HomeCelebs Update NewsInternationalလိင်အမြတ်ထုတ်မှုနဲ့ ဒေါ်လာ(၂.၂)သန်း လျော်ကြေးပေးဆောင်ရမယ့် မင်းသား James Franco 

လိင်အမြတ်ထုတ်မှုနဲ့ ဒေါ်လာ(၂.၂)သန်း လျော်ကြေးပေးဆောင်ရမယ့် မင်းသား James Franco 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသား James Franco ဟာ ၂၀၁၉ခုနှစ်က စွဲဆိုခံထားရတဲ့ လိင်အမြတ်ထုတ်မှုအတွက် ဒေါ်လာ (၂.၂)သန်း ပေးဆောင်ပြီး ကျေအေးဖို့ သဘောတူလိုက်တယ်လို့ သိရပါတယ်။

James Franco ဟာ သူ့ရဲ့သရုပ်ဆောင်သင်တန်းက သင်တန်းသူတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ၂၀၁၉ခုနှစ်မှာ သင်တန်းသူနှစ်ယောက်ရဲ့ တရားစွဲဆိုမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ Sarah Tither-Kaplan နဲ့ Toni Gaal လို့ အမည်ရတဲ့ သရုပ်ဆောင်ကျောင်းသူနှစ်ယောက်က တရားလိုအဖြစ် James ကို အမှုဖွင့်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအမှုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပဲ နှစ်ဦးနှစ်ဘက် ကျေအေးဖို့ သဘောတူပြီး James ဘက်က ဒေါ်လာ (၂.၂)သန်း  ပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလျော်ကြေးပေးဆောင်ပြီး ကျေအေးလိုက်တဲ့ ကိစ္စကတော့ အခုမှ မီဒီယာပေါ်ကို ရောက်လာတာ ဖြစ်ပါတယ်။

Photo: jamesfrancooofficial/ Instagram

အမှုကျေအေးခြင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တရားလိုနဲ့ ခုခံချေပသူ နှစ်ဘက်စလုံးက ပူးတွဲကြေညာချက်တစ်ခုလည်း ထုတ်ခဲ့သေးတယ်လို့ သိရပါတယ်။

အဆိုပါ ကြေညာချက်မှာတော့ “ခုခံချေပသူဘက်က တရားလိုရဲ့ စွဲဆိုချက်တွေကို ငြင်းဆိုမြဲ ဖြစ်ပေမယ့် အခုလို အရေးကြီးတဲ့ကိစ္စတစ်ခုကို တရားလိုတွေဘက်က အများသတိပြုနိုင်အောင် ထုတ်ပြောလာခြင်းကို အသိအမှတ်ပြုပါတယ်။ ဒါ့အပြင် ယခုအချိန်ဟာ ဟောလိဝုဒ်မှာ အမျိုးသမီးတွေကို လွဲမှားစွာ ဆက်ဆံခံနေရတဲ့ ဖြစ်ရပ်ကို ပိုပြီးအာရုံစိုက်ဖို့ နှစ်ဘက်စလုံးက ခိုင်မာစွာ ယုံကြည်နေကြပါတယ်။ ”

“ဖျော်ဖြေရေးလောကထဲမှာ မည်သူတစ်ဦးတစ်ယောက်ကမျှ လူမျိုး၊ ကိုးကွယ်ယုံကြည်ရာ၊ အားနည်းချက်၊ နောက်ခံအတိတ်၊ လိင်တိမ်းညွတ်မှုတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံတာ၊ နှောင့်ယှက်ကလူပြုတာ၊ အနိုင်ကျင့်ဖိနှိပ်တာတွေ မဖြစ်လာစေဖို့ နှစ်ဘက်စလုံးက သဘောတူကြပါတယ် … ” လို့ ပါရှိပါတယ်။

Photo: jamesfrancooofficial/ Instagram

ဒေါ်လာ(၂.၂)သန်း ကျေအေးမှုမှာတော့ တရားလိုနှစ်ယောက်က ဒေါ်လာ (၈၉၄,၀၀၀) ရရှိမှာ ဖြစ်ပြီး ကျန်တဲ့ ဒေါ်လာ(၁.၃)သန်းကျော်ကတော့ ခွဲခြားဆက်ဆံခံရသူတွေအတွက် ဘုံမတည်ငွေအဖြစ် ထားရှိမှာ ဖြစ်ပါတယ်။ တရားလိုဘက်က ရရှိမယ့် ဒေါ်လာရှစ်သိန်းကျော်ကိုတော့ Tither-Kaplan က ဒေါ်လာ (၆၇၀,၅၀၀) ရရှိမှာဖြစ်ပြီး Gaal ကတော့ ဒေါ်လာ (၂၂၃,၅၀၀) ရရှိတယ်လို့ သိရပါတယ်။

James Franco ဟာ Playhouse West Studio လို့ အမည်ရတဲ့ သရုပ်ဆောင်သင်တန်းတစ်ခုကို ၂၀၁၄ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၇ခုနှစ်မှာ ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်က စွဲဆိုခဲ့တဲ့အမှုမှာ သရုပ်ဆောင်သင်တန်း ကျောင်းသူဟောင်းနှစ်ယောက်ဖြစ်တဲ့ Tither-Kaplan နဲ့ Gaal တို့ရဲ့ ထွက်ဆိုချက်အရ James နဲ့ သူ့ရဲ့ စီးပွားဖက်တွေဟာ သူတို့ရဲ့ စတားပါဝါနဲ့ ဆရာဆိုတဲ့ ဝိတ်တွေကို သုံးပြီး ကျောင်းသူတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ မတော်မတရား အမြတ်ထုတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: jamesfrancooofficial/ Instagram

ဒါ့အပြင် အဆိုပါသင်တန်းဟာ သင်တန်းချိန်မှာရော၊ သင်တန်းချိန် ပြင်ပမှာပါ သင်တန်းသူတွေအတွက် မသင့်တော်တဲ့ လိင်အမြတ်ထုတ်မှုတွေ ဖြစ်ပွားရာ ပတ်ဝန်းကျင်ကြီးတစ်ခု ဖြစ်လာတယ်လို့လည်း တရားလိုနှစ်ယောက်က ဆိုကြပါတယ်။

တရားမစွဲဆိုခင် ၂၀၁၈ခုနှစ်က The Los Angeles Times သတင်းစာမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတစ်စောင်မှာလည်း Tither-Kaplan အပါအဝင် အခြားအမျိုးသမီးလေးဦးဟာ James ကို လိင်အမြတ်ထုတ်တယ်လို့ စွပ်စွဲခဲ့ကြပါသေးတယ်။ အဲဒါကတော့ James ကိုယ်တိုင် ရိုက်ကူးခဲ့တဲ့ The Long Home ရုပ်ရှင်မှာ အော်ရယ်လ် ဆက်စ် ပြုလုပ်တဲ့ ဇာတ်ဝင်ခန်း ပါဝင်ခဲ့ပြီး အဲဒီအခန်းကို ရိုက်ကူးရာမှာ James ဟာ safety အတွက် ဝတ်ဆင်ထားရတဲ့အရာတွေကို ချွတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo via IMDb

James ဟာ သူ့ရဲ့ စတားပါဝါကို သုံးပြီး နာမည်မကျော်ကြားသေးတဲ့ အမျိုးသမီးတွေကို သရုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ ပေးမလို ပုံဖမ်းပြီး လိင်အမြတ်ထုတ်တယ်လို့လည်း စွပ်စွဲခံခဲ့ရတာပါ။ ဒီစွပ်စွဲချက်တွေအားလုံးနဲ့ ပတ်သက်ပြီးတော့ James ဘက်ကတော့ အပြတ်အသတ် ငြင်းဆိုထားပြီး သူ့ရဲ့ ရှေ့နေကလည်း မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို တစုံတရာ တုံ့ပြန်ဖြေကြားထားခြင်း မရှိပါဘူး။

Glasgow

Source: people

(Zawgyi Version)

ေဟာလိဝုဒ္ရဲ႕ နာမည္ေက်ာ္မင္းသား James Franco ဟာ ၂၀၁၉ခုႏွစ္က စြဲဆိုခံထားရတဲ့ လိင္အျမတ္ထုတ္မႈအတြက္ ေဒၚလာ (၂.၂)သန္း ေပးေဆာင္ၿပီး ေက်ေအးဖို႔ သေဘာတူလိုက္တယ္လို႔ သိရပါတယ္။

James Franco ဟာ သူ႔ရဲ႕သ႐ုပ္ေဆာင္သင္တန္းက သင္တန္းသူေတြအေပၚမွာ လိင္ပိုင္းဆိုင္ရာ မေတာ္မတရား ျပဳက်င့္ခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရၿပီး ၂၀၁၉ခုႏွစ္မွာ သင္တန္းသူႏွစ္ေယာက္ရဲ႕ တရားစြဲဆိုမႈကို ခံခဲ့ရတာ ျဖစ္ပါတယ္။ Sarah Tither-Kaplan နဲ႔ Toni Gaal လို႔ အမည္ရတဲ့ သ႐ုပ္ေဆာင္ေက်ာင္းသူႏွစ္ေယာက္က တရားလိုအျဖစ္ James ကို အမႈဖြင့္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီအမႈဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလမွာပဲ ႏွစ္ဦးႏွစ္ဘက္ ေက်ေအးဖို႔ သေဘာတူၿပီး James ဘက္က ေဒၚလာ (၂.၂)သန္း  ေပးေဆာင္ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ ဒီလိုေလ်ာ္ေၾကးေပးေဆာင္ၿပီး ေက်ေအးလိုက္တဲ့ ကိစၥကေတာ့ အခုမွ မီဒီယာေပၚကို ေရာက္လာတာ ျဖစ္ပါတယ္။

Photo: jamesfrancooofficial/ Instagram

အမႈေက်ေအးျခင္းရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ တရားလိုနဲ႔ ခုခံေခ်ပသူ ႏွစ္ဘက္စလုံးက ပူးတြဲေၾကညာခ်က္တစ္ခုလည္း ထုတ္ခဲ့ေသးတယ္လို႔ သိရပါတယ္။

အဆိုပါ ေၾကညာခ်က္မွာေတာ့ “ခုခံေခ်ပသူဘက္က တရားလိုရဲ႕ စြဲဆိုခ်က္ေတြကို ျငင္းဆိုၿမဲ ျဖစ္ေပမယ့္ အခုလို အေရးႀကီးတဲ့ကိစၥတစ္ခုကို တရားလိုေတြဘက္က အမ်ားသတိျပဳႏိုင္ေအာင္ ထုတ္ေျပာလာျခင္းကို အသိအမွတ္ျပဳပါတယ္။ ဒါ့အျပင္ ယခုအခ်ိန္ဟာ ေဟာလိဝုဒ္မွာ အမ်ိဳးသမီးေတြကို လြဲမွားစြာ ဆက္ဆံခံေနရတဲ့ ျဖစ္ရပ္ကို ပိုၿပီးအာ႐ုံစိုက္ဖို႔ ႏွစ္ဘက္စလုံးက ခိုင္မာစြာ ယုံၾကည္ေနၾကပါတယ္။ ”

“ေဖ်ာ္ေျဖေရးေလာကထဲမွာ မည္သူတစ္ဦးတစ္ေယာက္ကမွ် လူမ်ိဳး၊ ကိုးကြယ္ယုံၾကည္ရာ၊ အားနည္းခ်က္၊ ေနာက္ခံအတိတ္၊ လိင္တိမ္းၫြတ္မႈေတြနဲ႔ ပတ္သက္ၿပီး ခြဲျခားဆက္ဆံတာ၊ ေႏွာင့္ယွက္ကလူျပဳတာ၊ အႏိုင္က်င့္ဖိႏွိပ္တာေတြ မျဖစ္လာေစဖို႔ ႏွစ္ဘက္စလုံးက သေဘာတူၾကပါတယ္ … ” လို႔ ပါရွိပါတယ္။

Photo: jamesfrancooofficial/ Instagram

ေဒၚလာ(၂.၂)သန္း ေက်ေအးမႈမွာေတာ့ တရားလိုႏွစ္ေယာက္က ေဒၚလာ (၈၉၄,၀၀၀) ရရွိမွာ ျဖစ္ၿပီး က်န္တဲ့ ေဒၚလာ(၁.၃)သန္းေက်ာ္ကေတာ့ ခြဲျခားဆက္ဆံခံရသူေတြအတြက္ ဘုံမတည္ေငြအျဖစ္ ထားရွိမွာ ျဖစ္ပါတယ္။ တရားလိုဘက္က ရရွိမယ့္ ေဒၚလာရွစ္သိန္းေက်ာ္ကိုေတာ့ Tither-Kaplan က ေဒၚလာ (၆၇၀,၅၀၀) ရရွိမွာျဖစ္ၿပီး Gaal ကေတာ့ ေဒၚလာ (၂၂၃,၅၀၀) ရရွိတယ္လို႔ သိရပါတယ္။

James Franco ဟာ Playhouse West Studio လို႔ အမည္ရတဲ့ သ႐ုပ္ေဆာင္သင္တန္းတစ္ခုကို ၂၀၁၄ခုႏွစ္မွာ ဖြင့္လွစ္ခဲ့ၿပီး ၂၀၁၇ခုႏွစ္မွာ ပိတ္သိမ္းခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၉ခုႏွစ္က စြဲဆိုခဲ့တဲ့အမႈမွာ သ႐ုပ္ေဆာင္သင္တန္း ေက်ာင္းသူေဟာင္းႏွစ္ေယာက္ျဖစ္တဲ့ Tither-Kaplan နဲ႔ Gaal တို႔ရဲ႕ ထြက္ဆိုခ်က္အရ James နဲ႔ သူ႔ရဲ႕ စီးပြားဖက္ေတြဟာ သူတို႔ရဲ႕ စတားပါဝါနဲ႔ ဆရာဆိုတဲ့ ဝိတ္ေတြကို သုံးၿပီး ေက်ာင္းသူေတြအေပၚမွာ လိင္ပိုင္းဆိုင္ရာ မေတာ္မတရား အျမတ္ထုတ္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

Photo: jamesfrancooofficial/ Instagram

ဒါ့အျပင္ အဆိုပါသင္တန္းဟာ သင္တန္းခ်ိန္မွာေရာ၊ သင္တန္းခ်ိန္ ျပင္ပမွာပါ သင္တန္းသူေတြအတြက္ မသင့္ေတာ္တဲ့ လိင္အျမတ္ထုတ္မႈေတြ ျဖစ္ပြားရာ ပတ္ဝန္းက်င္ႀကီးတစ္ခု ျဖစ္လာတယ္လို႔လည္း တရားလိုႏွစ္ေယာက္က ဆိုၾကပါတယ္။

တရားမစြဲဆိုခင္ ၂၀၁၈ခုႏွစ္က The Los Angeles Times သတင္းစာမွာ ေရးသားခဲ့တဲ့ ေဆာင္းပါးတစ္ေစာင္မွာလည္း Tither-Kaplan အပါအဝင္ အျခားအမ်ိဳးသမီးေလးဦးဟာ James ကို လိင္အျမတ္ထုတ္တယ္လို႔ စြပ္စြဲခဲ့ၾကပါေသးတယ္။ အဲဒါကေတာ့ James ကိုယ္တိုင္ ႐ိုက္ကူးခဲ့တဲ့ The Long Home ႐ုပ္ရွင္မွာ ေအာ္ရယ္လ္ ဆက္စ္ ျပဳလုပ္တဲ့ ဇာတ္ဝင္ခန္း ပါဝင္ခဲ့ၿပီး အဲဒီအခန္းကို ႐ိုက္ကူးရာမွာ James ဟာ safety အတြက္ ဝတ္ဆင္ထားရတဲ့အရာေတြကို ခြၽတ္ပစ္ခဲ့တယ္လို႔ ဆိုပါတယ္။

Photo via IMDb

James ဟာ သူ႔ရဲ႕ စတားပါဝါကို သုံးၿပီး နာမည္မေက်ာ္ၾကားေသးတဲ့ အမ်ိဳးသမီးေတြကို သ႐ုပ္ေဆာင္ဖို႔ အခြင့္အလမ္းေတြ ေပးမလို ပုံဖမ္းၿပီး လိင္အျမတ္ထုတ္တယ္လို႔လည္း စြပ္စြဲခံခဲ့ရတာပါ။ ဒီစြပ္စြဲခ်က္ေတြအားလုံးနဲ႔ ပတ္သက္ၿပီးေတာ့ James ဘက္ကေတာ့ အျပတ္အသတ္ ျငင္းဆိုထားၿပီး သူ႔ရဲ႕ ေရွ႕ေနကလည္း မီဒီယာေတြရဲ႕ ေမးျမန္းမႈေတြကို တစုံတရာ တုံ႔ျပန္ေျဖၾကားထားျခင္း မရွိပါဘူး။

Glasgow

Source: people

RELATED ARTICLES

Most Popular