HomeCelebs Update NewsInternationalရိုက်ကွင်းပေါ်မှာ ဒါရိုက်တာ တစ်ယောက်ကို ဓားနဲ့ထိုးလုနီးနီး ဖြစ်ခဲ့တဲ့ Jackie Chan

ရိုက်ကွင်းပေါ်မှာ ဒါရိုက်တာ တစ်ယောက်ကို ဓားနဲ့ထိုးလုနီးနီး ဖြစ်ခဲ့တဲ့ Jackie Chan

ရုပ်ရှင်သမိုင်းတလျှောက်မှာ ကိုယ်ခံပညာကျွမ်းကျင်မှုကြောင့်ရော အန္တရာယ်များလွန်းတဲ့ စတန့်တွေကို ကိုယ်တိုင်ပြုလုပ်လေ့ ရှိတာကြောင့် မသိသူ မရှိလောက် နာမည်ကြီးတဲ့ Jackie Chan ကတော့ ရိုက်ကွင်းတစ်ခုပေါ်မှာ ဒါရိုက်တာကို ဓားနဲ့ ထိုးလုနီးနီး ဖြစ်ခဲ့ဖူးတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ အကြောင်းကတော့ အဲဒီဒါရိုက်တာဟာ Jackie Chan ရဲ့ အမေကို စော်စော်ကားကား ပြောဆိုခဲ့တာကြောင့်လို့ သိရပါတယ်။

photo via screenrant

မင်းသားကြီး Jackie Chan ကတော့ သူ့ရဲ့သရုပ်ဆောင်သက်တမ်း တလျှောက်မှာ ရုပ်ရှင်ကားပေါင်း တစ်ရာကျော်လောက် ရိုက်ကူးခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်တွေထဲက သူ့ရဲ့ ဆွဲဆောင်မှုရှိပြီး တမူထူးခြားနေတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေ၊ သည်းထိတ်ရင်ဖို စတန့်တွေကြောင့်ပဲ ပရိသတ်တွေကြားမှာ အလွန်အောင်မြင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ Drunken Master နဲ့ Rush Hour တို့လို ရုပ်ရှင်တွေကတော့ သူ့ရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်တွေထဲမှာ ပါဝင်ပါတယ်။

မကြာခင်က ပြုလုပ်ခဲ့တဲ့ Shidian Talk ဆိုတဲ့ အင်တာဗျူးထဲမှာတော့ Jackie Chan ဟာ ရိုက်ကွင်းတစ်ခုပေါ်မှာ ဒါရိုက်တာကို ဓားနဲ့ထိုးလုနီးပါး ဖြစ်ခဲ့တယ်လို့ သူကိုယ်တိုင်က ပြောပြခဲ့ပါတယ်။ “ကျွန်တော် ဓားကိုင်လိုက်ပြီး အဲဒီဒါရိုက်တာကို ထိုးချင်ခဲ့တာဗျ။ ကျွန်တော့်ကို အော်ချင်သလောက် အော်ပြီး ပြောချင်သလို ပြောလို့ရတယ်။ ဒါပေမယ့် ကျွန်တော့်အမေကိုတော့ မစော်ကားနဲ့လို့ အဲဒီဒါရိုက်တာကို ပြန်ပြောခဲ့ပါတယ်။” အဲဒီအချိန်မှာတော့ ဖက်တီးမင်းသားလို့ လူသိများကြတဲ့ Sammo Hung က “မင်းရူးနေလား” ဆိုပြီး Jackie Chan ကို တားခဲ့တယ်လို့ ဆိုပါတယ်။

photo via screenrant

ဒီအင်တာဗျူးအတွင်းမှာတော့ Jackie Chan ဟာ ဒီလောက်ပဲ ပြောပြခဲ့ပြီး အဲဒီဒါရိုက်တာက ဘယ်သူ ဆိုတာကိုတော့ မပြောပြခဲ့ပါဘူး။ ယခုအချိန်မှာတော့ Jackie Chan ဟာ Legend တစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီး ဟောလိဝုဒ်အထိပါ အောင်မြင်ခဲ့သူ ဖြစ်ပေမယ့်လည်း သရုပ်ဆောင်ဘဝအစပိုင်းမှာတော့ ဒါရိုက်တာအချို့ရဲ့ လေးစားမှုမရှိတဲ့ လုပ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ယူဆနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular