HomeEntertainmentFilmအသစ်ထွက်ရှိလာမယ့် Jennifer Lopez ရဲ့ အချစ်အက်ရှင် ရုပ်ရှင် Shotgun Wedding

အသစ်ထွက်ရှိလာမယ့် Jennifer Lopez ရဲ့ အချစ်အက်ရှင် ရုပ်ရှင် Shotgun Wedding

Jennifer Lopez ပါဝင်သရုပ်ဆောင်ထားတဲ့ Shotgun Wedding ရုပ်ရှင်ရဲ့ ထွေလာကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပါတယ်။ Jennifer Lopez ကတော့ နာမည်ကြီး အဆိုတော်တစ်ယောက် ဖြစ်သလို Maid in Manhattan ၊ Out of Sight ၊ Hustlers ၊ Second Act နဲ့ The Wedding Planner တို့လို နာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကိုတော့ Pitch Perfect ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jason Moore က ရိုက်ကူးထားတာ ဖြစ်ပြီး Mark Hammer ကတော့ ဇာတ်ညွှန်းရေးဆရာအနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံတွဲတစ်တွဲဟာ အရာရာ ပြီးပြည့်စုံနေတယ်လို့ ထင်ရတဲ့ မင်္ဂလာပွဲတစ်ခုကို ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ သို့သော်လည်း လက်နက်ကိုင်ထားတဲ့ အကြမ်းဖက်သမားတွေဟာ သူတို့ရဲ့မင်္ဂလာပွဲကို ဝင်ရောက်စီးနင်းလာတဲ့ အချိန်မှာတော့ စိတ်ဝင်စားစရာတွေကို မြင်တွေ့ရမှာပါ။

အစတုန်းကတော့ ဒီရုပ်ရှင်ဟာ ရုံတင်ပြသဖို့ စီစဉ်ခဲ့ပေမယ့်လည်း ယခုအချိန်မှာ‌တော့ Amazon Prime Video မှာပဲ ပြသသွားတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ Romance ၊ Action နဲ့ Comedy တို့ကို ရောစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ စုံတွဲတစ်တွဲဟာ သူတို့ရဲ့မင်္ဂလာဆောင်ကို လက်နက်ကိုင်ထားတဲ့ အကြမ်းဖက်သမားတွေ ရောက်လာတဲ့အချိန်မှာ ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Jennifer Lopez ၊ Josh Duhamel ၊ Jennifer Coolidge ၊ D’Arcy Carden ၊ Melissa Hunter ၊ Callie Hernandez ၊ Cheech Marin ၊ Sonia Braga နဲ့ Lenny Kravitz တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့မှာ Amazon Prime Video ကနေ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular