HomeCelebs Update NewsInternationalခရီးသည်တွေကို surprise အနေနဲ့ လေယာဉ်မောင် လုပ်ပေးခဲ့တဲ့ Jason Momoa

ခရီးသည်တွေကို surprise အနေနဲ့ လေယာဉ်မောင် လုပ်ပေးခဲ့တဲ့ Jason Momoa

Jason Momoa ကတော့ ဟာဝိုင်ယီကို ပျံသန်းလာတဲ့ လေယာဉ်ခရီးစဉ်တစ်ခုမှာ လိုက်ပါလာပြီး လေယာဉ်ပေါ်က ခရီးသည်အားလုံးကို surprise လုပ်တဲ့အနေနဲ့ သူကိုယ်တိုင် လေယာဉ်မောင်အဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။ လေယာဉ်ပေါ်က ခရီးသည်တွေကို ရေသန့်ဘူးတွေ လိုက်ဝေပေးနေတဲ့ Jason Momoa ရဲ့ပုံရိပ်တွေကိုတော့ ခရီးသည်တစ်ယောက်က ဗွီဒီယိုရိုက်ယူခဲ့ပြီး အဆိုပါဗွီဒီယိုကတော့ ယခုဆိုရင် လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

ဗွီဒီယိုထဲမှာတော့ Jason ဟာ မီးခိုးရောင် suit ကို ဝတ်ဆင်ထားပြီး ရိုးရာပုတီးတစ်ကုံးကို ဆွဲထားတဲ့အပြင် လေယာဉ်မယ်တွေလိုပဲ ပန်းရောင် ပန်းပွင့်ကြီးတစ်ပွင့်ကိုလည်း ပန်ဆင်ထားပါသေးတယ်။ တကယ်တော့ Jason ဟာ သူ့ရဲ့ကိုယ်ပိုင် အမှတ်တံဆိပ်ဖြစ်တဲ့ ဒီရေသန့်ဘူးတွေကို ကိုယ်တိုင် ပရိုမိုးရှင်းဆင်းသွားတာ ဖြစ်ပါတယ်။

အဆိုပါ ရေသန့်ပုလင်းတွေကတော့ Manannalu ဆိုတဲ့ အမှတ်တံဆိပ် ဖြစ်ပြီး ပလတ်စတစ်အမှိုက်တွေ လျှော့ချဖို့ ရည်ရွယ်ထားတဲ့ sustainable brand တစ်ခုလည်း ဖြစ်ပါတယ်။ Jason ဟာ အဆိုပါ လေကြောင်းလိုင်းမှာ လိုက်ပါလာတဲ့ ခရီးသည်အားလုံးကို သူ့ရဲ့ရေသန့်ဘူးတွေ လိုက်လံဝေငှပေးခဲ့တယ်လို့ ပြောပေမယ့် လေကြောင်းလိုင်းဘက်ကရော၊ Jason ဘက်ကပါ အတည်ပြု ပြောကြားထားတာတော့ မရှိပါဘူး။ ဒီဗွီဒီယိုကတော့ မူလက TikTok မှာ ပျံ့နှံ့နေခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာမှ အင်စတာဂရမ်နဲ့ အခြားလူမှုကွန်ယက်တွေပေါ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

Jason ရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ Aquaman and the Lost Kingdom ကတော့ လာမယ့် ၂၀၂၃ ခုနှစ် မတ်လမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Jason ဟာ Fast and Furious franchise ရဲ့ (၁၀)ကားမြောက် ရုပ်ရှင်ဖြစ်တဲ့ Fast X ထဲမှာလည်း ဗီလိန်နေရာက ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Vancouver

Source: indianexpress

RELATED ARTICLES

Most Popular