HomeCelebs Update NewsInternationalအရင်RS မှာ မဆင်မခြင်နဲ့မိုက်ရူးရဲဆန်ခဲ့သမျှ အခုလူကောင်းတစ်ယောက် ဖြစ်လာပြီဆိုတဲ့ JB

အရင်RS မှာ မဆင်မခြင်နဲ့မိုက်ရူးရဲဆန်ခဲ့သမျှ အခုလူကောင်းတစ်ယောက် ဖြစ်လာပြီဆိုတဲ့ JB

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပြီးဆုံးသွားခဲ့တဲ့ ယခင်က relationship ကြောင့် နာကျင်ကြေကွဲ၊ ခံစားခဲ့ရတယ်လို့ Justin Bieber က ဆိုလာပါတယ်။ ဒီအကြောင်းကိုတော့ Beats 1 ရေဒီယိုက ထုတ်လွှင့်တဲ့ Zane Lowe ရဲ့ New Music Daily ဆိုတဲ့အစီအစဉ်မှာ မကြာသေးခင်ကပဲ အင်တာဗျူးလုပ်ရင်း ပြောကြားသွားတာ ဖြစ်ပါတယ်။ အဆိုပါအင်တာဗျူးမှာတော့ ပြီးခဲ့တဲ့ အတိတ်က relationship ကြောင့် ရခဲ့တဲ့နာကျင်မှုတွေကို ကျော်လွှားရင်း Hailey ရဲ့အချစ်နဲ့ ကုစားနိုင်ခဲ့တဲ့အကြောင်းတွေကို ပြောပြထားတာပါ။

Photo: justinbieber/ Instagram

ချစ်သူဟောင်းကြောင့် ခံစားနေရတဲ့ နာကျင်မှုတွေကြားမှာ Hailey နဲ့ ဇာတ်လမ်းစဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့နှစ်ယောက် အတူတူ တွဲသွားတွဲလာ တော်တော်လုပ်ဖြစ်နေတဲ့ အချိန်တည်းက Hailey ကို ကျွန်တော် ကြိုပြောပြထားတယ်။ ငါတော့ အရမ်းခံစားနေရတယ်။ ဘယ်လမ်းကို ဆက်လျှောက်ရမယ်ဆိုတာလည်း အသည်းအသန် စဉ်းစားနေရတုန်းပဲ။ အဲ့ဒါကြောင့် မင်းကိုတော့ တကယ့်ချစ်သူတွေလိုမျိုး ဘာကတိကဝတ်တွေမှ ငါ ပေးနိုင်မှာ မဟုတ်ဘူး…”

“အဲ့ဒီ့အချိန်က ကျွန်တော်မိုက်ခဲ့တဲ့အချိန်တစ်ခုပေါ့ဗျာ။ သူ့ကိုလည်း ကျွန်တော် ရိုးရိုးသားသား ပြောခဲ့ပါတယ်။ ငါက သစ္စာရှိနိုင်တဲ့ အခြေအနေတော့ မဟုတ်ဘူးဆိုတာလည်း ပြောခဲ့ဖူးတယ်။ တစ်ခြား ကျွန်တော်ဖြစ်ချင်တဲ့အရာတွေကိုလည်း သူ့ကို ပြောပြခဲ့ပါသေးတယ်… ” လို့ Bieber က ဆိုပါတယ်။

အဲ့လိုတေွ ပြုမူဖြစ်အောင် ဘာတွေခံစားခဲ့ရလို့လည်းဆိုတဲ့ မေးခွန်းကိုတော့ “ကျွန်တော့်အရင် RS ကြောင့် နာကျင်ခဲ့ရတာလို့ ထင်တာပဲဗျ။ ခွင့်မလွှတ်နိုင်မှုတွေ တနင့်တပိုးနဲ့ ခံစားနေခဲ့ရတာပေါ့။ ပြီးတော့ အရိုးသားဆုံး ပြောရရင် အဲ့အချိန်တုန်းကတော့ ကိုယ့်ကိုယ်ကို ဘာအတွက်နဲ့ ရုန်းကန်နေရမှန်းတောင် မသိခဲ့ပါဘူးဗျာ။ ခွင့်မလွှတ်နိုင်မှုတွေနဲ့ နားပန်းလုံးနေခဲ့ရတယ်ဆိုတာ အဲ့အချိန်က ကျွန်တော် ကိုယ့်ကိုယ်ကို မသိခဲ့ဘူး… ”

Photo: justinbieber/ Instagram

“အဲ့ဒီ့တုန်းက Hailey ကို ပြောမထွက်ခဲ့တဲ့ အချိန်ပေါ့။ သူ ကျွန်တော့်အပေါ် respect ထားတယ်ဆိုတာ ခံစားခဲ့ရတယ်။ ကျွန်တော်လည်း သူ့အပေါ် အများကြီး respect ထားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ကျွန်တော် သူ့ကိုဖွင့်မပြောခဲ့သေးတာ ဖြစ်မယ်။ ကျွန်တော် တစ်ခြားဟာတွေ လျှောက်လုပ်နေတာပဲ သူ ထိုင်ကြည့်နေခဲ့ရတယ်။ ဒါပေမယ့် သူက ကျွန်တော့်ကို ချစ်တယ်။ ပြီးတော့ လူတွေက ကျွန်တော့်ကို နာကျင်အောင်လုပ်နေတာလည်း သူ မြင်တွေ့နေရတယ်။ အဲ့တော့ သူလည်း ကျွန်တော်ဆီက ထွက်သွားတယ်။ ပြီးတော့ ကျွန်တော်နာကျင်စေမယ့်ကိစ္စတွေ သူ လျှောက်လုပ်တယ်။ တစ်ယောက်တစ်လှည့်စီ နာကျင်အောင် လုပ်ပြီးသွားကြတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြတော့ဘူး။ ကျွန်တော်လည်း တကယ် ကသိကအောက် ဖြစ်နေခဲ့တာပေါ့ …. ”

Bieber ဟာ သူ့ရဲ့အရင် RS ကြောင့် နာကျင်ခဲ့ရတယ်လို့ပဲပြောပြီး အမည်ကို ထုတ်မပြောခဲ့ပေမယ့် Bieber နဲ့ Selena Gomez တို့ဟာ ၂၀၁၀ ကနေ ၂၀၁၂ အထိ တွဲခဲ့ကြသူတွေပါ။ အဲ့ဒီ့နောက် ပြတ်စဲခဲ့ပေမယ့် ၂၀၁၇ အောက်တိုဘာလမှာ သူတို့နှစ်ယောက် ပြန်ပေါင်းထုတ်နေကြပြီလို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ JB နဲ့ Selena တို့နှစ်ယောက်ကို ၂၀၁၈ခုနှစ် မတ်လအထိ အတူတူတွေ့ကြခဲ့ရပြီး လအနည်းငယ်အကြာ ဇွန်လမှာတော့ JB က Hailey ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

Photo: justinbieber/ Instagram

“အရင် RS မှာတုန်းက ကျွန်တော်ဆိုတာ ရိုင်းစိုင်းဆိုးသွမ်းပြီး မဆင်မခြင်နဲ့ ထင်ရာလုပ်ခဲ့တဲ့ လူတစ်ယောက်ပါ။ အခုအချိန်မှာတော့ ကျွန်တော့်ကိုယ်ကျွန်တော် အချိန်ယူပြီး ပြန်တည်ဆောက်ခဲ့တယ်။ ကိုယ့်ကိုယ်ကို အာရုံစိုက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တေွ ချနိုင်ဖို့ကိုလည်း ကြိုးစားတယ်။ ဆိုတော့ … ကျွန်တော် ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်လာပါပြီ။ Hailey ကတော့ ကျွန်တော်တို့ အဝန်းအဝိုင်းထဲက ကျွန်တော့်အကြောင်းသိတဲ့လူတွေဆီမှာ ကျွန်တော့်ကို အမြဲ check in လုပ်နေတာပေါ့…”

“လူတွေက ဪ … သူ အဆင်ပြေနေပါလားလို့ ကျွန်တော့်အပေါ် ပြောလာရင် Hailey က အရမ်းစိတ်ဆိုးတာဗျ။ သူမရှိဘဲ ကျွန်တော် ဘယ်လိုလုပ်အဆင်ပြေနေမှာလည်းဆိုတာမျိုး သူက ပြန်ရန်တွေ့ချင်တာလေ…” လို့ JB က ပြောလိုက်တဲ့အခါ Hailey ကလည်း အခုလို ထပ်မံဖြည့်စွက်ခဲ့ပါသေးတယ်။ “ကိုယ်ကတော့ လူတစ်ယောက်အတွက် ပျော်ရွှင်ပေးနိုင်ဖို့ အများကြီး စဉ်းစားနေတဲ့အချိန်မှာ သူက ကိုယ်မရှိဘဲ ပျော်ရွှင်နေနိုင်တယ်ဆိုတာ ကြားရတာ တော်တော်စိတ်မကောင်းစရာပဲ…” လို့ Hailey က ဆိုပါတယ်။

Photo: justinbieber/ Instagram

ပွဲတစ်ခုကိုသွားရင်း ကလေးလေးတစ်ယောက်ကို ချီပြီး ချော့မြူနေတဲ့ Hailey ကို တွေ့လိုက်ရတဲ့အခါ တစ်စုံတစ်ရာက စိတ်ထဲမှာ လင်းလက်သွားခဲ့တယ်လို့ JB က ပြောပြထားပါတယ်။ “သူ ကလေးကို ကြည့်နေတဲ့အကြည့်ကို တွေ့လိုက်ရတော့ ကျွန်တော့်ကလေးတွေကိုလည်း ဒီလိုမျိုး ကြင်နာမှုနဲ့ ကြည့်ရှုစောင့်ရှောက်ပေးတဲ့ အမေမျိုး လိုချင်မိတယ်။ အဲ့ဒါက ထူးခြားတယ်ဗျ။ ကျွန်တော် အဲ့ဒါမျိုးကို လိုချင်သွားတယ်။ သူကလည်း ကျွန်တော့်ကို အဲ့ဒါမျိုးပေးနိုင်မယ်ဆိုတာ ကျွန်တော် သိတယ်။ အဲ့ဒါကြောင့်ပဲ လနည်းနည်းလောက်ကြာတော့ သူ့ကို လက်ထပ်ခွင့်တောင်းလိုက်တာ။ ပြီးတော့ သိပ်မကြာဘူး။ ကျွန်တော်တို့ လက်ထပ်လိုက်ကြတာပေါ့…” ဆိုပြီး ဖြစ်ကြောင်းကုန်စင် ပြောပြထားပါတယ်။

Xei

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ၿပီးဆုံးသြားခဲ့တဲ့ ယခင္က relationship ေၾကာင့္ နာက်င္ေၾကကြဲ၊ ခံစားခဲ့ရတယ္လို႔ Justin Bieber က ဆိုလာပါတယ္။ ဒီအေၾကာင္းကိုေတာ့ Beats 1 ေရဒီယိုက ထုတ္လႊင့္တဲ့ Zane Lowe ရဲ႕ New Music Daily ဆိုတဲ့အစီအစဥ္မွာ မၾကာေသးခင္ကပဲ အင္တာဗ်ဴးလုပ္ရင္း ေျပာၾကားသြားတာ ျဖစ္ပါတယ္။ အဆိုပါအင္တာဗ်ဴးမွာေတာ့ ၿပီးခဲ့တဲ့ အတိတ္က relationship ေၾကာင့္ ရခဲ့တဲ့နာက်င္မႈေတြကို ေက်ာ္လႊားရင္း Hailey ရဲ႕အခ်စ္နဲ႔ ကုစားႏိုင္ခဲ့တဲ့အေၾကာင္းေတြကို ေျပာျပထားတာပါ။

Photo: justinbieber/ Instagram

ခ်စ္သူေဟာင္းေၾကာင့္ ခံစားေနရတဲ့ နာက်င္မႈေတြၾကားမွာ Hailey နဲ႔ ဇာတ္လမ္းစျဖစ္ခဲ့တဲ့အေၾကာင္းကိုလည္း ေျပာျပခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အတူတူ တြဲသြားတြဲလာ ေတာ္ေတာ္လုပ္ျဖစ္ေနတဲ့ အခ်ိန္တည္းက Hailey ကို ကြၽန္ေတာ္ ႀကိဳေျပာျပထားတယ္။ ငါေတာ့ အရမ္းခံစားေနရတယ္။ ဘယ္လမ္းကို ဆက္ေလွ်ာက္ရမယ္ဆိုတာလည္း အသည္းအသန္ စဥ္းစားေနရတုန္းပဲ။ အဲ့ဒါေၾကာင့္ မင္းကိုေတာ့ တကယ့္ခ်စ္သူေတြလိုမ်ိဳး ဘာကတိကဝတ္ေတြမွ ငါ ေပးႏိုင္မွာ မဟုတ္ဘူး…”

“အဲ့ဒီ့အခ်ိန္က ကြၽန္ေတာ္မိုက္ခဲ့တဲ့အခ်ိန္တစ္ခုေပါ့ဗ်ာ။ သူ႔ကိုလည္း ကြၽန္ေတာ္ ႐ိုး႐ိုးသားသား ေျပာခဲ့ပါတယ္။ ငါက သစၥာရွိႏိုင္တဲ့ အေျခအေနေတာ့ မဟုတ္ဘူးဆိုတာလည္း ေျပာခဲ့ဖူးတယ္။ တစ္ျခား ကြၽန္ေတာ္ျဖစ္ခ်င္တဲ့အရာေတြကိုလည္း သူ႔ကို ေျပာျပခဲ့ပါေသးတယ္… ” လို႔ Bieber က ဆိုပါတယ္။

အဲ့လိုေတြ ျပဳမူျဖစ္ေအာင္ ဘာေတြခံစားခဲ့ရလို႔လည္းဆိုတဲ့ ေမးခြန္းကိုေတာ့ “ကြၽန္ေတာ့္အရင္ RS ေၾကာင့္ နာက်င္ခဲ့ရတာလို႔ ထင္တာပဲဗ်။ ခြင့္မလႊတ္ႏိုင္မႈေတြ တနင့္တပိုးနဲ႔ ခံစားေနခဲ့ရတာေပါ့။ ၿပီးေတာ့ အ႐ိုးသားဆုံး ေျပာရရင္ အဲ့အခ်ိန္တုန္းကေတာ့ ကိုယ့္ကိုယ္ကို ဘာအတြက္နဲ႔ ႐ုန္းကန္ေနရမွန္းေတာင္ မသိခဲ့ပါဘူးဗ်ာ။ ခြင့္မလႊတ္ႏိုင္မႈေတြနဲ႔ နားပန္းလုံးေနခဲ့ရတယ္ဆိုတာ အဲ့အခ်ိန္က ကြၽန္ေတာ္ ကိုယ့္ကိုယ္ကို မသိခဲ့ဘူး… ”

Photo: justinbieber/ Instagram

“အဲ့ဒီ့တုန္းက Hailey ကို ေျပာမထြက္ခဲ့တဲ့ အခ်ိန္ေပါ့။ သူ ကြၽန္ေတာ့္အေပၚ respect ထားတယ္ဆိုတာ ခံစားခဲ့ရတယ္။ ကြၽန္ေတာ္လည္း သူ႔အေပၚ အမ်ားႀကီး respect ထားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ကြၽန္ေတာ္ သူ႔ကိုဖြင့္မေျပာခဲ့ေသးတာ ျဖစ္မယ္။ ကြၽန္ေတာ္ တစ္ျခားဟာေတြ ေလွ်ာက္လုပ္ေနတာပဲ သူ ထိုင္ၾကည့္ေနခဲ့ရတယ္။ ဒါေပမယ့္ သူက ကြၽန္ေတာ့္ကို ခ်စ္တယ္။ ၿပီးေတာ့ လူေတြက ကြၽန္ေတာ့္ကို နာက်င္ေအာင္လုပ္ေနတာလည္း သူ ျမင္ေတြ႕ေနရတယ္။ အဲ့ေတာ့ သူလည္း ကြၽန္ေတာ္ဆီက ထြက္သြားတယ္။ ၿပီးေတာ့ ကြၽန္ေတာ္နာက်င္ေစမယ့္ကိစၥေတြ သူ ေလွ်ာက္လုပ္တယ္။ တစ္ေယာက္တစ္လွည့္စီ နာက်င္ေအာင္ လုပ္ၿပီးသြားၾကေတာ့ ကြၽန္ေတာ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ စကားမေျပာၾကေတာ့ဘူး။ ကြၽန္ေတာ္လည္း တကယ္ ကသိကေအာက္ ျဖစ္ေနခဲ့တာေပါ့ …. ”

Bieber ဟာ သူ႔ရဲ႕အရင္ RS ေၾကာင့္ နာက်င္ခဲ့ရတယ္လို႔ပဲေျပာၿပီး အမည္ကို ထုတ္မေျပာခဲ့ေပမယ့္ Bieber နဲ႔ Selena Gomez တို႔ဟာ ၂၀၁၀ ကေန ၂၀၁၂ အထိ တြဲခဲ့ၾကသူေတြပါ။ အဲ့ဒီ့ေနာက္ ျပတ္စဲခဲ့ေပမယ့္ ၂၀၁၇ ေအာက္တိုဘာလမွာ သူတို႔ႏွစ္ေယာက္ ျပန္ေပါင္းထုတ္ေနၾကၿပီလို႔ ေကာလာဟလေတြ ထြက္ေပၚခဲ့ပါတယ္။ JB နဲ႔ Selena တို႔ႏွစ္ေယာက္ကို ၂၀၁၈ခုႏွစ္ မတ္လအထိ အတူတူေတြ႕ၾကခဲ့ရၿပီး လအနည္းငယ္အၾကာ ဇြန္လမွာေတာ့ JB က Hailey ကို လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။

Photo: justinbieber/ Instagram

“အရင္ RS မွာတုန္းက ကြၽန္ေတာ္ဆိုတာ ႐ိုင္းစိုင္းဆိုးသြမ္းၿပီး မဆင္မျခင္နဲ႔ ထင္ရာလုပ္ခဲ့တဲ့ လူတစ္ေယာက္ပါ။ အခုအခ်ိန္မွာေတာ့ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ အခ်ိန္ယူၿပီး ျပန္တည္ေဆာက္ခဲ့တယ္။ ကိုယ့္ကိုယ္ကို အာ႐ုံစိုက္ၿပီး မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်ႏိုင္ဖို႔ကိုလည္း ႀကိဳးစားတယ္။ ဆိုေတာ့ … ကြၽန္ေတာ္ ပိုေကာင္းတဲ့လူတစ္ေယာက္ ျဖစ္လာပါၿပီ။ Hailey ကေတာ့ ကြၽန္ေတာ္တို႔ အဝန္းအဝိုင္းထဲက ကြၽန္ေတာ့္အေၾကာင္းသိတဲ့လူေတြဆီမွာ ကြၽန္ေတာ့္ကို အၿမဲ check in လုပ္ေနတာေပါ့…”

“လူေတြက ဪ … သူ အဆင္ေျပေနပါလားလို႔ ကြၽန္ေတာ့္အေပၚ ေျပာလာရင္ Hailey က အရမ္းစိတ္ဆိုးတာဗ်။ သူမရွိဘဲ ကြၽန္ေတာ္ ဘယ္လိုလုပ္အဆင္ေျပေနမွာလည္းဆိုတာမ်ိဳး သူက ျပန္ရန္ေတြ႕ခ်င္တာေလ…” လို႔ JB က ေျပာလိုက္တဲ့အခါ Hailey ကလည္း အခုလို ထပ္မံျဖည့္စြက္ခဲ့ပါေသးတယ္။ “ကိုယ္ကေတာ့ လူတစ္ေယာက္အတြက္ ေပ်ာ္႐ႊင္ေပးႏိုင္ဖို႔ အမ်ားႀကီး စဥ္းစားေနတဲ့အခ်ိန္မွာ သူက ကိုယ္မရွိဘဲ ေပ်ာ္႐ႊင္ေနႏိုင္တယ္ဆိုတာ ၾကားရတာ ေတာ္ေတာ္စိတ္မေကာင္းစရာပဲ…” လို႔ Hailey က ဆိုပါတယ္။

Photo: justinbieber/ Instagram

ပြဲတစ္ခုကိုသြားရင္း ကေလးေလးတစ္ေယာက္ကို ခ်ီၿပီး ေခ်ာ့ျမဴေနတဲ့ Hailey ကို ေတြ႕လိုက္ရတဲ့အခါ တစ္စုံတစ္ရာက စိတ္ထဲမွာ လင္းလက္သြားခဲ့တယ္လို႔ JB က ေျပာျပထားပါတယ္။ “သူ ကေလးကို ၾကည့္ေနတဲ့အၾကည့္ကို ေတြ႕လိုက္ရေတာ့ ကြၽန္ေတာ့္ကေလးေတြကိုလည္း ဒီလိုမ်ိဳး ၾကင္နာမႈနဲ႔ ၾကည့္ရႈေစာင့္ေရွာက္ေပးတဲ့ အေမမ်ိဳး လိုခ်င္မိတယ္။ အဲ့ဒါက ထူးျခားတယ္ဗ်။ ကြၽန္ေတာ္ အဲ့ဒါမ်ိဳးကို လိုခ်င္သြားတယ္။ သူကလည္း ကြၽန္ေတာ့္ကို အဲ့ဒါမ်ိဳးေပးႏိုင္မယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။ အဲ့ဒါေၾကာင့္ပဲ လနည္းနည္းေလာက္ၾကာေတာ့ သူ႔ကို လက္ထပ္ခြင့္ေတာင္းလိုက္တာ။ ၿပီးေတာ့ သိပ္မၾကာဘူး။ ကြၽန္ေတာ္တို႔ လက္ထပ္လိုက္ၾကတာေပါ့…” ဆိုၿပီး ျဖစ္ေၾကာင္းကုန္စင္ ေျပာျပထားပါတယ္။

Xei

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular