဲသြားႏိုင္ပါတယ္။ ဒီဥပေဒသဟာ ေဟာလိဝုဒ္က အေက်ာ္အေမာ္တစ္ေယာက္အတြက္လည္း အလားတူ သက္ေရာက္မႈ ရွိခဲ့ပါတယ္။ အဆိုေတာ္၊ သ႐ုပ္ေဆာင္ Jennifer Lopez ဟာ နာမည္မႀကီးေသးခင္ သူမရဲ႕ဘဝ အေစာပိုင္းမွာ ျပတ္သားတဲ့ ေ႐ြးခ်ယ္မႈတစ္ခုကို ျပဳလုပ္ခဲ့ရပါတယ္။ တကယ္လို႔သာ သူမ ေ႐ြးခ်ယ္မႈ မွားယြင္းခဲ့ရင္ ယေန႔ သူမကို အခုလိုအေျခအေနနဲ႔ ျမင္ခ်င္မွ ျမင္ၾကရမွာလည္း ျဖစ္ပါတယ္။

J. Lo ဟာ သူမ မေအာင္ျမင္ေသးခင္ ဘဝတုန္းက အေဖာ္အခြၽတ္ ဗန္းျပၿပီး ပိုက္ဆံရွာစားတဲ့ တိုင္ပတ္အကမယ္အျဖစ္ ရပ္တည္ဖို႔ စဥ္းစားခဲ့ဖူးေသးတယ္လို႔ ယခုလ W မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ေျဖၾကားထားပါတယ္။

“ဘဝမွာ တစ္ႀကိမ္တစ္ခါေတာ့ တိုင္ပတ္အကမယ္အလုပ္နဲ႔ ပိုက္ဆံရွာဖို႔ ေ႐ြးခ်ယ္ရေတာ့မလို ျဖစ္ဖူးခဲ့ပါတယ္။ ကြၽန္မရဲ႕သူငယ္ခ်င္းေတြကလည္း အဲ့လို အကမယ္ေတြေလ။ နယူးဂ်ာစီျပည္နယ္က ကလပ္ေတြမွာ အဲ့လိုလိုက္ကၿပီး ေဒၚလာေထာင္နဲ႔ခ်ီ ဝင္ေငြရႏိုင္တယ္လို႔ သူတို႔က ေျပာၾကတယ္။ သူတို႔ကလည္း ကေနၾကေတာ့ ကြၽန္မကို တိုက္တြန္းၾကတာေပါ့။ ၿပီးေတာ့ အက်ႌေတာင္ ခြၽတ္စရာမလိုဘူးလို႔လည္း ေျပာတယ္။ အဲ့ဒီ့အခ်ိန္က မြဲေတေနၿပီး ေန႔တိုင္း ပီဇာေတြပဲ စားေနရတဲ့ ကြၽန္မအတြက္ေတာ့ တကယ္ မက္ေလာက္စရာႀကီးပဲ။ ဒါေပမယ့္ ကြၽန္မ အဲ့ဒီ့လမ္းကို တစ္ခါမွ မေ႐ြးခဲ့ပါဘူး” လို႔ ဆိုပါတယ္။

Photo: jlo/ Instagram

သူမရဲ႕ ေ႐ြးခ်ယ္မႈက မွန္ကန္ခဲ့တယ္လို႔ ေျပာရမွာပါ။ သတၱိရွိရွိနဲ႔ ေတာင့္ခံၿပီး ကိုယ္႐ူးသြပ္တာကိုပဲ ေတာက္ေလွ်ာက္လုပ္ခဲ့လို႔ အခုဆိုရင္ေတာ့ ၁၉၉၈ခုႏွစ္က ထြက္ရွိခဲ့တဲ့ Selena ႐ုပ္ရွင္နဲ႔တစ္ခါ၊ မႏွစ္က ထြက္ရွိခဲ့တဲ့ Hustlers ႐ုပ္ရွင္နဲ႔တစ္ခါ ေ႐ႊကမာၻလုံးဆုကို ႏွစ္ႀကိမ္တိုင္တိုင္ စံကာတင္စာရင္းဝင္ထားတဲ့ သ႐ုပ္ေဆာင္မင္းသမီး ျဖစ္လာခဲ့ပါၿပီ။

အေဖာ္အခြၽတ္နဲ႔ ပိုက္ဆံရွာရတာနဲ႔ ဆက္စပ္ၿပီး မႏွစ္ကထြက္ရွိခဲ့တဲ့ သူမရဲ႕႐ုပ္ရွင္ Hustlers ထဲက ဇာတ္ေကာင္နဲ႔ ပတ္သက္တာေတြကိုလည္း ေျပာျပခဲ့ပါေသးတယ္။ J. Lo ဟာ အဆိုပါ႐ုပ္ရွင္ထဲမွာ ေဝါလ္စထရိက ေဖာက္သည္ေတြဆီက ပိုက္ဆံေတြ ျပန္ခိုးရာကေန တကယ့္ပြေပါက္ႀကီးကို ႀကံမိသြားတဲ့ အေဖာ္အခြၽတ္အကမယ္ ရာမိုနာအျဖစ္ သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

“ဒီ႐ုပ္ရွင္မွာ သ႐ုပ္ေဆာင္ဖို႔ကိုေတာ့ နည္းနည္းစိတ္ပူခဲ့မိတယ္။ အရင္က အဲ့ေလာက္ၾကမ္းတဲ့ ကာ႐ိုက္တာမ်ိဳးကို သ႐ုပ္မေဆာင္ခဲ့ဖူးဘူးေလ။ အဲ့ဒီ့ ရာမိုနာဆိုတဲ့ ဇာတ္ေကာင္ေလးက ကြၽန္မတို႔အားလုံးမွာ တစ္ႀကိမ္တစ္ခါေတာ့ ရွိဖူးမယ့္ သူငယ္ခ်င္းမေလးတစ္ေယာက္လိုပါပဲ။ သူနဲ႔ေတြ႕ရင္ စိတ္လႈပ္ရွားစရာေကာင္းတယ္။ ၿပီးရင္ သူ႔ေၾကာင့္ ဒုကၡေတြလည္း ေရာက္မယ္။ သူ မရွိေတာ့ျပန္ရင္လည္း လြမ္းေနရျပန္ေရာ။ အဲ … အတူတူရွိေနမိျပန္ရင္လည္း ဘယ္အခ်ိန္ ကိုယ္ကပါ သူ႔ရဲ႕အရႈပ္ေတာ္ပုံထဲမွာ ညပ္ပါေနဦးမလည္းလို႔ ေတြးၿပီး ရင္ပူရတဲ့ ေကာင္မေလးမ်ိဳးေပါ့” လို႔ ေျပာျပပါတယ္။

Photo: jlo/ Instagram

ဒါ့အျပင္ ဘဝရဲ႕အိပ္မက္ေတြနဲ႔ ပတ္သက္ၿပီး “အိပ္မက္ေတြဟာ တကယ္ျဖစ္လာႏိုင္ပါတယ္။ ျဖစ္လည္းျဖစ္ပါတယ္။ ဒါေပမယ့္ ရွင့္ရဲ႕အိပ္မက္ကို အၿမဲတမ္းေတာ့ ႀကိဳးစားၿပီး အေကာင္အထည္ေဖာ္ေနမွ ရမယ္။ ၿပီးေတာ့ အရႈံးေပးလိုက္လို႔လည္း မရဘူး။ အိပ္မက္တစ္ခု တကယ္ျဖစ္လာဖို႔ အေရးႀကီးဆုံးေသာ့ခ်က္က အရႈံးမေပးတာပဲ။ ကြၽန္မဆိုရင္ေတာ့ တစ္ျခား ေ႐ြးခ်ယ္စရာကို ေပးမထားဘူး။ မရပ္မနားကို လုပ္တာပဲ” လို႔ သူမရဲ႕ ေအာင္ျမင္ျခင္းလွ်ိဳ႕ဝွက္ခ်က္ကို ေျပာျပသြားပါေသးတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular