HomeEntertainmentFilmတစ်ယောက်တည်း မကြည့်သင့်တဲ့ အကောင်းဆုံး ဂျပန် Horror ဇာတ်ကားများ 

တစ်ယောက်တည်း မကြည့်သင့်တဲ့ အကောင်းဆုံး ဂျပန် Horror ဇာတ်ကားများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဂျပန် horror ဇာတ်ကားတွေဟာ တခြားနိုင်ငံတွေက horror ဇာတ်ကားတွေနဲ့ မတူဘဲ တစ်မျိုးတစ်ဘာသာ ကွဲထွက်နေပါတယ်။ အာရှက horror တွေကို နှစ်သက်သူဆိုရင်တော့ ဂျပန် horror တွေဟာလည်း ရွေးချယ်စရာတစ်ခုပါ။ ခြောက်ခြားစရာ ဂျပန် Horror ဇာတ်ကားများစွာ ရှိတဲ့ထဲက တစ်ယောက်တည်း ကြည့်လို့ အဆင်မပြေလောက်တဲ့ Horror ဇာတ်ကားကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

The Ghost of the Hunchback (1965)
Photo Via screenrant

ဒါကတော့ အဖြူအမည်းခေတ်တည်းက ထွက်ထားတဲ့ ဂျပန် horror ကားတစ်ကား ဖြစ်ပါတယ်။ The Ghost of the Hunchback ၊ House of Terrors ၊ Satan’s Pit ဆိုပြီးတော့ နာမည်သုံးမျိုးလောက် ခေါ်ကြပါတယ်။ ၁၉၆၅ခုနှစ်က ထွက်ရှိထားပြီး IMDb (6.3) ရရှိထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ ခရီးသွားသုံးယောက်ဟာ ခါးကုန်းကြီးတစ်ယောက်ရဲ့ သတိပေးစကားကို နားမထောင်ဘဲ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်တစ်အိမ်မှာ သွားနေတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါက အကောင်းဆုံးဖြစ်အောင် ရိုက်ထားတဲ့ကားမို့ ရှာလို့တွေ့ရင် ကြည့်သင့်တဲ့ ဇာတ်ကားပါပဲ။

Haunted School (1995)
Photo Via screenrant

School Ghost Story လို့လည်း သိကြတဲ့ ဒီဇာတ်ကားမှာတော့ ကောင်မလေးတစ်ယောက်ဟာ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့  မူလတန်းကျောင်းတစ်ကျောင်းမှာ ပိတ်မိနေတဲ့ အနေအထားနဲ့ အစပျိုးထားပါတယ်။ ထောက်ပြဝေဖန်စရာတွေရှိပေမယ့် ဂျပန်ရိုးရာဓလေ့ထုံးစံတွေကို နောက်ခံထားပြီး သူ့ခေတ်သူ့အခါက နည်းပညာနဲ့ အထူးပြုလုပ်ချက်တွေသုံးပြီး ရိုက်ကူးထားတာကို တွေ့ရမှာပါ။ IMDb ကတော့ (6.1) ရရှိထားပါတယ်။

Kakashi (2001)
Photo Via screenrant

နာမည်ကြီး ဂျပန်ရုပ်ပြကာတွန်းဆရာ Junji Ito ရဲ့ စာခြောက်ရုပ်လို့ အဓိပ္ပာယ်ရတဲ့ Kakashi ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Kakashi ဟာ စာတစ်စောင်ကို အမှတ်မထင် ရရှိခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့ သူ့ရဲ့ဝမ်းကွဲအစ်ကိုကို ရှာဖွေဖို့ ကြိုးစားပုံကနေ ဇာတ်အိမ်တည်ထားပါတယ်။ ရွာဓလေ့ ကိုးကွယ်တဲ့စာခြောက်ရုပ်ကို ပူဇော်ပွဲ ပြင်ဆင်တဲ့အချိန်မှာ ထူးဆန်းမှုတွေကို ကြုံတွေ့လာရတဲ့အကြောင်းကို ခြောက်ခြားစွာ ကြည့်ရှုရမှာပါ။ IMDb ကတော့ (5.2) ရရှိထားပါတယ်။

Being Natural (2018)
Photo Via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.2) ရရှိထားပါတယ်။ ရိုးရှင်းတဲ့ ကျေးလက်ဘဝ အစိတ်အပိုင်းတွေနဲ့ တင်ဆက်ထားပြီး ခြောက်ခြားစရာ အဆုံးသတ်ကို ဖန်တီးထားပါတယ်။ နောက်ဆုံးအပိုင်းတွေမှာ လုံးဝကိုလှည့်စားထားတဲ့ အနေအထားတွေနဲ့ မထင်ထားလောက်တဲ့အချိန်တွေမှာ တွေ့ရမယ့် ခြောက်ခြားစရာတွေကတော့ ညဖက် တစ်ယောက်တည်း ကြည့်ရင် ဖျားသွားလောက်ပါတယ်။

St. John’s Wort (2001)
Photo Via screenrant

ဇာတ်လမ်းကတော့ Nami ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ရည်းစားဟောင်း Kohei နဲ့အတူ ဗီဒီယိုဂိမ်းတစ်ခု တီထွင်ခဲ့ပါတယ်။ ဂိမ်းကို သူမက ခေါင်းဆောင်ပြီး ဖန်တီးထားကာ သူမရဲ့ စိတ်ကူးအိပ်မက်တွေနဲ့ အခြေခံတည်ဆောက်ထားပါတယ်။ ဒီလိုနဲ့ Nami နဲ့ Kohei တို့ဟာ Nami အမွေရထားတဲ့ စံအိမ်ကြီးတစ်ခုဆီကို ဂိမ်းအတွက် လိုအပ်တဲ့ နောက်ခံဗွီဒီယို ရိုက်ကူးဖို့ သွားကြပါတယ်။ အဲ့ဒီအိမ်ကြီးကို ရောက်သွားတဲ့အခါ Nami ငယ်ဘဝရဲ့ ပျောက်ဆုံးနေတဲ့ လျို့ဝှက်ချက်တွေကို အမှတ်မထင် တွေ့ခဲ့ကြရင်း မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ကြုံတွေ့ရပါတော့တယ်။ ၂၀၀၁ခုနှစ်က ထွက်ရှိထားပြီး IMDb (4.5) ရရှိထားပါတယ်။

The Booth (2005)
Photo Via screenrant

Shogo ဟာ မောက်မာတဲ့ ရေဒီယို အစီအစဉ်တင်ဆက်သူတစ်ယောက် ဖြစ်ပြီး တစ်နေ့မှာတော့ သူရဲ့ ညနှောင်းပိုင်း အစီအစဉ်ကို တင်ဆက်ဖို့ တစ်ခြားရေဒီယိုအသံလွှင့်ရုံအိုကြီးတစ်ခုဆီကို ယာယီပြောင်းရွှေ့ခံလိုက်ရပါတယ်။ အဲ့ဒီ့ရေဒီယိုစတေရှင်အဟောင်းကြီးမှာ ကိုယ့်ကိုယ်ကို သတ်သေမှုတွေလည်း ရှိခဲ့ဖူးပါတယ်။

ဒီလိုနဲ့ Shogo ဟာ သူ့အစီအစဉ် ထုတ်လွှင့်နေစဉ် အတောအတွင်းမှာ ကြောင်တောင်တောင်နိုင်တဲ့ လူတစ်ယောက်ရဲ့ ဖုန်းခေါ်ဆိုမှုတွေ ဆက်တိုက်ဝင်လာတာကို တွေ့လိုက်ရပါတယ်။ ညကရှည်လာတာနဲ့အမျှ သူပဲ စိတ်ဖောက်ပြန်နေတာလား၊ စတေရှင်က မကောင်းဆိုးဝါးတွေကပဲ လိုက်နှောင့်ယှက်နေတာလားဆိုတာ Shogo တစ်ယောက် မသဲကွဲတော့ဘဲ တဖြည်းဖြည်း ခြောက်ခြားစရာအနေအထားကို ကြုံလာရပါတော့တယ်။ ၂၀၀၅ခုနှစ်က ထွက်ရှိထားပြီး IMDb (6.6) ရရှိထားပါတယ်။

Uzumaki (2001)
Photo Via screenrant

ဇာတ်လမ်းကတော့ မြို့တစ်မြို့က လူတွေဟာ ထူးဆန်းစွာနဲ့ပဲ စက်ဝိုင်းခရုပတ်ခွေပုံစံရှိတဲ့ အရာတွေကို အရူးအမူး စွဲလမ်းနေကြတာပါ။ ဒါကို ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်က သတိထားမိလာချိန်မှာ သူမရဲ့ ဖခင်ကပါ အဲ့လိုစွဲလမ်းနေတာကို သိလိုက်ရပါတယ်။ သူမရဲ့အဖေဟာ ခရုတွေနဲ့ narutomaki လို့ခေါ်တဲ့ ဂျပန်ငါးအသားကိတ်တွေကို တစ်ချိန်လုံး ဓာတ်ပုံရိုက်နေတာဖြစ်ပါတယ်။ စွဲလမ်းနေရုံအဆင့်နဲ့တင် မပြီးသွားဘဲ လူတွေရဲ့အသက်ကိုပါ ခြိမ်းခြောက်တဲ့အထိ ဖြစ်လာတဲ့အခါမှာတော့ … ။

Dark Water (2002)
Photo Via screenrant

အမျိုးသမီးတစ်ယောက်ဟာ ကွာရှင်းဖို့ကိစ္စတွေနဲ့ ရှုပ်‌ထွေးနေစဉ် အတောအတွင်းမှာပဲ စုတ်ခြာတဲ့ တိုက်ခန်းတစ်ခန်းကို သူမရဲ့သမီးနဲ့အတူ ပြောင်းရွေ့နေထိုင်ဖို့ ဖြစ်လာပါတယ်။ အဲ့ဒီ့တိုက်ခန်းကို ပြောင်းရွှေ့နေထိုင်ပြီးနောက်မှာပဲ ခြောက်ခြားစရာ ပဟေဠိတွေနဲ့ ကြုံရပါတော့တယ်။ Koji Suzuki ရဲ့ Floating Water လို့အမည်ရတဲ့ ဝတ္တုတိုကို သည်းထိတ်ရင်ဖို ခြောက်ခြားဖွယ်နဲ့ ဒရာမာချိုးလေးတွေ ထည့်သွင်းပြီး ဒါရိုက်တာ Hideo Nakata က ဟန်ချက်ညီညီ တင်ဆက်ရိုက်ကူးထားပါတယ်။ ၂၀၀၂ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.7) ရရှိထားပါတယ်။

Ring (1998)
Photo via IMDb

The Ring ဆိုပြီး အမေရိကန်က ပြန်ရိုက်တဲ့ horror ဇာတ်ကားတွေရဲ့ မူရင်းဂျပန်ဇာတ်ကား ဖြစ်ပါတယ်။ ၁၉၉၈ခုနှစ်က ထွက်ရှိထားပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ သတင်းထောက်တစ်ယောက်ဟာ သူမရဲ့အမျိုးတစ်ယောက် ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးသွားမှုကို စုံစမ်းရာက စပါတယ်။ သူမရဲ့စုံစမ်းမှုဟာ မြို့တွင်းမှာ နာမည်ကြီးနေတဲ့ ထူးဆန်းတဲ့ ဗွီဒီယိုတိပ်ခွေတစ်ခုကိုပဲ ရည်ညွှန်းနေပါတယ်။

အဲ့ဒါကတော့ ဗွီဒီယိုတိပ်ခွေကို ကြည့်မိတဲ့သူဟာ (၇)ရက်အတွင်း ရုတ်တရက် သေဆုံးတယ်လို့ နာမည်ကြီးနေတာ ဖြစ်ပါတယ်။ သူမဟာ လွယ်လွယ်နဲ့ မယုံခဲ့ပေမယ့် သူမရဲ့သားဖြစ်သူက ဗွီဒီယိုအခွေကို အမှတ်မထင် ကြည့်မိတဲ့အခါမှာတော့ သူမတို့သားအမိဟာ အသက်ဘေး အတွက် တိုက်ခိုက်တွန်းလှန်ရင်း အခွေရဲ့ကျိန်စာကို ဖျက်စီးဖို့ ကြိုးစားပုံကို သည်းထိတ်ရင်ဖို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Noroi: The Curse (2005)
Photo Via screenrant

ဇာတ်လမ်းကတော့ kagubata လို့ခေါ်တဲ့ ဂျပန်ရိုးရာဒဏ္ဍာရီလာ မကောင်းဆိုးဝါးတစ်ကောင်နောက်ကို လိုက်နေတဲ့ နတ်ဆရာတစ်ယောက် ပျောက်ဆုံးသွားချိန်မှာ သဲလွန်စ အစိတ်အပိုင်းတွေ  ရှာဖွေစုံစမ်းရင်း သည်းထိတ်ရင်ဖို အဖြစ်အပျက်တွေ ကြုံတွေ့ရတာကို ရိုက်ကူးထားတာပါ။ ဒီကားဟာ ဒါရိုက်တာ Koji Shiraishi ရဲ့ အကောင်းဆုံးကားလို့တောင် ပြောလို့ရပါတယ်။ ၂၀၀၅ခုနှစ်က ထွက်ရှိထားပြီး IMDb (7) ရရှိထားပါတယ်။

ဒါကတော့ horror ကားကောင်း ကြိုက်သူတွေအတွက် ဂျပန် Horror ဇာတ်ကားကောင်းတေွကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြား horror ကားတွေ ရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

C 21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ဂ်ပန္ horror ဇာတ္ကားေတြဟာ တျခားႏိုင္ငံေတြက horror ဇာတ္ကားေတြနဲ႔ မတူဘဲ တစ္မ်ိဳးတစ္ဘာသာ ကြဲထြက္ေနပါတယ္။ အာရွက horror ေတြကို ႏွစ္သက္သူဆိုရင္ေတာ့ ဂ်ပန္ horror ေတြဟာလည္း ေ႐ြးခ်ယ္စရာတစ္ခုပါ။ ေျခာက္ျခားစရာ ဂ်ပန္ Horror ဇာတ္ကားမ်ားစြာ ရွိတဲ့ထဲက တစ္ေယာက္တည္း ၾကည့္လို႔ အဆင္မေျပေလာက္တဲ့ Horror ဇာတ္ကားေကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

The Ghost of the Hunchback (1965)
Photo Via screenrant

ဒါကေတာ့ အျဖဴအမည္းေခတ္တည္းက ထြက္ထားတဲ့ ဂ်ပန္ horror ကားတစ္ကား ျဖစ္ပါတယ္။ The Ghost of the Hunchback ၊ House of Terrors ၊ Satan’s Pit ဆိုၿပီးေတာ့ နာမည္သုံးမ်ိဳးေလာက္ ေခၚၾကပါတယ္။ ၁၉၆၅ခုႏွစ္က ထြက္ရွိထားၿပီး IMDb (6.3) ရရွိထားတဲ့ ဇာတ္ကားပါ။ ဇာတ္လမ္းကေတာ့ ခရီးသြားသုံးေယာက္ဟာ ခါးကုန္းႀကီးတစ္ေယာက္ရဲ႕ သတိေပးစကားကို နားမေထာင္ဘဲ သရဲေျခာက္တယ္လို႔ နာမည္ႀကီးတဲ့ အိမ္တစ္အိမ္မွာ သြားေနတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။ သူ႔ေခတ္သူ႔အခါက အေကာင္းဆုံးျဖစ္ေအာင္ ႐ိုက္ထားတဲ့ကားမို႔ ရွာလို႔ေတြ႕ရင္ ၾကည့္သင့္တဲ့ ဇာတ္ကားပါပဲ။

Haunted School (1995)
Photo Via screenrant

School Ghost Story လို႔လည္း သိၾကတဲ့ ဒီဇာတ္ကားမွာေတာ့ ေကာင္မေလးတစ္ေယာက္ဟာ သရဲေျခာက္တယ္လို႔ နာမည္ႀကီးတဲ့  မူလတန္းေက်ာင္းတစ္ေက်ာင္းမွာ ပိတ္မိေနတဲ့ အေနအထားနဲ႔ အစပ်ိဳးထားပါတယ္။ ေထာက္ျပေဝဖန္စရာေတြရွိေပမယ့္ ဂ်ပန္႐ိုးရာဓေလ့ထုံးစံေတြကို ေနာက္ခံထားၿပီး သူ႔ေခတ္သူ႔အခါက နည္းပညာနဲ႔ အထူးျပဳလုပ္ခ်က္ေတြသုံးၿပီး ႐ိုက္ကူးထားတာကို ေတြ႕ရမွာပါ။ IMDb ကေတာ့ (6.1) ရရွိထားပါတယ္။

Kakashi (2001)
Photo Via screenrant

နာမည္ႀကီး ဂ်ပန္႐ုပ္ျပကာတြန္းဆရာ Junji Ito ရဲ႕ စာေျခာက္႐ုပ္လို႔ အဓိပၸာယ္ရတဲ့ Kakashi ကို ႐ုပ္ရွင္အျဖစ္ ျပန္လည္႐ိုက္ကူးထားတာျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Kakashi ဟာ စာတစ္ေစာင္ကို အမွတ္မထင္ ရရွိခဲ့ၿပီးေနာက္ ေပ်ာက္ဆုံးေနတဲ့ သူ႔ရဲ႕ဝမ္းကြဲအစ္ကိုကို ရွာေဖြဖို႔ ႀကိဳးစားပုံကေန ဇာတ္အိမ္တည္ထားပါတယ္။ ႐ြာဓေလ့ ကိုးကြယ္တဲ့စာေျခာက္႐ုပ္ကို ပူေဇာ္ပြဲ ျပင္ဆင္တဲ့အခ်ိန္မွာ ထူးဆန္းမႈေတြကို ႀကဳံေတြ႕လာရတဲ့အေၾကာင္းကို ေျခာက္ျခားစြာ ၾကည့္ရႈရမွာပါ။ IMDb ကေတာ့ (5.2) ရရွိထားပါတယ္။

Being Natural (2018)
Photo Via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၈ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.2) ရရွိထားပါတယ္။ ႐ိုးရွင္းတဲ့ ေက်းလက္ဘဝ အစိတ္အပိုင္းေတြနဲ႔ တင္ဆက္ထားၿပီး ေျခာက္ျခားစရာ အဆုံးသတ္ကို ဖန္တီးထားပါတယ္။ ေနာက္ဆုံးအပိုင္းေတြမွာ လုံးဝကိုလွည့္စားထားတဲ့ အေနအထားေတြနဲ႔ မထင္ထားေလာက္တဲ့အခ်ိန္ေတြမွာ ေတြ႕ရမယ့္ ေျခာက္ျခားစရာေတြကေတာ့ ညဖက္ တစ္ေယာက္တည္း ၾကည့္ရင္ ဖ်ားသြားေလာက္ပါတယ္။

St. John’s Wort (2001)
Photo Via screenrant

ဇာတ္လမ္းကေတာ့ Nami ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ဟာ သူမရဲ႕ရည္းစားေဟာင္း Kohei နဲ႔အတူ ဗီဒီယိုဂိမ္းတစ္ခု တီထြင္ခဲ့ပါတယ္။ ဂိမ္းကို သူမက ေခါင္းေဆာင္ၿပီး ဖန္တီးထားကာ သူမရဲ႕ စိတ္ကူးအိပ္မက္ေတြနဲ႔ အေျခခံတည္ေဆာက္ထားပါတယ္။ ဒီလိုနဲ႔ Nami နဲ႔ Kohei တို႔ဟာ Nami အေမြရထားတဲ့ စံအိမ္ႀကီးတစ္ခုဆီကို ဂိမ္းအတြက္ လိုအပ္တဲ့ ေနာက္ခံဗြီဒီယို ႐ိုက္ကူးဖို႔ သြားၾကပါတယ္။ အဲ့ဒီအိမ္ႀကီးကို ေရာက္သြားတဲ့အခါ Nami ငယ္ဘဝရဲ႕ ေပ်ာက္ဆုံးေနတဲ့ လ်ိဳ႕ဝွက္ခ်က္ေတြကို အမွတ္မထင္ ေတြ႕ခဲ့ၾကရင္း မထင္မွတ္ထားတဲ့ လွည့္ကြက္ေတြနဲ႔ ႀကဳံေတြ႕ရပါေတာ့တယ္။ ၂၀၀၁ခုႏွစ္က ထြက္ရွိထားၿပီး IMDb (4.5) ရရွိထားပါတယ္။

The Booth (2005)
Photo Via screenrant

Shogo ဟာ ေမာက္မာတဲ့ ေရဒီယို အစီအစဥ္တင္ဆက္သူတစ္ေယာက္ ျဖစ္ၿပီး တစ္ေန႔မွာေတာ့ သူရဲ႕ ညေႏွာင္းပိုင္း အစီအစဥ္ကို တင္ဆက္ဖို႔ တစ္ျခားေရဒီယိုအသံလႊင့္႐ုံအိုႀကီးတစ္ခုဆီကို ယာယီေျပာင္းေ႐ႊ႕ခံလိုက္ရပါတယ္။ အဲ့ဒီ့ေရဒီယိုစေတရွင္အေဟာင္းႀကီးမွာ ကိုယ့္ကိုယ္ကို သတ္ေသမႈေတြလည္း ရွိခဲ့ဖူးပါတယ္။

ဒီလိုနဲ႔ Shogo ဟာ သူ႔အစီအစဥ္ ထုတ္လႊင့္ေနစဥ္ အေတာအတြင္းမွာ ေၾကာင္ေတာင္ေတာင္ႏိုင္တဲ့ လူတစ္ေယာက္ရဲ႕ ဖုန္းေခၚဆိုမႈေတြ ဆက္တိုက္ဝင္လာတာကို ေတြ႕လိုက္ရပါတယ္။ ညကရွည္လာတာနဲ႔အမွ် သူပဲ စိတ္ေဖာက္ျပန္ေနတာလား၊ စေတရွင္က မေကာင္းဆိုးဝါးေတြကပဲ လိုက္ေႏွာင့္ယွက္ေနတာလားဆိုတာ Shogo တစ္ေယာက္ မသဲကြဲေတာ့ဘဲ တျဖည္းျဖည္း ေျခာက္ျခားစရာအေနအထားကို ႀကဳံလာရပါေတာ့တယ္။ ၂၀၀၅ခုႏွစ္က ထြက္ရွိထားၿပီး IMDb (6.6) ရရွိထားပါတယ္။

Uzumaki (2001)
Photo Via screenrant

ဇာတ္လမ္းကေတာ့ ၿမိဳ႕တစ္ၿမိဳ႕က လူေတြဟာ ထူးဆန္းစြာနဲ႔ပဲ စက္ဝိုင္းခ႐ုပတ္ေခြပုံစံရွိတဲ့ အရာေတြကို အ႐ူးအမူး စြဲလမ္းေနၾကတာပါ။ ဒါကို ဆယ္ေက်ာ္သက္အ႐ြယ္ ေကာင္မေလးတစ္ေယာက္က သတိထားမိလာခ်ိန္မွာ သူမရဲ႕ ဖခင္ကပါ အဲ့လိုစြဲလမ္းေနတာကို သိလိုက္ရပါတယ္။ သူမရဲ႕အေဖဟာ ခ႐ုေတြနဲ႔ narutomaki လို႔ေခၚတဲ့ ဂ်ပန္ငါးအသားကိတ္ေတြကို တစ္ခ်ိန္လုံး ဓာတ္ပုံ႐ိုက္ေနတာျဖစ္ပါတယ္။ စြဲလမ္းေန႐ုံအဆင့္နဲ႔တင္ မၿပီးသြားဘဲ လူေတြရဲ႕အသက္ကိုပါ ၿခိမ္းေျခာက္တဲ့အထိ ျဖစ္လာတဲ့အခါမွာေတာ့ … ။

Dark Water (2002)
Photo Via screenrant

အမ်ိဳးသမီးတစ္ေယာက္ဟာ ကြာရွင္းဖို႔ကိစၥေတြနဲ႔ ရႈပ္‌ေထြးေနစဥ္ အေတာအတြင္းမွာပဲ စုတ္ျခာတဲ့ တိုက္ခန္းတစ္ခန္းကို သူမရဲ႕သမီးနဲ႔အတူ ေျပာင္းေ႐ြ႕ေနထိုင္ဖို႔ ျဖစ္လာပါတယ္။ အဲ့ဒီ့တိုက္ခန္းကို ေျပာင္းေ႐ႊ႕ေနထိုင္ၿပီးေနာက္မွာပဲ ေျခာက္ျခားစရာ ပေဟဠိေတြနဲ႔ ႀကဳံရပါေတာ့တယ္။ Koji Suzuki ရဲ႕ Floating Water လို႔အမည္ရတဲ့ ဝတၱဳတိုကို သည္းထိတ္ရင္ဖို ေျခာက္ျခားဖြယ္နဲ႔ ဒရာမာခ်ိဳးေလးေတြ ထည့္သြင္းၿပီး ဒါ႐ိုက္တာ Hideo Nakata က ဟန္ခ်က္ညီညီ တင္ဆက္႐ိုက္ကူးထားပါတယ္။ ၂၀၀၂ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.7) ရရွိထားပါတယ္။

Ring (1998)
Photo via IMDb

The Ring ဆိုၿပီး အေမရိကန္က ျပန္႐ိုက္တဲ့ horror ဇာတ္ကားေတြရဲ႕ မူရင္းဂ်ပန္ဇာတ္ကား ျဖစ္ပါတယ္။ ၁၉၉၈ခုႏွစ္က ထြက္ရွိထားၿပီး IMDb (7.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ သတင္းေထာက္တစ္ေယာက္ဟာ သူမရဲ႕အမ်ိဳးတစ္ေယာက္ ႐ုတ္တရက္ ႏွလုံးရပ္ၿပီး ေသဆုံးသြားမႈကို စုံစမ္းရာက စပါတယ္။ သူမရဲ႕စုံစမ္းမႈဟာ ၿမိဳ႕တြင္းမွာ နာမည္ႀကီးေနတဲ့ ထူးဆန္းတဲ့ ဗြီဒီယိုတိပ္ေခြတစ္ခုကိုပဲ ရည္ၫႊန္းေနပါတယ္။

အဲ့ဒါကေတာ့ ဗြီဒီယိုတိပ္ေခြကို ၾကည့္မိတဲ့သူဟာ (၇)ရက္အတြင္း ႐ုတ္တရက္ ေသဆုံးတယ္လို႔ နာမည္ႀကီးေနတာ ျဖစ္ပါတယ္။ သူမဟာ လြယ္လြယ္နဲ႔ မယုံခဲ့ေပမယ့္ သူမရဲ႕သားျဖစ္သူက ဗြီဒီယိုအေခြကို အမွတ္မထင္ ၾကည့္မိတဲ့အခါမွာေတာ့ သူမတို႔သားအမိဟာ အသက္ေဘး အတြက္ တိုက္ခိုက္တြန္းလွန္ရင္း အေခြရဲ႕က်ိန္စာကို ဖ်က္စီးဖို႔ ႀကိဳးစားပုံကို သည္းထိတ္ရင္ဖို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

Noroi: The Curse (2005)
Photo Via screenrant

ဇာတ္လမ္းကေတာ့ kagubata လို႔ေခၚတဲ့ ဂ်ပန္႐ိုးရာဒ႑ာရီလာ မေကာင္းဆိုးဝါးတစ္ေကာင္ေနာက္ကို လိုက္ေနတဲ့ နတ္ဆရာတစ္ေယာက္ ေပ်ာက္ဆုံးသြားခ်ိန္မွာ သဲလြန္စ အစိတ္အပိုင္းေတြ  ရွာေဖြစုံစမ္းရင္း သည္းထိတ္ရင္ဖို အျဖစ္အပ်က္ေတြ ႀကဳံေတြ႕ရတာကို ႐ိုက္ကူးထားတာပါ။ ဒီကားဟာ ဒါ႐ိုက္တာ Koji Shiraishi ရဲ႕ အေကာင္းဆုံးကားလို႔ေတာင္ ေျပာလို႔ရပါတယ္။ ၂၀၀၅ခုႏွစ္က ထြက္ရွိထားၿပီး IMDb (7) ရရွိထားပါတယ္။

ဒါကေတာ့ horror ကားေကာင္း ႀကိဳက္သူေတြအတြက္ ဂ်ပန္ Horror ဇာတ္ကားေကာင္းေတြကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခား horror ကားေတြ ရွိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။

C 21

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular