HomeEntertainmentFilmBloodsport Spin-Off ထွက်လာမယ်ဆိုတဲ့ သတင်းကို ငြင်းပယ်လိုက်တဲ့ James Gunn

Bloodsport Spin-Off ထွက်လာမယ်ဆိုတဲ့ သတင်းကို ငြင်းပယ်လိုက်တဲ့ James Gunn

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒါရိုက်တာ James Gunn ကိုယ်တိုင်က Bloodsport ဇာတ်ကောင်ကို ထပ်မံမြင်တွေ့ချင်သေးပေမယ့်လည်း Bloodsport Spin-Off ထွက်လာမယ်ဆိုတဲ့ သတင်းကိုတော့ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်ပါတယ်။ Bloodsport ကိုတော့ ဒါရိုက်တာ James Gunn ရိုက်ကူးထားတဲ့ The Suicide Squad ရုပ်ရှင်ထဲမှာ စတင်မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား သရုပ်ဆောင်ဖြစ်တဲ့ Idris Elba က ပါဝင်သရုပ်ဆောင်ထားပါတယ်။

photo via screenrant

Bloodsport ကတော့ နည်းပညာမြင့်ဝတ်စုံနဲ့ လက်နက်တွေကို အသုံးပြုကာ တိုက်ခိုက်တဲ့ ကျွမ်းကျင်ကြေးစားလူသတ်သမား တစ်ယောက် ဖြစ်ပါတယ်။ The Suicide Squad ရုပ်ရှင် ထွက်ရှိလာပြီးနောက်မှာတော့ Bloodsport ဟာ ပရိသတ်တွေ အကြိုက်ဆုံးဇာတ်ကောင်ထဲက တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ The Suicide Squad ရုပ်ရှင် ထွက်လာပြီး မကြာခင်မှာပဲ Bloodsport အကြောင်းကို သီးသန့်ရိုက်ကူးသွားမယ့် Spin-Off ဇာတ်လမ်း ထပ်မံထွက်ရှိလာဦးမယ်လို့ ကောလာဟလတွေ ထွက်လာခဲ့ပါတယ်။

ဒါကြောင့်ပဲ ပရိသတ်တစ်ယောက်ဟာ Bloodsport Spin-Off တကယ် ထွက်လာမှာလား ဆိုပြီး Twitter စာမျက်နှာပေါ်ကတစ်ဆင့် ဒါရိုက်တာ James Gunn ကို မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ ဒါရိုက်တာ James Gunn ဟာ သူကိုယ်တိုင်က ဒီဇာတ်ကောင်ကို ထပ်မံမြင်တွေ့ချင်သေးပေမယ့်လည်း လောလောဆယ်မှာတော့ Bloodsport နဲ့ ပတ်သက်တဲ့ ရုပ်ရှင် သို့မဟုတ် ဇာတ်လမ်းတွဲ ရိုက်ကူးသွားဖို့ အစီအစဉ် မရှိသေးပါဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

photo via screenrant

Bloodsport နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Idris Elba ကလည်း ဒီဇာတ်ကောင်ရဲ့ Spin-Off ထွက်လာစေချင်ပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါသေးတယ်။ Idris Elba ရိုက်ကူးချင်တဲ့ အကြောင်းကတော့ Bloodsport ထောင်မကျခင်မှာ Superman ကို Kryptonite ကျည်ဆန်နဲ့ ဘယ်လိုမျိူး တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ James Gunn ရဲ့ ပြောစကားအရ ဆိုရင်တော့ လောလောဆယ်အထိ Bloodsport ရဲ့ Spin-Off ရိုက်ကူးဖို့ အစီအစဉ်မရှိသေးပေမယ့် အနာဂတ်မှာတော့ ပရိသတ်တွေရဲ့ တောင်းဆိုချက်အရ ဒီဇာတ်လမ်းကို မြင်တွေ့ရနိုင်ပါသေးတယ်။

Legos

Source: Screenrant

(Zawgyi Version)

ဒါ႐ိုက္တာ James Gunn ကိုယ္တိုင္က Bloodsport ဇာတ္ေကာင္ကို ထပ္မံျမင္ေတြ႕ခ်င္ေသးေပမယ့္လည္း Bloodsport Spin-Off ထြက္လာမယ္ဆိုတဲ့ သတင္းကိုေတာ့ မဟုတ္မွန္ေၾကာင္း ျငင္းပယ္လိုက္ပါတယ္။ Bloodsport ကိုေတာ့ ဒါ႐ိုက္တာ James Gunn ႐ိုက္ကူးထားတဲ့ The Suicide Squad ႐ုပ္ရွင္ထဲမွာ စတင္ျမင္ေတြ႕ခဲ့ရၿပီး ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသား သ႐ုပ္ေဆာင္ျဖစ္တဲ့ Idris Elba က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

photo via screenrant

Bloodsport ကေတာ့ နည္းပညာျမင့္ဝတ္စုံနဲ႔ လက္နက္ေတြကို အသုံးျပဳကာ တိုက္ခိုက္တဲ့ ကြၽမ္းက်င္ေၾကးစားလူသတ္သမား တစ္ေယာက္ ျဖစ္ပါတယ္။ The Suicide Squad ႐ုပ္ရွင္ ထြက္ရွိလာၿပီးေနာက္မွာေတာ့ Bloodsport ဟာ ပရိသတ္ေတြ အႀကိဳက္ဆုံးဇာတ္ေကာင္ထဲက တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ The Suicide Squad ႐ုပ္ရွင္ ထြက္လာၿပီး မၾကာခင္မွာပဲ Bloodsport အေၾကာင္းကို သီးသန႔္႐ိုက္ကူးသြားမယ့္ Spin-Off ဇာတ္လမ္း ထပ္မံထြက္ရွိလာဦးမယ္လို႔ ေကာလာဟလေတြ ထြက္လာခဲ့ပါတယ္။

ဒါေၾကာင့္ပဲ ပရိသတ္တစ္ေယာက္ဟာ Bloodsport Spin-Off တကယ္ ထြက္လာမွာလား ဆိုၿပီး Twitter စာမ်က္ႏွာေပၚကတစ္ဆင့္ ဒါ႐ိုက္တာ James Gunn ကို ေမးျမန္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ဒါ႐ိုက္တာ James Gunn ဟာ သူကိုယ္တိုင္က ဒီဇာတ္ေကာင္ကို ထပ္မံျမင္ေတြ႕ခ်င္ေသးေပမယ့္လည္း ေလာေလာဆယ္မွာေတာ့ Bloodsport နဲ႔ ပတ္သက္တဲ့ ႐ုပ္ရွင္ သို႔မဟုတ္ ဇာတ္လမ္းတြဲ ႐ိုက္ကူးသြားဖို႔ အစီအစဥ္ မရွိေသးပါဘူးလို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

photo via screenrant

Bloodsport ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Idris Elba ကလည္း ဒီဇာတ္ေကာင္ရဲ႕ Spin-Off ထြက္လာေစခ်င္ပါတယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ပါေသးတယ္။ Idris Elba ႐ိုက္ကူးခ်င္တဲ့ အေၾကာင္းကေတာ့ Bloodsport ေထာင္မက်ခင္မွာ Superman ကို Kryptonite က်ည္ဆန္နဲ႔ ဘယ္လိုမ်ိဴး တိုက္ခိုက္ခဲ့တယ္ဆိုတဲ့ အေၾကာင္းပဲ ျဖစ္ပါတယ္။ James Gunn ရဲ႕ ေျပာစကားအရ ဆိုရင္ေတာ့ ေလာေလာဆယ္အထိ Bloodsport ရဲ႕ Spin-Off ႐ိုက္ကူးဖို႔ အစီအစဥ္မရွိေသးေပမယ့္ အနာဂတ္မွာေတာ့ ပရိသတ္ေတြရဲ႕ ေတာင္းဆိုခ်က္အရ ဒီဇာတ္လမ္းကို ျမင္ေတြ႕ရႏိုင္ပါေသးတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular