HomeEntertainmentFilmမင်းသားကြီး Jackie Chan ရဲ့ ပြန်လည်ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းများ

မင်းသားကြီး Jackie Chan ရဲ့ ပြန်လည်ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားကြီး Jackie Chan ဟာ ဟိုးအရင်တည်းက အောင်မြင်ခဲ့တာ ဖြစ်ပြီးတော့ မကြိုက်တဲ့သူဆိုတာ ခပ်ရှားရှားပါပဲ။ ဒါ့အပြင် ခေတ်အဆက်ဆက်မှာ အောင်မြင်ခဲ့တာဖြစ်ပြီး အခုချိန်ထိလည်း သူ့ရဲ့ပရိသတ်တွေ အမြောက်အများ ရှိနေပါသေးတယ်။ မင်းသားကြီး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပေါင်းများစွာ ရှိတဲ့အထဲက ပြန်လည်ကြည့်ရှုသင့်တဲ့ ဇာတ်ကားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(7) The Tuxedo

ဒီဇာတ်လမ်းကတော့ ၂၀၀၂ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (5.4) ရရှိထားပါတယ်။ Jimmy လို့ခေါ်တဲ့ ကားဒရိုင်ဘာတစ်ယောက်ဟာ အထူးပြုလုပ်ထားတဲ့ အနောက်တိုင်းဝတ်စုံကို ရသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ သူဟာ အဲ့ဒီဝတ်စုံကြောင့်ပဲ လျှို့ဝှက်အေးဂျင့်တစ်ယောက် ဖြစ်လာပြီးတော့ ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်ရမလည်းဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ရှုရမှာပါ။

(6) Around The World In 80 Days
photo via screenrant

ဒီကားကတော့ ၂၀၀၄ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (5.9)ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဗြိတိန်လူမျိုး တီထွင်သူတစ်ယောက်ဟာ ကမ္ဘာတစ်ခုလုံးကို ရက်(၈၀)အတွင်း ပတ်နိုင်တယ်ဆိုပြီး တစ်ခြားသူတွေနဲ့ လောင်းကစားတစ်ခု လုပ်ခဲ့ပါတယ်။ တရုတ်လူမျိုး သူခိုးတစ်ယောက်ဟာ အဲ့ဒီအစီအစဉ်ထဲမှာ မထင်မှတ်ဘဲနဲ့ ပါဝင်သွားပြီးတော့ အန္တရာယ်တွေ ပြည့်နှက်နေတဲ့ ကမ္ဘာပတ်မယ့် ခရီးစဉ်ကို စတင်ခဲ့ကြပါတယ်။

(5) Shanghai Knights
photo via screenrant

ဒီကားကတော့ ၂၀၀၃ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.2)ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Chon လို့ခေါ်တဲ့ လူတစ်ယောက်ရဲ့အဖေဟာ အသတ်ခံလိုက်ရပြီး လူသတ်သမားဟာ လန်ဒန်မြို့ကို လွတ်မြောက်သွားပါတယ်။ ဒီမှာတင် Chon နဲ့ သူငယ်ချင်းဖြစ်သူ Roy တို့နှစ်ယောက်ဟာ လက်စားချေဖို့အတွက် လန်ဒန်မြို့ကို ထွက်လာခဲ့ကြပါတယ်။ Chon ရဲ့ ညီမဖြစ်သူနဲ့ပါ ပူးပေါင်းပြီး လက်စားချေဖို့ ကြိုးစားကြတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ အရာတွေကိုပါ ကြုံတွေ့လာရပါတော့တယ်။

(4) The Forbidden Kingdom
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၈ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (6.6) ရရှိထားပါတယ်။ သရုပ်ဆောင်တွေကတော့ မင်းသားကြီး Jackie Chan အပြင် Jet Li ကပါ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန် ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်ဟာ ရုတ်တရက်ကြီး ထူးဆန်းတဲ့ နိုင်ငံတစ်ခုကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သိုင်းပညာရှင်တစ်ချို့နဲ့ တွေ့ခဲ့ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုကို အတူတကွ ပူးပေါင်းလုပ်ဆောင်ကြပါတော့တယ်။

