HomeEntertainmentFilmMarvel/DC crossover ကို ဖန်တီးချင်ပါတယ်ဆိုတဲ့ ဒါရိုက်တာ James Gunn

Marvel/DC crossover ကို ဖန်တီးချင်ပါတယ်ဆိုတဲ့ ဒါရိုက်တာ James Gunn

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒါရိုက်တာ James Gunn ဟာ King Shark ၊ Groot ၊ Rocket Raccoon နဲ့ Weasel တို့ ပါဝင်ကြတဲ့ Marvel/DC crossover ကို ဖန်တီးချင်ပါတယ်လို့ သိရပါတယ်။ သူဟာ Slither နဲ့ Super တို့လို ရုပ်ရှင်တွေကို ရိုက်ကူးပြီးနောက်မှာ စတင်အောင်မြင်လာကာ Guardians of the Galaxy ကို ရိုက်ကူးပြီးတဲ့အချိန်မှာတော့ ပိုလို့တောင် အောင်မြင်လာခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာလည်း နိုင်ငံတကာမှာ အောင်မြင်ခဲ့တာကြောင့် Guardians of the Galaxy Vol. 2 ကိုလည်း ဆက်လက်ရိုက်ကူးနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ သူဟာ Guardians of the Galaxy Vol. 3 နဲ့ Suicide Squad တို့ကို ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။

photo via screenrant

၂၀၁၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Guardians of the Galaxy ထဲမှာ ပါဝင်ခဲ့တဲ့ Groot ဟာ စတင်ပါဝင်လာကတည်းက လူကြိုက်များခဲ့တာ ဖြစ်ပြီး Baby Groot အဖြစ် ပြောင်းလဲသွားတဲ့အချိန်မှာတော့ သူဟာအလွန် နာမည်ကြီးတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အခုချိန်မှာတော့ Groot ဟာ Guardians of the Galaxy Vol. 3 မှာ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်သလို I Am Groot လို့ ခေါ်တဲ့ သူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွဲလည်း ထွက်လာဦးမှာပါ။ ဒါ့အပြင် အသစ်ထွက်လာမယ့် Thor: Love and Thunder ထဲမှာတောင် ပါဝင်လာနိုင်ချေ ရှိပါသေးတယ်။ King Shark ကတော့ Flash ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီး James Gunn ရဲ့ Suicide Squad ထဲမှာလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

ပရိသတ်တစ်ယောက်ဟာ James ကို အကယ်၍ Marvel/DC crossover ကို ဖန်တီးခွင့်ရမယ်ဆိုရင် ဘယ်ဇာတ်ကောင်တွေကို ထည့်သွင်းချင်လည်း ဆိုပြီး တွစ်တာပေါ်ကနေတစ်ဆင့် မေးမြန်းခဲ့ပါတယ်။ အဲ့ဒီမေးခွန်းကိုတော့ သူဟာ King Shark ၊ Groot ၊ Rocket Raccoon နဲ့ Weasel တို့ကို ထည့်သွင်းပြီး ဖန်တီးချင်ပါတယ်လို့ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။

photo via screenrant

ကောမစ်တွေထဲမှာတော့ တစ်ချို့အခြေအနေတွေမှာ Marvel/DC ဇာတ်ကောင်တွေကို crossover ပြုလုပ်ပြီး ဖန်တီးခဲ့တာမျိူးတွေ ရှိပါတယ်။ ဒါပေမယ့်လည်း Live Action မှာတော့ Warner Bros နဲ့ Disney တို့ဟာ သူတို့ရဲ့ဇာတ်ကောင်တွေကို ဇာတ်လမ်းတစ်ခုထဲမှာ အသုံးပြုခွင့်ပေးဖို့ ဆိုတာကတော့ လောလောဆယ်မှာ မဖြစ်နိုင်သေးပါဘူး။ ဒါ့အပြင် James ရဲ့ အဖြေအရဆိုရင်တော့ King Shark ၊ Groot ၊ Rocket Raccoon နဲ့ Weasel တို့အကုန်လုံးက ပုံမှန်မဟုတ်ဘဲ နည်းလမ်းတစ်မျိူးမျိူးနဲ့ ထူးခြားနေကြတဲ့ ဇာတ်ကောင်တွေဖြစ်ပါတယ်။ အကယ်၍ ဒီလိုမျိူး ရုပ်ရှင်ထွက်လာမယ် ဆိုရင်တော့ ဒီရုပ်ရှင်ဟာ James ဖန်တီးထားတဲ့ ကြောင်တောင်တောင်အနိုင်ဆုံး ရုပ်ရှင်တစ်ခု ဖြစ်နေမှာ ဖြစ်ပြီး ကြည့်ရှုရမယ့် ပရိသတ်တွေအတွက်လည်း ထူးခြားတဲ့ အရသာတစ်ခုကို ခံစားရစေမှာပါ။

Legos

Source : Screenrant

(Zawgyi Version)

ဒါ႐ိုက္တာ James Gunn ဟာ King Shark ၊ Groot ၊ Rocket Raccoon နဲ႔ Weasel တို႔ ပါဝင္ၾကတဲ့ Marvel/DC crossover ကို ဖန္တီးခ်င္ပါတယ္လို႔ သိရပါတယ္။ သူဟာ Slither နဲ႔ Super တို႔လို ႐ုပ္ရွင္ေတြကို ႐ိုက္ကူးၿပီးေနာက္မွာ စတင္ေအာင္ျမင္လာကာ Guardians of the Galaxy ကို ႐ိုက္ကူးၿပီးတဲ့အခ်ိန္မွာေတာ့ ပိုလို႔ေတာင္ ေအာင္ျမင္လာခဲ့ပါတယ္။ အဲ့ဒီ႐ုပ္ရွင္ဟာလည္း ႏိုင္ငံတကာမွာ ေအာင္ျမင္ခဲ့တာေၾကာင့္ Guardians of the Galaxy Vol. 2 ကိုလည္း ဆက္လက္႐ိုက္ကူးႏိုင္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ သူဟာ Guardians of the Galaxy Vol. 3 နဲ႔ Suicide Squad တို႔ကို ႐ိုက္ကူးေနဆဲ ျဖစ္ပါတယ္။

photo via screenrant

၂၀၁၄ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Guardians of the Galaxy ထဲမွာ ပါဝင္ခဲ့တဲ့ Groot ဟာ စတင္ပါဝင္လာကတည္းက လူႀကိဳက္မ်ားခဲ့တာ ျဖစ္ၿပီး Baby Groot အျဖစ္ ေျပာင္းလဲသြားတဲ့အခ်ိန္မွာေတာ့ သူဟာအလြန္ နာမည္ႀကီးတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Groot ဟာ Guardians of the Galaxy Vol. 3 မွာ ျပန္လည္ပါဝင္လာဦးမွာ ျဖစ္သလို I Am Groot လို႔ ေခၚတဲ့ သူ႔ရဲ႕ကိုယ္ပိုင္ဇာတ္လမ္းတြဲလည္း ထြက္လာဦးမွာပါ။ ဒါ့အျပင္ အသစ္ထြက္လာမယ့္ Thor: Love and Thunder ထဲမွာေတာင္ ပါဝင္လာႏိုင္ေခ် ရွိပါေသးတယ္။ King Shark ကေတာ့ Flash ဇာတ္လမ္းတြဲမွာ ပါဝင္ခဲ့ၿပီး James Gunn ရဲ႕ Suicide Squad ထဲမွာလည္း ပါဝင္လာမွာ ျဖစ္ပါတယ္။

ပရိသတ္တစ္ေယာက္ဟာ James ကို အကယ္၍ Marvel/DC crossover ကို ဖန္တီးခြင့္ရမယ္ဆိုရင္ ဘယ္ဇာတ္ေကာင္ေတြကို ထည့္သြင္းခ်င္လည္း ဆိုၿပီး တြစ္တာေပၚကေနတစ္ဆင့္ ေမးျမန္းခဲ့ပါတယ္။ အဲ့ဒီေမးခြန္းကိုေတာ့ သူဟာ King Shark ၊ Groot ၊ Rocket Raccoon နဲ႔ Weasel တို႔ကို ထည့္သြင္းၿပီး ဖန္တီးခ်င္ပါတယ္လို႔ ျပန္လည္‌ေျဖၾကားခဲ့ပါတယ္။

photo via screenrant

ေကာမစ္ေတြထဲမွာေတာ့ တစ္ခ်ိဳ႕အေျခအေနေတြမွာ Marvel/DC ဇာတ္ေကာင္ေတြကို crossover ျပဳလုပ္ၿပီး ဖန္တီးခဲ့တာမ်ိဴးေတြ ရွိပါတယ္။ ဒါေပမယ့္လည္း Live Action မွာေတာ့ Warner Bros နဲ႔ Disney တို႔ဟာ သူတို႔ရဲ႕ဇာတ္ေကာင္ေတြကို ဇာတ္လမ္းတစ္ခုထဲမွာ အသုံးျပဳခြင့္ေပးဖို႔ ဆိုတာကေတာ့ ေလာေလာဆယ္မွာ မျဖစ္ႏိုင္ေသးပါဘူး။ ဒါ့အျပင္ James ရဲ႕ အေျဖအရဆိုရင္ေတာ့ King Shark ၊ Groot ၊ Rocket Raccoon နဲ႔ Weasel တို႔အကုန္လုံးက ပုံမွန္မဟုတ္ဘဲ နည္းလမ္းတစ္မ်ိဴးမ်ိဴးနဲ႔ ထူးျခားေနၾကတဲ့ ဇာတ္ေကာင္ေတြျဖစ္ပါတယ္။ အကယ္၍ ဒီလိုမ်ိဴး ႐ုပ္ရွင္ထြက္လာမယ္ ဆိုရင္ေတာ့ ဒီ႐ုပ္ရွင္ဟာ James ဖန္တီးထားတဲ့ ေၾကာင္ေတာင္ေတာင္အႏိုင္ဆုံး ႐ုပ္ရွင္တစ္ခု ျဖစ္ေနမွာ ျဖစ္ၿပီး ၾကည့္ရႈရမယ့္ ပရိသတ္ေတြအတြက္လည္း ထူးျခားတဲ့ အရသာတစ္ခုကို ခံစားရေစမွာပါ။

Legos

Source : Screenrant

RELATED ARTICLES

Most Popular