HomeEntertainmentFilmJames Bond ရုပ်ရှင် Gold Finger ထဲက မင်းသမီးကြီး Honor Blackman ကွယ်လွန်

James Bond ရုပ်ရှင် Gold Finger ထဲက မင်းသမီးကြီး Honor Blackman ကွယ်လွန်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

James Bond ရုပ်ရှင်သရုပ်ဆောင် မင်းသမီးကြီး Honor Blackman ဟာ အသက်(၉၄)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ မင်းသမီးကြီးဟာ နာမည်ကျော် အောင်မြင်ခဲ့တဲ့ James Bond ရုပ်ရှင် Goldfinger ထဲမှာ အဓိကဇာတ်ဆောင်မင်းသမီး ပူစီဂယ်လောရ်စ်အဖြစ် မင်းသားကြီး Sean Connery နဲ့အတူ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Blackman မိသားစုရဲ့ တနင်္လာနေ့က ထုတ်ပြန်ချက်အရ မင်းသမီးကြီးဟာ သဘာဝအလျောက် ငြိမ်းချမ်းစွာနဲ့ပဲ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်အရှေ့တောင်ပိုင်း လူးဝိစ့်မြို့က သူမရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့တာလည်း ဖြစ်ပါတယ်။

Photo via oltnews

မင်းသမီးကြီးဟာ ၁၉၆၁ခုနှစ်က စတင်ထုတ်လွှင့်ခဲ့တဲ့ စပိုင်ဇာတ်လမ်းတွဲ The Avengers မှာလည်း ကိုယ်ခံပညာကျွမ်းကျင်တဲ့ Cathy Gale အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။ သူမရဲ့အနုပညာသက်တမ်းတစ်လျှောက် အကျော်ကြားဆုံးနဲ့ လူသိအများဆုံးကတော့ Goldfinger ထဲက ပူစီဂယ်လောရ်စ် ဇာတ်ကောင် ဖြစ်ပါတယ်။ James Bond ထဲက ဇာတ်ကောင်ကို သရုပ်ဆောင်ခွင့် ရရှိချိန်မှာ မင်းသမီးကြီးဟာ အသက်(၃၉)နှစ် ရှိနေပါပြီ။

သူမ ကွယ်လွန်ချိန်မှာတော့ သားသမီးနှစ်ယောက်၊ မြေးလေးယောက်တို့ ကျန်ရှိခဲ့ပါတယ်။

LaNina
(Zawgyi Version)

James Bond ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းသမီးႀကီး Honor Blackman ဟာ အသက္(၉၄)ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ၿပီလို႔ သိရပါတယ္။ မင္းသမီးႀကီးဟာ နာမည္ေက်ာ္ ေအာင္ျမင္ခဲ့တဲ့ James Bond ႐ုပ္ရွင္ Goldfinger ထဲမွာ အဓိကဇာတ္ေဆာင္မင္းသမီး ပူစီဂယ်လောရ်စ် အျဖစ္ မင္းသားႀကီး Sean Connery နဲ႔အတူ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။

Blackman မိသားစုရဲ႕ တနလၤာေန႔က ထုတ္ျပန္ခ်က္အရ မင္းသမီးႀကီးဟာ သဘာဝအေလ်ာက္ ၿငိမ္းခ်မ္းစြာနဲ႔ပဲ ကြယ္လြန္သြားခဲ့တယ္လို႔ သိရပါတယ္။ အဂၤလန္အေရွ႕ေတာင္ပိုင္း လူးဝိစ့္ၿမိဳ႕က သူမရဲ႕ေနအိမ္မွာ ကြယ္လြန္သြားခဲ့တာလည္း ျဖစ္ပါတယ္။

Photo via oltnews

မင္းသမီးႀကီးဟာ ၁၉၆၁ခုႏွစ္က စတင္ထုတ္လႊင့္ခဲ့တဲ့ စပိုင္ဇာတ္လမ္းတြဲ The Avengers မွာလည္း ကိုယ္ခံပညာကြၽမ္းက်င္တဲ့ Cathy Gale အျဖစ္ သ႐ုပ္ေဆာင္ထားပါေသးတယ္။ သူမရဲ႕အႏုပညာသက္တမ္းတစ္ေလွ်ာက္ အေက်ာ္ၾကားဆုံးနဲ႔ လူသိအမ်ားဆုံးကေတာ့ Goldfinger ထဲက ပူစီဂယ်လောရ်စ် ဇာတ္ေကာင္ ျဖစ္ပါတယ္။ James Bond ထဲက ဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ခြင့္ ရရွိခ်ိန္မွာ မင္းသမီးႀကီးဟာ အသက္(၃၉)ႏွစ္ ရွိေနပါၿပီ။

သူမ ကြယ္လြန္ခ်ိန္မွာေတာ့ သားသမီးႏွစ္ေယာက္၊ ေျမးေလးေယာက္တို႔ က်န္ရွိခဲ့ပါတယ္။

LaNina

 

 

RELATED ARTICLES

Most Popular