(3) Snake In The Eagle’s Shadow
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၇၈ခုနှစ်မှာ ထွက်ရှိခဲ့တာကြောင့် တော်တော်ကြာနေပါပြီ။ rating ကတော့ IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မိဘမဲ့ကလေးတစ်ယောက်ဟာ ကွန်ဖူးကျောင်းမှာပဲ ကြီးပြင်းလာပြီးတော့ ကျောင်းတစ်ကျောင်းလုံးရဲ့ အနိုင်ကျင့်ခံ ဖြစ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဘိုးကြီးတစ်ယောက်ဟာ သူ့ကိုကယ်တင်ခဲ့ပြီးတော့ ကွန်ဖူးပညာကို သင်ပေးလိုက်တဲ့အခါ သူ့ရဲ့ဘဝဟာ ဘယ်လိုမျိုးတွေ ပြောင်းလဲသွားမလည်းဆိုတာကို ကြည့်ရှုရမှာပါ။

(2) Drunken Master

photo via screenrant

ဒီကားကတော့ ၁၉၇၈ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.5) ရရှိထားပါတယ်။ Jackie Chan ရဲ့ငယ်ရွယ်ချိန်မှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တော်တော်လေးကို နာမည်ကြီးခဲ့တဲ့ သိုင်းကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Wong ဆိုတဲ့ လူငယ်တစ်ယောက်ဟာ သူ့ရဲ့ဆရာဆီကနေ အရက်မူးသိုင်းလို့ ခေါ်တဲ့ ထူးခြားတဲ့ သိုင်းပညာတစ်ခုကို သင်ယူခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်မလည်းဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာ ဖြစ်ပြီးတော့ တစ်ချိန်ကအရမ်းကို နာမည်ကြီးခဲ့တဲ့ အရက်မူးသိုင်းနဲ့ အထာကျကျ တိုက်ခိုက်တာကို ကြည့်ရှုရမှာပါ။

(1) Rush Hour (1), (2), (3)
photo via screenrant

Rush Hour ဟာ စုစုပေါင်း သုံးကားထွက်ထားပြီး အချိန်တွေ ကြာခဲ့ပေမယ့်လည်း ဘယ်နှခါကြည့်ကြည့် ရိုးမသွားတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။  Jackie Chan နဲ့ Chris Tucker တို့ အတွဲညီညီနဲ့ သရုပ်ဆောင်ခဲ့ကြတဲ့ ဇာတ်ကားတွေဖြစ်ပြီး တော်တော်လေးကိုကောင်းတဲ့ ဟာသအက်ရှင်တွေလို့လည်း ပြောလို့ရပါတယ်။ Jackie Chan သရုပ်ဆောင်ခဲ့တဲ့ဇာတ်လမ်းတွေထဲက အအောင်မြင်ဆုံး ဇာတ်ကားတွဲလို့တောင်မှ ပြောလို့ရပါတယ်။

ဒါကတော့ မင်းသားကြီး Jackie Chan ရဲ့ ဇာတ်ကားပေါင်းများစွာထဲက ပြန်လည်ကြည့်ရှုသင့်တဲ့ ဇာတ်ကားများ ဖြစ်ပါတယ်။ စာဖတ်သူတို့ အနှစ်သက်ဆုံး ဇာတ်ကားတွေရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

မင္းသားႀကီး Jackie Chan ဟာ ဟိုးအရင္တည္းက ေအာင္ျမင္ခဲ့တာ ျဖစ္ၿပီးေတာ့ မႀကိဳက္တဲ့သူဆိုတာ ခပ္ရွားရွားပါပဲ။ ဒါ့အျပင္ ေခတ္အဆက္ဆက္မွာ ေအာင္ျမင္ခဲ့တာျဖစ္ၿပီး အခုခ်ိန္ထိလည္း သူ႔ရဲ႕ပရိသတ္ေတြ အေျမာက္အမ်ား ရွိေနပါေသးတယ္။ မင္းသားႀကီး သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားေပါင္းမ်ားစြာ ရွိတဲ့အထဲက ျပန္လည္ၾကည့္ရႈသင့္တဲ့ ဇာတ္ကားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(7) The Tuxedo
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၂ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (5.4) ရရွိထားပါတယ္။ Jimmy လို႔ေခၚတဲ့ ကားဒ႐ိုင္ဘာတစ္ေယာက္ဟာ အထူးျပဳလုပ္ထားတဲ့ အေနာက္တိုင္းဝတ္စုံကို ရသြားခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ သူဟာ အဲ့ဒီဝတ္စုံေၾကာင့္ပဲ လွ်ိဳ႕ဝွက္ေအးဂ်င့္တစ္ေယာက္ ျဖစ္လာၿပီးေတာ့ ဘယ္လိုအရာေတြနဲ႔ ရင္ဆိုင္ရမလည္းဆိုတာကို ေပါ့ေပါ့ပါးပါးနဲ႔ ရယ္ရယ္ေမာေမာ ၾကည့္ရႈရမွာပါ။

(6) Around The World In 80 Days
photo via screenrant

ဒီကားကေတာ့ ၂၀၀၄ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (5.9)ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ၿဗိတိန္လူမ်ိဳး တီထြင္သူတစ္ေယာက္ဟာ ကမာၻတစ္ခုလုံးကို ရက္(၈၀)အတြင္း ပတ္ႏိုင္တယ္ဆိုၿပီး တစ္ျခားသူေတြနဲ႔ ေလာင္းကစားတစ္ခု လုပ္ခဲ့ပါတယ္။ တ႐ုတ္လူမ်ိဳး သူခိုးတစ္ေယာက္ဟာ အဲ့ဒီအစီအစဥ္ထဲမွာ မထင္မွတ္ဘဲနဲ႔ ပါဝင္သြားၿပီးေတာ့ အႏၲရာယ္ေတြ ျပည့္ႏွက္ေနတဲ့ ကမာၻပတ္မယ့္ ခရီးစဥ္ကို စတင္ခဲ့ၾကပါတယ္။

(5) Shanghai Knights
photo via screenrant

ဒီကားကေတာ့ ၂၀၀၃ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.2)ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Chon လို႔ေခၚတဲ့ လူတစ္ေယာက္ရဲ႕အေဖဟာ အသတ္ခံလိုက္ရၿပီး လူသတ္သမားဟာ လန္ဒန္ၿမိဳ႕ကို လြတ္ေျမာက္သြားပါတယ္။ ဒီမွာတင္ Chon နဲ႔ သူငယ္ခ်င္းျဖစ္သူ Roy တို႔ႏွစ္ေယာက္ဟာ လက္စားေခ်ဖို႔အတြက္ လန္ဒန္ၿမိဳ႕ကို ထြက္လာခဲ့ၾကပါတယ္။ Chon ရဲ႕ ညီမျဖစ္သူနဲ႔ပါ ပူးေပါင္းၿပီး လက္စားေခ်ဖို႔ ႀကိဳးစားၾကတဲ့အခါမွာေတာ့ မထင္မွတ္ထားတဲ့ အရာေတြကိုပါ ႀကဳံေတြ႕လာရပါေတာ့တယ္။

(4) The Forbidden Kingdom
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၈ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (6.6) ရရွိထားပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ မင္းသားႀကီး Jackie Chan အျပင္ Jet Li ကပါ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းကေတာ့ အေမရိကန္ ဆယ္ေက်ာ္သက္ လူငယ္ေလးတစ္ေယာက္ဟာ ႐ုတ္တရက္ႀကီး ထူးဆန္းတဲ့ ႏိုင္ငံတစ္ခုကို ေရာက္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ သိုင္းပညာရွင္တစ္ခ်ိဳ႕နဲ႔ ေတြ႕ခဲ့ၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ အရာတစ္ခုကို အတူတကြ ပူးေပါင္းလုပ္ေဆာင္ၾကပါေတာ့တယ္။

(3) Snake In The Eagle’s Shadow
photo via screenrant

ဒီဇာတ္ကားကေတာ့ ၁၉၇၈ခုႏွစ္မွာ ထြက္ရွိခဲ့တာေၾကာင့္ ေတာ္ေတာ္ၾကာေနပါၿပီ။ rating ကေတာ့ IMDb (7.4) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ မိဘမဲ့ကေလးတစ္ေယာက္ဟာ ကြန္ဖူးေက်ာင္းမွာပဲ ႀကီးျပင္းလာၿပီးေတာ့ ေက်ာင္းတစ္ေက်ာင္းလုံးရဲ႕ အႏိုင္က်င့္ခံ ျဖစ္ေနခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အဘိုးႀကီးတစ္ေယာက္ဟာ သူ႔ကိုကယ္တင္ခဲ့ၿပီးေတာ့ ကြန္ဖူးပညာကို သင္ေပးလိုက္တဲ့အခါ သူ႔ရဲ႕ဘဝဟာ ဘယ္လိုမ်ိဳးေတြ ေျပာင္းလဲသြားမလည္းဆိုတာကို ၾကည့္ရႈရမွာပါ။

(2) Drunken Master
photo via screenrant

ဒီကားကေတာ့ ၁၉၇၈ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.5) ရရွိထားပါတယ္။ Jackie Chan ရဲ႕ငယ္႐ြယ္ခ်ိန္မွာ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္တစ္ကားလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ေတာ္ေတာ္ေလးကို နာမည္ႀကီးခဲ့တဲ့ သိုင္းကားတစ္ကားလည္း ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Wong ဆိုတဲ့ လူငယ္တစ္ေယာက္ဟာ သူ႔ရဲ႕ဆရာဆီကေန အရက္မူးသိုင္းလို႔ ေခၚတဲ့ ထူးျခားတဲ့ သိုင္းပညာတစ္ခုကို သင္ယူခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ ဘာေတြဆက္ျဖစ္မလည္းဆိုတာကို စိတ္ဝင္တစားနဲ႔ ၾကည့္ရႈရမွာ ျဖစ္ၿပီးေတာ့ တစ္ခ်ိန္ကအရမ္းကို နာမည္ႀကီးခဲ့တဲ့ အရက္မူးသိုင္းနဲ႔ အထာက်က် တိုက္ခိုက္တာကို ၾကည့္ရႈရမွာပါ။

(1) Rush Hour (1), (2), (3)
photo via screenrant

Rush Hour ဟာ စုစုေပါင္း သုံးကားထြက္ထားၿပီး အခ်ိန္ေတြ ၾကာခဲ့ေပမယ့္လည္း ဘယ္ႏွခါၾကည့္ၾကည့္ ႐ိုးမသြားတဲ့ ဇာတ္ကားေတြ ျဖစ္ပါတယ္။  Jackie Chan နဲ႔ Chris Tucker တို႔ အတြဲညီညီနဲ႔ သ႐ုပ္ေဆာင္ခဲ့ၾကတဲ့ ဇာတ္ကားေတြျဖစ္ၿပီး ေတာ္ေတာ္ေလးကိုေကာင္းတဲ့ ဟာသအက္ရွင္ေတြလို႔လည္း ေျပာလို႔ရပါတယ္။ Jackie Chan သ႐ုပ္ေဆာင္ခဲ့တဲ့ဇာတ္လမ္းေတြထဲက အေအာင္ျမင္ဆုံး ဇာတ္ကားတြဲလို႔ေတာင္မွ ေျပာလို႔ရပါတယ္။

ဒါကေတာ့ မင္းသားႀကီး Jackie Chan ရဲ႕ ဇာတ္ကားေပါင္းမ်ားစြာထဲက ျပန္လည္ၾကည့္ရႈသင့္တဲ့ ဇာတ္ကားမ်ား ျဖစ္ပါတယ္။ စာဖတ္သူတို႔ အႏွစ္သက္ဆုံး ဇာတ္ကားေတြရွိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular