HomeEntertainmentFilmJames Gunn ရဲ့ DC ပရောဂျက်အသစ်တွေမှာ ပါဝင်လာဦးမယ့် Peacemaker ဇာတ်ကောင်များ

James Gunn ရဲ့ DC ပရောဂျက်အသစ်တွေမှာ ပါဝင်လာဦးမယ့် Peacemaker ဇာတ်ကောင်များ

၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Suicide Squad ရုပ်ရှင်နဲ့ ယခုနှစ်ထဲမှာ ထွက်ရှိခဲ့တဲ့ Peacemaker ဇာတ်လမ်းတွဲတို့ရဲ့ အောင်မြင်မှုကြောင့် ဒါရိုက်တာ James Gunn ဟာ DC ရဲ့ တခြားပရောဂျက်အသစ်‌တွေကိုလည်း ဆက်လက်ဖန်တီးနေပြီ ဖြစ်ပါတယ်။ ဒါတင်မက DC ပရောဂျက်အသစ်တွေမှာတော့ Peacemaker ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေလည်း ပါဝင်လာဦးမယ်လို့ ဒါရိုက်တာ James Gunn ကိုယ်တိုင်က အတည်ပြုလိုက်ပါတယ်။

photo via screenrant

The Playlist နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဒါရိုက်တာ James Gunn ဟာ ဒီအကြောင်းတွေကို ပြောပြသွားတာ ဖြစ်ပါတယ်။

“တခြား dc ပရောဂျက်တစ်ခုကို ကျွန်တော် သေသေချာချာ ဖန်တီးနေပါတယ်။ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းနေရာမှာလည်း ကျွန်တော် အဓိက ပါဝင်ထားပါတယ်။ ကျွန်တော် ဖန်တီးနေတဲ့ တခြားဇာတ်လမ်းတွဲထဲမှာလည်း Peacemaker ထဲကဇာတ်ကောင်တွေ ပါဝင်လာဦးမှာပါ။ ပြီးတော့ DC ရဲ့ တခြားပရောဂျက်တွေမှာလည်း ကျွန်တော် ပါဝင်ထားတာ ရှိပါသေးတယ် …”

photo via screenrant

ယခုနှစ်ပိုင်းကတော့ ဒါရိုက်တာ James Gunn အတွက် အလွန်အလုပ်များတဲ့ကာလပဲ ဖြစ်ပြီး သူဟာ Marvel စတူဒီယိုအတွက်ရော DC စတူဒီယိုအတွက် ပရောဂျက်တွေ ဖန်တီးပေးနေပါတယ်။ ဒါ့အပြင် Peacemaker Season 2 ကိုလည်း ဒါရိုက်တာ James Gunn ကပဲ ဆက်လက် ရိုက်ကူးသွားမှာ ဖြစ်သလို Amanda Waller ရဲ့ Spin-Off ဇာတ်လမ်းတစ်ခုလည်း လာဦးမယ်လို့ သိရပါတယ်။ ဒါရိုက်တာ James Gunn ကိုယ်တိုင်ကလည်း သူဟာ DC ရဲ့ တခြားပရောဂျက်တွေမှာ ပါဝင်ထားတယ်လို့ ပြောသွားတာကြောင့် ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေကို မြင်တွေ့ရဦးမလည်းဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular