HomeCelebs Update Newsကင်ဆာဖြစ်နေတဲ့ ကလေးတစ်ဦးကို Aquaman Trident လက်ဆောင်ပေးတဲ့ Jason Momoa

ကင်ဆာဖြစ်နေတဲ့ ကလေးတစ်ဦးကို Aquaman Trident လက်ဆောင်ပေးတဲ့ Jason Momoa

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

DC ရဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Aquaman နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Jason Momoa ဟာ ကင်ဆာရောဂါဖြစ်နေတဲ့ သူ့ရဲ့ပရိသတ်တစ်ယောက်ကို life-size trident (ပကတိအရွယ်) နဲ့ တစ်ခြားအရုပ်တွေကို လက်ဆောင်အနေနဲ့ ပို့ပေးခဲ့ပါတယ်။ Jason ဟာ Game of Thrones ထဲမှာ Khal Drago နေရာမှာ သရုပ်ဆောင်ခဲ့ပြီး နောက်မှာတော့ အလွန်ကို အောင်မြင်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ DCEU ထဲမှာ Aquaman ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခွင့်ရခဲ့ပြီး သူ့ရဲ့ အောင်မြင်မှုတွေဟာ ပိုလို့တောင် ကြီးမားလာခဲ့ပါတယ်။

photo via prideofgypsies/instagram

ဒီနေ့မှာတော့ Jason ဟာ Danny Sheehan လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ပုံကို သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။ Danny ကတော့ pineoblastoma လို့ခေါ်တဲ့ ရှားပါးဦးနှောက်ကင်ဆာကို ခံစားနေရသူ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Danny ကို စိတ်အားတက်အောင် ပြုလုပ်ပေးဖို့အတွက် Jason ဟာ Aquaman အရုပ်တွေ အများကြီးနဲ့ life-size trident ကိုပါ လက်ဆောင်အဖြစ် ပို့ပေးခဲ့ပါတယ်။

ဒါ့အပြင် ” မင်းနဲ့အတူ လင်းပိုင်တွေကို စီးဖို့အတွက် မစောင့်နိုင်တော့ဘူး။ ချစ်ရတဲ့ ဦးလေး Aquaman ” ဆိုပြီးတော့ စာလေးပါ ပါဝင်ခဲ့ပါတယ်။ နိုဝင်ဘာလတုန်းကလည်း Jason ဟာ Danny နဲ့အတူ video call ပြောနေတာကိုလည်း သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းကလည်း Jason ဟာ Danny မှာလည်း သူ့ရဲ့ကိုယ်ပိုင် trident ရှိသင့်တယ် ဆိုပြီးတော့ ပြောခဲ့ပါတယ်။

photo via prideofgypsies/instagram

အခုချိန်မှာတော့ Jason ဟာ သူ့ရဲ့စကားအတိုင်းပဲ Danny အတွက် life-size trident တင်မကဘဲ တစ်ခြား Aquaman အရုပ်တွေလည်း ပို့ပေးခဲ့ပါတယ်။ ဒါကတော့ ကြည်နူးစရာ သတင်းတစ်ခု ဖြစ်ပြီးတော့ Jason ဟာ Khal Drago လိုမျိူး ဇာတ်ကောင်တွေကို သရုပ်ဆောင်ခဲ့ပေမယ့်လည်း တကယ့်တော့ သူဟာ အလွန်ကို ဖော်ရွေတဲ့ လူကောင်းတစ်ယောက် ဆိုတာကို သိသာစေပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

DC ရဲ႕ ဇာတ္ေကာင္တစ္ေယာက္ျဖစ္တဲ့ Aquaman ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Jason Momoa ဟာ ကင္ဆာေရာဂါျဖစ္ေနတဲ့ သူ႔ရဲ႕ပရိသတ္တစ္ေယာက္ကို life-size trident (ပကတိအ႐ြယ္) နဲ႔ တစ္ျခားအ႐ုပ္ေတြကို လက္ေဆာင္အေနနဲ႔ ပို႔ေပးခဲ့ပါတယ္။ Jason ဟာ Game of Thrones ထဲမွာ Khal Drago ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ၿပီး ေနာက္မွာေတာ့ အလြန္ကို ေအာင္ျမင္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ DCEU ထဲမွာ Aquaman ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခြင့္ရခဲ့ၿပီး သူ႔ရဲ႕ ေအာင္ျမင္မႈေတြဟာ ပိုလို႔ေတာင္ ႀကီးမားလာခဲ့ပါတယ္။

photo via prideofgypsies/instagram

ဒီေန႔မွာေတာ့ Jason ဟာ Danny Sheehan လို႔ေခၚတဲ့ ေကာင္ေလးတစ္ေယာက္ပုံကို သူ႔ရဲ႕ အင္စတာဂရမ္ေပၚမွာ တင္ခဲ့ပါတယ္။ Danny ကေတာ့ pineoblastoma လို႔ေခၚတဲ့ ရွားပါးဦးေႏွာက္ကင္ဆာကို ခံစားေနရသူ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Danny ကို စိတ္အားတက္ေအာင္ ျပဳလုပ္ေပးဖို႔အတြက္ Jason ဟာ Aquaman အ႐ုပ္ေတြ အမ်ားႀကီးနဲ႔ life-size trident ကိုပါ လက္ေဆာင္အျဖစ္ ပို႔ေပးခဲ့ပါတယ္။

ဒါ့အျပင္ ” မင္းနဲ႔အတူ လင္းပိုင္ေတြကို စီးဖို႔အတြက္ မေစာင့္ႏိုင္ေတာ့ဘူး။ ခ်စ္ရတဲ့ ဦးေလး Aquaman ” ဆိုၿပီးေတာ့ စာေလးပါ ပါဝင္ခဲ့ပါတယ္။ ႏိုဝင္ဘာလတုန္းကလည္း Jason ဟာ Danny နဲ႔အတူ video call ေျပာေနတာကိုလည္း သူ႔ရဲ႕ အင္စတာဂရမ္ေပၚမွာ တင္ခဲ့ပါေသးတယ္။ အဲ့ဒီအခ်ိန္တုန္းကလည္း Jason ဟာ Danny မွာလည္း သူ႔ရဲ႕ကိုယ္ပိုင္ trident ရွိသင့္တယ္ ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္

photo via prideofgypsies/instagram

အခုခ်ိန္မွာေတာ့ Jason ဟာ သူ႔ရဲ႕စကားအတိုင္းပဲ Danny အတြက္ life-size trident တင္မကဘဲ တစ္ျခား Aquaman အ႐ုပ္ေတြလည္း ပို႔ေပးခဲ့ပါတယ္။ ဒါကေတာ့ ၾကည္ႏူးစရာ သတင္းတစ္ခု ျဖစ္ၿပီးေတာ့ Jason ဟာ Khal Drago လိုမ်ိဴး ဇာတ္ေကာင္ေတြကို သ႐ုပ္ေဆာင္ခဲ့ေပမယ့္လည္း တကယ့္ေတာ့ သူဟာ အလြန္ကို ေဖာ္ေ႐ြတဲ့ လူေကာင္းတစ္ေယာက္ ဆိုတာကို သိသာေစပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular