HomeEntertainmentFilm၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမယ့် Jennifer Lawrence ရဲ့ရုပ်ရှင်သစ် No Hard Feelings

၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမယ့် Jennifer Lawrence ရဲ့ရုပ်ရှင်သစ် No Hard Feelings

နာမည်ကျော်မင်းသမီးချော Jennifer Lawrence ရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ No Hard Feelings ကတော့ ရှေ့နှစ်ထဲမှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Gene Stupnisky က ရိုက်ကူးသွားမှာ ဖြစ်ပြီး R-Rated ဟာသကား ဖြစ်မယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ်လို့ အတည်ပြုထားတဲ့ သရုပ်ဆောင်ကတော့ Jennifer Lawrence တစ်ယောက်တည်းပဲ ရှိပါသေးတယ်။ ဒါ့အပြင် Jennifer ဟာ ဒီရုပ်ရှင်အတွက် ထုတ်လုပ်သူနေရာကလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

လက်ရှိအချိန်ထိ ဇာတ်လမ်းအကြောင်းအရာကိုလည်း မသိရသေးပေမယ့် R-Rated ဟာသကား ဖြစ်တယ်လို့ပဲ Sony Pictures က ထုတ်ပြန်ထားပါတယ်။ Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီရုပ်ရှင်ဟာ Adult Joke တွေ ပါဝင်မှာ ဖြစ်သလို အိပ်ရာပေါ်က ဇာတ်ဝင်ခန်းတွေလည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Bad Teacher နဲ့ There’s Something about About Mary တို့နဲ့ ဆင်တူမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီရုပ်ရှင်ရဲ့ မူပိုင်ခွင့်ကိုတော့ စတူဒီယိုများစွာနဲ့ Streaming Service တွေကလည်း ရရှိဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ပြီး Sony Pictures ကတော့ မူပိုင်ခွင့်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ပိုင်ဆိုင်သွားတာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Sony Pictures ဟာ No Hard Feelings ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ် ဇွန်လ (၁၆)ရက်နေ့မှာ ထွက်ရှိလာမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

photo via screenrant

Jennifer Lawrence ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ရုပ်ရှင် ဖြစ်တဲ့ Don’t Look Up ကတော့ Best Picture အပါအဝင် အော်စကာလေးဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့တာကြောင့် အသစ်ထွက်ရှိလာမယ့် No Hard Feelings ကလည်း ရုပ်ရှင်ချစ်ပရိသတ်တွေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ Jennifer Lawrence အတွက် ပထမဆုံး R-Rated ဟာသကား ဖြစ်ပေမယ့်လည်း သူမရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကြောင့် ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကား ဖြစ်လာမယ် ဆိုတာတော့ သေချာပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular