HomeEntertainmentFilmJensen Ackles ရဲ့ လျှို့ဝှက် DC ပရောဂျက်ဟာ Red Hood ဖြစ်နေနိုင်ပါတယ်

Jensen Ackles ရဲ့ လျှို့ဝှက် DC ပရောဂျက်ဟာ Red Hood ဖြစ်နေနိုင်ပါတယ်

မကြာသေးခင်ကပဲ Jensen Ackles ဟာ လျှို့ဝှက် DC ပရောဂျက်တစ်ခုမှာ ပါဝင်နေတယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ ယခုဆိုရင်တော့ အဲ့ဒီပရောဂျက်ဟာ Red Hood ဖြစ်နေနိုင်တယ်ဆိုတဲ့ သီအိုရီတစ်ခု ထွက်ပေါ်လာပါတယ်။ ဒီသီအိုရီသာ မှန်ကန်ခဲ့မယ် ဆိုရင်တော့ Jensen ကို Red Hood အဖြစ် မြင်ချင်နေတဲ့ ပရိသတ်တွေအတွက် သတင်းကောင်း ဖြစ်သလို Jensen ကိုယ်တိုင်အတွက်လည်း သူ့ရဲ့အိပ်မက်ထဲက ပရောဂျက်တစ်ခုကို လုပ်ခွင့်ရသွားမှာပါ။

photo via screenrant

Jensen ဟာ လျှို့ဝှက် DC ပရောဂျက်တစ်ခုမှာ ပါဝင်နေတယ်လို့ ကြေညာပြီး တစ်လအကြာမှာတော့ အဲ့ဒီပရောဂျက်ထဲမှာ ထုတ်လုပ်သူ Greg Berlanti လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ Greg Berlanti ကတော့ ယခုခေတ်မှာ အအောင်မြင်ဆုံး ထုတ်လုပ်သူတစ်ယောက် ဖြစ်နေပြီး Arrowverse ရဲ့ ပဲ့ကိုင်ရှင်လို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက် ပူးတွဲပါဝင်ထားတဲ့ လျှို့ဝှက်ပရောဂျက်ဟာ Arrowverse ထဲမှာ တည်ရှိနေနိုင်ပါတယ်။ ဒါပေမယ့်လည်း Greg ဟာ Arrowverse တစ်ခုတည်းမှာ ပါဝင်နေတာ မဟုတ်ဘဲ HBO Max က ပြသခဲ့တဲ့ Doom Patrol နဲ့ Titans တို့မှာလည်း ပါဝင်နေပါသေးတယ်။

Jensen ကတော့ အရင်ကလည်း DC ပရောဂျက်တွေမှာ ပါဝင်ခဲ့ဖူးပါသေးတယ်။ Smallville ဇာတ်လမ်းတွဲထဲမှာလည်း Clark Kent ဇာတ်ကောင်နေရာမှာ ပါဝင်နိုင်လုနီးပါး ဖြစ်ခဲ့ပြီး Season 4 မှာတော့ Lana Lang ရဲ့ ရည်းစား Jason Teague နေရာက ပါဝင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ Batman: Under the Red Hood Animation ထဲမှာလည်း Red Hood နေရာက အသံသရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ၂၀၁၈ ခုနှစ် ဟောလိုးဝင်းပွဲမှာလည်း Red Hood အဖြစ် Cosplay ပြုလုပ်ခဲ့ပါသေးတယ်။

photo via screenrant

ဒီအချက်တွေတင် မကသေးဘဲ CW က ပြသခဲ့တဲ့ Batwoman ဇာတ်လမ်းတွဲထဲမှာလည်း Red Hood ရဲ့ တည်ရှိမှုကို အရိပ်အမြွက် ပြသသွားခဲ့ပါတယ်။ အဲ့ဒီအချက်ကိုတော့ Jensen နဲ့ Greg တို့နှစ်ယောက်က လျှို့ဝှက်ပရောဂျက်တစ်ခုကို ဖန်တီးနေတယ်လို့ အတည်ပြုပြီး မကြာခင်မှာပဲ ပြသသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆက်စပ်မှုတွေ ရှိနေတဲ့ ဒီသီအိုရီအတိုင်း တကယ် ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular