HomeEntertainmentFilmရုံတင်ရက် (၇) လ နောက်ဆုတ်သွားတဲ့ Jared Leto ရဲ့ Morbius ရုပ်ရှင်

ရုံတင်ရက် (၇) လ နောက်ဆုတ်သွားတဲ့ Jared Leto ရဲ့ Morbius ရုပ်ရှင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Jared Leto ပါဝင်သရုပ်ဆောင်ထားတဲ့ Morbius ရုပ်ရှင်ဟာ ရုံတင်ရက် (၇) လ နောက်ဆုတ်သွားပြီး အောက်တိုဘာလကျမှ ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။ Spider-Man ကို MCU ဗားရှင်းအနေနဲ့ အောင်မြင်စွာ ဖန်တီးပြီးနောက်မှာတော့ Sony ဟာ Spider-Man နဲ့ ပတ်သက်တဲ့ ဇာတ်ကောင်တွေကို စတင်ဖန်တီးလာခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Venom ကလည်း box office မှာ အောင်မြင်ခဲ့ပြီး ပရိသတ်တွေကြားထဲမှာ အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Morbius ကို ဆက်လက်ဖန်တီးခဲ့ပြီး ၂၀၂၀ ကတည်းက ရုံတင်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကိုဗစ်ကြောင့် နှောင့်နှေးခဲ့ရပါတယ်။

photo via screenrant

ဒီရုပ်ရှင်ရဲ့ ပထမဆုံး ထွေလာ ထွက်ပြီးမကြာခင်မှာပဲ ကိုဗစ်ကြောင့် Sony ဟာ ဒီရုပ်ရှင်ကို ၂၀၂၁ ခုနှစ်ကို ရွှေ့ပြောင်းလိုက်ရပါတယ်။ အစတုန်းကတော့ အခြေအနေဆိုးမယ်လို့ မထင်ခဲ့ပေမယ့်လည်း ကိုဗစ်ဟာ ပိုမိုဆိုးရွားလာတာကြောင့် ရုံတင်ရက်တေွ ထပ်မံရွှေ့ပြောင်းခဲ့ရပါတယ်။

ဒီနေ့မှာတော့ Morbius ဟာ မတ်လမှာ ထွက်ရှိလာတော့မှာ မဟုတ်ပါဘူးဆိုပြီး Sony က ကြေညာခဲ့ပါတယ်။ ကိုဗစ်ကြောင့်ပဲ စတူဒီယိုဟာ ဒီရုပ်ရှင်ရဲ့ ရုံတင်ရက်ကို နောက်ထပ် (၇) လ နောက်ဆုတ်လိုက်ရပါတယ်။ ဒီရုပ်ရှင်ရဲ့ ရုံတင်ရက်အသစ်ကတော့ အောက်တိုဘာ (၈) ရက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရုံတင်ရက်မှာပဲ သေချာပေါက် ထွက်လာမယ် ဆိုရင်တော့ ဒီရုပ်ရှင်ဟာ မူလရုံတင်ရက်ကနေ တစ်နှစ်နဲ့သုံးလ နောက်ဆုတ်ခဲ့ရပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကို ကြည့်ဖို့ စောင့်မျှော်နေတဲ့ ပရိသတ်တွေအနေနဲ့တော့ ဒီသတင်းဟာ စိတ်ပျက်စရာတစ်ခု ဖြစ်နေနိုင်ပါတယ်။ Morbius ရဲ့ ပထမဆုံး ထွေလာ ထွက်ရှိခဲ့တာကလည်း အခုချိန်မှာ တစ်နှစ်နီးပါး ရှိနေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုဗစ်ကိုလည်း မြန်မြန်ပြီးဆုံးပါစေ ဆုတောင်းရင်းနဲ့ ကြည့်ချင်တဲ့ ရုပ်ရှင်တွေကိုလည်း စိတ်ရှည်ရှည် စောင့်မျှော်ကြရအောင်။

Legos

Source : Screenrant

(Zawgyi Version)

Jared Leto ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Morbius ႐ုပ္ရွင္ဟာ ႐ုံတင္ရက္ (၇) လ ေနာက္ဆုတ္သြားၿပီး ေအာက္တိုဘာလက်မွ ထြက္ရွိလာေတာ့မယ္လို႔ သိရပါတယ္။ Spider-Man ကို MCU ဗားရွင္းအေနနဲ႔ ေအာင္ျမင္စြာ ဖန္တီးၿပီးေနာက္မွာေတာ့ Sony ဟာ Spider-Man နဲ႔ ပတ္သက္တဲ့ ဇာတ္ေကာင္ေတြကို စတင္ဖန္တီးလာခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Venom ကလည္း box office မွာ ေအာင္ျမင္ခဲ့ၿပီး ပရိသတ္ေတြၾကားထဲမွာ ေအာင္ျမင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Morbius ကို ဆက္လက္ဖန္တီးခဲ့ၿပီး ၂၀၂၀ ကတည္းက ႐ုံတင္ဖို႔ စီစဥ္ခဲ့ေပမယ့္လည္း ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးခဲ့ရပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ရဲ႕ ပထမဆုံး ေထြလာ ထြက္ၿပီးမၾကာခင္မွာပဲ ကိုဗစ္ေၾကာင့္ Sony ဟာ ဒီ႐ုပ္ရွင္ကို ၂၀၂၁ ခုႏွစ္ကို ေ႐ႊ႕ေျပာင္းလိုက္ရပါတယ္။ အစတုန္းကေတာ့ အေျခအေနဆိုးမယ္လို႔ မထင္ခဲ့ေပမယ့္လည္း ကိုဗစ္ဟာ ပိုမိုဆိုး႐ြားလာတာေၾကာင့္ ႐ုံတင္ရက္ေတြ ထပ္မံေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။

ဒီေန႔မွာေတာ့ Morbius ဟာ မတ္လမွာ ထြက္ရွိလာေတာ့မွာ မဟုတ္ပါဘူးဆိုၿပီး Sony က ေၾကညာခဲ့ပါတယ္။ ကိုဗစ္ေၾကာင့္ပဲ စတူဒီယိုဟာ ဒီ႐ုပ္ရွင္ရဲ႕ ႐ုံတင္ရက္ကို ေနာက္ထပ္ (၇) လ ေနာက္ဆုတ္လိုက္ရပါတယ္။ ဒီ႐ုပ္ရွင္ရဲ႕ ႐ုံတင္ရက္အသစ္ကေတာ့ ေအာက္တိုဘာ (၈) ရက္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီ႐ုံတင္ရက္မွာပဲ ေသခ်ာေပါက္ ထြက္လာမယ္ ဆိုရင္ေတာ့ ဒီ႐ုပ္ရွင္ဟာ မူလ႐ုံတင္ရက္ကေန တစ္ႏွစ္နဲ႔သုံးလ ေနာက္ဆုတ္ခဲ့ရပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ကို ၾကည့္ဖို႔ ေစာင့္ေမွ်ာ္ေနတဲ့ ပရိသတ္ေတြအေနနဲ႔ေတာ့ ဒီသတင္းဟာ စိတ္ပ်က္စရာတစ္ခု ျဖစ္ေနႏိုင္ပါတယ္။ Morbius ရဲ႕ ပထမဆုံး ေထြလာ ထြက္ရွိခဲ့တာကလည္း အခုခ်ိန္မွာ တစ္ႏွစ္နီးပါး ရွိေနပါၿပီ။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုဗစ္ကိုလည္း ျမန္ျမန္ၿပီးဆုံးပါေစ ဆုေတာင္းရင္းနဲ႔ ၾကည့္ခ်င္တဲ့ ႐ုပ္ရွင္ေတြကိုလည္း စိတ္ရွည္ရွည္ ေစာင့္ေမွ်ာ္ၾကရေအာင္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular