HomeCelebs Update NewsInternationalရိုက်ကွင်းက ဝက်ကလေးကို အိမ်ခေါ်မွေးစားခဲ့တဲ့ Jason Momoa

ရိုက်ကွင်းက ဝက်ကလေးကို အိမ်ခေါ်မွေးစားခဲ့တဲ့ Jason Momoa

Jason Momoa ကတော့ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ Netflix ရုပ်ရှင်ကားထဲက ဝက်ကလေးတစ်ကောင်ကို ရိုက်ကူးရေးအပြီးမှာတော့ အိမ်ခေါ်လာပြီး မွေးစားလိုက်ပါတယ်။ Momoa ရဲ့ Netflix ရုပ်ရှင်အသစ်ကတော့ Slumberland လို့ အမည်ရပြီး လာမယ့်နိုဝင်ဘာလ (၁၈)ရက်နေ့မှာ စတင်ပြသတော့မှာ ဖြစ်ပါတယ်။

Momoa ဟာ ရိုက်ကွင်းက သူခေါ်လာတဲ့ ဝက်ကလေးနဲ့အတူ အင်စတာဂရမ်မှာ ဗွီဒီယိုတွေ တင်ထားပါသေးတယ်။ “အဲဒါကြောင့် ကျွန်တော် တိရစ္ဆာန်လေးတွေနဲ့အတူ ရုပ်ရှင်မရိုက်ချင်တာ။ ဘာလို့လည်းဆိုတော့ သူတို့ကို အိမ်ခေါ်လာချင်လို့လေ …” လို့ Momoa က အဆိုပါဗွီဒီယိုမှာ ဆိုထားပါတယ်။

 

View this post on Instagram

 

A post shared by Jason Momoa (@prideofgypsies)

ဒါ့အပြင် ဝက်ကလေးရဲ့နာမည်ကို စဉ်းစားနေတဲ့အကြောင်းလည်း ပါဝင်ပါသေးတယ်။ “ဒါကတော့ ကျွန်တော့်သူငယ်ချင်းအသစ်လေးပါ။ LAU LAU လို့ခေါ်ပါတယ်။ မဟုတ်သေးပါဘူး။ MANAPUA များလား။ ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး …” လို့ ပြောထားပါတယ်။ သူပြောသွားတဲ့ အမည်တွေကတော့ နာမည်ကြီး ဟာဝိုင်ယီ ဟင်းလျာအမည်တွေလို့ သိရပါတယ်။

Momoa ပါဝင်ထားတဲ့ Slumberland ရုပ်ရှင်ကတော့ Little Nemo in Slumberland ဆိုတဲ့ ကာတွန်းဇာတ်လမ်းကို ပြန်လည်မှီငြမ်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ Nemo ဖြစ်ပြီး သူ့ဆီမှာတော့ ဝက်ရုပ်ကလေးတစ်ရုပ် ရှိပါတယ်။ ထူးဆန်းတာကတော့ အဲဒီဝက်ရုပ်လေးဟာ ညဘက်မှာ အသက်ဝင်လာတတ်တာပါပဲ။ Momoa ကတော့ ဒီဇာတ်ကားထဲမှာ မှော်ဆန်တဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ Flip နေရာကနေ သရုပ်ဆောင်ထားပါတယ်။

Photo Credit: Netflix

ဇာတ်လမ်းအကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ အိပ်မက်တွေ၊ အိပ်မက်ဆိုးတွေကြားကို ဖြတ်သန်းပြီး သူမရဲ့ကွယ်လွန်သွားတဲ့ ဖခင်နဲ့ ပြန်လည်တွေ့ဆုံနိုင်ဖို့ ကြိုးစားတဲ့အကြောင်း ဖြစ်ပါတယ်။ ဒီလိုအိပ်မက်တွေကို ဖြတ်သန်းသွားလာနိုင်ဖို့ကိုတော့ Flip က ကူညီပေးမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ Francis Lawrence က ရိုက်ကူးထားပြီး Jason Momoa ၊ Marlow Barkley ၊ Kyle Chandler တို့က အဓိက ပါဝင်ထားပါတယ်။

Jason Momoa ဟာ တိရစ္ဆာန်ချစ်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးဟောင်း Lisa Bonet နဲ့အတူရှိစဉ်တုန်းကလည်း မြည်းတစ်ကောင်၊ ဝံပုလွေစပ်နှစ်ကောင်၊ ခွေးတစ်ကောင်နဲ့ မြွေတစ်ကောင်တို့ကို မွေးခဲ့ဖူးပါသေးတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular