HomeCelebs Update NewsInternationalအိမ်ထောင်သက်(၄)နှစ်ကျော်မှာ လမ်းခွဲလိုက်ကြတဲ့ Jason Momoa နဲ့ Lisa Bonet တို့စုံတွဲ 

အိမ်ထောင်သက်(၄)နှစ်ကျော်မှာ လမ်းခွဲလိုက်ကြတဲ့ Jason Momoa နဲ့ Lisa Bonet တို့စုံတွဲ 

နာမည်ကျော်မင်းသား Jason Momoa နဲ့ အမေရိကန်မင်းသမီး Lisa Bonet တို့ဟာ ချစ်သူသက်တမ်း (၁၇)နှစ်ကျော်နဲ့ အိမ်ထောင်သက် (၄)နှစ်ကျော်အကြာမှာ လမ်းခွဲလိုက်ကြပြီလို့ သိရပါတယ်။

ဟောလိဝုဒ်ရဲ့ နာမည်ကျော်စုံတွဲတစ်တွဲဖြစ်တဲ့ Jason Momoa နဲ့ Lisa Bonet တို့ဟာ အခုဆိုရင်တော့ လမ်းခွဲလိုက်ကြပါပြီ။ နှစ်ကာလတွေ အကြာကြီး လက်တွဲလာခဲ့ပြီးမှ လမ်းခွဲရတဲ့ အကြောင်းရင်းကိုတော့ Jason က သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ အခုလို အသိပေးထားပါတယ်။

Photo: prideofgypsies/ Instagram

“အခုလို အကူးအပြောင်းကာလတွေမှာ အခက်အခဲတွေနဲ့ ပြောင်းလဲမှုတွေအားလုံးကို ကျွန်တော်တို့ ခံစားကြရပါတယ်။ တော်လှန်ရေးတစ်ခုက ဖြစ်လာနေပါပြီ။ ဒီတော့ ကျွန်တော်တို့မိသားစုလည်း ခြွင်းချက်မရှိ ပါဝင်နေပါတယ်။ အခုဖြစ်ပေါ်ပြောင်းလဲနေတဲ့ လှိုင်းလုံးတွေကြားထဲမှာ ကျွန်တော်တို့ ခံစားကြရသလို ပိုပြီးလည်း ကြီးထွားလာကြပါတယ် … ”

“ဒါကြောင့် ကျွန်တော်တို့မိသားစုရဲ့သတင်းကို အသိပေးမျှဝေလိုက်ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ အိမ်ထောင်ရေးကို ကျောခိုင်းပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြမယ့်အကြောင်းပါ။ ဒါက သတင်းတစ်ခုဖြစ်လို့ အသိပေးတာတင် မဟုတ်ပါဘူး။ ကျွန်တော်တို့ဘဝတွေမှာ ဂုဏ်သိက္ခာအပြည့်၊ ရိုးသားမှုအပြည့်နဲ့ ရှေ့ဆက်နိုင်ကြဖို့ပါ အသိပေးလိုက်ရတာ ဖြစ်ပါတယ် … ”

Photo: momoa.bonet/ Instagram

“ကျွန်တော်တို့ကြားထဲက ချစ်ခြင်းမေတ္တာကတော့ ဆက်လက် ရှင်သန်နေဦးမှာပါ။ ကျွန်တော်တို့ သင်ကြားရင်း ကိုယ်စီ နှစ်သက်သလို ရှင်သန်သွားကြဖို့ တစ်ယောက်နဲ့တစ်ယောက် လွတ်လပ်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့သံယောဇဉ်ကတော့ ဒီဘဝတစ်ခုလုံးမှာရော၊ ကျွန်တော်တို့ရဲ့ ကလေးတွေအတွက်ပါ ဆက်လက် တည်ရှိနေဦးမှာပါ …. ”

“ကလေးတွေကို ဖြစ်နိုင်ချေတွေအားလုံးအကြောင်း သင်ကြားပေးပါမယ်။ ဆုတောင်းတွေအတိုင်း နေထိုင်သွားကြပါမယ်။ အချစ်ကသာ အောင်နိုင်ပါစေ။ J & L … ” လို့ Jason က သူ့ရဲ့ပို့စ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: prideofgypsies/ Instagram

Jason နဲ့ Lisa တို့ဟာ ၂၀၁၇ ခုနှစ်မှာမှ တရားဝင် လက်ထပ်ခဲ့ကြတာ ဖြစ်ပေမယ့် တကယ်တော့ သူတို့နှစ်ဦးဟာ ၂၀၀၅ ခုနှစ်တည်းက ချစ်သူတွေအဖြစ် ရွှေလက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ ကြားခံမိတ်ဆွေတစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုနဲ့ စတင်ဆုံတွေ့ခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ အဲဒီအချိန်တည်းက မခွဲအတူ ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးမှာတော့ အသက်(၁၄)နှစ်အရွယ် သမီးဖြစ်သူ Lola နဲ့ အသက်(၁၃)နှစ်အရွယ် သားဖြစ်သူ Nakoa-Wolf ဆိုတဲ့ သားသမီးနှစ်ယောက် ထွန်းကားထားပါတယ်။ ဒါ့အပြင် Lisa ရဲ့ ယခင်အိမ်ထောင်ဖြစ်တဲ့ အမေရိကန်အဆိုတော် Lenny Kravitz နဲ့ ရရှိခဲ့တဲ့ သမီးဖြစ်သူ သရုပ်ဆောင် Zoe Kravitz ကိုလည်း Jason နဲ့အတူတူ ပြုစုပျိုးထောင်ခဲ့တာ ဖြစ်ပါတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular