HomeEntertainmentFilmNetflix ရဲ့ ဗန်ပိုင်းယား ဟာသဇာတ်ကားမှာ သရုပ်ဆောင်သွားမယ့် Jamie Foxx 

Netflix ရဲ့ ဗန်ပိုင်းယား ဟာသဇာတ်ကားမှာ သရုပ်ဆောင်သွားမယ့် Jamie Foxx 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix မှာ မကြာခင် ရိုက်ကူးတင်ဆက်သွားမယ့် သွေးစုပ်ဖုတ်ကောင် ဟာသဇာတ်ကား Day Shift မှာ အော်စကာဆုရ မင်းသား Jamie Foxx က သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီဇာတ်ကားကိုတော့ JJ Perry က ပွဲဦးထွက် ဒါရိုက်တာအနေနဲ့ ဦးဆောင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ JJ Perry ဆိုတာကတော့ Fast & Furious 9 ၊ The Fate of the Furious ၊ Bloodshot နဲ့ John Wick ဇာတ်ကားတွေမှာ လက်ထောက်ဒါရိုက်တာ အဖြစ်နဲ့ရော၊ စတန့်ပိုင်း အတိုင်ပင်ခံအဖြစ်နဲ့ပါ လုပ်ကိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံကောင်းတွေနဲ့ လူတစ်ယောက် ဖြစ်ပါတယ်။

Photo: iamjamiefoxx/ Instagram

Tayler Tice ရဲ့ဇာတ်ညွှန်းကို Shay Hatten ပြန်လည်မွမ်းမံပေးထားတဲ့ ဒီဇာတ်လမ်းမှာတော့ Foxx ဟာ အလုပ်ကြိုးစားတဲ့ အခြေခံလုပ်သားတစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာပါ။ ဒါ့အပြင် သူ့မှာ ဉာဏ်သိပ်ကောင်းတဲ့ ရှစ်နှစ်အရွယ် သမီးလေးတစ်ယောက်လည်း ပိုင်ဆိုင်ထားပြီး သူ့သမီးလေးအတွက် ကောင်းမွန်တဲ့ ဘဝလေး ဖန်တီးပေးနိုင်ဖို့ ကြိုးစားနေတဲ့ ဖခင်တစ်ယောက်အဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အများသိတဲ့ သူ့ရဲ့အလုပ်ကတော့ San Fernando Valley က ရေကူးကန် သန့်ရှင်းရေးလုပ်ရတဲ့ ပျင်းစရာအလုပ်ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီအလုပ်ဟာ ဟန်ပြသာဖြစ်ပြီး တကယ်တမ်းမှာတော့ သွေးစုပ်ဖုတ်ကောင်တွေကို အမဲလိုက်ပြီး ရှင်းလင်းသုတ်သင်ပေးရာက အဓိက ဝင်ငွေ ရရှိနေသူ ဖြစ်ပါတယ်။

Photo: iamjamiefoxx/ Instagram

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Chad Stahelski နဲ့ Jason Spitz တို့ ပူးပေါင်းပြီး 87Eleven Entertainment ကနေ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Foxx ဟာလည်း Datari Turner ၊ Peter Baxter တို့နဲ့အတူ ထုတ်လုပ်စီမံခန့်ခွဲရေးအပိုင်းမှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။

“ကျွန်တော် JJ နဲ့ သိခဲ့၊ အလုပ်လုပ်ခဲ့တာ ကြာပါပြီ။ သူ့ရဲ့ Day Shift ဇာတ်ကားဟာ တမူထူးခြားပြီးတော့ သူ့အတွက် ပထမဆုံးဒါရိုက်တာအဖြစ် အကောင်းဆုံး လုပ်ပြနိုင်မယ့် ပရောဂျက်တစ်ခုပါပဲ… ” လို့ Stahelski ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

Photo via IMDb

Project Power ဇာတ်ကားမှာ စတင်ပြီး Netflix နဲ့ ပထမဆုံး လက်တွဲခဲ့တဲ့ မင်းသား Jamie Foxx ဟာ Netflix ရဲ့ They Cloned Tyrone ဇာတ်ကားနဲ့ Dad Stop Embarrassing Me ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်အဖြစ်နဲ့ရော၊ ထုတ်လုပ်ရေးအဖွဲ့ဝင်အဖြစ်နဲ့ပါ ပါဝင်သွားဦးမှာ ဖြစ်ပါတယ်။

Jamie Foxx ဟာ ၂၀၀၄ခုနှစ်မှာ Ray ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးမင်းသားဆုကို ရရှိထားတာဖြစ်ပြီး တစ်ခြားသော နာမည်ကြီးရုပ်ရှင်များဖြစ်တဲ့ Collateral ၊ Miami Vice ၊ Django Unchained နဲ့ Just Mercy ဇာတ်ကားတို့နဲ့လည်း လူသိများ၊ နာမည်ကြီးသူ ဖြစ်ပါတယ်။

C 21

Source: indian express

(Zawgyi version)

Netflix မွာ မၾကာခင္ ႐ိုက္ကူးတင္ဆက္သြားမယ့္ ေသြးစုပ္ဖုတ္ေကာင္ ဟာသဇာတ္ကား Day Shift မွာ ေအာ္စကာဆုရ မင္းသား Jamie Foxx က သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

ဒီဇာတ္ကားကိုေတာ့ JJ Perry က ပြဲဦးထြက္ ဒါ႐ိုက္တာအေနနဲ႔ ဦးေဆာင္႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ JJ Perry ဆိုတာကေတာ့ Fast & Furious 9 ၊ The Fate of the Furious ၊ Bloodshot နဲ႔ John Wick ဇာတ္ကားေတြမွာ လက္ေထာက္ဒါ႐ိုက္တာ အျဖစ္နဲ႔ေရာ၊ စတန႔္ပိုင္း အတိုင္ပင္ခံအျဖစ္နဲ႔ပါ လုပ္ကိုင္ခဲ့ဖူးတဲ့ အေတြ႕အႀကဳံေကာင္းေတြနဲ႔ လူတစ္ေယာက္ ျဖစ္ပါတယ္။

Photo: iamjamiefoxx/ Instagram

Tayler Tice ရဲ႕ဇာတ္ၫႊန္းကို Shay Hatten ျပန္လည္မြမ္းမံေပးထားတဲ့ ဒီဇာတ္လမ္းမွာေတာ့ Foxx ဟာ အလုပ္ႀကိဳးစားတဲ့ အေျခခံလုပ္သားတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ရမွာပါ။ ဒါ့အျပင္ သူ႔မွာ ဉာဏ္သိပ္ေကာင္းတဲ့ ရွစ္ႏွစ္အ႐ြယ္ သမီးေလးတစ္ေယာက္လည္း ပိုင္ဆိုင္ထားၿပီး သူ႔သမီးေလးအတြက္ ေကာင္းမြန္တဲ့ ဘဝေလး ဖန္တီးေပးႏိုင္ဖို႔ ႀကိဳးစားေနတဲ့ ဖခင္တစ္ေယာက္အျဖစ္ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

အမ်ားသိတဲ့ သူ႔ရဲ႕အလုပ္ကေတာ့ San Fernando Valley က ေရကူးကန္ သန႔္ရွင္းေရးလုပ္ရတဲ့ ပ်င္းစရာအလုပ္ပဲ ျဖစ္ပါတယ္။ သို႔ေပမယ့္ ဒီအလုပ္ဟာ ဟန္ျပသာျဖစ္ၿပီး တကယ္တမ္းမွာေတာ့ ေသြးစုပ္ဖုတ္ေကာင္ေတြကို အမဲလိုက္ၿပီး ရွင္းလင္းသုတ္သင္ေပးရာက အဓိက ဝင္ေငြ ရရွိေနသူ ျဖစ္ပါတယ္။

Photo: iamjamiefoxx/ Instagram

ဒီဇာတ္ကားကိုေတာ့ ဒါ႐ိုက္တာ Chad Stahelski နဲ႔ Jason Spitz တို႔ ပူးေပါင္းၿပီး 87Eleven Entertainment ကေန ထုတ္လုပ္သြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Foxx ဟာလည္း Datari Turner ၊ Peter Baxter တို႔နဲ႔အတူ ထုတ္လုပ္စီမံခန႔္ခြဲေရးအပိုင္းမွာ ပါဝင္သြားမွာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ JJ နဲ႔ သိခဲ့၊ အလုပ္လုပ္ခဲ့တာ ၾကာပါၿပီ။ သူ႔ရဲ႕ Day Shift ဇာတ္ကားဟာ တမူထူးျခားၿပီးေတာ့ သူ႔အတြက္ ပထမဆုံးဒါ႐ိုက္တာအျဖစ္ အေကာင္းဆုံး လုပ္ျပႏိုင္မယ့္ ပေရာဂ်က္တစ္ခုပါပဲ… ” လို႔ Stahelski ရဲ႕ ေၾကညာခ်က္မွာ ေျပာထားပါတယ္။

Photo via IMDb

Project Power ဇာတ္ကားမွာ စတင္ၿပီး Netflix နဲ႔ ပထမဆုံး လက္တြဲခဲ့တဲ့ မင္းသား Jamie Foxx ဟာ Netflix ရဲ႕ They Cloned Tyrone ဇာတ္ကားနဲ႔ Dad Stop Embarrassing Me ဇာတ္လမ္းတြဲမွာ သ႐ုပ္ေဆာင္အျဖစ္နဲ႔ေရာ၊ ထုတ္လုပ္ေရးအဖြဲ႕ဝင္အျဖစ္နဲ႔ပါ ပါဝင္သြားဦးမွာ ျဖစ္ပါတယ္။

Jamie Foxx ဟာ ၂၀၀၄ခုႏွစ္မွာ Ray ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံးမင္းသားဆုကို ရရွိထားတာျဖစ္ၿပီး တစ္ျခားေသာ နာမည္ႀကီး႐ုပ္ရွင္မ်ားျဖစ္တဲ့ Collateral ၊ Miami Vice ၊ Django Unchained နဲ႔ Just Mercy ဇာတ္ကားတို႔နဲ႔လည္း လူသိမ်ား၊ နာမည္ႀကီးသူ ျဖစ္ပါတယ္။

C 21

Source: indian express

RELATED ARTICLES

Most Popular