HomeEntertainmentFilmJake Gyllenhaal သရုပ်ဆောင်ထားတဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား(၇)ကား

Jake Gyllenhaal သရုပ်ဆောင်ထားတဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား(၇)ကား

Jake Gyllenhaal ကတော့ လွန်ခဲ့တဲ့ (၂၅)နှစ်လောက်က ထွက်ရှိခဲ့တဲ့ October Sky ရုပ်ရှင်နဲ့ အောင်မြင်လာသူ ဖြစ်ပြီး ယခုအချိန်ထိ ဟောလိဝုဒ်ရဲ့ အအောင်မြင်ဆုံး သရုပ်ဆောင်တွေထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် ဇာတ်ရုပ်အမျိုးမျိုးမှာ ပီပြင်စွာ သရုပ်ဆောင်ထားနိုင်တဲ့ နာမည်ကျော်မင်းသား Jake Gyllenhaal ရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား(၇)ကားကို ဖော်ပြပေးလိုက်ပါတယ်။

(7) Spider-Man: Far From Home

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Spider-Man ဟာ အားလပ်ရက် ခရီးထွက်နေရင်း အမျိုးအမည် မသိရဘဲ ဒြပ်စင်တွေနဲ့ ပြုလုပ်ထားတဲ့ မွန်းစတားတွေနဲ့ ရင်ဆိုင် တိုက်ခိုက်ရပါတော့တယ်။ ဒါကြောင့်ပဲ သူဟာ နောက်ထပ် ဟီးရိုးတစ်ယောက် ဖြစ်တဲ့ Mysterio ဆီက အကူအညီကို ယူရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Tom Holland ၊ Jake Gyllenhaal နဲ့ Zendaya တို့ အဓိက ပါဝင်ထားပါတယ်။

(6) Zodiac

photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားပါတယ်။ ဆန်ဖရန်စစ္စကိုမြို့မှာတော့ ကွင်းဆက် လူသတ်သမားတစ်ယောက်ဟာ သောင်းကျန်းနေပြီး သူကျူးလွန်ထားတဲ့ မှုခင်းတွေက သဲလွန်စတွေကို ရဲတွေဆီ တမင်ပို့ပေးနေပါတယ်။ ဒါပေမယ့်လည်း အဲဒီသဲလွန်စတွေကနေ ဘယ်အရာကိုမှ ခြေရာခံလို့မရ ဖြစ်နေတဲ့အခါမှာတော့ …။ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပြီး Jake Gyllenhaal ၊ Mark Ruffalo နဲ့ Robert Downey Jr. တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(5) Brokeback Mountain

photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောင်းဘွိုင်နှစ်ယောက်အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အဲဒီခေတ်တုန်းက လိင်တူချင်း ချစ်ကြိုက်ကြတယ်ဆိုတဲ့ အရာဟာ ပတ်ဝန်းကျင်က လက်ခံထားတဲ့ အရာတစ်ခု မဟုတ်သေးပါဘူး။ ဒီလိုအချိန်မှာ ပေါက်ဖွားလာတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်နဲ့ ဘဝကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားတဲ့ LGBT ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Heath Ledger ၊ Jake Gyllenhaal ၊ Michelle Williams နဲ့ Anne Hathaway တို့ အဓိကပါဝင်ထားကာ အော်စကာသုံးဆု ရရှိထားပါတယ်။

(4) October Sky

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မိုင်းတူးသူတစ်ယောက်ရဲ့ သားဟာ ပထမဆုံး လူလုပ်ဂြိုဟ်တုကို အာကာသထဲ လွှတ်တင်နိုင်ခဲ့တဲ့အကြောင်း ကြားသိလိုက်ရတဲ့ အချိန်မှာတော့ သူကိုယ်တိုင်က Rocket ဒုံးပျံကို ဖန်တီးဖို့ စိတ်ကူးတွေ ရလာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jake Gyllenhaal ၊ Chris Cooper နဲ့ Laura Dern တို့ ပါဝင်ထားပါတယ်။

(3) Nightcrawler

photo via screenrant

ဒီကားကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Louis Bloom လို့ခေါ်တဲ့ သူခိုးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူဟာ ရာဇဝတ်သားတွေရဲ့ လှုပ်ရှားမှုတွေကို ဓာတ်ပုံရိုက်ထားပြီး အဲဒီဓာတ်ပုံတွေကနေ ပိုက်ဆံရနိုင်တာကို သိလိုက်ရပါတယ်။ ဒီမှာတင် Louis ဟာ အဲဒီလိုဓာတ်ပုံတွေ ရရှိဖို့အတွက် ပြင်းထန်တဲ့ နည်းလမ်းတွေသုံးပြီး အစွမ်းကုန် ကြိုးစားပါတော့တယ်။ ဒါရိုက်တာ Dan Gilroy က ရိုက်ကူးထားပြီး နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ Jake Gyllenhaal ၊ Rene Russo ၊ Riz Ahmed နဲ့ Bill Paxton တို့က အဓိကပါဝင်ထားပါတယ်။

(2) Donnie Darko

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကြောင်တောင်တောင်နိုင်တဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဟာ သူတစ်ယောက်ပဲ မြင်ရတဲ့ ယုန်ဝတ်စုံနဲ့ လူတစ်ယောက်နဲ့ ခင်မင်သွားရာက စပါတယ်။ အဲဒီနောက်မှာတော့ ယုန်ဝတ်စုံထဲကလူဟာ အဲဒီကောင်လေးကို နောက်ထပ် (၂၈)ရက်၊ (၆)နာရီ၊ (၄၂)မိနစ်နဲ့ (၁၂)စက္ကန့်မှာ ကမ္ဘာပျက်တော့မယ်လို့ ပြောပြလိုက်ပါတယ်။ သရုပ်ဆောင်တွေကတော့ Jake Gyllenhaal ၊ Drew Barrymore နဲ့ Maggie Gyllenhaal တို့က အဓိက ပါဝင်ထားပါတယ်။

(1) Prisoners

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ခဲ့ပြီး IMDb (8.1) ရရှိထားပါတယ်။ တစ်ရက်မှာတော့ Keller Dover ရဲ့ သမီးလေးဟာ သူမရဲ့သူငယ်ချင်းတွေနဲ့အတူ ပျောက်ဆုံးသွားပါတယ်။ အချိန်တွေတဖြည်းဖြည်း ကုန်ဆုံးသွားပေမယ့် ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရှာဖွေမှုတွေဟာလည်း ဘာမှမထူးလာခဲ့ပါဘူး။ ဒါကြောင့်ပဲ Keller ဟာ ပျောက်ဆုံးနေတဲ့ သမီးလေးကို သူကိုယ်တိုင်ပဲ ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Hugh Jackman ၊ Jake Gyllenhaal နဲ့ Paul Dano တို့ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular