HomeEntertainmentFilmအသစ်ထွက်ရှိလာဦးမယ့် James Gunn ရဲ့ ဒုတိယမြောက် Suicide Squad Spin Off ဇာတ်လမ်းတွဲ

အသစ်ထွက်ရှိလာဦးမယ့် James Gunn ရဲ့ ဒုတိယမြောက် Suicide Squad Spin Off ဇာတ်လမ်းတွဲ

လက်ရှိမှာ HBO Max က ပြသနေတဲ့ Peacemaker ဇာတ်လမ်းတွဲဟာ အောင်မြင်မှုတွေ ရရှိနေတာကြောင့် ဒါရိုက်တာ James Gunn ဟာ The Suicide Squad ရဲ့ ဒုတိယမြောက် Spin Off ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ ဆိုပါတယ်။

ဒါရိုက်တာ James Gunn ရိုက်ကူးထားတဲ့ The Suicide Squad ကတော့ Task Force X ကို Soft Reboot သဘောမျိူး ပြန်လည်ပြုလုပ်ထားတာ ဖြစ်ပြီး ကောင်းမွန်တဲ့ ဝေဖန်ချက်တွေ ရရှိခဲ့ပါတယ်။

photo via screenrant

ယခုဆိုရင်တော့ The Suicide Squad ရဲ့ Spin Off ဇာတ်လမ်းတွဲ ဖြစ်တဲ့ Peacemaker ဟာ အပိုင်းငါးပိုင်း ထွက်ရှိနေပြီ ဖြစ်ပြီး အားလုံးပေါင်း ရှစ်ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ DCEU ရဲ့ Rotten Tomatoes Rating အများဆုံး ဖြစ်နေပြီး ကောင်းမွန်တဲ့ ဝေဖန်ချက်တွေ ရရှိထားပါတယ်။ လောလောဆယ်မှာ တရားဝင် ထုတ်ပြန်ကြေညာတာမျိူး မရှိသေးပေမယ့်လည်း ဒါရိုက်တာ James Gunn ကတော့ The Suicide Squad ရဲ့ ဒုတိယမြောက် Spin Off ကို အရိပ်အမြွက် ပြောပြထားပါတယ်။

Deadline သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ ဒါရိုက်တာ James Gunn ဟာ Peacemaker ဇာတ်လမ်းတွဲအကြောင်း ပြောနေရင်း ဒုတိယမြောက် Spin Off အကြောင်းကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

“လောလောဆယ်တော့ ကျွန်တော်တို့ တခြားတစ်ခုကို ပြင်ဆင်နေပါတယ်။ အဲ့ဒီ Universe နဲ့ ပတ်သက်နေတဲ့ တခြားဇာတ်လမ်းတွဲတစ်ခုပေါ့။ ကျွန်တော်လည်း သေချာတော့ ပြောပြလို့ မရသေးပါဘူး … “

photo via screenrant

ဒါရိုက်တာ James Gunn ရဲ့ ပြောပြချက်အရ ဒုတိယမြောက် Spin Off ထွက်ရှိလာမယ်လို့ပဲ သိရပြီး ဘယ်ဇာတ်ကောင်ရဲ့အကြောင်း ဖြစ်မယ်ဆိုတာ မသိရသေးပါဘူး။

ပရိသတ်တွေကတော့ Bloodspot နဲ့ Harley Quinn တို့ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွဲတွေကို မြင်တွေ့ချင်နေကြပြီး Ratcatcher 2 ရဲ့ ဇာတ်လမ်းဟာလည်း စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ James Gunn ပြောတဲ့ ပရောဂျက်အသစ်ဟာ ဘယ်သူ့ရဲ့ Spin Off ဇာတ်လမ်းတွဲ ဖြစ်လာမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular