HomeEntertainmentFilmDC ရဲ့ Lobo အဖြစ် သရုပ်ဆောင်ဖို့ စိတ်ဝင်စားနေဆဲ ဖြစ်တဲ့ Jeffrey Dean Morgan

DC ရဲ့ Lobo အဖြစ် သရုပ်ဆောင်ဖို့ စိတ်ဝင်စားနေဆဲ ဖြစ်တဲ့ Jeffrey Dean Morgan

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Supernatural ဇာတ်လမ်းတွဲနဲ့ Walking Dead ဇာတ်လမ်းတွဲတို့မှာ ပါဝင်ခဲ့ဖူးတဲ့ သရုပ်ဆောင် Jeffrey Dean Morgan ဟာ DC ရဲ့ Lobo ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခွင့် ရဖို့အတွက် စိတ်ဝင်စားနေတာ နှစ်နဲ့ချီနေပြီ ဖြစ်ပါတယ်။

Lobo ရုပ်ရှင် ထွက်ရှိလာမယ်လို့ သတင်းထွက်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက Jeffrey Dean Morgan ဟာ Lobo နေရာမှာ ပါဝင်ချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီရုပ်ရှင်ဟာ ဖြစ်မလာနိုင်ခဲ့တာကြောင့် Jeffrey ဟာလည်း ပါဝင်ခွင့် မရရှိခဲ့ပါဘူး။

photo via screenrant

DC ဟာလည်း Lobo ကို ရုပ်ရှင်ပိတ်ကားပေါ်မှာ မြင်ရဖို့အတွက် နှစ်နဲ့ချီပြီးတော့ ကြိုးစားခဲ့ပါသေးတယ်။ DC ရဲ့ ကြိုးစားမှုအရ The Rock လို့ လူသိများတဲ့ Dwayne Johnson နဲ့ Dave Bautista တို့လို သရုပ်ဆောင်တွေဟာလည်း Lobo နေရာမှာ ပါဝင်ဖို့ အလားအလာ ရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် DC ဟာ Lobo ရဲ့ ရုပ်ရှင်ကို အခုချိန်ထိ ထုတ်လုပ်နိုင်ခြင်း မရှိသေးပါဘူး။

Jeffrey ဟာ CinePOP သတင်းဌာနနဲ့ တွေ့ဆုံပြီး အသစ်ထွက်ရှိလာမယ့် သူ့ရဲ့ရုပ်ရှင်ဖြစ်တဲ့ The Unholy အကြောင်း ပြောပြနေရင်းနဲ့ DC ရဲ့ Lobo ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ အခုချိန်ထိ စိတ်ဝင်စားနေဆဲပဲလို့ ပြောလိုက်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Jeffrey ဟာ ဒီဇာတ်ကောင်မှာ သရုပ်ဆောင်ခွင့်ရဖို့အတွက် နှစ်နဲ့ချီပြီး စောင့်စားနေခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

” Lobo ဇာတ်ကောင်ကို ကျွန်တော် အရမ်းသဘောကျပါတယ်။ Lobo နေရာမှာ သရုပ်ဆောင်ချင်ခဲ့တာ ကြာပြီ ဖြစ်ပေမယ့်လည်း ကျွန်တော်တို့ သိရတော့မှာပါ။ ကျွန်တော်သာ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခွင့်ရပြီ ဆိုရင်တော့ မကြာခင်မှာ ပရိသတ်တွေကို ပြောပြမှာပါ။ ကျွန်တော်က ကောမစ်လောကကြီးကိုလည်း တကယ် ကြိုက်နှစ်သက်ပြီး ကျွန်တော်ကိုယ်တိုင်ကလည်း အဲ့ဒီလောကထဲမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ချင်ပါတယ် … ” လို့ အဲ့ဒီအင်တာဗျူးထဲမှာတော့ Jeffrey က ပြောခဲ့ပါတယ်။

Jeffrey ဟာ Zack Snyder ရဲ့ Watchmen ရုပ်ရှင်ထဲမှာတော့ Comedian ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ခဲ့ဖူးပါတယ်။ Batman v Superman: Dawn of Justice ထဲမှာတော့ Thomas Wayne အနေနဲ့ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာလည်း Flashpoint Batman အနေနဲ့ ပြန်လည်ပါဝင်လာဦးမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အခုလို စူပါဟီးရိုး ဇာတ်လမ်းတွေမှာ ပါဝင်ခဲ့ဖူးတဲ့ Jeffrey တစ်ယောက် သူ့ရဲ့အိပ်မက်ဖြစ်တဲ့ Lobo ဇာတ်ကောင်နေရာမှာရော ပါဝင်ခွင့်ရမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Supernatural ဇာတ္လမ္းတြဲနဲ႔ Walking Dead ဇာတ္လမ္းတြဲတို႔မွာ ပါဝင္ခဲ့ဖူးတဲ့ သ႐ုပ္ေဆာင္ Jeffrey Dean Morgan ဟာ DC ရဲ႕ Lobo ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခြင့္ ရဖို႔အတြက္ စိတ္ဝင္စားေနတာ ႏွစ္နဲ႔ခ်ီေနၿပီ ျဖစ္ပါတယ္။

Lobo ႐ုပ္ရွင္ ထြက္ရွိလာမယ္လို႔ သတင္းထြက္ခဲ့တဲ့ ၂၀၀၉ ခုႏွစ္ကတည္းက Jeffrey Dean Morgan ဟာ Lobo ေနရာမွာ ပါဝင္ခ်င္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီ႐ုပ္ရွင္ဟာ ျဖစ္မလာႏိုင္ခဲ့တာေၾကာင့္ Jeffrey ဟာလည္း ပါဝင္ခြင့္ မရရွိခဲ့ပါဘူး။

photo via screenrant

DC ဟာလည္း Lobo ကို ႐ုပ္ရွင္ပိတ္ကားေပၚမွာ ျမင္ရဖို႔အတြက္ ႏွစ္နဲ႔ခ်ီၿပီးေတာ့ ႀကိဳးစားခဲ့ပါေသးတယ္။ DC ရဲ႕ ႀကိဳးစားမႈအရ The Rock လို႔ လူသိမ်ားတဲ့ Dwayne Johnson နဲ႔ Dave Bautista တို႔လို သ႐ုပ္ေဆာင္ေတြဟာလည္း Lobo ေနရာမွာ ပါဝင္ဖို႔ အလားအလာ ရွိခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ DC ဟာ Lobo ရဲ႕ ႐ုပ္ရွင္ကို အခုခ်ိန္ထိ ထုတ္လုပ္ႏိုင္ျခင္း မရွိေသးပါဘူး။

Jeffrey ဟာ CinePOP သတင္းဌာနနဲ႔ ေတြ႕ဆုံၿပီး အသစ္ထြက္ရွိလာမယ့္ သူ႔ရဲ႕႐ုပ္ရွင္ျဖစ္တဲ့ The Unholy အေၾကာင္း ေျပာျပေနရင္းနဲ႔ DC ရဲ႕ Lobo ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ အခုခ်ိန္ထိ စိတ္ဝင္စားေနဆဲပဲလို႔ ေျပာလိုက္ပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ Jeffrey ဟာ ဒီဇာတ္ေကာင္မွာ သ႐ုပ္ေဆာင္ခြင့္ရဖို႔အတြက္ ႏွစ္နဲ႔ခ်ီၿပီး ေစာင့္စားေနခဲ့တာ ျဖစ္ပါတယ္။

photo via screenrant

” Lobo ဇာတ္ေကာင္ကို ကြၽန္ေတာ္ အရမ္းသေဘာက်ပါတယ္။ Lobo ေနရာမွာ သ႐ုပ္ေဆာင္ခ်င္ခဲ့တာ ၾကာၿပီ ျဖစ္ေပမယ့္လည္း ကြၽန္ေတာ္တို႔ သိရေတာ့မွာပါ။ ကြၽန္ေတာ္သာ ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခြင့္ရၿပီ ဆိုရင္ေတာ့ မၾကာခင္မွာ ပရိသတ္ေတြကို ေျပာျပမွာပါ။ ကြၽန္ေတာ္က ေကာမစ္ေလာကႀကီးကိုလည္း တကယ္ ႀကိဳက္ႏွစ္သက္ၿပီး ကြၽန္ေတာ္ကိုယ္တိုင္ကလည္း အဲ့ဒီေလာကထဲမွာ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ပါဝင္ခ်င္ပါတယ္ … ” လို႔ အဲ့ဒီအင္တာဗ်ဴးထဲမွာေတာ့ Jeffrey က ေျပာခဲ့ပါတယ္။

Jeffrey ဟာ Zack Snyder ရဲ႕ Watchmen ႐ုပ္ရွင္ထဲမွာေတာ့ Comedian ဆိုတဲ့ ဇာတ္ေကာင္ေနရာက ပါဝင္ခဲ့ဖူးပါတယ္။ Batman v Superman: Dawn of Justice ထဲမွာေတာ့ Thomas Wayne အေနနဲ႔ ပါဝင္ခဲ့ၿပီး ေနာက္ပိုင္းမွာလည္း Flashpoint Batman အေနနဲ႔ ျပန္လည္ပါဝင္လာဦးမယ္လို႔ သတင္းေတြ ထြက္ေနပါတယ္။ အခုလို စူပါဟီး႐ိုး ဇာတ္လမ္းေတြမွာ ပါဝင္ခဲ့ဖူးတဲ့ Jeffrey တစ္ေယာက္ သူ႔ရဲ႕အိပ္မက္ျဖစ္တဲ့ Lobo ဇာတ္ေကာင္ေနရာမွာေရာ ပါဝင္ခြင့္ရမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular