HomeCelebs Update NewsInternationalငယ်ငယ်လေးနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဆိုးကျိုးဆက်ကို Lonely MV နဲ့ ပြသလာတဲ့ JB

ငယ်ငယ်လေးနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဆိုးကျိုးဆက်ကို Lonely MV နဲ့ ပြသလာတဲ့ JB

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ Lonely လို့ အမည်ရတဲ့ Justin Bieber ရဲ့ သီချင်းတစ်ပုဒ် ထွက်ရှိလာခဲ့ပါတယ်။ အသက်(၂၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Justin Bieber ဟာ အဆိုပါ သီချင်းသစ်ရဲ့ music video မှာတော့ ကလေးသာသာ အရွယ်မှာ အောင်မြင်ကျော်ကြားလာခဲ့ပေမယ့် လူတွေမမြင်ရတဲ့ နောက်ကွယ်က ဆိုးကျိုးဆက်အကြောင်းကို ပုံဖော်ထားပါတယ်။

JB ဟာ အသက်(၁၃)နှစ်သာသာ အရွယ်လေးမှာတင် သူ့အိမ်မှာ လုပ်ထားတဲ့ video လေးတွေနဲ့ YouTube မှာ ပေါက်ပြီး စတင်ကမ္ဘာကျော်လာခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီ့အချိန်ကစလို့ JB ဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး artist တွေထဲမှာ ပါဝင်လာခဲ့ပြီး အများက အားကျရတဲ့ လူငယ်စတားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ယခုအသစ်ထွက်ရှိလာတဲ့ Lonely MV ထဲမှာတော့ လူအများစု မမြင်ကြတဲ့ ဆယ်ကျော်သက်ရွယ် စတားတစ်ယောက်ရဲ့ အမှောင်ဘက်ခြမ်းကို ဖော်ပြထားပါတယ်။

Photo: justinbieber/ Instagram

ဒီ MV ထဲမှာတော့ အသက်ငယ်ငယ်လေးနဲ့ နာမည်ကြီးလာတဲ့ ဆယ်ကျော်သက် သရုပ်ဆောင် Jacob Tremblay က JB နေရာမှာ သရုပ်ဆောင်ထားပါတယ်။ JB ရဲ့ ငယ်ဘဝပျောက်ဆုံးမှုအကြောင်းကို ကိုယ်စားပြု ပုံဖော်ရာမှာ Jacob Tremblay ကို သုံးထားတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အကြောင်းကတော့ Jacob Tremblay ဟာလည်း အသက်(၁၄)နှစ်ဆိုတဲ့ အရွယ်လေးနဲ့ ကမ္ဘာသိတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်နေခဲ့လို့ပါပဲ။

JB ငယ်ငယ်က ဝတ်ဆင်ခဲ့တဲ့ ခေါင်းစွပ် hoodie အင်္ကျီမျိုးနဲ့ Jacob Tremblay ဟာ လူထုရှေ့မှာ ဖျော်ဖြေဖို့အတွက် dressing room ထဲမှာ တစ်ယောက်တည်း စောင့်ဆိုင်းနေရတဲ့ပုံကို MV မှာ မြင်တွေ့ရမှာဖြစ်ပြီး ငွေကြေးနဲ့ အောင်မြင်ကျော်ကြားမှုတွေ ရှိနေပေမယ့် သူ့ရဲ့ဘေးမှာ တစ်ယောက်မှ ရှိမနေတဲ့ ဆယ်ကျော်သက်ရွယ်တစ်ယောက်ရဲ့ အထီးကျန်မှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါဟာ ဆယ်ကျော်သက်ရွယ်လေးနဲ့ ကမ္ဘာကို ထိုးဖောက်အောင်မြင်လာခဲ့တဲ့ စတားအများစု ခံစားနေကျ ခံစားချက်တစ်ခု ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လိုချင်တာအကုန်ရနိုင်တဲ့ အခြေအနေဖြစ်အောင် အောင်မြင်ကျော်ကြားလာပေမယ့် သာမန်ကလေးဘဝ၊ သာမန် ဆယ်ကျော်သက်ရွယ် တစ်ယောက်ရဲ့ ဘဝကို ဆုံးရှုံးပြီး တစ်ယောက်တည်း အထီးကျန်ရတဲ့ ခံစားချက်ဟာ သူတို့ကို ရူးသွပ်တဲ့ လုပ်ရပ်တွေ ကျူးလွန်စေတဲ့ တရားခံအစစ်လည်း ဖြစ်ပါတယ်။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

မၾကာေသးခင္ ရက္ပိုင္းအတြင္းကပဲ Lonely လို႔ အမည္ရတဲ့ Justin Bieber ရဲ႕ သီခ်င္းတစ္ပုဒ္ ထြက္ရွိလာခဲ့ပါတယ္။ အသက္(၂၆)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Justin Bieber ဟာ အဆိုပါ သီခ်င္းသစ္ရဲ႕ music video မွာေတာ့ ကေလးသာသာ အ႐ြယ္မွာ ေအာင္ျမင္ေက်ာ္ၾကားလာခဲ့ေပမယ့္ လူေတြမျမင္ရတဲ့ ေနာက္ကြယ္က ဆိုးက်ိဳးဆက္အေၾကာင္းကို ပုံေဖာ္ထားပါတယ္။

JB ဟာ အသက္(၁၃)ႏွစ္သာသာ အ႐ြယ္ေလးမွာတင္ သူ႔အိမ္မွာ လုပ္ထားတဲ့ video ေလးေတြနဲ႔ YouTube မွာ ေပါက္ၿပီး စတင္ကမာၻေက်ာ္လာခဲ့သူ ျဖစ္ပါတယ္။ အဲ့ဒီ့အခ်ိန္ကစလို႔ JB ဟာ ကမာၻ႔ေရာင္းအားအေကာင္းဆုံး artist ေတြထဲမွာ ပါဝင္လာခဲ့ၿပီး အမ်ားက အားက်ရတဲ့ လူငယ္စတားတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ယခုအသစ္ထြက္ရွိလာတဲ့ Lonely MV ထဲမွာေတာ့ လူအမ်ားစု မျမင္ၾကတဲ့ ဆယ္ေက်ာ္သက္႐ြယ္ စတားတစ္ေယာက္ရဲ႕ အေမွာင္ဘက္ျခမ္းကို ေဖာ္ျပထားပါတယ္။

Photo: justinbieber/ Instagram

ဒီ MV ထဲမွာေတာ့ အသက္ငယ္ငယ္ေလးနဲ႔ နာမည္ႀကီးလာတဲ့ ဆယ္ေက်ာ္သက္ သ႐ုပ္ေဆာင္ Jacob Tremblay က JB ေနရာမွာ သ႐ုပ္ေဆာင္ထားပါတယ္။ JB ရဲ႕ ငယ္ဘဝေပ်ာက္ဆုံးမႈအေၾကာင္းကို ကိုယ္စားျပဳ ပုံေဖာ္ရာမွာ Jacob Tremblay ကို သုံးထားတာကလည္း စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ အေၾကာင္းကေတာ့ Jacob Tremblay ဟာလည္း အသက္(၁၄)ႏွစ္ဆိုတဲ့ အ႐ြယ္ေလးနဲ႔ ကမာၻသိတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ေနခဲ့လို႔ပါပဲ။

JB ငယ္ငယ္က ဝတ္ဆင္ခဲ့တဲ့ ေခါင္းစြပ္ hoodie အက်ႌမ်ိဳးနဲ႔ Jacob Tremblay ဟာ လူထုေရွ႕မွာ ေဖ်ာ္ေျဖဖို႔အတြက္ dressing room ထဲမွာ တစ္ေယာက္တည္း ေစာင့္ဆိုင္းေနရတဲ့ပုံကို MV မွာ ျမင္ေတြ႕ရမွာျဖစ္ၿပီး ေငြေၾကးနဲ႔ ေအာင္ျမင္ေက်ာ္ၾကားမႈေတြ ရွိေနေပမယ့္ သူ႔ရဲ႕ေဘးမွာ တစ္ေယာက္မွ ရွိမေနတဲ့ ဆယ္ေက်ာ္သက္႐ြယ္တစ္ေယာက္ရဲ႕ အထီးက်န္မႈကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ဒါဟာ ဆယ္ေက်ာ္သက္႐ြယ္ေလးနဲ႔ ကမာၻကို ထိုးေဖာက္ေအာင္ျမင္လာခဲ့တဲ့ စတားအမ်ားစု ခံစားေနက် ခံစားခ်က္တစ္ခု ျဖစ္ပါတယ္။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ လိုခ်င္တာအကုန္ရႏိုင္တဲ့ အေျခအေနျဖစ္ေအာင္ ေအာင္ျမင္ေက်ာ္ၾကားလာေပမယ့္ သာမန္ကေလးဘဝ၊ သာမန္ ဆယ္ေက်ာ္သက္႐ြယ္ တစ္ေယာက္ရဲ႕ ဘဝကို ဆုံးရႈံးၿပီး တစ္ေယာက္တည္း အထီးက်န္ရတဲ့ ခံစားခ်က္ဟာ သူတို႔ကို ႐ူးသြပ္တဲ့ လုပ္ရပ္ေတြ က်ဴးလြန္ေစတဲ့ တရားခံအစစ္လည္း ျဖစ္ပါတယ္။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular