HomeCelebs Update NewsInternationalအစ်မဖြစ်သူ ရိုက်ကူးထားတဲ့ ပွဲဦးထွက်ရုပ်ရှင်ကို လာရောက်အားပေးခဲ့တဲ့ Jake Gyllenhaal 

အစ်မဖြစ်သူ ရိုက်ကူးထားတဲ့ ပွဲဦးထွက်ရုပ်ရှင်ကို လာရောက်အားပေးခဲ့တဲ့ Jake Gyllenhaal 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရဲ့ နာမည်ကျော်မောင်နှမတွေ ဖြစ်ကြတဲ့ Jake Gyllenhaal နဲ့ Maggie Gyllenhaal တို့ကတော့ လူတိုင်းရဲ့ sibling goal ပါပဲ။ ယခုလက်ရှိ ကျင်းပနေတဲ့ ဗင်းနစ် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အစ်မဖြစ်သူ Maggie က ဒါရိုက်တာအဖြစ် ပွဲဦးထွက် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို Jake က အတူတူ လာရောက်အားပေးခဲ့တာ ဖြစ်ပါတယ်။

မနေ့က သောကြာနေ့ညမှာပဲ မင်းသမီး Maggie Gyllenhaal ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက် ရိုက်ကူးထားတဲ့ The Lost Daughter ရုပ်ရှင်ဇာတ်ကားကို ဗင်းနစ် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အထူးပွဲအဖြစ် ပြသခဲ့တာ ဖြစ်ပါတယ်။ အစ်မဖြစ်သူရဲ့ ခြေလှမ်းသစ်ကို အားပေးတဲ့အနေနဲ့ Jake ကိုလည်း ကော်ဇောနီထက်မှာ အစ်မဖြစ်သူ Maggie နဲ့အတူ တွေ့လိုက်ရပါတယ်။

Photo: jakegyllenhaal/ Instagram

Maggie ကတော့ သရုပ်ဆောင်လောကမှာလည်း အောင်မြင်သူ ဖြစ်သလို ယခုဒါရိုက်တာအဖြစ် ခြေလှမ်းအသစ် တက်လှမ်းရာမှာလည်း သူမကို ချစ်ခင်သူတွေက ဝိုင်းဝန်းအားပေးနေကြတာ ဖြစ်ပါတယ်။ ယခုအထူးပွဲ ပြသနေတဲ့ ရုပ်ရှင်ပွဲတော်မှာလည်း သူမရဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် Peter Sarsgaard ကိုလည်း သူမနဲ့အတူ တွဲလျက်တွေ့ရပါသေးတယ်။

Maggie ရိုက်ကူးထားတဲ့ The Lost Daughter ဇာတ်ကားထဲမှာတော့ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Dakota Johnson ၊ Jessie Buckley ၊ Paul Mescal ၊ Oliver Jackson-Cohen နဲ့ Ed Harris တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ Elena Ferrante ရဲ့ ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Photo: mgyllenhaal/ Instagram

ဇာတ်လမ်းကတော့ အရွယ်ရောက်ပြီး သမီးနှစ်ယောက်ရဲ့ မိခင်ဖြစ်သလို ရသစာပေ ပါမောက္ခတစ်ဦးလည်း ဖြစ်တဲ့ Leda ဟာ ဂရိနိုင်ငံကို အပန်းဖြေခရီး ထွက်လာတဲ့အကြောင်း ဖြစ်ပါတယ်။ အဲဒီနောက် ဂရိကို ရောက်လာပြီးနောက်မှာတော့ သူမလိုပဲ အပန်းဖြေခရီးထွက်လာတဲ့ မိသားစုတစ်စုနဲ့ တွေ့ဆုံမိရာက ငယ်ရွယ်သေးတဲ့ မိခင်တစ်ဦးနဲ့ တွေ့ပြီး သူမငယ်စဉ်က မိဘတစ်ယောက်အနေနဲ့ လုပ်ခဲ့မိတဲ့ မကောင်းတဲ့အရာတွေကို ပြန်လည်မြင်ယောင်လာမိပါတော့တယ်။

ဒီဇာတ်ကားကိုတော့ လာမယ့် ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Glasgow

Source: people

(Zawgyi Version)

ေဟာလိဝုဒ္ရဲ႕ နာမည္ေက်ာ္ေမာင္ႏွမေတြ ျဖစ္ၾကတဲ့ Jake Gyllenhaal နဲ႔ Maggie Gyllenhaal တို႔ကေတာ့ လူတိုင္းရဲ႕ sibling goal ပါပဲ။ ယခုလက္ရွိ က်င္းပေနတဲ့ ဗင္းနစ္ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္မွာ အစ္မျဖစ္သူ Maggie က ဒါ႐ိုက္တာအျဖစ္ ပြဲဦးထြက္ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားကို Jake က အတူတူ လာေရာက္အားေပးခဲ့တာ ျဖစ္ပါတယ္။

မေန႔က ေသာၾကာေန႔ညမွာပဲ မင္းသမီး Maggie Gyllenhaal ရဲ႕ ဒါ႐ိုက္တာအျဖစ္ ပြဲဦးထြက္ ႐ိုက္ကူးထားတဲ့ The Lost Daughter ႐ုပ္ရွင္ဇာတ္ကားကို ဗင္းနစ္ ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္မွာ အထူးပြဲအျဖစ္ ျပသခဲ့တာ ျဖစ္ပါတယ္။ အစ္မျဖစ္သူရဲ႕ ေျခလွမ္းသစ္ကို အားေပးတဲ့အေနနဲ႔ Jake ကိုလည္း ေကာ္ေဇာနီထက္မွာ အစ္မျဖစ္သူ Maggie နဲ႔အတူ ေတြ႕လိုက္ရပါတယ္။

Photo: jakegyllenhaal/ Instagram

Maggie ကေတာ့ သ႐ုပ္ေဆာင္ေလာကမွာလည္း ေအာင္ျမင္သူ ျဖစ္သလို ယခုဒါ႐ိုက္တာအျဖစ္ ေျခလွမ္းအသစ္ တက္လွမ္းရာမွာလည္း သူမကို ခ်စ္ခင္သူေတြက ဝိုင္းဝန္းအားေပးေနၾကတာ ျဖစ္ပါတယ္။ ယခုအထူးပြဲ ျပသေနတဲ့ ႐ုပ္ရွင္ပြဲေတာ္မွာလည္း သူမရဲ႕ ခင္ပြန္းျဖစ္သူ သ႐ုပ္ေဆာင္ Peter Sarsgaard ကိုလည္း သူမနဲ႔အတူ တြဲလ်က္ေတြ႕ရပါေသးတယ္။

Maggie ႐ိုက္ကူးထားတဲ့ The Lost Daughter ဇာတ္ကားထဲမွာေတာ့ နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Dakota Johnson ၊ Jessie Buckley ၊ Paul Mescal ၊ Oliver Jackson-Cohen နဲ႔ Ed Harris တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒီ႐ုပ္ရွင္ဟာ Elena Ferrante ရဲ႕ ဝတၳဳကို မွီျငမ္းၿပီး ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

Photo: mgyllenhaal/ Instagram

ဇာတ္လမ္းကေတာ့ အ႐ြယ္ေရာက္ၿပီး သမီးႏွစ္ေယာက္ရဲ႕ မိခင္ျဖစ္သလို ရသစာေပ ပါေမာကၡတစ္ဦးလည္း ျဖစ္တဲ့ Leda ဟာ ဂရိႏိုင္ငံကို အပန္းေျဖခရီး ထြက္လာတဲ့အေၾကာင္း ျဖစ္ပါတယ္။ အဲဒီေနာက္ ဂရိကို ေရာက္လာၿပီးေနာက္မွာေတာ့ သူမလိုပဲ အပန္းေျဖခရီးထြက္လာတဲ့ မိသားစုတစ္စုနဲ႔ ေတြ႕ဆုံမိရာက ငယ္႐ြယ္ေသးတဲ့ မိခင္တစ္ဦးနဲ႔ ေတြ႕ၿပီး သူမငယ္စဥ္က မိဘတစ္ေယာက္အေနနဲ႔ လုပ္ခဲ့မိတဲ့ မေကာင္းတဲ့အရာေတြကို ျပန္လည္ျမင္ေယာင္လာမိပါေတာ့တယ္။

ဒီဇာတ္ကားကိုေတာ့ လာမယ့္ ဒီဇင္ဘာလ(၃၁)ရက္ေန႔မွာ ႐ုံတင္ျပသသြားမယ္လို႔ သိရပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular