HomeEntertainmentFilmမင်းသမီးချော Jennifer Lawrence ရဲ့ ကြည့်ဖူးထားသင့်တဲ့ ဇာတ်ကားကောင်းများ

မင်းသမီးချော Jennifer Lawrence ရဲ့ ကြည့်ဖူးထားသင့်တဲ့ ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Jennifer Lawrence ဟာ ၁၉၉၀ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှာ အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူမဟာ X-Men လိုဇာတ်ကားတွေမှာ သရုပ်ဆောင်ဖူးပြီးတော့ The Hunger Games တို့လို ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါသေးတယ်။ ဒါ့အပြင် သူမဟာ အခုချိန်မှာတော့ ခန့်မှန်းခြေ ဒေါ်လာသန်းတစ်ရာကျော်လောက်တောင် ချမ်းသာပြီးတော့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပါပြီ။ အဲ့ဒါကြောင့်ပဲ သူမသရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Red Sparrow
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၈ ခုနှစ်မှာထွက်ခဲ့ပြီးတော့ IMDb (6.6) ရထားခဲ့ပါတယ်။ သူမဟာ ဒီကားထဲမှာတော့ Dominika Egorova လို့ခေါ်တဲ့ ဘဲလေးကချေသည်နေရာမှာ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ ရုရှားနိုင်ငံအထူးပရိုဂရမ်တစ်ခုဖြစ်တဲ့ Sparrow School မှာ ဝင်ရောက်လေ့ကျင့်ခဲ့ရပါတယ်။ အဲ့ဒီနေရာမှာတော့ သူမကို လေ့ကျင့်မှုတွေအများကြီးကို ပြုလုပ်ပေးခဲ့ပြီးတော့ သူမအတွက် ပထမဆုံးမစ်ရှင်ကို ပြုလုပ်ရပါတော့တယ်။

(6) Passengers
photo via screenrant

ဒီကားကတော့ ၂၀၁၆ ခုနှစ်တုန်းက ထွက်ခဲ့တာဖြစ်ပြီး IMDb (7.0) ရထားပါတယ်။ သူမဟာ ဒီကားထဲမှာတော့ Aurora Lane ဆိုတဲ့ ကောင်မလေးတစ်ယောက်နေရာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ လူသားတွေ ဂြိုဟ်အသစ်မှာပြောင်းရွေ့နေဖို့အတွက် ယာဉ်တစ်ခုကို စီးလာခဲ့ပါတယ်။ သူတို့တွေသွားမယ့်ဂြိုဟ်ကို ရောက်ဖို့အတွက် ကြာချိန်ဟာ လူ့သက်တမ်းထက်ကို ကျော်လွန်နေတာကြောင့် သူတို့ဟာ အသက်မကြီးစေဘဲ ခရီးသွားနေတဲ့တစ်ချိန်လုံးမှာ အိပ်ပျော်နေအောင် စက်ပစ္စည်းအကူအညီနဲ့ ပြုလုပ်ခဲ့ပါတယ်။ အဲ့လိုနဲ့ လမ်းခရီးမှာတော့ အဲ့ဒီစက်ပစ္စည်းရဲ့ချို့ယွင်းမှုကြောင့်ပဲ လူနှစ်ယောက်ဟာ သူတို့နိူးလာရမယ့်အချိန်ထက် နှစ် (၉၀) လောက်စောပြီး နိုးထလာခဲ့ပါတယ်။

(5) Winter’s Bone
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDb (7.2) ရရှိထားပါတယ်။ သူမဟာ ဒီဇာတ်လမ်းထဲမှာတော့ Ree Dolly ဆိုတဲ့ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ သူမရဲ့အဖေဟာ ရာဇဝတ်သားတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့အမေဟာလည်း အမေတစ်ယောက်အနေနဲ့ တာဝန်ယူမှုမရှိသူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ အိမ်မှုကိစ္စတွေရော သူ့ရဲ့မောင်နှမတွေကိုပါ အတတ်နိုင်ဆုံးစောင့်ရှောက်ပြီး နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်နေ့မှာတော့ သူ့ရဲ့အဖေဟာ သူတို့ရဲ့အိမ်ကို ပေါင်ပြီးတော့ ပျောက်ဆုံးသွားတဲ့အခါမှာတော့…….။

(4) American Hustle
photo via screenrant

ဒီကားကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.2) ရထားပါတယ်။ ဒီကားထဲမှာတော့ သူမဟာ လူလိမ်တစ်ယောက်ရဲ့မိန်းမဖြစ်တဲ့ Rosalyn Rosenfeld ဆိုတဲ့ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ FBI အေးဂျင့်တစ်ယောက်ဟာ သူတို့နှစ်ယောက်လုံးကို တွန်းအားပေးပြီးတော့ သူ့အတွက် အလုပ်လုပ်ခိုင်းပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်မလည်းဆိုတာကတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ပါ။

(3) The Hunger Games
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.2) ရထားပါတယ်။ ဒီကားထဲမှာတော့ Katniss Everdeen ဆိုတဲ့ ကောင်မလေးနေရာမှာ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ Hunger Game လို့ခေါ်တဲ့ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်ဖို့အတွက် လူဆင်းရဲတွေထဲကနေ ရွေးချယ်ပါတော့တယ်။ အဲ့ဒီပြိုင်ပွဲကတော့ တစ်ယောက်နဲ့တစ်ယောက် သေတဲ့အထိတိုက်ခိုက်ရမယ့် ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ လူရွေးချယ်တဲ့အချိန်မှာတော့ သူမရဲ့ညီမဟာ အရွေးခံလိုက်ရတာကြောင့် သူဟာ သူ့ရဲ့ညီမနေရာမှာ အစားထိုးပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်ရပါတော့တယ်။

(2) X-Men: First Class
photo via screenrant

ဒီကားကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDb (7.7) ရရှိထားပါတယ်။ သူမဟာ ဒီကားထဲမှာတော့ တစ်ခြားလူတွေရဲ့ပုံစံကို ပြောင်းလဲလို့ရတဲ့ Raven ဆိုတဲ့ သန္ဓေပြောင်းလူသားတစ်ယောက်နေရာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ၁၆၉၀ ခုနှစ်လောက်ကို အခြေခံထားတာ ဖြစ်ပြီးတော့ Charles Xavier နဲ့ Erik Lensherr တို့ဟာ သူတို့လိုမျိုး တစ်ခြားသန္ဓေပြောင်းလူသားတွေကို လိုက်လံရှာဖွေနေခဲ့ပါတယ်။

(1) Silver Linings Playbook
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (7.7) ရထားပါတယ်။ ဒီကားထဲမှာတော့ Tiffany ဆိုတဲ့ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ Pat ဆိုတဲ့သူဟာ သူ့ရဲ့အမျိုးသမီးဟာ သစ္စာဖောက်ပြီး နောက်မီးလင်းနေတာကြောင့် သူဟာ သူ့မိန်းမရဲ့ရည်းစားကို ရက်ရက်စက်စက်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ စိတ်ရောဂါကုဆေးရုံကို အပို့ခံလိုက်ရပြီးတော့ နောက်ရှစ်လလောက်ကြာတဲ့အချိန်မှာတော့ ဆေးရုံကဆင်းခွင့်ရခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူဟာ သူ့ရဲ့အမျိုးသမီးနဲ့ပြန်ပြီး သင့်မြတ်အောင်ကြိုးစားနေတဲ့အချိန်မှာတော့ Tiffany လို့ခေါ်တဲ့ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်နဲ့ တွေ့သွားပါတော့တယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Jennifer Lawrence ဟာ ၁၉၉၀ ခုႏွစ္ ဩဂုတ္လ ၁၅ ရက္ေန႔မွာ အေမရိကန္ႏိုင္ငံမွာ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ သူမဟာ X-Men လိုဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ဖူးၿပီးေတာ့ The Hunger Games တို႔လို ဇာတ္ကားေတြမွာလည္း သ႐ုပ္ေဆာင္ခဲ့ဖူးပါေသးတယ္။ ဒါ့အျပင္ သူမဟာ အခုခ်ိန္မွာေတာ့ ခန႔္မွန္းေျခ ေဒၚလာသန္းတစ္ရာေက်ာ္ေလာက္ေတာင္ ခ်မ္းသာၿပီးေတာ့ ေအာင္ျမင္ေက်ာ္ၾကားတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ေနပါၿပီ။ အဲ့ဒါေၾကာင့္ပဲ သူမသ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားေကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Red Sparrow
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၈ ခုႏွစ္မွာထြက္ခဲ့ၿပီးေတာ့ IMDb (6.6) ရထားခဲ့ပါတယ္။ သူမဟာ ဒီကားထဲမွာေတာ့ Dominika Egorova လို႔ေခၚတဲ့ ဘဲေလးကေခ်သည္ေနရာမွာ သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းကေတာ့ ႐ုရွားႏိုင္ငံအထူးပ႐ိုဂရမ္တစ္ခုျဖစ္တဲ့ Sparrow School မွာ ဝင္ေရာက္ေလ့က်င့္ခဲ့ရပါတယ္။ အဲ့ဒီေနရာမွာေတာ့ သူမကို ေလ့က်င့္မႈေတြအမ်ားႀကီးကို ျပဳလုပ္ေပးခဲ့ၿပီးေတာ့ သူမအတြက္ ပထမဆုံးမစ္ရွင္ကို ျပဳလုပ္ရပါေတာ့တယ္။

(6) Passengers
photo via screenrant

ဒီကားကေတာ့ ၂၀၁၆ ခုႏွစ္တုန္းက ထြက္ခဲ့တာျဖစ္ၿပီး IMDb (7.0) ရထားပါတယ္။ သူမဟာ ဒီကားထဲမွာေတာ့ Aurora Lane ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ လူသားေတြ ၿဂိဳဟ္အသစ္မွာေျပာင္းေ႐ြ႕ေနဖို႔အတြက္ ယာဥ္တစ္ခုကို စီးလာခဲ့ပါတယ္။ သူတို႔ေတြသြားမယ့္ၿဂိဳဟ္ကို ေရာက္ဖို႔အတြက္ ၾကာခ်ိန္ဟာ လူ႔သက္တမ္းထက္ကို ေက်ာ္လြန္ေနတာေၾကာင့္ သူတို႔ဟာ အသက္မႀကီးေစဘဲ ခရီးသြားေနတဲ့တစ္ခ်ိန္လုံးမွာ အိပ္ေပ်ာ္ေနေအာင္ စက္ပစၥည္းအကူအညီနဲ႔ ျပဳလုပ္ခဲ့ပါတယ္။ အဲ့လိုနဲ႔ လမ္းခရီးမွာေတာ့ အဲ့ဒီစက္ပစၥည္းရဲ႕ခ်ိဳ႕ယြင္းမႈေၾကာင့္ပဲ လူႏွစ္ေယာက္ဟာ သူတို႔ႏိူးလာရမယ့္အခ်ိန္ထက္ ႏွစ္ (၉၀) ေလာက္ေစာၿပီး ႏိုးထလာခဲ့ပါတယ္။

(5) Winter’s Bone
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၀ ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီး IMDb (7.2) ရရွိထားပါတယ္။ သူမဟာ ဒီဇာတ္လမ္းထဲမွာေတာ့ Ree Dolly ဆိုတဲ့ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ သူမရဲ႕အေဖဟာ ရာဇဝတ္သားတစ္ေယာက္ျဖစ္ၿပီးေတာ့ သူ႔ရဲ႕အေမဟာလည္း အေမတစ္ေယာက္အေနနဲ႔ တာဝန္ယူမႈမရွိသူတစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ အိမ္မႈကိစၥေတြေရာ သူ႔ရဲ႕ေမာင္ႏွမေတြကိုပါ အတတ္ႏိုင္ဆုံးေစာင့္ေရွာက္ၿပီး ေနထိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း တစ္ေန႔မွာေတာ့ သူ႔ရဲ႕အေဖဟာ သူတို႔ရဲ႕အိမ္ကို ေပါင္ၿပီးေတာ့ ေပ်ာက္ဆုံးသြားတဲ့အခါမွာေတာ့…….။

(4) American Hustle
photo via screenrant

ဒီကားကေတာ့ ၂၀၁၃ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.2) ရထားပါတယ္။ ဒီကားထဲမွာေတာ့ သူမဟာ လူလိမ္တစ္ေယာက္ရဲ႕မိန္းမျဖစ္တဲ့ Rosalyn Rosenfeld ဆိုတဲ့ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ တစ္ရက္မွာေတာ့ FBI ေအးဂ်င့္တစ္ေယာက္ဟာ သူတို႔ႏွစ္ေယာက္လုံးကို တြန္းအားေပးၿပီးေတာ့ သူ႔အတြက္ အလုပ္လုပ္ခိုင္းပါေတာ့တယ္။ အဲ့ဒီေနာက္မွာေတာ့ ဘာေတြဆက္ျဖစ္မလည္းဆိုတာကေတာ့ ကိုယ္တိုင္ၾကည့္ရႈလိုက္ပါ။

(3) The Hunger Games
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.2) ရထားပါတယ္။ ဒီကားထဲမွာေတာ့ Katniss Everdeen ဆိုတဲ့ ေကာင္မေလးေနရာမွာ သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းကေတာ့ Hunger Game လို႔ေခၚတဲ့ၿပိဳင္ပြဲတစ္ခုမွာ ဝင္ၿပိဳင္ဖို႔အတြက္ လူဆင္းရဲေတြထဲကေန ေ႐ြးခ်ယ္ပါေတာ့တယ္။ အဲ့ဒီၿပိဳင္ပြဲကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ေသတဲ့အထိတိုက္ခိုက္ရမယ့္ ၿပိဳင္ပြဲတစ္ခုပဲ ျဖစ္ပါတယ္။ လူေ႐ြးခ်ယ္တဲ့အခ်ိန္မွာေတာ့ သူမရဲ႕ညီမဟာ အေ႐ြးခံလိုက္ရတာေၾကာင့္ သူဟာ သူ႔ရဲ႕ညီမေနရာမွာ အစားထိုးၿပီးေတာ့ ဝင္ေရာက္ယွဥ္ၿပိဳင္ရပါေတာ့တယ္။

(2) X-Men: First Class
photo via screenrant

ဒီကားကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီး IMDb (7.7) ရရွိထားပါတယ္။ သူမဟာ ဒီကားထဲမွာေတာ့ တစ္ျခားလူေတြရဲ႕ပုံစံကို ေျပာင္းလဲလို႔ရတဲ့ Raven ဆိုတဲ့ သေႏၶေျပာင္းလူသားတစ္ေယာက္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ ၁၆၉၀ ခုႏွစ္ေလာက္ကို အေျခခံထားတာ ျဖစ္ၿပီးေတာ့ Charles Xavier နဲ႔ Erik Lensherr တို႔ဟာ သူတို႔လိုမ်ိဳး တစ္ျခားသေႏၶေျပာင္းလူသားေတြကို လိုက္လံရွာေဖြေနခဲ့ပါတယ္။

(1) Silver Linings Playbook
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (7.7) ရထားပါတယ္။ ဒီကားထဲမွာေတာ့ Tiffany ဆိုတဲ့ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းကေတာ့ Pat ဆိုတဲ့သူဟာ သူ႔ရဲ႕အမ်ိဳးသမီးဟာ သစၥာေဖာက္ၿပီး ေနာက္မီးလင္းေနတာေၾကာင့္ သူဟာ သူ႔မိန္းမရဲ႕ရည္းစားကို ရက္ရက္စက္စက္တိုက္ခိုက္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ စိတ္ေရာဂါကုေဆး႐ုံကို အပို႔ခံလိုက္ရၿပီးေတာ့ ေနာက္ရွစ္လေလာက္ၾကာတဲ့အခ်ိန္မွာေတာ့ ေဆး႐ုံကဆင္းခြင့္ရခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူဟာ သူ႔ရဲ႕အမ်ိဳးသမီးနဲ႔ျပန္ၿပီး သင့္ျမတ္ေအာင္ႀကိဳးစားေနတဲ့အခ်ိန္မွာေတာ့ Tiffany လို႔ေခၚတဲ့ထူးဆန္းတဲ့မိန္းကေလးတစ္ေယာက္နဲ႔ ေတြ႕သြားပါေတာ့တယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular