HomeEntertainmentFilmDC Universe ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်များနဲ့ ဇာတ်လမ်းတွဲများ

DC Universe ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်များနဲ့ ဇာတ်လမ်းတွဲများ

မကြာသေးခင်ကပဲ DC စတူဒီယိုရဲ့ Co-CEO ဖြစ်တဲ့ James Gunn ဟာ DC Universe ရဲ့အနာဂတ် Plan တွေကို ပြောပြသွားပါတယ်။ James Gunn ရဲ့ပြောပြချက်အရ DCU ရဲ့ Chapter 1 ဟာ ၂၀၂၅ ခုနှစ်မှာ စတင်သွားမှာ ဖြစ်ပါတယ်။ Chapter 1 ကိုတော့ Gods & Monsters လို့ အမည်ပေးထားပြီး James Gunn ကတော့ Chapter 1 ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲ (၁၀)ခုကို ကြေညာသွားပါတယ်။

Movies

photo via screenrant

Superman: Legacy – လောလောဆယ်မှာတော့ James Gunn က ဇာတ်ညွှန်းရေးသားနေပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့မှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဟာ Superman ရဲ့ Origin ဇာတ်လမ်း မဟုတ်ဘဲ Clark Kent ရဲ့ စူပါဟီးရိုးဘဝနဲ့ သာမန်လူတစ်ယောက်ရဲ့ ဘဝကို မျှတအောင် ကြိုးစားရုန်းကန်နေတာကို မြင်တွေ့ရမှာပါ။

The Authority – ဒီရုပ်ရှင်ကတော့ DC စတူဒီယိုရဲ့ လက်အောက်ခံဖြစ်တဲ့ Wildstorm ကောမစ်ထဲက ဇာတ်ကောင်တွေကို ဖန်တီးသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Anti-Hero အချို့ဟာ ကောင်းတာတွေကို ပြုလုပ်ဖို့ ကြိုးစားနေပြီး အကောင်းတွေ ဖြစ်လာဖို့အတွက် ဘာမဆို ပြုလုပ်ကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Photo Credit: DC Comics

The Brave and the Bold – ဒီရုပ်ရှင်ကတော့ သရုပ်ဆောင်အသစ်တွေနဲ့ ဖန်တီးသွားမယ့် Batman နဲ့ Robin တို့ရဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Robert Pattinson နဲ့ Ben Affleck တို့ကတော့ ဒီရုပ်ရှင်ထဲမှာ ပါဝင်သွားမှာ မဟုတ်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ Grant Morrison ဖန်တီးခဲ့တဲ့ Batman ကောမစ်ကို အခြေခံပြီး ဖန်တီးသွားမှာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Bruce Wayne ဟာ Damian က သူ့ရဲ့သား ဖြစ်နေတာကို သိလိုက်ရပြီး သူကိုယ်တိုင် ပြုစုပျိူးထောင်ပေးဖို့ တာဝန်ကျလာပါတော့တယ်။ ဒါ့အပြင် အခြားသော Bat-Family ထဲက ဇာတ်ကောင်တွေလည်း ဒီဇာတ်လမ်းထဲမှာ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Supergirl: Woman of Tomorrow – ဒီရုပ်ရှင်ကတော့ Tom King ရဲ့ကောမစ်ကို အခြေခံပြီး ဖန်တီးသွားမယ့် Supergirl ဆိုလိုရုပ်ရှင် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Superman ဟာ ကမ္ဘာပေါ်မှာ ကြင်နာတတ်တဲ့ မိဘတွေနဲ့ ကြီးပြင်းလာရပေမယ့် Supergirl ကတော့ လွင့်မျောနေတဲ့ Krypton ဂြိုဟ်ရဲ့ အပိုင်းအစတစ်ခုပေါ်မှာ နေခဲ့ရပြီး သူမ ချစ်ခင်ရသူတွေများစွာ သေဆုံးကုန်တာကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။

Swamp Thing – ဒီရုပ်ရှင်ကတော့ Swamp Thing ရဲ့ Dark ဖြစ်တဲ့ Origin ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Series

photo via screenrant

Creature Commandos – James Gunn ကတော့ ဒီ Animated Series အတွက် အပိုင်း(၇)ပိုင်းစာ ဇာတ်ညွှန်းရေးပြီးသွားပြီလို့ ပြောပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Rick Flag Sr. ၊ Nina Mazursky ၊ Doctor Phosphorus ၊ Eric Frankenstein ၊ Frankenstein ရဲ့ အမျိူးသမီး၊ G.I. Robot နဲ့ Weasel တို့ ပါဝင်ထားကြပါတယ်။

Waller – ဒီဇာတ်လမ်းတွဲကတော့ Peacemaker Season 1 နဲ့ 2 ကြားမှာ ဇာတ်အိမ်တည်ထားပြီး Viola Davis ကပဲ ဆက်လက်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Watchmen ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းကို ဖန်တီးခဲ့တဲ့ Christal Henry က ဇာတ်ညွှန်းရေးသွားမှာ ဖြစ်ပြီး Doom Patrol ဇာတ်လမ်းတွဲမှာ Executive Producer အနေနဲ့ ပါဝင်ခဲ့တဲ့ Jeremy Carver ကလည်း Executive Producer အနေနဲ့ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Lanterns – ဒီဇာတ်လမ်းတွဲထဲမှာတော့ Hal Jordan နဲ့ John Stewart တို့ နှစ်ယောက်လုံးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းကိုတော့ စုံထောက်ဇာတ်လမ်းဆန်ဆန် လျှို့ဝှက်ဆန်းကြယ်ပုံစံမျိူး ဖန်တီးသွားမယ်လို့ သိရပါတယ်။

Photo Credit: DC Studios

Paradise Lost – ဒီဇာတ်လမ်းတွဲကတော့ Wonder Woman ရုပ်ရှင်ရဲ့ Prequel ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Prince Diana မရှိသေးခင်အချိန်က Themyscira ကျွန်းရဲ့ Origin ကို မြင်တွေ့ရမှာ ဖြစ်ပြီး Game of Thrones လိုပုံစံမျိူး ဖန်တီးသွားမယ်လို့ ဆိုပါတယ်။

Booster Gold – လောလောဆယ်မှာတော့ DC စတူဒီယိုဟာ ဒီဇာတ်ကောင်အတွက် သရုပ်ဆောင် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အနာဂတ်က အလွန်အဆင့်မြင့်တဲ့ နည်းပညာတွေကို အသုံးပြုတဲ့ ဟီးရိုးတစ်ယောက် အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါတွေကတော့ James Gunn ကိုယ်တိုင် ပြောပြသွားတဲ့ DCU ရဲ့ Chapter 1 ထဲမှာ ပါဝင်လာမယ့် ပရောဂျက်တွေပဲ ဖြစ်ပါတယ်။ ယခုဖော်ပြခဲ့တဲ့ ပရောဂျက်တွေဟာ Chapter 1 တစ်ခုလုံးစာ မဟုတ်သေးဘဲ Chapter 1 ရဲ့ တစိတ်တပိုင်းသာ ရှိသေးတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ လတွေတုန်းကတော့ DC စတူဒီယိုဟာ ပရောဂျက်တွေကို တောက်လျှောက် Cancel နေတာကြောင့် DC ပရိသတ်တွေအတွက်တော့ စိတ်ဓာတ်ကျစရာ ဖြစ်နေပေမယ့် ယခုလိုမျိူး Plan တစ်ခုကို သေချာမြင်လိုက်ရတာကြောင့် အားတက်စရာ ဖြစ်လာပြီလို့ ပြောရမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular