HomeEntertainmentFilmSuicide Squad ရဲ့ post-production တွေ အကုန်ပြီးဆုံးသွားပြီလို့ အတည်ပြုခဲ့တဲ့ James Gunn

Suicide Squad ရဲ့ post-production တွေ အကုန်ပြီးဆုံးသွားပြီလို့ အတည်ပြုခဲ့တဲ့ James Gunn

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုံမတင်ခင် ရှစ်လအလိုမှာ Suicide Squad ရုပ်ရှင်အတွက် တည်းဖြတ်မှုတွေ အကုန်ပြီးဆုံးသွားပြီလို့ ဒါရိုက်တာ James Gunn က အတည်ပြုခဲ့ပါတယ်။ David Ayer ရိုက်ကူးခဲ့တဲ့ Suicide Squad ရုပ်ရှင်ကတော့ ပရိသတ်တွေ မျှော်လင့်ထားသလောက် ဖြစ်မလာခဲ့ပေမယ့်လည်း box office မှာတော့ ဒေါ်လာသန်း (၇) ရာကျော် ရရှိခဲ့ပါတယ်။ ဒါရိုက်တာ James Gunn ကတော့ Guardians of the Galaxy 3 မှာ ခဏတာ အထုတ်ခံရပြီးတဲ့နောက်မှာ ဒုတိယမြောက် Suicide Squad ရုပ်ရှင်ကို ရိုက်ကူးသွားမယ်လို့ သိခဲ့ရပါတယ်။

photo via screenrant

အဲ့ဒါကြောင့်ပဲ James Gunn ဟာ ဒီရုပ်ရှင်ကို ဘယ်လိုမျိူးဖန်တီးသွားမလည်း ဆိုတာကို ပရိသတ်အများစုဟာ စိတ်ဝင်စားနေကြပါတယ်။ Brazil ရဲ့ Comic Con Experience ထဲမှာတော့ James Gunn နဲ့ ဒီဇာတ်လမ်းထဲမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် Alice Braga တို့ဟာ အွန်လိုင်းပေါ်ကနေ တစ်ဆင့် အမေးအဖြေ လုပ်ခဲ့ပါတယ်။

ဒီဇာတ်လမ်းထဲမှာ ပါဝင်ထားတဲ့ တစ်ခြားသရုပ်ဆောင်တွေ မရောက်ခင်မှာ Alice ဟာ ဒီဇာတ်လမ်းရဲ့ post-production ဟာ ဘယ်အခြေအနေထိ ရောက်နေပြီလည်း ဆိုပြီးတော့ James Gunn ကို မေးခဲ့ပါတယ်။ James Gunn ကတော့ ဒီဇာတ်လမ်းရဲ့ post-production တွေဟာ အကုန်လုံး ပြီးဆုံးသွားပြီ ဖြစ်ပြီးတော့ တစ်ခြား ပြင်ဆင်စရာ အနည်းငယ်လောက်ပဲ ကျန်ပါတော့တယ်လို့ ပြောခဲ့ပါတယ်။

photo via screenrant

Suicide Squad ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် delay မဖြစ်ခဲ့တဲ့ တစ်ခုတည်းသော ရုပ်ရှင်ဖြစ်ပြီးတော့ အခုချိန်မှာလည်း ရုံတင်ဖို့ ရှစ်လလောက်အလိုမှာတင် အကုန်လုံးနီးပါးဟာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ အဲ့ဒါတင်မကသေးဘဲ James Gunn ဟာ လောလောဆယ်မှာတော့ John Cena ပါဝင်ထားတဲ့ Peacemaker ဇာတ်လမ်းတွဲရဲ့ pre-production အတွက်တောင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

အစတုန်းကတော့ James Gunn ဟာ Suicide Squad နဲ့ Guardians of the Galaxy ကြားထဲမှာ နားဖို့အတွက် စီစဉ်ထားပေမယ့်လည်း အဲ့ဒီနားမယ့်အချိန်မှာ Peacemaker အတွက် အလုပ်လုပ်ဖို့ကို ဆုံးဖြတ်လိုက်ပါတယ်။ Suicide Squad ကတော့ အခုချိန်မှာ ပြီးသလောက်ကို ဖြစ်နေပြီးတော့ ၂၀၂၁ ဩဂုတ်လမှာတော့ ရုပ်ရှင်ရုံမှာရော HBO Max မှာရော ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

႐ုံမတင္ခင္ ရွစ္လအလိုမွာ Suicide Squad ႐ုပ္ရွင္အတြက္ တည္းျဖတ္မႈေတြ အကုန္ၿပီးဆုံးသြားၿပီလို႔ ဒါ႐ိုက္တာ James Gunn က အတည္ျပဳခဲ့ပါတယ္။ David Ayer ႐ိုက္ကူးခဲ့တဲ့ Suicide Squad ႐ုပ္ရွင္ကေတာ့ ပရိသတ္ေတြ ေမွ်ာ္လင့္ထားသေလာက္ ျဖစ္မလာခဲ့ေပမယ့္လည္း box office မွာေတာ့ ေဒၚလာသန္း (၇) ရာေက်ာ္ ရရွိခဲ့ပါတယ္။ ဒါ႐ိုက္တာ James Gunn ကေတာ့ Guardians of the Galaxy 3 မွာ ခဏတာ အထုတ္ခံရၿပီးတဲ့ေနာက္မွာ ဒုတိယေျမာက္ Suicide Squad ႐ုပ္ရွင္ကို ႐ိုက္ကူးသြားမယ္လို႔ သိခဲ့ရပါတယ္။

photo via screenrant

အဲ့ဒါေၾကာင့္ပဲ James Gunn ဟာ ဒီ႐ုပ္ရွင္ကို ဘယ္လိုမ်ိဴးဖန္တီးသြားမလည္း ဆိုတာကို ပရိသတ္အမ်ားစုဟာ စိတ္ဝင္စားေနၾကပါတယ္။ Brazil ရဲ႕ Comic Con Experience ထဲမွာေတာ့ James Gunn နဲ႔ ဒီဇာတ္လမ္းထဲမွာ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ Alice Braga တို႔ဟာ အြန္လိုင္းေပၚကေန တစ္ဆင့္ အေမးအေျဖ လုပ္ခဲ့ပါတယ္။

ဒီဇာတ္လမ္းထဲမွာ ပါဝင္ထားတဲ့ တစ္ျခားသ႐ုပ္ေဆာင္ေတြ မေရာက္ခင္မွာ Alice ဟာ ဒီဇာတ္လမ္းရဲ႕ post-production ဟာ ဘယ္အေျခအေနထိ ေရာက္ေနၿပီလည္း ဆိုၿပီးေတာ့ James Gunn ကို ေမးခဲ့ပါတယ္။ James Gunn ကေတာ့ ဒီဇာတ္လမ္းရဲ႕ post-production ေတြဟာ အကုန္လုံး ၿပီးဆုံးသြားၿပီ ျဖစ္ၿပီးေတာ့ တစ္ျခား ျပင္ဆင္စရာ အနည္းငယ္ေလာက္ပဲ က်န္ပါေတာ့တယ္လို႔ ေျပာခဲ့ပါတယ္။

photo via screenrant

Suicide Squad ဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ delay မျဖစ္ခဲ့တဲ့ တစ္ခုတည္းေသာ ႐ုပ္ရွင္ျဖစ္ၿပီးေတာ့ အခုခ်ိန္မွာလည္း ႐ုံတင္ဖို႔ ရွစ္လေလာက္အလိုမွာတင္ အကုန္လုံးနီးပါးဟာ ၿပီးဆုံးသြားၿပီ ျဖစ္ပါတယ္။ အဲ့ဒါတင္မကေသးဘဲ James Gunn ဟာ ေလာေလာဆယ္မွာေတာ့ John Cena ပါဝင္ထားတဲ့ Peacemaker ဇာတ္လမ္းတြဲရဲ႕ pre-production အတြက္ေတာင္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။

အစတုန္းကေတာ့ James Gunn ဟာ Suicide Squad နဲ႔ Guardians of the Galaxy ၾကားထဲမွာ နားဖို႔အတြက္ စီစဥ္ထားေပမယ့္လည္း အဲ့ဒီနားမယ့္အခ်ိန္မွာ Peacemaker အတြက္ အလုပ္လုပ္ဖို႔ကို ဆုံးျဖတ္လိုက္ပါတယ္။ Suicide Squad ကေတာ့ အခုခ်ိန္မွာ ၿပီးသေလာက္ကို ျဖစ္ေနၿပီးေတာ့ ၂၀၂၁ ဩဂုတ္လမွာေတာ့ ႐ုပ္ရွင္႐ုံမွာေရာ HBO Max မွာေရာ ျပသသြားမွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular